This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, August 6, 2013

လက်ပံတောင်းမှာ ရွာတရွာကို လုံထိန်းတွေ ၀င်ရောက်စီးနင်း

Tuesday, August 6, 2013
လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ဒေသက ပုဒ်မ ၁၄၄ အထုတ်ခံထားရတဲ့ ဇီးတောကျေးရွာကို ယနေ့ နံနက် ၁ နာရီခွဲလောက်က လုံထိန်းအင်အား ၃၀၀ ၀န်းကျင်လောက်နဲ့ ၀င်ရောက် စီနင်းခဲ့တယ် လို့ ဒေသခံ တဦး က ပြောပါတယ်။ 


 ယမန်နှစ် နိုဝင်ဘာ ၂၉ မနက် ၃ နာရီက လက်ပံတောင်း သပိတ်စခန်း စီးနင်းဖြိုခွဲခံရစဉ်မြင်ကွင်း၊ 
ဓာတ်ပုံ- ဧရာဝတီ

အဲဒီလို စီးနင်းရာမှာ လုံထိန်း တပ်ဖွဲ့ဝင်တွေဟာ ဇီးတောရွာ ဘုန်းတော်ကြီးကျောင်းကိုလည်း ရိုက်ချိုးဖျက်ဆီးခဲ့ ကြသလို ရွာသားတွေကိုလည်း ရိုက်နှက်ဖမ်းဆီးမှုတွေ လုပ်ခဲ့တယ်လို့ သိရပြီး ရွာသား ၂ ဦးကတော့ လက်ထိပ် တန်းလန်းနဲ့ ထွက်ပြေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

ရွာထဲ ၀င်ရောက်စီးနင်းချိန်မှာ ဒေသခံတွေကို ကူညီနေတဲ့ ကျောင်းသားတွေကို ပိုက်စိပ်တိုက်ရှာဖွေမှုတွေ လုပ်ကြောင်းလည်း အဆိုပါ ဒေသခံက ပြောပါတယ်။ 

ဒါကြောင့် အနီးရှိ ဆည်တည်း၊ မိုးကြိုပြင်၊ တုံရွာတို့ကလည်း လုံထိန်းတွေ ၀င်ရောက်စီးနင်းတာ မခံရစေဖို့ ရရာ လက်နက် စွဲကိုင်ပြီး ကာကွယ်ဖို့ အဆင်သင့် လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ 

 ဒေါ်အောင်ဆန်းစုကြည် မုံရွာကို လာမယ့်နေ့ ယမန်နှစ် နိုဝင်ဘာလ ၂၉ ရက် မနက် ၃ နာရီကလည်း လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်တန့်ရေး သပိတ်ကို လုံခြုံရေး တပ်ဖွဲ့တွေက အင်အားသုံး ဖြိုခွဲ ခဲ့လို့ သံဃာတော်တွေနဲ့ ဒေသခံတချို့ မီးလောင် ဒဏ်ရာတွေသင့်ခဲ့ကြပါသေးတယ်။ 

ဒီနေ့လည်း ရှစ်လေးလုံး ငွေရတု အခမ်းအနား စတင်ကျင်းပမယ့် နေ့နဲ့ တိုက်ဆိုင်နေပါတယ်။ 

ဝင်ရောက်စီးနင်းခံခဲ့ရတဲ့ ဇီးတောရွာ ဘုန်းတော်ကြီးကျောင်းလည်း နောက်ပိုင်းမှာ ရွာသားတွေက သာသနာ့မြေကို ပြန်လည် ပေးအပ်နိုင်ခဲ့တယ်လို့ လက်ပံတောင်း အရေး ကူညီပေးနေသူ ပြည်သူ့ အကျိုး ဆောင် ကွန်ယက်က ကိုဝေဠုက သူ့ဖေ့စ်ဘုတ် စာမျက်နှာမှာ အောက်ပါအတိုင်း အသိပေးထားပါတယ်။ 


လက်ပံတောင်းဆိုတာ ဖိရင် ကြွမယ် ဆိုတဲ့ သခင်စိတ်နဲ့ အစီးနင်းခံရတဲ့ ဇီးတော ဘုန်းတော်ကြီးကျောင်းကို ပြန်သိမ်းလိုက်နိင်ပါပြီ ။ ဒီင်္လို ညကြီး သန်းခေါင် မီးမှောင်မှောင်မှာ ရွာသား အင်အား (၅၀၀) ခန့်က သာသနာ့မြေကို သံဃာတွေအတွက် ပြန်ပေးလိုက်နိင်ပြီ ။
ဘာတွေ ဆက်ဖြစ်လာအုန်းမည်နည်း . . . မည်သူတွေ ထိန်းညှိုနိင်ကြမည်နည်း . . .

