This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, January 23, 2013

အဝေးရောက်သူတွေ Google Earth ဖြင့် ကိုယ့်အိမ်ကို ပြန်ကြည့်နည်း











ဒီစနစ်ကို အဝေးရောက်မြန်မာပြည်သားတွေ သုံးလိမ့်မယ်လို့ ထင်တယ် ဘာလို့ လဲ

ဒီဆော့ဝဲထည့်ထားရင် မြန်မာပြည်က  ကိုယ်နေတဲ့ နေရာတွေ  အိမ်တွေ လမ်းတွေ

ကျောင်းတွေ ဘုရားတွေကို အလွမ်းပြေ အသေးစိတ် ကြည့်လို့  ရနေတာကြောင့်ပါ

လိပ်စာတစ်ခုခု ကားမောင်းမယ့်လမ်းကြောင်း  တစ်ခုခုဆိုရင် ကျနော်တို့ မန်နေဂျာ

ဝန်ထမ်းတွေလည်း သုံးကြတယ် အတော်လေး  အဆင်ပြေကောင်းမွန်ပီး ရှိသင့်တဲ့

ဆော့ဝဲတစ်ခုပါ ။ ကျနော်တော့ ရွာလွမ်းရင်  ဒီဟာလေးနဲ့ ကြည့်တယ် ။ ရွာထိပ်မှာ

ဂျပန်ခေတ်ထဲက ရှိတဲ့  မန်ကျည်းပင်အကြီးကြီးရှိတယ်။  နွားကျောင်းရင် ဖဲရိုက်တဲ့

နေရာတွေပေါ့ဗျာ..အဲ့နေရာပါ။ သေချာကြည့်လို့ ရတယ် ။ ပုံတော့ မပြတော့ပါဘူး

တော်ကြာ မကျေနပ်သူတွေက ဗုံးလာကျဲမစိုးလို့ ။  ကျောင်းတက်ခဲ့တဲ့ နေရာတွေ

အလွမ်းပြေ ရိုက်ပြလိုက်ပါတယ်၊ အဝေးရောက်သူတွေ မသုံးရသေးရင် သုံးကြည့်

ရွာက စာဥ ဘယ်အခြေနေရှိလဲ ပြန်ကြည့်လို့ ရတာပေါ့နော..............................။


ဒီလင့်မှာ Download ယူပါ - www.ziddu.com/GoogleEarthPro7

ဒီလင့်မှာ Download ယူပါ  - http://www.google.com/earth/ 


အထက်က နှစ်ခုမှာ ziddu ကတင်တာ Pro version ပါ Free ထက်ကောင်းတယ်

အောက်တစ်ခုက အလကားရပါတယ် အထက်တစ်ခုလောက် Feature မစုံဘူး

အပေါ်တစ်ခုယူမယ်ဆို Anti virus ပိတ်ထားနော်..Path ဖိုင်ပါနေလို့ ...သတိ....။
                     ............  မောင်တလုံးရဲ့ရိုက်ချက်..........

အောင်အောင်(မကစ)
ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။
အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..

မန်ဘာဝင်ပြီး...
Fb Like ခြင်းဖြင့် အားပေးကြပါနော်

အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
လယ်တီမြေသား www.ledimyethar.com
ဘလော့ခရီးသည် http://aungsanmks.blogspot.com/
 ဓမ္မနှင့်စာပေနန်းတော် www.ninilayy.com/

