This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Sunday, September 16, 2012
ဒေါသစိတ်ကြောင့် လူသတ်မှုနဲ့ တရားစွဲခံလိုက်ရတဲ့ မေဇွန်
ဒေါသအလျောက် ဖြစ်တတ်တဲ့ သဘာဝက အခုတော့ လူသတ်မှုနဲ့ တရားစွဲ ခံလိုက်ရတဲ့အဖြစ် အထိ ရောက်သွား ခဲ့တယ်။ MRTV 4 က ရုပ်သံ ဇာတ်လမ်းတွဲအတွက် သရုပ်ဆောင်အဖြစ်ရွေးချယ်ခံထားရတဲ့ မမေဇွန် ခေါ် မျိုးဇာနည်ဇွန် ဆိုတဲ့ အသက် ၂၁ နှစ်အရွယ် မိန်းကလေး တယောက်က အိမ်ဖော်မိန်းကလေးငယ် ကို နှိပ်စက် ရာက ဖြစ်သွားခဲ့တဲ့ ဖြစ်စဉ်မှာ လူသတ်မှုအဖြစ် ပြောင်းလဲ တရားစွဲမှုခံလိုက်ရတာပါ။
သေဆ
ုံးသွားတဲ့ မနုနုလွင်ဆိုတဲ့ အိမ်ဖော်မလေးကို သူကိုယ်တိုင် သတ်လိုက်တယ်လို့ အိမ်ရှင် မမေဇွန်က ၀န်ခံလိုက်တဲ့ အကြောင်း ပြည်တွင်း သတင်းဂျာနယ်တွေနဲ့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါလာပါပြီ။
လွန်ခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့က မမေဇွန် ခရီးသွားပြီး ပြန်လာမှ ကမာရွတ်မြို့နယ်က သူ နေထိုင်ရာ တိုက်ခန်းပေါ်တက်၊ ပြေးဆင်းပြီး ရပ်ကွက်ကို အကူ အညီတောင်း ရဲစခန်းအကြောင်းကြားလို့ ပုပ်ပွနေတဲ့ အိမ်ဖော်မလေးရဲ့ အလောင်းကို ရဲတွေက တွေ့ရှိပြီး ပထမတော့ လူသေမှုနဲ့ ရဲက အမှုဖွင့်ထားခဲ့တာပါ။
ဒါပေမယ့် သံသယဖြစ်စရာ အလောင်းက ဒဏ်ရာတွေနဲ့ကြောင့် အိမ်ရှင် မေဇွန်နဲ့ နောက်ထပ် အိမ်ဖော် မလေး ဖြစ်တဲ့ အသက် ၁၄ နှစ်အရွယ် မဇင်ဇင်ထိုက်ကို စစ်ဆေးရင်းက အခုလို လူသတ်မှုကို ၀န်ခံ ထွက်ချက်ပေး လိုက်တာဖြစ်တယ်လို့ ရန်ကုန်တိုင်း ရဲမှူးက ပြောပါသတဲ့။
မေဇွန်က အိမ်အကူ မိန်းကလေးကို စိတ်မထင်ရင် မထင်သလို ဆံပင်ဆွဲ ခေါင်းနဲ့ နံရံဆောင့်တာ၊ တုတ်နဲ့ ရိုက်တာ၊ ဗိုက်ပေါ် တက်ခုန်တာ၊ အိမ်ဖော်ချင်း ရိုက်ခိုင်း တာတွေလည်း လုပ်တယ်လို့ စစ်ဆေးချက်တွေမှာ သိရတယ်လို့ ဆိုပါတယ်။
တကယ်တော့ မေဇွန်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့က MRTV-4 က စီစဉ်ရိုက်ကူးတဲ့ Flowers & Butterflies ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို လုပ်ခဲ့ပါသေးတယ်။
