Wednesday, May 23, 2012

ကမ္ဘာ့ နံပါတ်တစ် DJ သမားတစ်ယောက်ဖြစ်တဲ့ David Guetta

Biography of David Guetta


ကျွှန်တော့်ဆိုဒ်ရဲ့ အပတ်စဉ် တင်ဆတ်နေကျ အစီအစဉ် တစ်ခုဖြစ်တဲ့ Biography of Artists မှာ ဒီတစ်ပတ်တော့ ကမ္ဘာ့နံပါတ်တစ် Electro House DJ သမားတစ်ယောက်ဖြစ်တဲ့ David Guetta ကိုရွေးချယ်တင်ဆတ်ထားပါတယ်သူ့ ရဲ့ငယ်ဘ၀ကနေ ယနေ့ ဘ၀အထိ လှုပ်ရှား ရုန်းကန် ခဲ့သမျှကို ဘာသာပြန် တင်ဆတ်လိုက်ပါတယ်..။ကျွှန်တော်ဘာသာပြန်ဆိုတာအမှားများပါခဲ့ရင် တောင်းပန်အပ်ပါသည်။

ကမ္ဘာ့ နံပါတ်တစ် DJ သမားတစ်ယောက်ဖြစ်တဲ့ David Guetta ဟာ 1967 ခုနှစ်နိုဝင်ဘာလ 7ရက်နေ့တွင် Paris တွင်မွေးဖွားခဲ့တာပဲဖြစ်ပါသည်။သူဟာဆိုရင် French disc jockey တစ်ယောက်လဲဖြစ်ပါသေးတယ်။David Guetta ဟာသူ ရဲ့ပထမဆုံး Club DJ ကိုစတင်တီးခတ်ခဲ့တာကတော့ 1980 -1990ခုနှစ်တွင်ပဲဖြစ်ပါသည်။ David ဟာ Paris မှာမွေးဖွားခဲ့ပြီးနောက် ၄င်းရဲ့ငယ်စဉ်ဘ၀ကိုလည်း Paris မှာပဲကုန်ဆုံးခဲ့တာဖြစ်ပါတယ်။David ရဲ့မိသားစု ကတော့ Moroccan Sephardic Family မှ

ဆင်းသက်လာတာဖြစ်ပါတယ် ။ Guetta ရဲ့ဖခင်ကတော့ စားသောက်ဆိုင်လုပ်ငန်းကိုလုပ်ကိုင်ပါတယ်။

သူ့ ၏မိခင်ကတော့ Belgian တစ်ယောက်ပဲဖြစ်ပါတယ် ။1980 ခုနှစ်အစောပိုင်း Guetta အသက် 13နှစ် တွင် ပထမဆုံးသော Mix ကိုသူ့၏အိမ်တွင်ပဲ စမ်းသပ်တီးခတ်ခဲ့တာဖြစ်ပါတယ် ။ထို့နောက် သူ၏ အသက် 14နှစ်အရွယ်တွင်တော့ Organizing Parties များနှင့် Basement များတွင်တီးခတ်လာနိုင်ခဲ့ပြီဖြစ်ပါသည်။ ထို့နောက် 2 နှစ်ကြာပြီးတောက် Guetta အသက် 16 နှစ်တွင်မြို့ တွင်း Night Clubများတွင် DJ Mixer အဖြစ်စတင် ခဲ့ပါတယ်။Guetta ဟာသူ့ အသက် 17 နှစ်တွင် Music တီးခတ်ခြင်းနှင့် ပတ်သတ်သည့် ပညာကို သင်ယူရင်း Night Club များတွင် တီးခတ်နေခဲ့ပါတယ်။ထို့ နောက်ထိုအချိန်တွင်ပင် Mix CD’s များကိုလည်း ထုတ်ခဲ့ပါသေးတယ် သို့သော် အောင်မြင်မှုအနည်းငယ်သာရရှိခဲ့ပါတယ်။



