This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, October 14, 2013

တရုတ်မယားအဖြစ် ရောင်းစားခံရဘူးတဲ့ အမျိုးသမီးတွေ များတယ်၊ သူတို့ကိုယ်တိုင် ဒီအလုပ် ပြန်လုပ်နေကြတာတွေ့လာရ

ငွေဖြင့်ဝယ်ယူခံ တရားမ၀င်တရုတ်ဇနီးများ လက်ဆင့်ကမ်းရောင်းချခံရမှုများရှိလာ

13 OCTOBER 2013

တရုတ်နိုင်ငံသို့ရောင်းစားခံရသည့် မြန်မာအမျိုးသမီးများမှာ တရုတ်အမျိုးသားက တရားမ၀င် ဇနီးမယား အဖြစ် ပေါင်းသင်းပြီး ၎င်းတို့အနေဖြင့် တရုတ်အမျိုးသမီးတစ်ဦးနှင့် တရားဝင် လက်ထပ်နိုင်သည့် အခါ ငွေဖြင့်ဝယ်ထားသည့် မြန်မာအမျိုးသမီးအား တခြားလူတစ်ဦးထံ ယွမ်ငွေ(၃)သောင်းနှင့်အထက် (မြန်မာငွေကျပ်သိန်းသုံးဆယ်နှင့်အထက်)ငွေကြေးများဖြင့် လက်ဆင့်ကမ်း ရောင်းချမှုများ ရှိကြောင်း နေပြည်တော် လူကုန်ကူးမှုတားဆီးရေးရဲတပ်ဖွဲ့မှ သိရသည်။


“အရင်တုန်းကတော့ လူကုန်ကူးတဲ့ပွဲစားတွေက လိမ်လည်ပြီးတော့ စုဆောင်းတယ်။ အခု နောက်ပိုင်းကျတော့ သူတို့ (ပွဲစား တွေ)က ပေါ်တင်စည်းရုံးတာပေါ့နော်။ တရုတ်မယား လုပ်ရမယ်။ ၆လပြည့်ရင် ပြန်လာလို့ရတယ်။ ရွှေတွေ ဘယ်လောက် ဆင် ပေးမယ်။ အိမ်အတွက် ဘယ်လောက်ပေးမယ် ဆိုပြီးတော့ ဒါမျိုးတွေနဲ့စည်းရုံးလာတယ်။”ဟု နေပြည်တော်လူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တရုတ်နိုင်ငံသို့ လူကုန်ကူးမှုများအတွက် လူကုန်ကူးမှုတားဆီးရေးရဲတပ်ဖွဲ့ဝင်များမှ လွယ်ဂျယ်-ကျန့်ဖုန်း၊ မူဆယ်-ရွှေလီ၊ လောက်ကိုင် နမ့်ခမ်းစသည့် မြန်မာတရုတ်နယ်စပ်၃နေရာ၌ နှစ်နိုင်ငံလူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ နယ်စပ် ဆက်ဆံရေးရုံးများ ဖွင့်လှစ်ကာ လူကုန်ကူးမှုလျော့ကျရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ အခု လူကုန်ကူးနေကြတဲ့မြန်မာအမျိုးသမီးတွေ ကိုယ်တိုင်က အရင် တရုတ်မယားအဖြစ် ရောင်းစားခံရဘူးတဲ့ အမျိုးသမီးတွေ များတယ်၊ သူတို့ကိုယ်တိုင် ဒီအလုပ် ပြန်လုပ်နေကြတာတွေ့လာရတယ်” ဟု မူဆယ်တည်းခိုခန်းလုပ်ငန်းအသိုင်းအ၀ိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၌ ယခုနှစ်ဇန်န၀ါရီလမှ စက်တင်ဘာလအထိ (၉)လတာကာလအတွင်း လူကုန်ကူးမှု(၆၉)မှုဖြစ်ပွားခဲ့သည့်အနက် (၄၂)မှုမှာ တရုတ်ဇနီးမယားအဖြစ် အဓမ္မထိမ်းမြားလက်ထပ်ရန် ရောင်းစားခဲ့သောအမှုများဖြစ်သဖြင့် မြန်မာနိုင်ငံလူကုန်ကူးမှု့၏ ၆၀%ခန့်မှာ တရုတ်နိုင်ငံသို့ တရုတ်မယားအဖြစ် ရောင်းစားခဲ့မှုများဖြစ်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စာရင်း များအရ သိရသည်။

မူဆယ်မြို့ပန်းနေကြာတည်းခိုခန်း၌ ရန်ကုန်မြို့မှ မိန်းကလေးများကို တရုတ်မယားအဖြစ်ရောင်းစားမည့် လူကုန်ကူးအဖွဲ့နှစ်ဖွဲ့ကို ပြီးခဲ့သည့် အောက်တိုဘာလ ပထမအပတ်အတွင်းက ဖမ်းဆီးရမိခဲ့ကြောင်း နေပြည်တော်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရှိရသည်။