စာနယ်ဇင်းရှင်းလင်းပွဲကို ပြီးခဲ့တဲ့ စက်တင်ဘာလ၊ (၈) ရက်နေ့က Park Royal Hotel, Ballroom ခန်းမတွင် နံနက် (၁၀) နာရီမှ နေ့လည် (၁၂) နာရီအထိ ကျင်းပပြုလုပ်ခဲ့စဉ်က မေဇွန်ဟာ ယောကျာ်း စိတ်ပေါက်နေ တဲ့ ကောင်မလေးတစ်ဦး၊ ယောင်္ကျား စိတ်ပေါက်နေပေမယ့် နှလုံးသား နူးညံ့သိမ်မွေ့ပြီး သူတပါးကို ကူညီ တတ်သူ၊ သူငယ်ချင်းတွေကိုလည်း ခင်တွယ် တတ်တဲ့ “ဆာကူရာ”အဖြစ် သရုပ်ဆောင်မယ့်အကြောင်း မိတ်ဆက် ကြော်ငြာခံခဲ့သူလည်းဖြစ်ပါတယ်။
အခုတော့ ဇာတ်လမ်းထဲက သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်နဲ့ တခြားစီဖြစ်ပြီး လူသတ်မှုနဲ့ တရားစွဲခံလိုက်ရပါ တယ်။ သူရဲ့ ဇာတ်ရုပ်နေရာအတွက်လည်း သရုပ်ဆောင်သစ် နောက်တဦး ရွေးချယ်တော့မယ်လို့လည်း ဒါရိုက်တာက ပြောလိုက်ရပါ ပြီ။
ခဏတာဖြစ်တတ်တဲ့ ဒေါသ စိတ်ကလေးက မေဇွန်ရဲ့ ဘ၀ တာ ကို ပြောင်းလဲ သွားစေခဲ့ပြီလား။
[Irrawaddy News]
စည်းကမ်းကြီးတဲ့ ကုန်သည်ကြီး (ပုံပြင်)
တခါတုန်းက အရမ်းအလုပ်လုပ်ပြီ ချမ်းသာတဲ့ ကုန်သည်ကြီးတစ်ယောက် ရှိပါတယ် သူဟာအလုပ် လုပ်ဖို့ဘဲ သိပြီး ဘာတစ်ခုမှ ကို ဦးစားမပေးခဲ့ဘူးပေါ့........တနေ့တော့ သူ့ရဲ့ မိဘတွေက စဉ်းစားပါတယ် သူတို့သား ဟာ အိမ်ထောင်ပြုချိန်တောင် လွန်နေပြီပေါ့ သူ့ကို အိမ်ထောင်ချပေးဖို့တော့ လိုပြီပေါ့ ဒီလိုနဲ့ ဟိုဘက် ရွာက တောသူသူလေးနဲ့ပေးစားဖို့ လုပ်လိုက်တာပေါ့ အဲဒီမိန်းကလေးဟာ ရိုးသားပြီ ရုပ်ရည် ကလည်းချောမောတာကြောင့် သကုန်သည်ကြီးဟာ လက်ခံလိုက်တာပေါ့ ဒါနဲ့ဘဲ သူတို့ကို မင်္ဂလာ ကြီးကြီးကျယ်ကျယ်ဆောင်ပြီးပေးစားလိုက်တာပေါ့ သူဌေးကြီး အရမ်းကို စည်းကမ်းကြီးတဲ့ သူဖြစ်တာကြောင့် အမြဲ သူဇနီး ကို စည်းကမ်းနဲ့ ပတ်သက်တာတွေ အမြဲပြောတာပေါ့ စည်းကမ်းနဲ့နေဖို့ စည်ကမ်းနဲ့စားဖို့ စည်းကမ်းနဲ့အိပ်ဖို့ စည်းကမ်းနဲ့သွားလာဖို့ စတာတွေကို အမြဲမြဲလိုလိုပြောတာပေါ့ သူ့ရဲ့ ဇနီးကလည်း သူ့ထက်လည်း ငယ်ပြီး ရိုးတာကြောင့် ဘာမှပြန်မပြောဘဲ အမြဲခေါင်းညိပ် ပြီးနားထောင်လေ့ရှိတယ်.....................
တနေ့မှာတော့ ကုန်သည်ကြီးဟာ အရေးတစ်ကြီး ခရီးထွက်ဖို့ ရှိလာတယ် မသွားလို့လည်းမဖြစ် ဇနီး ဖြစ်သူကိုလည်းစိတ်မချနိုင်ဖြစ်နေပါတယ်..........ဒီလိုနဲ့ သူ့ရဲ့ဇနီးကို အမှာတော်တွေကို သွားခါနီးမှာ မှာတော့တာပေါ့........
