This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, July 15, 2013

ရန်ကုန်-မန္တလေး အမြန်လမ်းမ မိုင်တိုင် ၂၉၃ အနီးတွင် အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး တေးသံရှင်ဆိုတေး ဒဏ်ရာပြင်းထန်စွာရရှိ

AddThis Social Bookmark Button
7.14.16
ဇူလိုင် ၁၄ ရက်က အမြန်လမ်းမ မိုင်တိုင် ၂၉၃ အနီးတွင် အဆိုတော်ဆိုတေး လိုက်ပါလာသော ကားတိမ်းမှောက်မှုအား တွေ့ရစဉ်။ ဓာတ်ပုံ-၀ဏ္ဏ(မိတ္ထီလာ)
ဇူလိုင် ၁၄ ရက်၊ နေ့လယ်ပိုင်းက မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တ လေး အမြန်လမ်းမပေါ်တွင် ယာဉ်မောင်း သန်းဝင်းလှိုင် (အသက် ၂၁ နှစ်) မောင်းနှင်လာသော ၃စ/--- မော်တော်ကားမှာ ရန်ကုန်မှ မန္တလေးဘက်သို့ မောင်းနှင်လာစဉ် မိုင်တိုင် ၂၉၃ အနီးတွင် တိမ်းမှောက်ခဲ့ရာ ကားပေါ်လိုက်ပါလာသူ လေးဦးအနက် ချောချော(ခ)၀င်းဂရိသူ (အသက် ၂၃ နှစ်)မှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ယာဉ်မောင်း သန်းဝင်းလှိုင် မောင်းနှင်လာသော ၃စ/--- ကားမှာ မိုင်တိုင် ၂၉၃ အနီးတွင် ယာဘက်ရှေ့ဘီးပေါက်ပြီး လမ်းကာရံထားသော သံဇကာအား တိုက်မိကာ ပေ ၂၀ ခန့်အနက်ရှိ ချောက်အတွင်း ကျသဖြင့် ကားပေါ် လိုက်ပါလာသူ ချောချော (ခ) ၀င်းဂရိသူ (အသက် ၂၃ နှစ်) မှာ သေဆုံးသွားခဲ့ပြီး တေးသံရှင် ဆိုတေး (ခ) အောင်သက်ပိုင် (အသက် ၂၃ နှစ်)မှာ ဦးခေါင်းနောက်ဘက် ဒဏ်ရာရရှိ ပြီး ခြေထောက်နှစ်ဖက် ဒဏ်ရာရရှိကာ မစံပယ်မွန် (အသက် ၂၈ နှစ်) နှင့် သန်းဝင်လှိုင် (အသက်၂၁ နှစ်) တို့နှစ်ဦးမှာ ဒဏ်ရာအသီးသီး ရရှိပြီး မိတ္ထီလာ ပြည်သူ့ဆေးရုံကြီးသို့ အတွင်းလူနာအဖြစ် တက်ရောက် ကုသခဲ့ရပြီး မွန်းလွဲ ၃ နာရီခန့်တွင် အဆိုတော် ဆိုတေး (ခ) အောင်သက်ပိုင်အား ဒဏ်ရာ အခြေအနေအရ မန္တလေးသို့ လွှဲပြောင်းပို့ဆောင် လိုက်ကြောင်း သိရသည်။
''နေ့ခင်းပိုင်းက အဆိုတော် ဆိုတေးနဲ့ အမျိုးသမီး နှစ်ယောက် ကားမှောက်လို့ ပြည်သူ့ ဆေးရုံကြီးကို ပို့လိုက်ရတယ်။ အမျိုးသမီးကတော့ ပြည်သူ့ဆေးရုံကြီးမှာ ဆုံးသွားတယ်။ မွန်းလွဲ ၃ နာရီ လောက်က ဆိုတေးကို မန္တလေး ဆေးရုံကို လွှဲပေးလိုက်တယ်။ ဆိုတေးက အနည်းငယ် စိုးရိမ်ရပြီး ကျန်တဲ့ နှစ်ယောက်ကတော့ စိတ်ချရလောက် ပါတယ်'' ဟု လိုက်ပါ ကူညီပေးခဲ့သူ တစ်ဦးမှ ပြောပြသည်။
7.14.17
တေးသံရှင်ဆိုတေး မန္တလေးဆေးရုံကြီးတွင် ဆေးကုသမှုခံယူရန် ရောက်ရှိလာစဉ်။ ဓာတ်ပုံ-သက်ထွန်းအောင်
''အခုလောလောဆယ် ဆရာဝန်ကြီးတွေ အားလုံး ၀ိုင်းဝန်းပြီး ကြပ်မတ်ကုသ ပေးနေတယ်။ ခေါင်းမှာ တော်တော်လေး ထိထားတဲ့ အတွက် ဦးနှောက်နှင့် အာရုံကြော ဆရာဝန်က ခွဲစိတ်ကုသဖို့ လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ လည်ပင်း အောက်ပိုင်းကတော့ အခြေအနေ ကောင်းတယ်။ ကျိုးတာပဲ့တာတွေ မရှိဘူး။ ဒဏ်ရာတွေပဲ ရှိတယ်။ အခြေအနေကတော့ အခုလက်ရှိ နည်းနည်း တိုးတက်လာတယ်။ ဆရာဝန်တွေက ငါးမိနစ်ခြား တစ်ခါ စစ်ဆေးပေးနေပါတယ်။ ကားပေါ်ပါလာတဲ့ အမျိုးသမီး တစ်ဦးကတော့ မိတ္ထီလာ ဆေးရုံမှာတင် ကွယ်လွန်သွားတယ်'' ဟု တေးသံရှင် ဆိုတေး၏ဦးလေး ဦးရာကွတ်မှ ညနေ ၅ နာရီခွဲ အချိန်က ပြောသည်။
တေးသံရှင် ဆိုတေးမှာ ယာဘက်ပေါင် ပတ်တီးစီး၊ ယာပါးပွန်းပဲ ဦးခေါင်းပတ်တီးစီး ယာပါးစုတ်ပြဲ၊ နှာခေါင်းသွေးထွက်၊ ပါးစပ်သွေးထွက်နှင့် သန်းဝင်းလှိုင် (ယာဉ်မောင်း) မှာ ၀ဲလက်ပတ်တီး၊ ယာခြေထောက် ပတ်တီးနှင့် မစံပယ်မွန်မှာ နဖူး ဖူးရောင်၊ ယာပါးပွန်းပဲ့၊ ၀ဲခြေထောက် ဒဏ်ရာများနှင့် မန္တလေး ဆေးရုံကြီးသို့ ရောက်ရှိလာကြောင်း ဆေးရုံမှုခင်း ရဲမှတ်တမ်းများအရ သိရသည်။
တိမ်းမှောက်မှု ဖြစ်ပွားသော ကားအမျိုးအစားမှာ KIA ဖြစ်ပြီး ကားပေါ်တွင် တေးသံရှင်ဆိုတေး၊ ယာဉ်မောင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး စုစုပေါင်း လူလေးဦး စီးနင်းလိုက်ပါလာကြောင်း သိရသည်။ အမျိုးသမီး တစ်ဦးမှာ မိတ္ထီလာ ဆေးရုံကြီးတွင် သေဆုံးသွားခဲ့ပြီး ဆိုတေးနှင့် ကျန်နှစ်ဦးမှာ မန္တလေး ဆေးရုံကြီး၌ ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။
အဆိုပါ ကားတိမ်းမှောက်မှုကို မိတ္ထီလာမြို့နယ်၊ သီးကုန်း အမြန်လမ်း ရဲတပ်ဖွဲ့နှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့တို့မှ သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ပြီး (ပ) ၁၃/ ၂၀၁၃ ပုဒ်မ ၃၀၄ (က) ၃၃၈ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အမျိုးသမီးတစ်ဦးသည် I-Phone ဖြင့် ဖုန်းပြောနေစဉ် ဓာတ်လိုက် သေဆုံးမှု ဖြစ်ပွား