ဖြစ်စဉ်မှာ သတင်းပေးချက်အရ မူဆယ်မြို့ ပန်းနေကြာ တည်းခိုခန်း၌ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်မှ ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်သူအမျိုးသမီး ၃ ဦးအား တရုတ်မယားအဖြစ် ရောင်းစားရန်ခေါ်လာသော ဒေါ်စောဥမ္မာ(ခ)မဥမ္မာ ဆိုသူနှင့် ရန်ကုန်မြို့မှ အမျိုးသမီးတစ်ဦးအား တရုတ်မယားအဖြစ်ရောင်းစားရန် ခေါ်ဆောင်လာသည့် မောင်ခန့်ကိုကိုနှင့် မမြတ်ဆုမွန် လင်မယားတို့အား ဖမ်းဆီးရရှိမိခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလ(၆)ရက်နေ့ နံနက်(၉)နာရီက လူကုန်ကူးမှုတားဆီးကာကွယ်ရေးတပ်ဖွဲ့စုမှူးရုံး(မူဆယ်)သို့ တာဝန်သိပြည်သူ တစ်ဦးမှ အမျိုးသမီးတစ်ဦးကို ခေါ်ဆောင်လာပြီး ထိုအမျိုးသမီးမှာ ရန်ကုန်တိုင်းမြောက်ဥက္ကလာပမြို့နယ်နေထိုင်သူဖြစ်ပြီး လူကုန်ကူးပွဲစားများထံမှ ထွက်ပြေလွတ်မြောက်လာသူဖြစ်ကြောင်းပြောဆိုကာ လာရောက်ပို့ဆောင်ပေးခဲ့သဖြင့် ရဲတပ်ဖွဲ့မှ ဆက်လက်မေးမြန်းရာ လူကုန်ကူးခံရခြင်းမှ ထွက်ပြေးလွတ်မြောက်လာသူဖြစ်ကြောင်း နောက်ထပ်၎င်းနှင့် ဘ၀တူနှစ်ဦး တည်းခို ခန်း၌ ကျန်သေးသည်ဟု ထွက်ဆိုခဲ့သည်။

၎င်းအမျိုးသမီးအား မေးမြန်းရာ၌ ဒေါ်စောဥမ္မာ(ခ)မဥမ္မာဆိုသူက ရန်ကုန်မြို့မြောက်ဥက္ကလာပမြို့နယ်မှ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီး(၃)ဦးကို တရုတ်ပြည်တွင် အလုပ်ပေါကြောင်း၊ တရုတ်ယောက်ျားယူလျှင် ကောင်းကောင်းမွန်မွန် နေရ မည်ဖြစ်ပြီး ကျပ်သိန်း၂၀၊သိန်း၃၀ရမည်။ အပျိုဖြစ်စေ၊အအိုဖြစ်စေ မင်္ဂလာဆောင်ပေးကာ ကလေး(၁)ယောက် မွေးပေးပြီးလျှင် ပြန်လာလို့ရသည်ဟု လိမ်လည်စည်းရုံးကာ မူဆယ်မြို့သို့ ခေါ်ဆောင်လာခဲ့ပြီး တရုတ်နိုင်ငံသို့ သွားရောက်ရန် မူဆယ်မြို့ ပန်းနေကြာတည်းခိုခန်း၌ တည်းခိုနေစဉ် မူဆယ်မြို့လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုများက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထို့အတူ အောက်တိုဘာလ(၆)ရက်နေ့နံနက်(၁၁)နာရီအချိန်ခန့်က တာဝန်သိပြည်သူတစ်ဦးမှ မူဆယ်မြို့(၅၅၅)လမ်းရှိ ပန်းနေကြာတည်းခိုခန်းတွင် မင်္သာကာဖွယ်ရှိသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ တည်းခိုနေကြောင်း သတင်း ပေးပို့ရာမှ တဆင့်တရုတ်နိုင်ငံ၊ရှမ်းတုန်းပြည်နယ်ရှိ တရုတ်အမျိုးသားတစ်ဦးနှင့် အိမ်ထောင်ကျနေသူ မမြတ်စုမွန်(ခ)ပုံ့ပုံ့၊ မောင်ခန့်ကိုကိုနှင့် တရုတ်နိုင်ငံရွှေလီမြို့တွင် နေထိုင်သူ မသီသီအောင်တို့ပူးပေါင်း၍ မှော်ဘီမြို့နယ်ရှိ မြန်မာအမျိုးသမီးငယ် တစ်ဦးအား ယွမ်ငွေ ၃ သောင်းဖြင့် တရုတ်မယားအဖြစ် ရောင်းစားရန်ကြိုးပမ်းခဲ့မှုကို မူဆယ်လူကုန်ကူးမှု တားဆီးနှိမ်နင်း ရေးတပ်ဖွဲ့စုမှ ဖမ်းဆီး ဖော်ထုတ်ခဲ့သည်ဟု သိရသည်။

လူကုန်ကူးမှုပြစ်ဒဏ်များ၌ လူ ၃ ဦးနှင့်အထက် ပူးပေါင်းဂိုဏ်းဖွဲ့ကာ လူကုန်ကူးမှုကျူးလွန်ပါက အနိမ့်ဆုံးထောင်ဒဏ် အနှစ် ၂၀ မှ ထောင်ဒဏ်တစ်သက်အထိ ချမှတ်ခံရနိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ် ဖွဲ့မှ သတင်းများအရ သိရသည်။