ကျောင်းပြီးတဲ့နောက်မှာတော့ Guetta ဟာ Parisian ဆိုသည့် Night Club တစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။သူ့ ၏ တီးခတ်ခြင်းများကိုလည်း အရင်ကနှင့်မတူပဲ ထူးခြားသည့်ပုံစံများဖြင့် တီးခတ်ကာ လူကြိုက်များလာခဲ့ပြန်ပါတယ် ။ထို့နောက် David Guetta ဟာ Chris Willis အတွက် Just A Little More Love ကိုရေးစပ်တီးခတ်ပေးခဲ့ပါသေးတယ်။အဲဒီနောက် သီချင်းတွေကတော့ Then came Love, Do not Let Me Go တို့ပဲဖြစ်ပါတယ်။ Netherlands နှင့် Flanders တို့တွင်လည်းသွားရောက်ဖျော်ဖြေခဲ့ဖူးပါသေးသည် ။2002 ခုနှစ်တွင် ပထမဦးဆုံးStudio AlbumLittle More Love ကိုထုတ်လုပ်ခဲ့ပါတယ် ။ပြီး 2 နှစ်အကြာမှာတော့ 2004 ခုနှစ်တွင် Guetta Blaster

ကိုထပ်မံ ထုတ်လုပ်ခဲ့ပါတယ်။ထို့နောက် 2007 ခုနှစ်တွင် တတိယမြောက် Album ဖြစ်တဲ့ PoP Life Outကို ထုတ်ဝေခဲ့ပြန်ပါတယ် ။ ထို Album ထဲမှ တစ်ကိုယ်တော် ဖန်တီးထားတဲ့ Single ongများဖြင့်Netherlands နှင့်Belgiumတို့မှာ အောင်မြင်မှုအများဆုံးရရှိခဲ့ပါတယ်။ထို တတိယမြောက်Album ထဲမှ Single သီချင်းသုံးပုဒ်ဖြစ်တဲ့ Love is Gone, Baby When The Light နဲ့  Delirious Dance တို့ ဟာဆိုရင် DutchTop40ထဲထဲသို့ ဝင်ရောက်ခဲ့ပြီးနောက်နံပါတ်15ချိတ်ခဲ့ပြီးနောက်FlemishUltratop50တွင်းလည်းထိုသီချင်းသုံးပုဒ်ဟာဝင်ရောက်ခဲ့ပါတယ်။

Tomorrow Can Wait နှင့် Every timeTouch သီချင်းတို့ ကဆိုရင်လည်းDancesmashများဖြစ်ခဲ့ကာ အောင်မြင်မှု အနည်းငယ်ရရှိခဲ့ပါတယ် ။





