Wednesday, May 23, 2012

မုံရွာမြို့ မှာ လျှပ်စစ်မီးအချိန်မှန်ရရှိရေး ဒုတိယနေ့ မြောက် ဆက်လက်ဆန္ဒပြ


မုံရွာမြို့ ဒုတိယနေ့ မြောက် ဆက်လက်ဆန္ဒပြနေစဉ်
စစ်ကိုင်တိုင်း မုံရွာမြို့ မှာ  လျှပ်မီးလင်းရေး အတွက် ဒုတိယနေ့ မြောက် ငြိမ်းချမ်းစွာ
ဆန္ဒပြမှုတွေ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

ယနေ့ည (22.5.2012) 9း00 နာခန်.ကနေ လျှပ်မီးလင်းရေး အတွက်ငြိမ်းချမ်းစွာဆန္ဒပြ
အများပြည်သူ 200 ကျော်တို့ ကငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြပွဲကို ဒေသ
အာဏာပိုင်တော်တော်များများကလည်း လာရောက်သီတင်း ဓါတ်ပုံရိုက်နေကြပါတယ်။

ဆန္ဒပြသူတွေကလဲ အေးအေးဆေးဆေး နဲ့ ပဲ ဆန္ဒပြခဲ့ကြပြီး ည 10း00 နာရီကျော် မှာ
ပြီးဆုံးသွားခဲ့ပါတယ်။ ယခုလိုဆန္ဒပြတာဟာ ယနေ့ ညအပါအ၀င် (2)ရက်ရှိသွားပါပြီ။
နောက်နေ.တွေမှာလဲ ပြဖို.အစီအစဉ်ရှိတယ်လို့ Myanmar News Now ကိုပြောပါတယ်။

မုံရွာမြို့ မှာ ပထမနေ့  မေလ(၂၁)ရက်နေ့ က ဆန္ဒပြခဲ့တဲ့ (ရုပ်/သံ)ကိုလည်း အောက်မှာ
ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ဒီဗွီဘီမှ ရိုက်ကူးထားတာပါ။

0 ကွန်မန့်ရေးရန်:

Post a Comment