ကုန်သည်ကြီး-"ညီမရေ အကိုမသွားမဖြစ်တဲ့ ခရီးထွက်ရမယ် သိမ့်တော့မကြာပါဘူး အလုပ်ကိစ္စတွေပြီးတာနဲ့ ချက်ချင်းပြန်လာ
ခဲ့ပါ့မယ် အကို မရှိတုန်း စည်းကမ်းနဲ့နေ၊စည်းကမ်းနဲ့စား၊စည်းကမ်းနဲ့အိပ်၊စည်းကမ်းနဲ့သွား နော် လူဆိုတာ
စည်းကမ်းရှိမှာကောင်းတာ အကိုမှာတာတွေ မမေ့နဲ့နော်"
ဇနီး -"ဟုတ်ကဲ့ပါရှင့် အကိုမှာတဲ့ အတိုင်းနေပါ့မယ်""စိတ်ချလက်ချသွားနော် ကျန်းမာရေးကိုဂရုစိုက်နော်"
"တာ့တာ"
ဒါနဲ့ ကုန်သည်ကြီးလဲခရီးထွက်သွာတာပေါ့ တစ်ပတ်ကြာပြီးတော့ ပြန်ရောက်လာတယ် ရောက်တာနဲ့ ဇနီးကို တွေ့ချင်လို့ လှမ်းခေါ်လိုက်တယ်..
ကုန်သည်ကြီး - "ရှင့်မရေ အကိုပြန်လာပြီ လာပါအုံး"
ဇနီး - " ရှင် လာပြီ" "ပြန်ရောက်ပြီလာ"
သူ့ဇနီး အနားကို ရောက်လာတော့ သူ့ဇနီးကို ကြည့်ပြီး ကုန်သည်ကြီးမှာ ဘာပြောရမှန်း မသိအောင် စွံ့အသွားတယ် သူ့ဇနီးရဲ့ ဗိုက်ပေါ် သူမျက်လုံးတွေက မခွာတမ်းကြည့်နေတယ် အဲဒီ အချိန်မှာ အိမ်ထဲကနေ ယောကျာင်္းတစ်ယောက်ထွက်
လာတယ်.........ကုန်သည်ကြီး သူ့ဇနီးကို မေးလိုက်တယ်
ကုန်သည်ကြီး -" ရှင်မ ရဲ့ဗိုက်က ဘယ်လို့ဖြစ်တာလဲ သူကရောဘယ်သူလဲ"
အိမ်ထဲကထွက်လာတဲ့ သူကို လက်ညိုးထိုးပြီးပြောလိုက်တယ်..အဲဒီအချိန်မှာ သူ့ဇနီး ပြောလိုက်တဲ့ စကားကြောင့် ကုန်သည်
ကြီးမှာ အိမ်ပေါ်ကနေ ဆင်းပြေးပါလေရော သူ့ရဲ့ဇနီး ပြောလိုက်ပုံက
ဇနီး -" ရှင်ဘဲ စည်းကမ်းနဲ့နေဆို သူက စည်းကမ်းဆိုတဲ့သူလေ ရှင်မှာခဲ့ သလို စည်းကမ်းနဲ့နေ၊စည်းကမ်းနဲ့စား၊
စည်းကမ်းနဲ့အိပ်၊စည်းကမ်းနဲ့သွား လို့ ဒီလို့ဖြစ်သွားတာလေ"
သူငယ်ချင်းများ ထာ၀၇ပျော်ရွှင်နိုင်ပါစေနော်
စောကောင်းကင်
ဒေါ်လာခြောက်သန်းကိစ္စ ၈၈ မျိုးဆက်ကျောင်းသားများ ငြင်းဆို
ပြည်တွင်းဂျာနယ်တစ်ခုတွင် အတိ အလင်း
ဖော်ပြခဲ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်
ပတ်သတ်ပြီး ၈၈ မျိုးဆက် များထံမှ အမေရိကန်
ဒေါ်လာ ခြောက် သန်း စီးဆင်းနေပြီဟူသော
 ဖော်ပြချက် အပေါ် ၈၈ မျိုး ဆက်ကျောင်းသား
များ က ယခုလ ၈ ရက်နေ့ တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အတိအလင်း
 ငြင်းဆိုလိုက်သည်။
ယင်းဂျာနယ်၏ ဖော်ပြချက်အရ ဏှီု ဆိုသောအဖွဲ့အစည်းမှတဆင့် ၈၈ မျိုးဆက်ကျောင်းသားများထံသို့ ဒေါ်လာခြောက်သန်းစီးဆင်း နေပြီ ဆိုခြင်းမှာ
၈၈ မျိုးဆက်ကျောင်းသား များထံမှအတည်ပြုချက်မယူဘဲ ဖော်ပြ လိုက်ခြင်းသာဖြစ်ပြီး
 ထိုဖော်ပြချက် သည် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်းလုပ်ငန်းများဖော်ဆောင်နေ
 သောမိမိတို့ လုပ်ငန်းများအပေါ်တွင် ပြည်သူလူထုအထင် အမြင်လွဲစေနိုင် ကြောင်း
၎င်းတို့က ပြောသည်။