မြစ်မခမီဒီယာ

*** အွန်လိုင်းက သတင်းများ မှန်ကန်မှုရှိမရှိ ကိုယ်တိုင်စစ်ဆေးနည်း ***.......................






ဒီမိုကရေစီ ရရှိပြီးနောက် မြန်မာပြည်မှာ သတင်းအချက်အလက် စီးဆင်းမှုဟာ ယခင်ကထပ် များစွာ တိုးတက်လာတာကို တွေ့ရ ပါတယ်။ မှန်တာလည်း ပါမယ်။ မှားတာလည်း ပါမယ်။ မမှန်တစ်မှန်လည်းပါမယ်။ မမှားတစ်မှားလည်းပါမယ်။ ရေးတဲ့သူကတော့ရေးမှာပဲ၊ တင်တဲ့သူကတော့ တင်မှာပဲ။ သူမပိုင်၊ကိုယ်မပိုင် အွန်လိုင်း ကမ္ဘာကြီးထဲမှာ သတင်းတွေ ဟုတ်မဟုတ် ခွဲခြားစိတ်ဖြာရမှာက ကိုယ့်ရဲ့  တာဝန်။ ကောလဟာလ လွင့်တဲ့သူကတော့ လွင့်မှာပဲ။ ဒီတော့ Training သဘောမျိုးပေးရင် အနည်းဆုံး ၅ နာရီကြာနိုင်တဲ့ Information Filtering Subject ကို ဆောင်းပါးတစ်ပုဒ် နဲ့ အတိုဆုံးဖြစ်အောင် ကြိုးစားရေးလိုက် ရပါတယ်။ (ဒီတော့ အချက် အလက် မစုံပေမယ့် အရေးကြီးတာတွေတော့ ပါဝင်မှာပါ)

ဒီတော့ ခေါင်းစဉ်ကြီး နှစ်ခု ခွဲပါမယ်။ ပြည်တွင်း သတင်းအချက်အလက် နဲ့ ပြည်ပ သတင်းအချက်အလက်။


၁။ ပြည်ပ သတင်းအချက်အလက် စစ်ထုတ်စားသုံးခြင်း

သတင်းတစ်ပုဒ်ထဲမှာ နီးကိုးလပ်ခ်ျဂေ့က ရေခဲတောင် အက်ဆီး ဒန့်ကြောင့် သေ တယ်လို့လည်း ကြားရကော လခ့်ဆီသွားပြီး ဖတ်လိုက်တာ အားလုံးက ရုပ်တည်ကြီးတွေပဲ။ အရေးအသားကလည်း သတင်း အရေးအသား ဆန်ဆန်ပေါ့။ သို့ပေမယ့် အဲ့ဒီ Title ကို Select လုပ်ပြီး Google Search ကနေ ပြန်ရှာကြည့်တော့ Search Engine က ထိပ်ဆုံးကနေ Fake News ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြန်ရှာဖော်ပြတယ်။ ဒီတော့ ပြောချင်တာက ပြည်ပက သတင်းအချက်အလက် (Google က recognized လုပ်ထားသော Languageနဲ့ ရေးသားဖော်ပြ ထားသော သတင်းအချက်အလက်) တွေ မှန်ကန်မှု ရှိမရှိ စစ်ဆေးရာမှာ Google က အစအဆုံး ကူညီပေးပါတယ်။ ဥပမာ Facebook မှာတစ်စုံတစ်ယောက်က ပုံတစ်ပုံတင်လိုက်တယ်ဆိုပါစို့။ ခေါင်း ၈ လုံးနဲ့ မြွှေ ဓာတ်ပုံကို Share ရင် စော်ကြည်ထီပေါက် Heaven ရောက်ဘာညာပေါ့။ လွယ်လွယ်လေး အဲ့ဒီပုံကို Download ချ။ Google Search Engine က Image Search ကို ကလစ်နှိပ်ပြီး ပုံကို Upload လုပ် ပြန်ရှာ လိုက်တော့ တွေ့ပါလေရာ။ Fake News ဖြစ်ပါတယ်ဆိုတာကို ရေးထားတာတွေကို Google က ပြန်ဖော်ပြတယ်။ ကယ် ပြောတာတွေ စနစ်တကျ ဖြစ်အောင် Bullet point လေးတွေနဲ့ ပြန်ဖော်ပြ ရမယ်ဆိုရင်

- သတင်း ခေါင်းစဉ် ကို စစ်ဆေးခြင်း
- သတင်း ဓာတ်ပုံကို စစ်ဆေးခြင်း
- သတင်း အရေးအသား ဟုတ်မဟုတ် (Grammer) စစ်ဆေးခြင်း
- သတင်း ဖော်ပြသော ဝဘ်ဆိုဒ်များကို စစ်ဆေးခြင်း
- သတင်း အောက်မှာ Comment များကို စစ်ဆေးခြင်း

အချက် ၅ ချက်လေးကတော့ အခြေခံအားဖြင့်သိရမယ်။ ဒါသိရုံနဲ့ ပြီးသွားပြီ လားဆိုတော့ မဟုတ်သေးဘူး။

http://www.google.com/advanced_search
http://www.googleguide.com/advanced_operators_reference.html

