This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, May 13, 2012

သံဃာ့လှုပ်ရှားမှု နစ်နာချက်များ လွှတ်တော်ကို တိုင်ကြားရင် စုံစမ်းစစ်ဆေးမည်



RFA
ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ဖြစ်ပါသည်။

2012-05-11
၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ အဖိနှိပ်ခံခဲ့ရတဲ့ သံဃာတော်တွေနဲ့တကွ ကျောင်းသား ပြည်သူတွေအနေနဲ့ မိမိတို့ ခံစားခဲ့ရတဲ့အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကို တိုင်ကြားမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေဘက်က စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ဂျာမနီနိုင်ငံကို လေ့လာရေးခရီးစဉ်အဖြစ် ခေတ္တရောက်ရှိနေတဲ့ အမျိုးသားလွှတ်တော်ဆိုင်ရာ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ နိုင်ငံသားများရဲ့မူလအခွင့်အရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က မနေ့က RFA ကို အခုလို ပြောကြားလိုက်ပါတယ်။

"၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးနဲ့ ပတ်သက်လို့ တိုင်ကြားတင်ပြတာများရှိခဲ့ရင် ကျွန်တော်တို့က ကော်မတီအလိုက် စီစစ်ပါမယ်။ ကျွန်တော်တို့ရဲ့တွေ့ရှိချက်ကို သုံးသပ်ချက်နဲ့တကွ ကျွန်တော်တို့ရဲ့လုပ်ထုံးလုပ်နည်းအတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဆီကို တင်ပြပါမယ်။ သူ့ရဲ့သဘောနဲ့ ကျွန်တော်တို့ရဲ့ သဘောကိုက်ညီမှုအရ အခင်းဖြစ်တဲ့နေရာကို ကျွန်တော်တို့ ကော်မတီက စစ်ဆေးရန်လိုအပ်တယ်လို့ တင်ပြလို့ လွှတ်တော်ဥက္ကဋ္ဌ က သဘောထားမှတ်ချက်ရခဲ့လို့ ရှိရင် ဖြစ်တဲ့နေရာအထိ ကျွန်တော်တို့ သွားရောက် စစ်ဆေးပိုင်ခွင့် ရှိပါတယ်။ အဲတာကြောင့် ၂၀၀၇ ရဲ့ အပေါ်မှာတိုင်ကြား တင်ပြလာတာရှိရင် ကျွန်တော်တို့က ထိထိရောက်ရောက် စစ်ဆေးပေးသွားမယ်ဆိုတာ ကျွန်တော်တို့ ကော်မတီရဲ့လုပ်ငန်းသဘောအရ ကတိပြုတင်ပြ ဆွေးနွေးခဲ့ ပါတယ်"
ခရီးစဉ်အတွင်း ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တက်ရောက်လာသူ တစ်ဦးက ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုနဲ့ ပတ်သက်လို့ သံဃာတော်တွေအပေါ် အစိုးရဘက်က ပြန်ပြီးတောင်းပန်ဖို့ အစီအစဉ်ရှိမရှိ မေးမြန်းရာမှာလည်း အလားတူ ဖြေဆိုခဲ့တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။
အလားတူ ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတရာထူး ရနိုင်မလားဆိုတဲ့ မေးခွန်းကိုတော့ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ သမ္မတရာထူးဆိုင်ရာ အရည်အချင်းအရ ကန့်သတ်မှုတွေ ရှိနေတယ်လို့ ပြန်လည်ဖြေဆိုခဲ့ကြောင်း ဒေါက်တာအေးမောင်က ဆိုပါတယ်။
"ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ခုနှစ်မှာ သမ္မတ ဖြစ်မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ပြုပြင်ပေးဖို့ ကျွန်တော်တို့ ဒီ ၂၀၁၅ မတိုင်ခင်လေးမှာ ကျွန်တော်တို့ ကြိုးစားပေးဖို့ နှိုင်းနှိုင်းယှဉ်ယှဉ်၊ ပြုပြုပြင်ပြင်နဲ့ ကြိုးစားပေးဖို့ နော်၊ ဒီပုဒ်မ တစ်ခု၊ နှစ်ခု ပြင်ဖို့လိုတယ်လို့ ကျွန်တော်တို့ကတော့ သုံးသပ်ပါတယ်။ အဲဒီလိုပြင်ပြီးရင်တော့ဖြင့် ခုနက သမ္မတ တစ်ဦးရဲ့လိုအပ်တဲ့ အရည်အချင်း ဆိုတာလေးကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံမှာပါတော့လေ၊ အဲတာလေးကို ကျွန်တော်တို့ ဆွေးနွေးတာ"
ဂျာမနီနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့မှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ဒေါက်တာအေးမောင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ဦးမင်းဦးနဲ့ ဒေါက်တာလှမြတ်သွေး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ SNDP က ဦးစိုင်းအိုက်ပေါင်း၊ ကြံ့ခိုင်ဖွံဖြိုးရေးပါတီက ဦးဝင်းဦး၊ ဦးဝင်းသန်း၊ ဦးအေးမောက်တို့ ပါဝင်ကြပြီး ဒီကနေ့ ညနေပိုင်းမှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။
ဒီခရီးစဉ်ကို ဂျာမန် FDP ပါတီနဲ့ နီးစပ်တဲ့ Friedrich Naumann Foundation က ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး သီတင်းပတ် တစ်ပတ်နီးပါး ကြာမြင့်ခဲ့ပါတယ်။