"ကျွန်တော်တို့ရဲ့လုပ်ငန်း စဉ်တွေက ပြည်သူတွေဆီကရလာတဲ့ အလှူငွေနဲ့ လည်ပတ်နေတာပါ။ ကျွန်တော်တို့အနေ နဲ့ စပွန်ဆာလည်း ရှိဘူး။ ပရောဂျက်တင် ထားတာလည်း မရှိဘူး။
အခုလို အတိ အလင်းသတင်းကြီးဖြစ်လာတော့ ကျွန်တော်တို့ဆီကို သေချာမေးသင့် တယ်။
ကျွန်တော်တို့ဆီက စီးဆင်းတာ ဘာတစ်ခုမှ မရှိဘူး" ဟု ၈၈ မျိုးဆက် ကျောင်းသားတစ်ဦး
 ဖြစ်သူကို ဌေးကြွယ် က ပြော သည်။
၈၈ မျိုးဆက်ကျောင်းသားများသည် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း လုပ်ငန်းများဆောင်
ရွက်ရာတွင် သုံးစွဲ နေသော အလှူငွေများကို မီဒီယာများမှ တစ်ဆင့် ပွင့်ပွင့်လင်းလင်း အသိပေးသွား မည်ဖြစ်ကြောင်း၎င်းကပြောသည်။
"ကျွန်တော်တို့ အဖွဲ့အစည်းက ဃ့မေငအပျြေန အဖွဲ့အစည်းမဟုတ်ပါ ဘူး။ လူထုငွေကြေးနဲ့
ရပ်တည်တာဖြစ် တဲ့အတွက် အားလုံးကို Charity Base ရှိရှိဖြစ်စေချင်တယ်။
ရသမျှကို ကြေငြာ မှာဖြစ်သလို၊ သုံးသမျှကို ကြေငြာမယ်။ ဒီကိစ္စ နဲ့ပတ်သက်ပြီး
သံသယဖြစ်စရာ၊ ကြားထားတာရှိရင် ကျွန်တော်တို့ကိုပွင့် ပွင့်လင်းလင်းမေးပါ"
ဟု ကိုမြအေးက ပြောသည်။
Myanmr Times
ပုသိမ်မြို့နယ် NLD ရုံး ဗဟိုက 'အသိအမှတ်မပြု'
စည်သူ
ဧရာဝတီတိုင်းမြို့တော် ပုသိမ်မြို့တွင် ဖွင့်လှစ်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မြို့နယ်ရုံးကို 'အသိအမှတ်မပြု' ကြောင်း ပါတီဗဟိုဌာနချုပ်က ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေညာ လိုက်သည်။
ပါတီ ဗဟိုညီလာခံ ကျင်းပရေးကော်မရှင်၏ ထုတ်ပြန်မှုတရပ်တွင် ပုသိမ်မြို့ အမှတ် ၅၇၂ စကားဝါလမ်း အမှတ် ၃ ရပ်ကွက်တွင် ဖွင့်လှစ် ထားသည့် ရုံးသည် “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အသိအမှတ်မပြုသဖြင့် တရားဝင်ရှိနေသော အဖွဲ့ချုပ် ရုံးခန်း မဟုတ်ပါ” ဟု ဖော်ပြပါရှိသည်။
အဆိုပါရုံးကို အဖွဲ့ချုပ်နာယက ဦးတင်ဦး ကိုယ်တိုင် ဇန်နဝါရီလအတွင်းက လာရောက် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သော် လည်း သြဂုတ်လ ၂၅ ရက်နေ့က ပုသိမ်မြို့တွင် ပါတီဝင်အချို့၏ ပါတီဗဟိုကို ဝေဖန်သော သတင်းစာရှင်းလင်းပွဲ တခု ပြုလုပ်ပြီးနောက် ဗဟိုမှ ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်းလည်း ဖြစ်သည်။
ထိုသတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်၍ “အဖွဲ့ချုပ်အတွင်း စိတ်ဝမ်းကွဲစေရန် ရည်ရွယ် လုပ်ဆောင်သည်ဟု သတ်မှတ်ပါသည်” ဟု ရန် ကုန်ရှိ NLD ဗဟိုက ဗုဒ္ဓဟူးနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ပါတီဝင် ဦးညွှန့်လှိုင်၊ ဒေါက်တာ သန်းထိုက်နှင့် ဦးသန်ဝင်းတို့အားလည်း “အဖွဲ့ချုပ်ကို ဆန့်ကျင်သော သတင်းစာ ရှင်းလင်းပွဲ” ပြုလုပ် သည် ဟူသည့် စွပ်စွဲချက်ဖြင့် ပါတီဝင်အဖြစ်မှ ရပ်ဆိုင်းလိုက်သည်။