အဲ့ဒီ Link ၂ ခုကို မှတ်ထား။ တစ်ခုက Google Advanced Search ။ တစ်ခုက Google Search Engine ကို ကောင်းကောင်းခိုင်းစားလို့ရမယ့် နည်းလမ်း။ အဲ့မှာ ဘာကိုရှာချင်ရင် ဘာ Keyword ကို သုံးရတယ်။ အစရှိသဖြင့် အကုန်ပါပြီးသား။ အဲ့ဒါတွေ တစ်ချက်ချင်းစီ လိုက်ရေးပေးနေ ရရင် ရှည်နေမှာစိုးလို့ ကိုယ်တိုင်ပဲ Self study လုပ်နိုင်အောင် Link ပေးလိုက် ပါတယ်။


၂။ ပြည်တွင်း သတင်းအချက်အလက် စစ်ထုတ်စားသုံးခြင်း

ပြည်ပ ပြီးရင် ပြည်တွင်းအကြောင်းလာပါပြီ။ ဟိုမင်းသမီးကတော့ ဘာတဲ့။ မင်းတစ်ယောက်ကတော့ ဘာတဲ့ အစရှိသဖြင့် Facebook မှာ တစ်ယောက်နဲ့ တစ်ယောက် Opinion အမျိုးမျိုးပေးနေလိုက်ကြတာ။ သတင်းအချက် အလက် မှန်ကန်မှုရှိမရှိက ကွဲကွဲပြားပြား မသိရတော့ဘူး။ ပြည်တွင်းက အရေးကြီးတယ်။ ကောလဟာလ တစ်ခုလွင့်ရင် တိုင်းပြည်နစ်နာမှာလေ။ ဒီတော့ ဘယ်လိုစစ်ထုတ်ရမလဲဆိုတာ အင်မတန် အရေးကြီးတယ်။


ယုံကြည်နိုင်သော အရင်းအမြစ်ကို စားသုံးခြင်း

ဆိုင်ကယ်တွေလိုင်စင်ထုတ်တယ်ဆိုတာ အလကားထုတ်ပေးတာ မဟုတ် ပါဘူး။ အကြောင်း အမျိုးမျိုးကြောင့် အဲ့ဒီ ဆိုင်ကယ်နဲ့ ပက်သက်ပြီး မှုခင်းတွေ ဘာတွေဖြစ်ရင် ကာယကံရှင်ကော၊ နစ်နာသူဘက်ကကော အလွယ်တကူ ဖြေရှင်းပေးလို့ရအောင် ဖန်တီးထားပေးတာ။ ဒီလိုပါပဲ။ သတင်းဌာနတွေ၊ မီဒီယာတွေကို လိုင်စင် ပေးတယ်ဆိုတာလည်း အကြောင်းမဲ့ မဟုတ်ပါဘူး။ ကိုယ်ရေးသားဖော်ပြ တင်ပြတဲ့ သတင်း အချက်အလက် မှန်ကန်မှု ရှိလားမရှိလားဆိုတာကို အာမခံပေးဖို့ဖြစ်ပါတယ်။ ဥပမာ သတင်းဌာနတစ်ခုက သတင်းမှားဖော်ပြရင် အဲ့ဒီသတင်းဌာနကို တိုင်ကြားပြီး ဒါအရေးယူလို့ရတယ်။ အကယ်၍ အဲ့လို လိုင်စင်ရှိထားတဲ့ Source တစ်ခုက တင်ပြတဲ့ သတင်းမဟုတ်တာကို သိလျက်နဲ့၊ ဖတ်မိတယ်၊ ယုံမိတယ်။ အားကိုးမိတယ်။ အဲဒါနဲ့ ကမောက်ကမတွေ ဖြစ်မှ ဟိုတိုင် ဒီတိုင်လုပ်တော့ ဘယ်သူက ဝင်ကယ်နိုင်မှာလဲ။ rumor လွင့်တာနဲ့ ပက်သက် လို့ တရားဥပဒေနဲ့ တားမြစ်တာတွေ ရှိပေမယ့် ဥာဏပစ္စည်း မူပိုင်ခွင့် အလေးမထားကြသေးတဲ့ မြန်မာပြည် လူမှုကွန်ရက်မှာ ကလေးငိုတာကအစ ဘယ်သူက လိုက်ဖြေရှင်းပေးနိုင်မလဲ။ ဒါကြောင့် အစိုးရက သတင်းဖော်ပြချရင် လိုင်စင်တင်။ လိုင်စင်တင်ထားတဲ့ သတင်းဌာနဟာ သတင်းမှန်တွေ ပေးနေတာပါ။