ဗိုလ်နှုတ်ခမ်းမွေး ကာတွန်း




(ကွယ်လွန်သူ ဘိန်းဘုရင် ခွန်ဆာ – ဘတ် ၂၀
ဝရမ်းထုတ်ခံထားရသူ ၀န်ကြီးချုပ်ဟောင်း သက်ဆင် – ၁၅ ဘတ် ဟု ဗိုလ်နှုတ်ခမ်းမွေးက ထိုင်းဘာသာဖြင့် ပြောနေပုံ)
ကာတွန်းစောငိုရဲ့ လက်ရာ ဖြစ်ပါတယ်။

ဆက်စပ်သတင်း -
သက်ဆင်ကို သွားဖမ်းဟု ဗိုလ်နှုတ်ခမ်းမွေး ပြော
http://burma.irrawaddy.org/archives/9610

ရခိုင်လူထု ၆၀၀ ကျော် လက်မှတ်ရေးထိုး တင်ပြသည့် ကိစ္စ ရခိုင်ပြည်နယ် အစိုးရ ကွင်းဆင်း စစ်ဆေး


နိရဉ္စရာ

လူပေါင်း ၆၀၀ ကျော်မှ လက်မှတ်ရေးထိုးပြီး တောင်းဆိုသော အရေးကိစ္စ တစ်ခုကို ဖြေရှင်းနိုင်ရေး အတွက် ရခိုင်ပြည်နယ် အစိုးရသည် မေလ ၁၁ ရက်နေ့က အဆိုပါ နေရာသို့ သွားရောက် ကွင်း ဆင်း စစ်ဆေးခဲ့သည်။

" သူတို့က ဒီလ ၁၁ ရက်နေ့က ကျွန်တော်တို့ အောင်ဒိုင် ကျေးရွာကို ရောက်ရှိလာပါတယ်။ ရွာသားတွေကို ခေါ်ယူ စစ်ဆေး မေးမြန်းပါ တယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ ကြုံတွေ့ နေရတဲ့ အ ခက်အခဲတွေကို တင်ပြကြပါတယ်။ သူတို့က သဘောပေါက် သွား ပါတယ်" ဟု အောင်ဒိုင်မှ ကိုငယောင်းချေက ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အောင်ဒိုင် ကျေးရွာ အပါအ၀င် ကျေးရွာ အများအပြား မှီခို အားထား လုပ်ကိုင် စားသောက်နေသော အောင် ဒိုင်ချောင်းကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ထောက်လှမ်း ရေး တာဝန်ရှိသူများမှ ၎င်းဒေသမှ မွတ်ဆလင် စီးပွားရေး သမား (၂) ဦး နှင့် ပူးပေါင်းပြီး ချောင်းဝမှာ ပိတ်ဆို့ဆည်ကာ ပုဇွန်မွေးမြူရေး ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