ထို ဂယက်ရိုက်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဦးညွှန့်လှိုင် က “ဒီမိုကရေစီရေးကို ကြွေးကြော်ထားသော ပါတီတခု က ဗဟိုဦးစီးစနစ်နဲ့ သွားနေပြီး ဒီမိုကရေစီ နည်းလမ်းများကို သွေဖည်နေတာတွေ၊ ဆရာမွေး တပည့်မွေး လုပ်နေတာ ကို လက်မခံနိုင်” ဟု ပြောဆိုခဲ့သည်။
“အောက်ခြေအဆင့် ပါတီဝင်များ တင်ပြသော ခံစားချက်များကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုမှ အလေးမထား ဘဲ ပစ်ပယ်ထားပြီး ပါတီဝင်တို့၏ ဆန္ဒကို နည်းမျိုးစုံနှင့် ဖော်ထုတ်ပါမည်။” ဟု ဒေါက်တာသန်းထိုက်က ထိုသတင်းစာ ရှင်းလင်းပွဲတွင် ပြောသွားခဲ့သည်။
ဦးညွှန့်လှိုင်မှာ ၁၉၉ဝ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၏ ရွေးကောက်ခံ အမတ်တဦးလည်းဖြစ်သည်။ ဒေါက် တာ သန်းထိုက်မှာ ၂ဝ၁၁ ကြားဖြတ် ရွေးကောက်ပွဲတွင် မြို့နယ်အောင်နိုင်ရေး အဖွဲ့ဝင် အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။ ကြားဖြတ်ရွေး ကောက်ပွဲ ပုသိမ် မဲဆန္ဒနယ်တွင် NLD က အနိုင်ရခဲ့သည်။
ထိုသို့ ပါတီဗဟိုက တရားမဝင်ဟု ဆိုလာခဲ့ပြီးနောက် ရုံးစိုက်ရာကို ဥမ္မာဒန္တီလမ်း၊ အမှတ် ၄ ရပ်ကွက်သို့ ပြောင်းရွှေ့ ရန် စီစဉ်လျက်ရှိနေ သည်ဟု မြို့နယ်ညီလာခံ ကော်မတီ ဥက္ကဋ္ဌ ဦးသီဟ က ပြောသည်။
အလားတူ ရန်ကုန်တိုင်း တွံ့တေးမြို့နယ် ပါတီဝင်များကလည်း NLD ဗဟိုကို “နီးစပ်သူများကိုသာ လုပ်ပိုင်ခွင့်ပေးသည်” ဟူသော စွပ်စွဲ ချက်ဖြင့် စက်တင်ဘာလ ၄ ရက်နေ့က ဆန္ဒပြခဲ့ကြဖူးသည်။
မြောင်းမြမြို့တွင်လည်း အလားတူပင် စွပ်စွဲဆန္ဒပြခဲ့ကြရာ ပါတီဝင် ဦးမြင့်ကျော်နှင့် ဦးဝင်းရွှေတို့ကို ပါတီမှ ခေတ္တ ထုတ်ပယ်ထားခြင်း ခံကြရသည်။
မွတ်ဆလင် ဘာသာဝင်များကမ္ဘာတဝန်း ဆန္ဒပြမှု ပြန့် နှံသွားပြီး""
တမန်တော်ရုပ်ရှင်ဇာတ်လမ်းတိုအပေါ်
 စိတ်ဆိုးနေကြသော အစ္စလာမ်ဘာသာဝင်တို့
သည် အမေရိကန်သံရုံး ရုံးစိုက်ရာနိုင်ငံပေါင်း
၂၀ကျော်တွင် ဆန္ဒပြနေကြသည်။
 အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ဆန္ဒပြသူတို့မှ ဆန္ဒပြရင်းအကြမ်းဖက်မှုများလည်းဖြစ်ပွားပြီး အမေရိကန်သံရုံးအချို့ဖျက်ဆီးမီးရှို့ခံရမှုများရှိနေကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖေါ်ပြထားသည်။
                                              တူနီးရှားနိုင်ငံတွေမှာရှိတဲ့အမေရိကန်သံရုံး
                                                   ဆူဒန်က ဂျာမနီသံရုံး