ဒီတော့ မြန်မာပြည်မှာ တရားဝင် ရပ်တည်နေတဲ့ သတင်းဌာန ဘယ်နှစ်ခု ရှိတယ်ဆိုတာ မသိချင်နေ၊ ကိုယ်သတင်း စားသုံးနေတဲ့ Source က ခိုင်မာ တဲ့ Source ဖြစ်မဖြစ် ဆန်းစစ်တာမျိုးကတော့ ကိုယ့်ဘက်က အနည်းဆုံး ကာဗာယူထားနိုင်ရ ပါမယ်။ ဒီတော့ ခု Facebook မှာ သတင်းတွေကို copy paste လုပ်ပြီး တင်နေတဲ့၊ ဖော်ပြနေတဲ့ Page တွေများလာတယ်။ ရည်ရွယ်ချက်ကတော့ သတင်းအချက်အလက် အလွယ်တကူ စီးဆင်းစေ ဖို့ပါပဲ။ သို့ပေမယ့် Source filtering မှာ နည်းလမ်းကျကျ ဘယ်လို Process လုပ်သင့်တယ် ဆိုတာကို သေချာမသိထားဘူးဆိုရင် သူတင်ပြတဲ့ သတင်းတွေကလည်း မှန်ချင်မှမှန်မှာပါ။ ဖတ်လို့ကောင်းတာနဲ့ပဲ တင်ရ ချည်ဟဲ့ဆိုပြီး တင်လိုက်ရင် ဖတ်စရာ စာလေးတွေပဲ ဖြစ်လာမှာပါ။ တတင်းဖြစ်မလာ ပါဘူး။ သတင်းတစ်ခုမှာ မူပိုင်ခွင့်ရှိတယ်။ ဒါကြောင့် အာမခံချက်လည်း ရှိတယ်။ မှားနေရင် စားသုံးသူဘက်ကလည်း complaint တက်လို့ရတယ်။ အဆုံးစွန်ဆုံး Source ဌာနအထိ တိုက်ရိုက်ဆက်သွယ် တဲ့အထိတောင် လုပ်နိုင်တယ်။ အခုက သူများတွေ ဒီ ပေ့မှာဖတ်လို့ ငါလည်းဖတ်တယ်။ ဟိုဆိုဒ်မှာဖတ်လို့ ငါလည်းဖတ်တယ်။ သတင်းမှန်ကန်မှု ရှိလားမရှိလားကို သေချာ မကြည့်။ ဒီတော့ ကောလဟာလ ပြန့်နှံ့မှု နှုန်း က ကြောက်စရာပါပဲ။

ဒီတော့ မှန်ကန်သော Source မှ စားသုံးသည့် အလေ့အထ ပြုလုပ်ခြင်း ကို ပြုလုပ်ရပါမယ်။ မဖြစ်မနေ မြင်နေရပြီ ဖတ်နေရပြီဟေ့ဆိုရင် Source က ဘယ်ကိုညွန်းထားလည်းဆိုတာကိုကြည့်။ ပြီးရင် အဲ့ဒီ source ကိုဆက်သွားပြီးတော့ ကြည့်။ သတင်းအောက်က Reader တို့ ဘယ်လို Feedback ရှိတယ်ဆိုတာကို ကြည့် အစရှိသဖြင့်ပေါ့။


၃။ Platform ခွဲမယ်


သတင်းဖော်ပြသော Platform သုံးခု ဖြစ်တဲ့ Website, Blog နဲ့ Social Media အစရှိတဲ့ Platform လေးခုမှာ အမျိုးအစားခွဲတတ်ရအုံးမယ်။ Website မှာဆိုရင် သတင်းဆိုဒ်လား၊ ကြော်ငြာဆိုဒ်လား၊ ထုတ်ကုန်ပစ္စည်း တစ်ခုခုကို ကိုယ်စားပြုတဲ့ ဝဘ်ဆိုဒ်လား အစရှိသဖြင့်ပေါ့။ အကယ်၍ ထုတ်ကုန်ပစ္စည်းတစ်ခုခုကို ကိုယ်စားပြုတဲ့ ဆိုဒ်ဆိုရင် သတင်းမှန်တွေ ဘယ်ရတော့မလဲ။ သူတို့ ကုန်ပစ္စည်းကောင်းကြောာင်းချည်းလာမှာပေါ့။ လက်ရှိချိန်အထိ ဝဘ်ဆိုဒ်က ဘယ်လိုအမျိုးအစားဖြစ်တယ် ဆိုတာကို အချို့တွေ မခွဲတတ်သေးဘူး။ Home Page appearance, About, Content တို့ကို စစ်ဆေးရုံနဲ့ ဒါ ဘာဆိုဒ်လည်းဆိုတာ တော်ရုံလူခွဲတတ်ပါတယ်။

Blog ကျတော့ Website လိုမဟုတ်တော့ဘူး။ Personal Blog, News Blog, Adv Blog အစရှိသဖြင့်ပေါ့။ အမျိုးမျိုးကွဲသေးတယ်။ အထူးသဖြင့် Blog ဆိုတာကို User တွေက Personal အတွက် အသုံးပြုတာ များတယ်။ ဒီတော့ သတင်းမှန်တွေ ဘယ်ရနိုင်မလဲ။ သူ့ Feeling တွေရေးသားဖော်ပြတာလေ။ တစ်စုံတစ်ယေက်ရဲ့  Opnion ပဲရလိမ့်မယ်။ သတင်းရချင်မှရမယ်။ Blog ရဲ့  Terms and Privacy မှာ သတင်းမှားတွေ မဖော်ပြရလို့ Google က မထည့်သွင်းထားဘူး။ လူတိုင်းတင်ချင်ရာတင်တယ်။ ဒီမှာ ယုံကြည်ရဖို့ အတွက်ကတော့ Website မှာတုန်းကလိုပဲ Home Page, About, Content တို့ကို အဓိကထား စစ်ဆေးရအုံးမယ်။

