Wednesday, May 23, 2012

ရန်ကုန်မြို့အတွင်းရှိ အများပြည်သူများကို နှစ်ပတ်အတွင်း ၂၄နာရီ လျှပ်စစ်မီး ပြန်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ဥက္ကဋ္ဌ ပြောကြား

Inbox
x

လင်းဇော်ထက်
2:21 AM (15 hours ago)


AddThis Social Bookmark Button ရန်ကုန်မြို့အတွင်းရှိ အများပြည်သူများကို ၂ပတ်အတွင်း ၂၄ နာရီ လျှပ်စစ်မီး ပြန်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က မေလ ၂၃ရက်နေ့တွင် ပြောကြားခဲ့သည်။
ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အား ပို့လွှတ်လျက်ရှိသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းကြားရှိ ၂၃၀ ကေဗွီ ရွှေလီ-မန်စံ ဓာတ်အားလိုင်းမှ တာဝါတိုင်များသည် မေလ ၁၉ ရက်နေ့ နံနက် ၂နာရီ ၄၇ မိနစ်တွင် ဖောက်ခွဲဖျက်ဆီးခံခဲ့ ရသည်။ ထို့ကြောင့် ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အား ၂၀၀ မဂ္ဂ၀ပ် ခန့်ကို မရရှိတော့သဖြင့် မေလ၂၁ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့ အတွင်းရှိ အများပြည်သူများကို အလှည့်ကျမီးပေးစနစ်ဖြင့် လျှပ်စစ်မီးပေးဝေခဲ့ရကြောင်း သိရှိရသည်။
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ဥက္ကဌ ဦးအောင်ခိုင်က ''ပျက်စီးသွားတဲ့ တာဝါတိုင်တွေကို ကျွန်တော်တို့ ဒုဝန်ကြီးကိုယ်တိုင် သွားရောက် ပါဝင်ပြင်ဆင်နေပါတယ်။ ခန့်မှန်းခြေ ကြာချိန် ၁၀ရက်လောက် ကြာမယ်လို့ သိရှိရပါတယ်။ တာဝါတိုင်တွေ ပြင်ဆင်ပြီးသွားလို့ ရွှေလီကနေ ၂၀၀မဂ္ဂါဝပ် ပြန်လည်ရရှိလာရင် အဲဒီပြန်ရလာတဲ့  ၂၀၀မဂ္ဂါဝပ်ကနေ ရန်ကုန်ကို ခွဲတမ်း ၁၀၀ မဂ္ဂါဝပ် ရပါမယ်။ အဲဒီအခါမှာ အများပြည်သူကို အရင်ကလို ၂၄နာရီ လျှပ်စစ်မီး ပြန်ပေးပါတယ်''ဟု ပြောကြားခဲ့သည်။
နွေရာသီ၌ ဓာတ်အား လုံလောက်စေရေးအတွက် ရေတိုစီမံချက်အဖြစ် ဓာတ်အားပေးစက်ရုံများ တည်ဆောက်နိုင်ရန် အမေရိကန်နိုင်ငံမှ  General Electric  ကုမ္ပဏီ၊ Caterpillar ကုမ္ပဏီတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ရေရှည်စီမံချက်အနေဖြင့် ဂျပန်နိုင်ငံ J-Power ကုမ္ပဏီနှင့် ဖက်စပ်ပြုလုပ်၍ ၆၀၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကိုလည်းကောင်း၊ ကိုရီးယားနိုင်ငံ BKB ကုမ္ပဏီနှင့် ပူးပေါင်း၍ ၅၀၀ မဂ္ဂ၀ပ် ထုတ်လုပ်နိုင်မည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကိုလည်းကောင်း တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

နွေရာသီကာလတွင် အများဆုံး သုံးစွဲမှုမှာ ၁၈၅၀ မဂ္ဂါဝပ်ရှိပြီး နွေရာသီကာလတွင် အများဆုံး ထုတ်လုပ်နိုင်သည့် ၁၃၄၀ မဂ္ဂါဝပ်ထက် များပြားနေသဖြင့် အများပြည်သူအား ၃ အုပ်စုခွဲကာ အလှည့်ကျ မီးပေးစနစ်ဖြင့် ဓာတ်အားပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ELEVENMEDIAGROUP
--

0 ကွန်မန့်ရေးရန်:

Post a Comment