                                      မွတ်ဘာသာဝင်များ လက်ဘနွန်နိုင်ငံရှိ
                                       KFC ဆိုင်အား မီးရှို့ဖျက်ဆီးနေစဉ်)
                                              အစ္စလာမ်ဘာသာရေး ဆန္ဒပြမှု
                                              ဩစတြေးလျှသို့ကူးစက်ပြီ။
တရုတ်နိုင်ငံထုတ် လက်ပ်တော့များတွင် ကြိုတင် ထည့်သွင်းသည့် ဗိုင်းရပ်စ်များ ပါဝင်နေ
Microsoft ကုမ္ပဏီမှ ဒစ်ဂျစ်တယ် ပြစ်မှု
ယူနစ်မှာ တရုတ်နိုင်ငံမှ ကွန်ပြူတာ
ထုတ်လုပ်သူများသို့ စုံစမ်း စစ်ဆေးမှု
 ပြုလုပ်နေချိန် အတွင်းတွေ့ရှိမှု အသစ်
 တစ်ခုကို ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။
 တွေ့ရှိချက်များထဲတွင် ၎င်းတို့ အနေဖြင့် Window အော်ပရေးတင်း စနစ်များကို တရားမဝင် ထည့်သွင်းနေသည်ကို တွေ့ရှိခဲ့ရသည့် အပြင် အန္တရာယ် ဖြစ်စေနိုင်သည့် Malware များ
မှာလည်း စက်ကို ဝယ်ယူစဉ်ကပင် ပါဝင်လာသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
ဆိုက်ဘာ ပြစ်မှု ကျူးလွန်သူများမှာ ၎င်းတို့၏ ပစ်မှတ်များကို တိုက်ခိုက်သည့် နည်းလမ်းများ ပြောင်းလဲလာသည်ကို တွေ့ရှိခဲ့ရကြောင်း မိုက်ခရိုဆော့ဖ် ဒစ်ဂျစ်တယ်
 ပြစ်မှု ယူနစ်မှ ဒုတိယ ရှေ့နေအဖြစ် တာဝန် ယူခဲ့ဖူးသူ Richard Boscovich မှ ၎င်း၏
ကုမ္ပဏီ ဘလော့တွင် ရေးသား ဖော်ပြခဲ့သည်။
မိုက်ခရိုဆော့ဖ် ကုမ္ပဏီမှ အင်ဂျင်နီယာများမှာ ဒေသခံ ဆိုင်များမှ ကွန်ပြူတာများကို ဝယ်ယူခဲ့ပြီးနောက် စမ်းသပ်မှု ပြုရာ၌ ၂၀ ရာနှုန်းမှာ ဗိုင်းရပ်စ်များ ရှိနေသည်ကို တွေ့ခဲ့ရကာ ယင်းမှာ စက်ကို တပ်ဆင်သည့် နေရာမှ  ဝယ်ယူသည့် အချိန်အကြား တစ်နေရာရာတွင် ဗိုင်းရပ်စ်ပိုးများ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း ခန့်မှန်းထားသည်။
 ထို့အပြင် ယခုလို တွေ့ရှိခဲ့ရသည့် ဗိုင်းရပ်စ်ပိုးများမှာ ကွန်ပြူတာ ပိုင်ရှင်များ၏ သတင်း အချက်အလက်များကိုလည်း ခိုးယူစေမည် ဖြစ်ကာ ဆုံးရှုံးမှုများကို ဖြစ်စေနိုင်ကြောင်း
 ၎င်းတို့မှ ပြောကြား သွားခဲ့သည်။
MRT 4
ပြည်သူလက်မခံသောစီမံကိန်းများ ဘယ်တော့မှ အောင်မြင်မည်မဟုတ်ဟု ကိုမင်းကိုနိုင်ပြောကြား
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ရှိ မဂျွယ်ခန်းမ၌ ယနေ့နံနက်မှ စတင်၍ ကျင်းပလျှက်ရှိသော မြစ်ဆုံဆည်တည်ဆောက်ရေး ရပ်တန့်မှုတစ်နှစ်ပြည့်အဖြစ်ကျင်းပသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဟောပြောပွဲတွင် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ
ကိုမင်းကိုနိုင်မှနိုင်ငံတော် အစိုးရအနေဖြင့်ပြည်သူများလက်မခံသော စီမံကိန်းများကို ဆောင်ရွက်ခြင်းမပြုရန် တောင်းဆိုပြောကြားခဲ့ကြောင်းသိရသည်။
ကိုမင်းကိုနိုင်က “ဘာစီမံကိန်း ပဲလုပ်လုပ်။ပြည်သူတွေအတွက် ဘယ်လို အကျိုးရှိတယ်လို့ပဲပြောနေပါစေ။ပြည်သူတွေက လက်မခံတဲ့စီမံကိန်းတွေဆိုရင်တော့ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး။ဥပမာ အနေနဲ့ခြံစည်းရိုးကြက်ဆူပင်စိုက်တာတောင် ပြည်သူကလက်မခံတဲ့ အတွက် မအောင်မြင်ဘူးဟု ထိုဟောပြောပွဲသို့တက်ရောက်လာ သူများအားပြောကြားသည်။
ထိုသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဟောပြောပွဲအား နံနက် ၁၀ နာရီမှ ညနေ ၅နာရီထိ စီတာပူရပ်ကွက်တွင်ရှိသော မဂျွယ်ခန်းမ၌ ကျင်းပသွားမည်ဖြစ်သည်။လတ်တလောအားဖြင့် မြစ်ဆုံဆည် တည်ဆောက်ရေးလုပ်ငန်းခွင်အနီးရှိကျေးရွာများမှ ဒေသခံလူဦးရေ တစ်ထောင်ကျော်တက်ရောက်ကြောင်းနှင့် ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုမင်းကိုနိုင်၊ကိုဌေးကြွယ်၊ကိုပြုံးချိုတို့အပြင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များဖြစ်သော ဦးဝင်းမျိုးသူ ( Ecodev )၊ဦးညိုမောင်၊ဒေါက်တာ ခင်နီနီသန်း ( WRTC )၊ဒေါက်တာဦးထွန်းလွင် ၊ဒေါက်တာ ကျော်သူတို့မှသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သတ်၍ ဟောပြောပို့ချလျက်ရှိကြောင်းသတင်းရရှိသည်။
မင်းချစ်နိုင်
By Popular Myanmar
နှစ်ဘက် တိုက်ပွဲ ပြင်းထန်နေတဲ့ စစ်တလင်းဒေသ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များတို့၏ ငြိမ်းချမ်းရေးခရီးစဉ် အောင်မြင်ပါစေ .....
လေးစားစရာကောင်းသော ခေါင်းဆောင် နောက်ဆုံး ရရှိတဲ့ သတင်းအရ ကချင်ပြည်နယ်မှာ ရောက်ရှိနေတဲ့ ကိုမင်းကိုနိုင် ၊ ကိုပြုံးချို ၊ ကိုမာကီး၊ ကိုသက်ဇော် တို့နဲ့ DVB သတင်းထောက် တစ်ဦးတို့ဟာ မနက်ဖြန်မှာ တိုက်ပွဲ ပြင်းထန်နေတဲ့ ဖားကန့် ဒေသ နှစ်ဘက် တိုက်ပွဲကြားထဲကို ဖြတ်ဝင်ကြတော့မှာ ဖြစ်ပါတယ်။
အဲဒီနေရာမှာ ဒေသပေါင်းစုံက အလုပ်လာရောက် လုပ်ကိုင်နေသူပေါင်း တစ်သိန်းခွဲကျော် ပိတ်မိနေပြီး ဒုက္ခသည် တွေလည်း ရှိနေတဲ့အတွက် သူတို့တွေအတွက်၊ စစ်ကို ရပ်တန့်စေရေး အတွက် ဒီလို လုပ်ရတာပါလို့ ၈၈ မျိုးဆက်ကျောင်းသားများက ဆိုပါတယ်။ လိုအပ်ရင် ကချင်လူထုနဲ့ အတူ စစ်တလင်းထဲမှာ လူထုရှေ့က မားမားမတ်မတ် ရပ်ပြီး အသေခံ သွားကြမယ်လို့ ပြောပါတယ်။
ကိုမင်းကိုနိုင် ဟာ ခုရက်ပိုင်းအတွင်းမှာ အမေရိကန်နိုင်ငံမှာ ဆုသွားယူစရာ ရှိတဲ့ခရီးစဉ်ကို တောင်ဖျက်ပြီး ကချင်လူထုဆီ အရောက်လာခဲ့တာဖြစ်ပါတယ်။ 
ATR သတင်းစဉ်
ဂျပန်နိုင်ငံမှ ကားဝယ်ခြင်းဟူသည်...