I-Phone က လူသတ်လိုက်ပြီ

တရုတ်နိုင်ငံ စီချွမ် စီရင်စုတွင် နေထိုင်သည့် အသက်၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် I-Phone ဖြင့် ဖုန်းပြောနေစဉ် ဓာတ်လိုက် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူအမျိုးသမီး၏ အမဖြစ်သူ မအီလန် က အတည်ပြုပြောကြားခဲ့ရာတွင် ၄င်း၏ညီမဖြစ်သူသည် I-Phone ကို အားသွင်းနေစဉ်တွင်
ဖုန်းပြောခဲ့ပြီး ရုတ်တရက် ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ပြောခဲ့သည်။

ဖခင်ဖြစ်သူကလည်း သေဆုံးသွားသောသမီးဖြစ်သူတွင် ဓာတ်လိုက်သေဆုံးသည့် လက္ခဏာပြခဲ့ကြောင်း ပြောခဲ့သည်။
Apple ကုမ္ပဏီက အဆိုပါ အဖြစ်အပျက်နှင့်ပတ်သက်၍ အထူးဝမ်းနည်းကြေကွဲပါကြောင်းနှင့် အဆိုပါ အဖြစ်အပျက်မျိုး ထပ်မဖြစ်စေရန်အဖြေရှာသွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

MMT
Source: xinhua (14-7-2013, 18:11:24)
ရွှေနိုင်ငံသစ် သတင်းစာ