နောက်ထပ် Platform တစ်ခုက Social Media. အရင်တုန်းက Forum ခေတ်။ Forum တွေလုပ်ပြီး ကိုယ်သိတာတွေရေးကြပြောကြပေါ့။ အခုတော့ Facebook ခေတ်။ Facebook မှာလည်း Personal Account Page နဲ့ Blog လို အသုံးပြုလို့ရမယ် Fan Page ဆိုပြီးတော့ ၂ မျိုးရှိတယ်။ Social Media ရည်ရွယ်ချက်က ခံစားချက်တွေ မျှဝေဖို့။ သို့ပေမယ့် Social Media ကိုအခြေပြုပြီး Website တွေ Traffic တက်အောင် Joint လုပ်လာကြတယ်။ Social Media Marketing ပေါ့။ နောက်ဆုံး အဆင့်မှာတော့ Website တောင် မကူးတော့ပဲ Facebook မှာတင် သတင်းအချက်အလက် ဖော်ပြပေး၊ တင်ဆက်ပေးတဲ့ အဆင့်အထိ ရောက်လာတယ်။ Terms and Condition မှာက Nudity, Abuse, Annoy တို့လောက်ပဲ ပြောထားတာ။ သတင်းမှားလား မှန်လားဆိုတာကို Facebook က မစစ်ပေးဘူး။ စားသုံးသူတွေ ကိုယ်တိုင်စစ်ပြီး Report လုပ်လို့ရမယ့် UI ပဲ ပေးထားတယ်။ ကဲ။ ဒီတော့ ဘယ်လိုလုပ်မလဲ။

လွယ်ပါတယ်။ အထပ်က ပြောခဲ့သလို ပဲ။ တရားဝင် မှတ်ပုံတင်ထားတဲ့ သို့တည်းမဟုတ် ယုံကြည်ရရန် အာမခံချက် ပေးထားတဲ့ သတင်းဌာ များကိုသာ မှီခိုစားသုံးစေဖို့ပါပဲ။ အဲ့လို အာမခံချက်ပေးမထားတဲ့ နေရာတွေ ကနေ သွားစားသုံးရင်တော့ ကိုယ့် Risk နဲ့ ကိုယ်ပဲ။

နောက်ထပ် Platform တစ်ခုပေါ်လာပြီ။ မိုဘိုင် App နဲ့တင်ဆက်တဲ့ သတင်းတွေ။ ဘုရား၊ဘုရား။ မလွယ်ပါလား။ Authorized ဖြစ် လားမဖြစ်လား၊ လိုင်စင်ရှိလား၊ Commitment ရှိလား၊ Terms and Privacy ထားလား။ မေးစရာမေးခွန်းတွေက အများကြီးပါပဲ။ မြန်မာပြည်မှာ ဖုန်းကနေရော၊ ကွန်ပြူတာကနေရော အင်တာနက် အသုံးပြုသူ အရေအတွက်က ဆပွားနဲ့ကို တတ်နေပါတယ်။ ဒီလိုတက်နေတဲ့ လူတွေအတွက် စားသုံးစရာ သတင်းကလည်း လိုမြဲတမ်းလိုမယ်။ တင်တဲ့သူတွေလည်းတင်မြဲတမ်းတင်မယ်။ ဒီလိုအချိန်မှ ကောလ ဟာလတွေလည်း ရောစပ်လာတယ်အခါ မြင်မကောင်း၊ ကြား မကောင်းတွေ ဖြစ်ကြရော။ ရေးရင်းနဲ့ မှာချင်တာ အတော်လေး များသွားပါတယ်။ အကြမ်းဖျဉ်းအားဖြင့် Trust ဖြစ်ဖို့ အာမခံချက်ပေးတဲ့ Source ကနေပဲ စားသုံးတဲ့ အလေ့အထကို လုပ်စေချင်ပါတယ်။ ဒါတောင် အမှားပါတတ်ပါသေးတယ။်

လူတိုင်း သတင်းအမှန် ခွဲခြား စားသုံးတတ်ဖို့ ရည်ရွယ်ချက်တဲ့ ရေး သား ဖော်ပြလိုက်ရပါတယ်။

အောင်ခမ်း ( TSJ Team )

နန်းခင်ဇေယျာက သူ့ အီးမေးလ်လိပ်စာ၊ ဖုန်းနံပတ်တွေ

နန်းခင်ဇေယျာက ဘာလုပ်ဖို့ သူ့ ဖုန်းနံပတ်၊ လိပ်စာတွေပေးနေတာလဲ

Sunday, October 13, 2013

နန်းခင်ဇေယျာက သူ့ အီးမေးလ်လိပ်စာ၊ ဖုန်းနံပတ်တွေကို မျှဝေကာ ဖေ့စ်ဘုတ်စာမျက်နှာက တဆင့် တိုက်တွန်းနှိုးဆော်ထားပါတယ်။ ဘာအတွက် ဆိုတာ အောက်မှာ သူရေးထားတာတွေကို ဖတ်ကြည့် လိုက်ပါ။ 

 ဓာတ်ပုံ- Miss International 2012

ချစ်ပရိသတ်ကြီး မင်္ဂလာပါရှင်…။

နန်းခင် နဲ့အတူ 27th SEA Games အကြိုလှုံ့ဆော်မှု ဖျော်ဖြေပွဲကြီးမှာ ပါဝင်ဆင်နွှဲဖို့ နဲ့ ပရဟိတလုပ်ဆောင်ဖို့ Miss International (2012) မှ Miss များကို ဖိတ်ကြားထားပါတယ်။