" အနောက်ပိုင်းတိုင်းနဲ့ ထောက်လှမ်းရေးက မွတ်ဆလင် သူဌေး ဦးခင်မောင်လှ၊ ဦးမောင်ဂူလာတို့နဲ့ ပူးပေါင်းပြီး ပုဇွန်မွေးမြူရေး လုပ်ဖို့ အတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကတည်းက အများပြည်သူ လုပ်ကိုင် စားသောက်လာတဲ့ အောင်ဒိုင်ချောင်းကို ပိတ်ဆို့ဆည်လိုက် ပါတယ်။ ချောင်းကို ပိတ်လိုက်တဲ့ အတွက် အဲဒီချောင်းကို မှီခိုပြီး စားသောက်နေတဲ့ ရွာပေါင်း ၁၅ ရွာက လူပေါင်း တစ်သောင်းခန့် ဟာ အထူး ဒုက္ခရောက်သွားခဲ့ကြရပါတယ်။ ဒါကြောင့် ဒီဒေသမှာနေထိုင်တဲ့ လူပေါင်း ၆၀၀ ကျော်က လက်မှတ်ရေးထိုးပြီး ဒီချောင်းကို ပိတ် ထားတာကို အမြန် ပြန်ဖွင့်ပေးဖို့ ရခိုင်ပြည်နယ် အစိုးရကို များ မကြာ မှီက စာရေး တောင်းဆိုခဲ့ပါတယ်။ စာရေး တောင်းဆို ပြီးတဲ့ နောက် မှာ ရခိုင်ပြည်နယ် အစိုးရက လာရောက် စစ်ဆေးခဲ့တာ ဖြစ်ပါတယ် " ဟု ပြောသည်။

အောင်ဒိုင်ချောင်းအား လာရောက်စစ်ဆေးသော အဖွဲ့အား ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ဦးဆောင်ပြီး အဖွဲ့ဝင်များ အဖြစ် လျှပ်စစ် ၀န်ကြီး ဦးသာလူချေ၊ သမ၀ါယမ ၀န်ကြီး ဦးမြအောင်၊ စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်တို့နှင့် အတူ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ငါးလုပ်ငန်း ဦးစီးဌာနနှင့် မြေတိုင်း ဦးစီးဌာနမှ အရာရှိ ကြီးများ ပါဝင်ခဲ့သည်။

" ကျွန်တော် မြင်တွေ့ခဲ့ရတာကို ပြောရရင် ဒီလို လူသုံးများတဲ့ ချောင်းတစ်ချောင်းကို အ၀ကနေ ပိတ်ဆို့ဆည်လိုက်တဲ့ အတွက် ရွာတွေ ဟာ အကုန်လုံး ဒုက္ခ ဖြစ်သွားတာကို တွေ့ရတယ်။ မြစ်တွေ၊ ချောင်း တွေကို ငါးဖမ်းထွက်လို့ မရတော့ဘူး။ ၀ါးတွေ၊ ဓနိတွေကို လှေတွေနဲ့ သယ်ယူလာလို့ မရတော့ ဘူး။ ရေလမ်းကို အဓိက အားထားပြီး သွား လာနေရကြရတဲ့ ပြည်သူတွေ လုံးဝ လမ်းပန်း ဆက်သွယ်ရေး ပြတ် တောက်သွားခဲ့တယ်။ ဒါ့အပြင် ချောင်းကို ပိတ်ဆို့ ဆည်လိုက်ပြီးတဲ့ နောက်မှာ ရွာသားတွေကို စစ်တပ်က ချောင်းထဲကို ဆင်းခွင့် မပေးတော့ဘူး။ ဒီလို ဒေသခံတွေ ဒုက္ခ ရောက်နေကြရာ နှစ်ပေါင်း ၂၀ ကျော်သွားပြီ။ ဒါတွေကို ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် ၀န်ကြီး တွေကလည်း မျက်ဝါးထင်ထင် မြင်တွေ့ကြရတော့ သူတို့ နားလည် သဘောပေါက် သွားကြပါတယ်" ဟု စစ်တွေမြို့နယ် ပြည်နယ် လွှတ် တော် အမတ် ဦးအောင်မြကျော်က ပြောသည်။

ယခုအခါ အဆိုပါ အောင်ဒိုင်ချောင်း ကိစ္စ အစီရင်ခံစာအား ဗိုလ်မှူးကြီး ဦးထိန်လင်း ဦးဆောင်သော ကွင်းဆင်း စစ်ဆေးရေး အဖွဲ့က ရ ခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်ထံ ပေးပို့လိုက်ပြီ ဖြစ် ကြောင်း သိရသည်။