David Guetta ရဲ့ 4ချပ်မြောက် Album One Love ကို 2009 ခုနှစ်တွင် ထွက်ရှိလာခဲ့ပါတယ်။ထို Album ထဲမှ Single သီချင်း When Love Takes Over, Kelly Rowland နှင့် G’uest Artist ထိုသီချင်းများဟာ Dance Smash ဖြစ်ခဲ့ပြီးနောက် Dutch Top 40 တွင်လည်း နံပါတ် 2ချိတ်ခဲ့ပါတယ်။ Ultratop 50 ထဲကိုလည်း ထပ်မံ ၀င်ရောက်ခဲ့ပါသည် ။အဲဒီနောက်ပိုင်း Top ဖြစ်ခဲ့တဲ့ ခဲ့တဲ့ Single သီချင်းတွေကတော့ One Love နှင့် Akon ဆိုထားတဲ့ Sexy bitch တို့ဟာDance Smash များဖြစ်ခဲ့ပါတယ်။Sexy Bitch ဟာ Ultratop 50 တွင် နံပါတ် တစ်အထိ ရောက်ရှိပြီး Dutch Top 40 တွင်လည်း နံပါတ် 3နေရာအထိ ရောက်ရှိကာအောင်မြင်ခဲ့ပါတယ်။ ထို့ နောက် Single One Love ဟာဆိုရင်လည်း Netherlands တွင် 48 ပတ်အထိ နံပါတ် 31 အကြာကြီးရရှိခဲ့ပါတယ်။ထို One Love ဟာနောက်ထပ် Flanders Ultratop 50 တွင် နံပါတ် 19 ထပ်မံချိတ်ခဲ့ပြန်ပါတယ် ။Guetta ဟာOne Love ဖြင့်ပင်အတော်လေးအောင်မြင်ခဲ့ပါတယ် One Love ဟာအလွန်ကောင်းမွန်တဲ့ သီချင်းလေး ဖြစ်ပြီးနောက် Ultratop တွင် ထပ်မံပြီးတော့ နံပါတ် 4 နှင့် နံပါတ် 2 များသို့ ဆက်တိုက်ဆိုသလို ရောက်ခဲ့ပါတယ် ။ ထိုAlbum ထဲမှသီချင်းများသည် Top 100ထဲတွင်လည်းဖော်ပြခြင်းခံခဲ့ ရပြီးနောက် Guetta ဟာကမ္ဘာကျော် DJ သမားတစ်ယောက် အလျင်အမြန် ကိုဖြစ်လာခဲ့ပါတော့သည်။ Guetta ၏ ငါးချပ်မြောက် Album ဖြစ်တဲ့ Nothing But The Bea ကို ကမ္ဘာကျော် အဆိုတော်များဖြစ်တဲ့ 50 Cent, Nicki Minaj, Will.I.Am, Jessie JAkon andFlo Rida တို့ဖြင့် 2011 Summer တွင်ထုတ်ဝေခဲ့ပါတယ် ထိုသီချင်းထဲမှနာမည်ကြီးခဲ့တာကတော့

Where Them Girls At (Ft. Flo Rida And Nicki Minaj) , Little Bad Girl (Ft. Taio Cruz And Ludacris) , Turn Me On (Ft. Nicki Minaj) , Sweat (Snoop Dogg Vs David Guetta) ,Crank It Up (Ft. Akon) , Repeat (Ft. Jessie J) , Titanium (Ft. Sia) , တို့ပဲဖြစ်ပါတယ် အဲခွေထဲမှ The Alphabeat ဟာဆိုရင် Billboard Today Hits သို့ ဝင်ရောက်ခဲ့ပြီး Titanium (Ft. Sia) ဟာလဲ Billboard သို့ဝင်ရောက်ပါသေးတယ်။ အခုထိ လူကြိုက်များပြီးနောက် ကမ္ဘာကျော်နေဆဲဖြစ်တဲ့ Usher ဆိုထားပြီး Guetta တီးထားတဲ့ Without You ဟာလဲ တကယ့်ကိုကောင်းမွန်ပြီး ပေါက်တဲ့သီချင်းတစ်ပုဒ်ဖြစ်ပါတယ် Billboard နှင့် US,UK Topများနှင့် အခြားဖျော်ဖြေရေး အကောင်းဆုံး Top များထဲသို့ ဝင်ရောက်ခဲ့တဲ့ သီချင်းလေးပဲဖြစ်ပါတယ်..။

David Guetta ရဲ့ ထွက်ပြီးသမျှ Albums တွေကိုသိချင်တယ်ဆိုရင်တော့ >>> ဒီမှာကြည့်ပါ<<<<

David Guetta ရဲ့ Biography ကတော့ ဒီလောက်ပဲဖြစ်ပါတယ် အားလုံးပဲ DJ Music နဲ့ အတူ အလန်းဆုံး ပျော်ရွှင် ကခုန်နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း......ကျွှန်တော့်အတွက် တစ်ခုခုများချန်ခဲ့မယ်ဆို :P

Mc wai yan

www.mcwaiyan.com

0 ကွန်မန့်ရေးရန်:

Post a Comment