ဆယ်ကျော်သက် နဲ့ ဖောက်ပြန်ခြင်း




ဂျီတော့ အကောင့်ထဲက တက်လာတဲ့ စကားလုံးတွေကို ဖတ်နေရင်း ရှက်စိတ် ခံပြင်းစိတ် နှမြောမိတဲ့စိတ်တွေနဲ့  ဆက်ပြီး စာရိုက်ချင်စိတ်မရှိအောင်ဖြစ်သွားခဲ့ပါတယ် ။ ကျွန်မအကောင့်ထဲက အသက်18နှစ် အရွယ် မိန်းကလေးတစ်ယောက်ရဲ့ အပြောဆို အယူဆတွေ ဘာလို့ ဒီလောက်ထိပေါ့တန် ပေါ့ပျက်ပျက် နိုင်နေရတာလဲဆိုတဲ့ အချက်ကို အထပ်ထပ်တွေးနေမိပါတယ် ။ ဖြစ်ပုံလေးကတော့ ဒီလိုပါ ။
အချိန်ကား နံနက် 9နာရီခန့်။ ရုံးသွားဖို့ ဖယ်ရီကားကို ကျွန်မစောင့်နေချိန်ပေါ့ ။ အိမ်ဖုန်းလေးဆီမှ ဖုန်းသံလေးမြည်လာခဲ့ပါတယ် ။ သူငယ်ချင်း ဇာဇာ ဆီမှဖြစ်နေတယ် ။ ကျွန်မ ဆီတစ်ပတ်တစ်ခါလောက်ဆက်နေကြပါ ။ ခါတိုင်းလို  ရယ်သံလေး နှောပြီး ဖုန်းထူးလိုက်တယ်ဆိုရင်ဘဲ ဇာဇာ ဆီက မမျှော်လင့်ဘဲ ငိုချလိုက်သံကို ကြားလိုက်ရတယ် ။ ကျွန်မ စိုးရိမ်စိတ်ဖြင့် ပျာယာခတ်သွားခဲ့တယ် ။ အကျိုးကြောင်းကို သေချာ ချော့မေးကြည့်တော့မှ သူအမျိုးသားက ကောင်မလေးတစ်ယောက်နဲ့ အွန်လိုင်းမှာ ငြိနေတယ်ဆိုတာကို သိခွင့်ရလိုက်ပါတယ်။
ဇာဇာက နယ်မြို့လေးတစ်မြို့မှာ အင်တာနက်ဆိုင် လေးဖွင့်ထားသူတစ်ယောက်ပါ။ သူအမျိုးသားက မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေသူတစ်ယောက်ပေါ့။ နိုင်ငံခြားမှာ အလုပ်ချိန်ပြီးတယ်ဆိုတာနဲ့ အွန်လိုင်းပေါ်ကို တက်နေကြသူတွေ အများသား ။ ချက်တင်ထဲမှာ မြန်မာပြည်က အသက် 18နှစ်သာ ရှိသေးတဲ့ သဲ ဆိုတဲ့ ကလေးမလေးနဲ့ ချစ်ဇာတ်လမ်းတွေ ခင်းနေခဲ့ပါတယ် ။ ကောင်မလေးက လူပျိုလို့ထင်နေတာလား......အိမ်ထောင်ရှိမှန်းသိနေရက်နဲ့ ပတ်သတ်နေတာလားဆိုတော့ အဲဒီကလေးမသာ သေချာ သိနိုင်မှာပါ။ ဇာဇာမှာတော့ ယောကျာ်းကိုလဲ အတင်းကျပ်မပြောရဲ ကောင်မလေးကို ပြောဖို့လဲ အင်အားတွေ မဲ့နေချိန်မှာ နေရာတကာ ပြောတတ်ဆိုတတ် တဲ့ ကျွန်မဆီ ကို အားကိုးတကြီး အကူညီလှမ်းတောင်း ရင်ဖွင့်ပြောပြခဲ့ပါတယ် ။ ဇာဇာပြောတာတွေ နားထောင်ပြီး သူငယ်ချင်းကို သေချာချော့မော့ နှစ်သိမ့်ပြီး ရုံးကိုထွက်ခဲ့ရတယ် ။ ရုံးကိုသာ ရောက်နေပေမယ့် စိတ်တွေက အဲဒီအကြောင်းအရာပေါ်မှာဘဲ တစ်ဝဲ၀ဲလည်နေမိပါတယ် ။