လေးစားလျှက်

ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ရက်


အိမ့်သံစဉ် ~

Fashion ဆိုင်အရောင်း ဝန်ထမ်းများ၏ လှည့်စားခြင်းကို ဝယ်ယူသူများ အထူး ဂရုပြုသင့်ပြီ



အချို့သော Fashion ဆိုင်အရောင်း ဝန်ထမ်းများသည် အင်္ကျီ၊ ဘောင်းဘီများ၏ သတ်မှတ် ဈေးနှုန်းများထက် ပိုမိုဈေးတင်၍ ရောင်းချခြင်းကို ဝယ်ယူသူများ အနေဖြင့် အထူးဂရုပြု သင့် နေပြီ ဖြစ်သည်။

Shopping Centre များရှိ Fashion ဆိုင်များတွင် အင်္ကျီ၊ ဘောင်းဘီ၊ ခါးပတ်၊ ဖိနပ်နှင့် အနွေးထည် စသည့် Fashion ပစ္စည်းများကို ရောင်းချရာတွင် ဈေးနှုန်းကပ်၍ ရောင်းချသည့် ပစ္စည်းများ ရှိသကဲ့သို့ ဈေးနှုန်း မကပ်ဘဲ ရောင်းချသည့် ပစ္စည်းများလည်း ရှိသည်။

Fashion ဆိုင်များတွင် အရောင်းဝန်ထမ်း ပြုလုပ်သူ တစ်ဦးက ''ဆိုင်တွေမှာက သူဌေးနေ့တိုင်း လာတဲ့ ဆိုင်တွေ ရှိသလို တစ်ပတ်ကို သူဌေးနှစ်ရက်လောက်ပဲ လာတဲ့ဆိုင်တွေလည်း ရှိတယ်။ သူဌေး မရှိရင်လည်း ဆိုင်မှာ အုပ်ချုပ်သူ တစ်ဦးဦးတော့ ရှိတာပေါ့။ ဒါပေမဲ့ အကုန် လုံးက နေ့လယ် ထမင်းစားချိန်၊ ညနေမုန့်စားတဲ့ အချိန်ရှိတယ်။ အဲဒီအချိန်တွေမှာ ဝန်ထမ်း တွေအတွက်က အခွင့်အရေးပဲ။ ဝယ်ယူသူတွေ လာရင် ပစ္စည်းတွေကို ဈေးတင်တယ်။ အဲဒီ အချိန်မှာ အခြားဝန်ထမ်း နှစ်ဦးက အပေါက်ဝကနေ ဆိုင်ရဲ့ အုပ်ချုပ်သူ လာ၊ မလာကို စောင့် ကြည့်ကြတယ်။ ဆိုင်ထဲမှာ ဝယ်တဲ့သူကို ဂွင်ရိုက်နေချိန် ဆိုင်ရဲ့အကြီးအကဲ ပြန်လာရင် သင်္ကေတ တစ်ခုခုနဲ့ အချက်ပြတယ်။ ဥပမာ- လက်ဖျောက် တီးတာတို့၊ လေချွန်တာ တို့ပေါ့ဗျာ။ အဲဒီ အချိန်အထဲမှာ ဝယ်သူကို ဈေးတင်ပြီးသား ဖြစ်နေရင်လည်း အခြား တစ်ယောက်က ရုပ်ရှင် ရိုက်ရတာပေါ့။ စာရွက်တစ်ခုကို ကြည့်ပြီး ဈေးမှားနေတယ်လို့ ပြောရ တာပေါ့'' ဟု

Read More >> http://www.myawady.com.mm/allnews/local/item/21577-2013-08-06-09-51-23

ပရိတ်တရားတော် Payate v1.0



Name : Payate
Version :1.0
Size : 17.2 MB
Format : apk
O/S : Android


ပရိတ်တရားတော် ကို Android ဖုန်းပေါ်မှာ နားထောင်ရင်း ပရိတ်တရားတော်များကို ဖတ်ရှုနိုင်တဲ့ application ပါ။ နားထောင်ရင်း စာပါဖတ်လို့ရတော့ ပိုအဆင်ပြေတာပေါ့ဗျာ။ ထွက်ထားတာတော့ နဲနဲကြာပါပြီ။ လိုရမယ်ရ ပြန်လည် တင်ပေးလိုက်ပါတယ်ဗျာ။ အားလုံးအဆင်ပြေပါစေ။

MMZ | Dropbox

(Dropbox နှင့် MMZ (MyanmarMobileZone) တို့သည် Direct Link များဖြစ်ပါတယ်)
(နှိပ်လိုက်တာနှင့် Download တန်းကျလာပါလိမ့်မယ်)