ဖျော်ဖြေပွဲကြီးပြီးလျှင် Miss International 2012 မှ Miss များနဲ့အတူ နန်းခင် ပုဂံ ညောင်ဦးသို့သွားရောက်ပြီး အနာဂတ်မျိုးဆက်သစ်လူငယ်ကလေးငယ်များရဲ့ ပညာရေးကို အထောက်အကူဖြစ်စေရန်၊ ဗဟုသုတအသိဥာဏ်ပညာတိုးတက်စေရန်၊
ကျောင်းသားကျောင်းသူ ညီငယ်ညီမငယ်များ စာဖတ်စွမ်းအားမြင့်မားပြီး ထူးချွန်ထက်မြက်စေရန် ရည်ရွယ်ပြီး ပရဟိတလုပ်ဆောင်မှုအဖြစ် စာကြည့်တိုက်သို့ စာအုပ်များ သွားရောက်လှူဒါန်းမှာဖြစ်ပါတယ်။

နန်းခင်နဲ့အတူ နန်းခင်ချစ်တဲ့ မိဘညီအစ်ကိုမောင်နှမများမှလည်း စာအုပ်စာပေများ လှူဒါန်းပေးစေလိုပါတယ်။ 
 
လှူဒါန်းလိုပါက နန်းခင်ရဲ့ Gmail (nangkhinzayyar@gmail.com)
နဲ့ Phone number (0931179779 , 095601258) ကို ဆက်သွယ်ပြီးလှူဒါန်းနိုင်ပါတယ်။ အောက်တိုဘာလ ၁၆ (၁၆.၁၀.၂၀၁၃) ရက်နေ့ နောက်ဆုံးထားပြီး ဆက်သွယ်လှူဒါန်းပေးလို့ရပါတယ်ရှင်…။

ကျေးဇူးတင်ပါတယ်ရှင်…။

နန်းခင်ဇေယျာ

ဆက်သွယ်နိုင်မည့် Gmail နှင့် Phone number များကိုဖော်ပြပေးလိုက်ပါတယ်
09 31179779
09 5601258
nangkhinzayyar@gmail.com သို့ ဆက်သွယ်လှူဒါန်းလို့ရပါတယ်။

၃ နှစ်အရွယ် သူ့ သမီးငယ်ရဲ့ လည်ပင်း ကို ကိုက်ပြီး အသားတွေစား၊ သွေးတွေကို သောက်လို့ သမီးငယ်လေး သေဆုံးသွား

သွေးစုပ်ဖုတ်ကောင် အဖေက သမီးကို သွေးစုပ်၊ စားသောက်

Sunday, October 13, 2013
ပါပူဝါ နယူးဂီနီက အမျိုးသားတယောက်ဟာ ၃ နှစ်အရွယ် သူ့ သမီးငယ်ရဲ့ လည်ပင်း ကို ကိုက်ပြီး အသားတွေစား၊ သွေးတွေကို သောက်လို့ သမီးငယ်လေး သေဆုံးသွားတဲ့အတွက် သူ့ကို ဖမ်းလိုက် ပါတယ်။ 

 ဓာတ်ပုံ- The Nation

ဒေသဆိုင်ရာ ကောင်စီလူကြီးတဦးကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတပုဒ်အဆိုအရ ၃ နှစ်သမီးလေးနဲ့ သူ့မိခင်တို့ဟာ ဖခင်ဖြစ်သူထံ အလည်လာခိုက် ဘာဖြစ်မှန်း မသိရပဲ အမေက သမီးကို လက်ဆွဲရင်း ထွက်ပြေးခဲ့တယ်တဲ့၊ နောက်က သူ့ခင်ပွန်းက လိုက်လာတော့ ခြုံ တွေထဲ ၀င်ပြေးသွားခဲ့တယ်လို့ ဆိုတယ်။ 

ပြီးတော့ ခြုံထဲမှာ အဲဒီအမျိုးသားက သူ့သမီးလည်ပင်းကို ကိုက်၊ အသားတွေစား၊ သွေးတွေ စုပ်နေခဲ့ တာ ကို သစ်ပင်တပင်ပေါ် တက်နေတဲ့ လူငယ် ၂ ဦးက မြင်တော့ သူတို့လည်း ထွက်ပြေးပြီး လူတွေကို ပြော
ပြကြတယ်။ 

ကလေးတွေပြောတာကို အဲဒီကောင်စီလူကြီးက မယုံခဲ့ဘူး၊ ရယ်စရာတောင် လုပ်ပစ်လိုက်ခဲ့တယ်။ ဒါပေမယ့် အဲဒီ ကလေး တွေ က တော်တော် ကြောက်နေတာတော့ သတိထားမိတယ်လို့ ကောင်စီ လူကြီးက သတင်းထောက်တွေကို ပြောပြတယ်။ 

ဒါနဲ့ မျက်မြင်ကလေးတွေကြောင့် လူတွေရောက်လာပြီး အဲဒီ သွေးစုပ်ဖုတ်ကောင်ဆိုသူကို ခြုံထဲမှာ သူ့သမီးအလောင်းနဲ့ တွေ့လိုက်ကြတယ်။ သမီးကို ပြန်စားတဲ့ အဖေဖြစ်သူကလည်း ထွက်ပြေးဖို့ ကြိုးစား ခဲ့သေးတယ်။ နောက်ဆုံးတော့ လူတွေ က ၀ိုင်းဖမ်းပြီး ရဲလက်ကို အပ်လိုက်ကြတယ်။ သေဆုံးသူ ကလေးမ ရဲ့ အမေကတော့ ဘယ်ရောက်သွားတယ် ဆိုတာ သတင်းထဲမပါတော့ မသိရဘူး။ 

၃ နှစ်သမီးလေးရဲ့ လည်ချောင်းသွေးဖောက်သောက်၊ အသားစားတဲ့ အတွက်ကြောင့် အဖမ်းခံလိုက်ရတဲ့ ဖခင်ဖြစ်သူ ကို သွေးစုတ်ဖုတ်ကောင်လို့ သမုတ်ခံကြတယ်။ 

သွေးစုပ်ဖုတ်ကောင်ဆိုတာ တကယ်ပဲ ရှိနေရော့သလား ဆိုတာတော့ ဝေခွဲရခက်နေတဲ့ ပုစ္ဆာတပုဒ်လိုပါဘဲ။ အဲဒီဒေသမှာလည်း မှော်အတတ်ပညာတွေလို ရံဖန်ရံခါ ဒီလိုပြဿနာမျိုးတွေ ဖြစ်တတ်ကြတယ်လို့ ရဲတပ်ဖွဲ့က ပြော ပါတယ်။ 

မနှစ်ကပဲ အလားတူ ထူးထူးဆန်းဆန်း သေဆုံးမှုတွေကြောင့် ဒါဇင်နဲ့ ချီတဲ့ လူတွေကို ရဲက ဖမ်းခဲ့ရပါသေး တယ်တဲ့။ ၂၀၁၁ ခုနှစ်ကလည်း မွေးကင်းစ သားလေးကို ပြန်စားလိုက်တဲ့ လူတယောက်နဲ့ ပတ်သက်ပြီး သတင်းတွေထွက်ခဲ့ပါသေးတယ်။ 

အိမ့်သံစဉ် ~

ဖြူးမြို့နယ်၊ တွင် လင်မယား(၂)ယောက်အား ခေါင်းဖြတ်သတ်မှု တစ်ခု ဖြစ်ပွားခဲ့

Sunday, October 13, 2013

ဖြူးတွင် ဒုတိယအကြိမ် ခေါင်းဖြတ် လူသတ်မှု တစ်ခုဖြစ်ပွား

ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်၊ ခင်တန်းကြီးအုပ်စု၊ ကျွဲမကူး ကျေးရွာတွင် မနေ့ ညနေ ပိုင်း (၁၂.၁၀.၂၀၁၃)နေ့ ညနေ(၆း၀၀)အချိန်ခန့်က လင်မယား(၂)ယောက်အား ခေါင်းဖြတ်သတ်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိပါတယ်။

ကျွဲမကူးကျေးရွာ၏ အနောက်ဘက် (၁)ဖာလုံခန့် အကွာ ဒေါ်သန်းသန်းလွင်၊(၄၉)နှစ်၊(ဘ)ဦးစိုးမြင့်၊ ဈေးရပ်ကွက်(၂)လမ်း၊ မြို့မအနောက်ရပ်ကွက်၊ ဖြူးမြို့နေသူ၏ ပျဉ်းကတိုး စိုက်ခင်းတွင် အစောင့် လုပ်ကိုင်နေသော ဦးဇော်မင်း၊(၅၆)နှစ်၊(ဘ) ဦးဇသန်းဘဟာဒူး၊ဂေါ်တဂါး/ဗုဒ္ဓ၊နှင့်၎င်း၏ ဇနီးဖြစ်သူ ဒေါ်တင်ရွှေ ၊(၅၅)နှစ်၊တို့ သတ်ဖြတ်ခံရတာ ဖြစ်ပါတယ်။

အဆိုပါ လင်မယား ပြန်မလာသဖြင့် ကိုဝင်းလှိုင် နှင့် ကိုအေးနိုင်တို့ စိုက်ကွင်းအတွင်းသို့ သွား ရောက်ကြည့်ရှုရာ တဲအတွင်းရှိ မြေကြီးပေါ်၌ ဦးဇော်မင်းမှာ လည်ပင်းပြတ်၊ ခေါင်းရှာမတွေ့၊ ယာရင်အုံထိုးသွင်းဒ ဏ်ရာတစ်ချက်၊၄င်း၏ဇနီး ဒေါ်တင်ရွှေ မှာ ၀မ်းဗိုက်ဝဲဘက်ထိုးသွင်း ဒဏ်ရာ တစ်ချက်ဖြင့်သေဆုံးသည်ကို တွေ့ရှိရတာပါ။

အဆိုပါ လူသတ်မှုအား ဦးဇော်နိုင်ဦး(၃၆)နှစ်၊ (ဘ)ဦးလှမြင့်မှ တရားလိုပြုလုပ်၍ ဖြူးမြို့မစခန်းသို့ တိုင်ကြားခဲ့ရာ စခန်းမှ (ပ)၄၃၃/၂၀၁၃၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀၂ အရအမှုဖွင့် အရေးယူထားပြီး တရားခံအား အပူတပြင်းလိုက်လံ ဖမ်းဆီး ဖော်ထုတ်လျှက်ရှိကြောင်း သတင်းရရှိပါတယ်။

ကိုသန့် ဇင်

by Myanmar News Now

Thit Htoo Lwin - Crime