ညနေရုံးကပြန်လာတာနဲ့ ဇာဇာ ဆီကို ဖုန်းခေါ်လိုက်မိပါတယ် ။ ကျွန်မတွေးမိတာလေးကို သူကို ပြောပြလိုက်တော့ သူကလည်း လက်ခံခဲ့တယ် ။ ဇာဇာဆီက သူအမျိုးသား အကောင့် နဲ့ လျှို့ဝှက်နံပတ် ကို ရခဲ့ပါတယ် ။ ဒီနေရာမှာ တစ်ခု ကံကောင်းခဲ့တာက ဇာဇာက ကွန်ပြူတာနဲ့ ပတ်သတ်လာရင် သူအမျိုးသားထက် အစစပို ကျွမ်းကျင်သူဖြစ်နေတာရယ် ၊ အကောင့်ကိုလည်း သူအမျိုးသား သုံးဖို့အတွက် သူကိုယ်တိုင် ဖွင့်ပေးထားတာမို့ ခုလိုအခြေနေတွေကို အချိန်မှီသိခွင့်ရခဲ့ပါတယ် ။ ဇာဇာနဲ့ ဖုန်းပြောပြီးတာနဲ့   ကွန်ပြူတာရှေ့ကို လူက ရောက်နေမိပါပြီ။ အရင်ဆုံး ဇာဇာ အမျိုးသားအကောင့်ကို ဖွင့်လိုက်ပါတယ် ။
သူချာတိတ်မလေးနဲ့ ပြောထားတဲ့ chat mail တွေကို အရင်ဆုံးဖတ်ကြည့်လိုက်မိပါတယ် ။ ကောင်မလေးက မနှစ်က ဆယ်တန်းကျလို့ ဒီနှစ်ထပ်ဖြေထားပြီး အောင်စာရင်းကို စောင့်နေသူဖြစ်တာရယ် ၊ မလေးကို သွားအလုပ်လုပ်ဖို့ အိမ်က ပိုက်ဆံ ထုတ်မပေးတာတွေ၊သိပ်သွားချင်ရင် ကိုယ်ပိုက်ဆံ နဲ့ ကိုသွားဆိုတာတွေ စုံအောင်ပြောပြထားတာတွေကို ဖတ်လိုက်ရပါတယ် ။ လိုရင်းကတော့ မလေးလာဖို့ငွေထုတ်ပေးမယ့် စပွန်ဆာရှာနေတာပါဘဲ။ ဒါကို မိသားစုနဲ့ဝေး အထီကျန်ဆန်တယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုကို လက်ကိုင်ထားပြီး ဖောက်ပြန်ခြင်း လမ်းကို စလျှောက်သူက ဇာဇာအမျိုးသား။ သဲ ခြင်းမိုးမွှန်အောင် ခေါ်ပြီး ပလီပလာတွေ ပြောနေကြတာတွေကို ဖတ်ရတဲ့ ကျွန်မ တောင် အတော်ကို စိတ်ပျက်မိနေရင် ဇနီးမယားတစ်ယောက် ဖြစ်တဲ့ ဇာဇာ ရင်ထဲက အပူမီးကကို တင်စားဖွယ် စကားလုံးမရှိနိုင်ပါဘူး။ ချက်မေးတွေ ဖတ်နေရင်းမှာဘဲ သဲဆိုတဲ့ ချာတိတ်မ အကောင့် မီးစိမ်းလာပါသည်။