ဒုဝန်ကြီးဟောင်း ဦးညွန့်ဆွေနဲ့ စကားပြောခြင်း


ဒီတပတ် Dateline Irrawaddy မှာ အငြိမ်းစား ဒု နိုင်ငံခြားရေးဝန်ကြီး ဦးညွန့်ဆွေ နဲ့ အင်တာဗျူးကို ကြည့်ရှုနားဆင်ရမှာပါ။
ဦးညွန့်ဆွေရဲ့ ကလောင်အမည်က စာရေးဆရာမောင်ဆွေသက် ဖြစ်ပါတယ်။



ကိုသန်းဇော် ဆိုတာ ဘယ်သူလဲ



ရန်ကုန်တဘက်ကမ်း သံလျင်မြို့နယ် NLD အဖွဲ့ဝင်များက နိုင်ငံရေး အကျဉ်းသားအားလုံး နဲ့ ကိုသန်းဇော် လွတ်မြောက်ရေး ဆုတောင်းပွဲ ပြုလုပ်ကြပုံ ရုပ်သံမှာ ဖြစ်ပါတယ်။

သူတို့က
ကိုသန်းဇော် ဆိုသူနဲ့ ပတ်သက်ပြီး အကျယ်တ၀င့် ပြောဆိုနေကြပါတယ်။
ကိုသန်းဇော် ဆိုတာ ဘယ်သူလဲ?
ဘာကြောင့် သူ့လွတ်မြောက်ရေးကို အလေးပေး ပြောဆိုနေကြတာလဲ။


အဖြေကို ဧရာဝတီရုပ်သံမှာ ရှာဖွေတွေ့ရှိနိုင်မှာပါ။

ကားသမားကို ဝိုင်းဝန်း ထိုးကြိတ်မှု



ထိုးကြိတ်ပြီးနောက်လက်ထိတ်ခတ် ဆွဲခေါ်လာစဉ် (ဓါတ်ပုံ- လူမင်းသောင်းထွန်း)

မနေ့က ညနေ ၆ နာရီက ကော့ကရိတ် မြို့နယ်မှ ဖားအံဘက်အထွက် ဂျိုင်းမြစ်ကူးတံတား ဂိတ်တွင် ကားဒရိုင်ဘာတစ်ဦးကို စစ်ဆေးရေးရဲငါးဦးမှ ၀ိုင်းဝန်းထိုးနှက် ပြီးဖမ်းဆီခေါ်ဆောင်လာစဉ် ။ (ဓာတ်ပုံ သူရမျိုး Facebook)

အထိုးခံရသူမှ ကရင်ပြည်နယ်ငြိမ်းချမ်းရေးဆိုတာဘာလဲ ။မင်းတို့ တောင်းတိုင်းမပေးလို့ ထိုးရသလား ဆို အော်ဟစ် လိုက်ပါသွားသည်

အဖမ်းခံရသူမှာ ပုဆိုးပြဲကျွတ်ပြီးမြေကြီးပေါ်လဲသည်အထိ မင်းမဲ့စရိုက်ဆန်စွာ ပြုကျင့် ဖမ်းစီးခဲ့သည်။

ဆိုပါဖြစ်ရပ်အား ကလိုထူးဘောသတင်းစာရှင်းလင်းပွဲမှပြန်လာသောမီဒီယာများ ဓါတ်ပုံရိုက်နိုင်ခဲ့သည်။

ကားပေါ်ကလှမ်းကြည့်လိုက်တော့ ၀ုန်းဝုန်း ၀ုန်းဝုန်းနဲ့ ထိုးနေတာတွေ့ရတာဘဲ ဂိတ်မှာ ။ ဒါနဲ့ အချင်းချင်းရန်ဖြစ်တယ်ဘဲထင်တာ ။ သတင်းသမားတွေတော့ဆင်းသွားကြတာဘဲ ။ နည်းနည်းကြာတဲ့အထိပွဲကမပြီးသေးလို့ဆင်းကြည့်မှ ရဲက ကားသမားတစ်ဦးကိုဝိုင်းထိုးနေကြတာ မီဒီယာတွေအုံရိုက်တော့မှ လက်ထိပ်ခပ်ဖမ်းသွားတာ ဘဲ။ ပုဆိုးတွေလည်းပြဲလို့ ။ အော်လို့ဟစ်လို့ဘဲ ။

(Facebook တွင် ယနေ့ တွေ့ရသော ဓာတ်ပုံ ၂ ပုံနှင့် အချက်အလက် တချို့ကို ကူးယူ ဖော်ပြပါသည်)