ကျွန်မလည်း ခပ်တည်တည်နဲ့*သဲ *လို့ ခပ်တည်တည် ခေါ်လိုက်တယ် ။ *ကို* ဆိုတဲ့ ထူးသံက တန်းရောက်လာခဲ့ပါတယ် ။ ပထမတော့ ဇာဇာအမျိုးသားပုံစံမျိုးနဲ့ စကေားပြောကြည့်မလို့ပါဘဲ။ ပြောချင်စိတ်တွေကို ခံပြင်းစိတ်တွေက ဖုံးလွှမ်းသွားတာနဲ့ တစ်ပြိုင်တည်း ဇာဇာ ပုံစံ ပြောင်းပြောလိုက်မိပါတော့တယ် ။ ဒီမှာဘဲ  လောကကြီး ဘာတွေ ဖြစ်ကုန်ပြီလဲထင်ရလောက်အောင် အတွေးခေါ် တော်တော် ဆင်းရဲလှတဲ့ မိန်းကလေး ငယ်တစ်ယောက်ရဲ့ စကားတွေကို နားနဲ့ ဆတ်ဆတ် ကြားလိုက်ရပါသည်။
*ကို မဟုတ်ဘူး....ညီမ ကိုလို့ခေါ်နေတာ မမ အမျိုးသားပါ.....အမျိုးသားဆိုတာ ချစ်သူမဟုတ်ဘူးနော်....မမယောကျာ်င်္း*
ပါလို့ ကျွန်မဘက်က စာရိုက်လိုက်ပါသည်။ သူဘက်က ချက်ချင်းစာတက်လာပါတယ် ။ ကျွန်မ မျှော်လင့်ထားသည်က ဒီကလေးမက ဇာဇာအမျိုးသားကို လူလွတ်တစ်ယောက်လို့ထင်လို့သာ ပတ်သတ်မိခဲ့သည်လို့ ထင်မိခဲ့ပါတယ် ။ ကျွန်မက  အခြေနေမှန်ကို ပြောလိုက်လို့ သိလိုက်ရချိန်မှာအံ့သြတုန်လှုပ်သွားမယ် ၊ ၀မ်းနည်းရှက် ရွံ့သွားမယ်လို့ ထင်ထားခဲမိပါတယ် ။ တစ်ကယ့်လက်တွေ့ ဂျီတော့ကွက်ထဲက တက်လာတဲ့ စကားလုံးက ကျွန်မထင်ထားခဲ့သာနဲ့   တစ်ခြားဆီဖြစ်နေခဲ့ပါတယ် ။  ဘုရားတောင် တမိအောင်ကို တော်တော်ကိုဆိုးပါတယ် ။ မတော်တရော် မကောင်းဆိုးဝါးတွေကပ်နေလားလို့တောင် စိုးရိမ်လိုက်မိပါတယ် ။ သူပြန်ရိုက်လိုက်တဲ့ စကားလုံးတွေကတော့
*ဟားဟ........အမမို့ အွန်လိုင်းပေါ်က ကိစ္စတွေကို လိုက်ခံစားနေတယ်.......သဲတို့ လိုင်းပေါ်တက်လာရင် အပ်သမျှ အကောင့်တွေအကုန် လက်ခံတယ်..........လာကျူလဲ ပြန်ကျူလိုက်တယ်.........ပျိုတာ အိုတာတွေ အွန်လိုင်းပေါ်မှာ မရှိဘူး။စိတ်လဲ မ၀င်စားဘူး.........တစ်ခါမှလဲ ကို ကိုမမေးမိဘူး...လူပျိုလားလို့ပေါ့.........ဟားဟ .....ပြောရရင် အမအမျိုးသားနာမည်ကိုတောင်သဲ သေချာမမှတ်မိဘူး........အမ အမျိုးသားကို အမ နိုင်အောင်ထိန်းလေ*

ခိုင်လေး ဘာဆက်ပြောရမှန်းမသိတော့အောင်ကိုဘဲ ရင်ထဲ မောဟိုက်သွားမိပါတယ် ။ နောက်ဆုံးပြနရိုက်လိုက်မိတာလေးကတော့
* ဟုတ်ပါတယ်ကွယ်  .....မမ က နိုင်အောင်ထိန်းရအောင်သူက ကလေးမဟုတ်ဘူးလေ....ခုညီမကို ပြောပြတယ်ဆိုတာလဲ အိမ်ထောင်ရှိတဲ့ အမျိုးသားမှန်း မသိသေးဘူးထင်လို့ သမီးတစ်ယောက်လိုစာနာလို့ အသိပေးတာပါကွယ်.....ရှိလဲ ကိစ္စမရှိဘူးဆိုလဲ ညီမအပိုင်းပါဘဲ*
လို့ရေးပြီးတာနဲ့ အကောင့်ကိုပိတ်ခါ ဇာဇာဆီပါတစ်ခါတည်းဖုန်းခေါ်လိုက်မိပါတယ် ။ အကောင်းဆုံး အကြံတစ်ခုကို ပြောပြလိုက်မိတယ် ။ ဘာလဲဆိုတော့ ဇာဇာ မလေးကို လိုက်သွားချင်သွား ၊ မသွားချင်ရင် မြန်မာပြည်ကိုသာ နင်အမျိုးသားကို ပြန်ခေါ်ထားလိုက်တော့လို့ ပြောပြလိုက်ပါလိုက်ပါတော့တယ် ။
ညဘက်ရောက်တဲ့ အိပ်မပျော်နိုင်အောင် ကလေးမလေးပြောတဲ့ အကောင့်ထဲက စကားလုံးတွေက မျက်လုံးထဲမှာ တစ်ဝဲ၀ဲလည်နေမိပါတယ် ။ အင်တာနက် ဆိုတာ ပေါ်ပေါက်လာခြင်းက လူသားထုတွေအတွက် ကောင်ကျိုး ၊ ဆိုးကျိုး တစ်ဝက်ဆီ ပေးနေသလိုပါဘဲ။ ယနေ့မျက်မှောက်ခေတ် လူငယ်တွေ လမ်းမှားအယူမှားတွေနဲ့ အင်တာနက်ဆိုတာကို  ယောကျာင်္းရှာ ၊ မိန်းမရှာ စရာနေရာတစ်ခုလို စပွန်ဆာရှာစရာ နေရာတစ်ခုလို ဘာလို့ သဘောထားနေကြရပါသလဲ။ အွန်လိုင်းပေါ်မှာ တွေ့ဆုံကာ တစ်ကယ်မေတ္တာစစ်နဲ့ ချစ်ခင် ၊ စုံဖက် လက်ထပ်သွားကြသူတွေ လည်းအများပြားရှိနေပါတယ်။ ကောင်းကျိုး ၊ ဆိုးကျိုး 50 ...50 ဆီ ဖြစ်နေပါတယ် ။ သဲဆိုတဲ့ခေတ်ပညာတတ် 10 တန်းကျောင်းသူတစ်ယောက် ရဲ့ အတွေးခေါ် ဆင်ခြင်နိုင်မှုတွေက ဘာလို့ ဒီလောက်ထိ အောက်တန်းကျနေခဲ့ရတာလဲ ။ ဘယ်ခေတ် ဘယ်စနစ်တွေ ဘယ်လိုပြောင်းနေနေ မြန်မာမိန်းကလေးတစ်ယောက်ရဲ့  *ကိုယ်ကို တန်ဖိုးထားရမယ်ဆိုတဲ့ စံချိန်စံညွှန်း *ကိုတော့ ဘယ်သောအခါမှ ပြောင်းလဲ မေ့ပစ်လို့ မရနိုင်ပါဘူး။ အ၀တ်စားတွေ ခေတ်မှီလာသည်။ ပညာရေးတွေတိုးတက် ပြောင်းလဲလာတယ် ။ မိန်းကလေးတစ်ယောက်ရဲ့ ထိန်းသိမ်းရမယ့် အိနြေ္ဒတွေ သိက္ခာတွေကိုတော့ ပြောင်းလဲမှု လမ်းကြောင်းပေါ်မှာ လိုက်ပါပြောင်းလဲဖို့ လုံးဝမလိုအပ်ပါဘူး။    မိမ္မမိုက်စစ်တန်း (၁၇)ချက်မှာတောင် နံပတ် *(၃)တပါးလင်ယောက်ျားတို့ကို ရွှင်ပျကြည်သာစွာဧည့်ခံစကားပြောလေ့ရှိခြင်း။*အမှုတွေကို ပြုလုပ်  နေကြပါမှုလောကသံသရာ နှစ်ဖြာစလုံး ဆုံးရှုံးနှစ်မွမ်းရပါမည်ဟု ကျေးဇူးတော်ရှင် သာယာဝတီဆရာတော်ကြီးဧ။် သြ၀ါဒမေတ္တာစာအုပ် တွင် ပါရှိပါတယ် ။ ကောင်းမွန်သော အသိတရားတွေနဲ့ ဖောက်ပြန်ခြင်းကင်းတဲ့အနာဂတ် လူငယ်လေးတွေ အများပြားပေါ်ပေါက်လာစေချင်မိပါတယ် ။ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေကြတဲ့ သူတွေ တော်တော် များများဟာ ကွန်ပြူတာလေး တစ်လုံးမှ မရှိရင် လူဖြစ်ရှုံးသလိုကို လူတိုင်း သုံးနေကြချိန်မှာ နည်းပညာတွေ တိုးတတ်စေလို ၊ သတင်းအချက်လက်တွေ ချက်ချင်းသိရပါတယ် ။ အကောင့်လေးကနေ သူငယ်ချင်းတွေနဲ့ စကားပြောနေရရင် တိုင်းတစ်ပါးမှာ တစ်ယောက်ထဲ အထီကျန်မှုတွေကို ပြေပျောက်စေပါတယ် ။ ဒီထိတော့ ကောင်းမွန်တဲ့ အနေထားမှာ ရှိနေပါသေးတယ် ။ ဒီထက် မထိန်းချုပ်နိုင်တဲ့ အခါမှာ ဖောက်ပြန်ခြင်းတွေ ဖြစ်လာတဲ့အခါမှာတော့ အိမ်ထောင်သည်တွေ ဖောက်ပြန်ခြင်းခေါင်းစဉ်အောက်ကိုခိုဝင်မိကြပါတော့တယ် ။ ချက်တင်ထဲက စကားလုံးတွေထဲမှာ သာယာလာတတ်ကြတယ် ။ စကားလုံးတွေကို မျှော်တတ်လာတယ် ။ ဒီမှာ ဆိုးကျိုးတွေဘက်ကို  အစပြု လာတော့တာပါဘဲ။ နောက် ပေါ့ပျက်ပျက် အတွေးတွေ ဦးနှောက်ထဲကို တဖြေးဖြေးတိုးဝင်လာခဲ့ပါတော့တယ် ။ ငါတို့ အဝေးရောက်နေတာ ချက်တင်ထဲမှာ စကားတွေ ပြောရုံနဲ့ ဖောက်ပြန်တယ်လို့ မမည်ပါဘူးဆိုတဲ့  မှားယွင်းတဲ့ အတွေးတွေကို  တွေးမိကြပါတော့တယ် အိမ်က မိန်းမတွေ ၊  အိမ်က ယောကျာင်္းတွေ မသိနိုင်ပါဘူးဆိုတဲ့ ဖောက်ပြန်ဖို့ လုံ့ဆော်တဲ့ အတွေးတွေ စတင်ဝင်ရောက်လာကြပါတယ် ။ ဒီကနေ တဆင့်တက် နေရာဒေသတူနေရင် အပြင်မှာ တွေ့ကြပါတယ် ။ မိန်းကလေးတွေကို အဓိက စေတနာ သတိလေး ပေးချင်မိပါတယ် ။ ဘယ်သူနစ်နာသွားပါသလဲ  သေချာတွေးကြည့်ပါ။  အချိန်တန် ငွေပို့တာ မိမိတို့ မိသားစုတွေဆီကိုပါဘဲ ။ တစ်ကယ်တမ်းကြ တည်ဆောက်ထားတဲ့ အိမ်ထောင်တစ်ခုကို ဖြိုခွဲဖို့ကို ယောကျာင်္းဘဲဖြစ်ဖြစ်၊ မိန်းမဘဲ ဖြစ်ဖြစ် တော်တော် တွေးကြပါတယ် ။ ပိုင်ဆိုင်ခွင့် မရှိတဲ့ လမ်းတစ်ခုကို မလျှောက်ကြပါနဲ့။ ဖောက်ပြန်ခြင်းတွေကို ရပ်တန့်ကြပါစေ။  အမျိုး ဘာသာ ၊ သာသနာ နှင့်ပညာတိုးပွား၊အကျိုးများစေသော ရည်ရွယ်ချက်ဖြင့်ဤ ဆောင်းပါးလေးကိုရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါသည်။ သိစေ၊ တတ်စေ၊ လိမ္မာကြစေလိုသော ဆန္ဒအမှန်ဖြင့် ဖော်ပြပေးရခြင်းဖြစ်ပါသည်။မိန်းခလေးတစ်ယေက်လိမ္မာလျှင် အိမ်သာ၏။ရွာသာ၏။ မြို့သာ၏။ တိုင်းပြည်သာယာပါ၏။   ဆောင်းပါးလေးကိုဖတ်မိကြသောမိန်းခလေးတိုင်း အလိမ္မာလေးတွေအဖြစ် ပြုပြင်ပြောင်းလဲနိုင်ကျပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်....
မတ် 14, 2012ကရေးသားထားသောဆောင်းပါးအဟောင်းလေးပါ။
ပထမဆုံး ဂျာနယ်မှာဖော်ပြခံရတဲ့ ဆောင်းပါးလေးပါ ။
Women's World Journal ပါ ဆောင်းပါးလေးပါ။
ခိုင်လေး(ရွှေတောင်)