အောင်ခမ်း (TSJ Team)
စက်တင်ဘာ ၁၅၊ ၂၀၁၂
ဂျပန်မှာ ကားဝယ်တာမပြောခင် မြန်မာပြည်မှာကားဝယ်ခဲ့ရတဲ့အနေအထားကို အရင်လေ့လာရပါမယ်။ စာဖတ်သူတို့လည်း သိပြီးသားဖြစ် မှာပါ။ ကားတစ်စီးဝယ်ဖို့ ကြားမှာ ပွဲစားလိုအပ်ပြီး သူကြိုက်၊ ကိုယ်ကြိုက် အံကိုက်ဖြစ်ရင် ရော့ကားဆိုပြီးပေးလိုက်ရင် အရောင်းအဝယ်ဖြစ် သွားပါပြီ။
သို့ပေမယ့် အစိုးရရဲ့ ပြောင်းလဲသွားတဲ့ပေါ်လစီကြောင့် ကားကို အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း တစ်စီးတင်သွင်းပိုင်ဆိုင်ခွင့်ရတဲ့အနေအ ထားကို ရောက်ရှိသွားပါပြီ။ ဒီတော့ ယခင်နဲ့ ဘာတွေကွာသွားသလဲဆိုတာ အရမ်းသိသာပါတယ်။ သိန်းထောင်ချီပေးရတဲ့ ကားတွေ သိန်း ရာဂဏန်းပဲ ကျန်ရှိပါတော့တယ်။ ပေးရတဲ့အခွန်ပမာဏတွေ အရင်ကလို အကြီးကြီး မဟုတ်တော့ပါဘူး။ အကန့်အသတ်နဲ့ ရှိနေပေမယ့် ကားဝယ်တယ်ဆိုတာ အရင်ကလို ခက်ခဲတဲ့အလုပ်တစ်ခုမဟုတ်တော့ပါဘူး။ ဒီတော့ သာမန်လူတစ်ယောက်က ကားဝယ်မယ်ဆိုရင် ယနေ့ ချိန်မှာ သွားစရာ နေရာသုံးခုရှိသွားပါတယ်။ ကားပွဲစားတန်း၊ ကားအရောင်းစင်တာ၊ ကားလေလံဝန်ဆောင်မှု စတာတွေဖြစ်ပါတယ်။ လက် ထဲမှာ ဘာမှမရှိလို့ ကားသွားဝယ်တဲ့သူနဲ့ နှစ် ၂၀ ပြည့်လို့ အရည်ကြိုစက်ရုံပို့ရမယ့်ကားရှိနေလို့ ပြန်လဲချင်လို့ ဝယ်မယ့်သူနဲ့ နှစ်မျိုးကွဲသွား ပြန်ပါတယ်။ ဒီတော့ အစိုးရထုတ်ပြန်ပေးတဲ့ ပေါ်လစီကလည်း နှစ်မျိုးကွဲသွားပါတယ်။ အကြမ်းဖျင်းအားဖြင့် လက်ထဲမှာ ဘာမှမရှိပဲ အသစ်ဝယ်ခွင့် (Free Permit) နဲ့ ကားဟောင်းပြန်အပ်ရငွေ (ကားဟောင်းစလစ်) နဲ့ ကားဝယ်ခွင့် ဖြစ်ပါတယ်။ မြို့ တော်အင်္ဂါ ရပ်နဲ့ ညီအောင် သက်တမ်း၂၀ ပြည့်ပြီးကားတွေကို ရှင်းထုတ်နေပါပြီ။ အဟောင်းပိုင်သူများအတွက် အသစ်ရဖို့ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံကြား ဆက်စပ်မှုတစ်ခုရှိနေပါတယ်။ ဂျပန်နိုင်ငံဟာ ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံကို အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်လာစေ ရန် ချေးငွေပေါင်းမြောက်များစွာ ချေးထားပါတယ်။ မြန်မာပြည်ရဲ့ ပြောင်းလဲသွားတဲ့ နိုင်ငံရေးပေါ်လစီကြောင့် ပိတ်ဆို့နေတဲ့စီးပွားရေးလမ်း တွေပွင့်လာခြင်းနဲ့အတူ ဂျပန်နိုင်ငံမှလည်း မြန်မာနိုင်ငံအပေါ် ချေးငွေနဲ့ပက်သက်လို့ လျော့ပေါ့ပေးတာတွေ အများကြီးလုပ်လာပါတယ်။ အဲဒီထဲက မော်တော်ယာဉ်ကိစ္စလည်း ပါဝင်ပါတယ်။ ချေးငွေများကိုလျော့ပေါ့ပေးပြီး တစ်ဖက်ကလည်း ဂျပန် တစ်ပတ်ရစ်ကားဈေးကွက် ကို မြန်မာတို့ဝင်ရောက်ရန် ဖိတ်ခေါ်ခြင်းဖြစ်ပါတယ်။ ဒါနဲ့ပက်သက်ပြီးတော့လည်း မြန်မာနဲ့ဂျပန်နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်လာစေပါတယ်။ ဒီတော့ ချေးငွေတွေလည်း ကြေ၊ ကားအပျက် အဟောင်းတွေ ပြင်မောင်းနေတာထက်စာရင် တစ်ပတ်ရစ်ကားလေး သုံးရတာဆိုတော့ Used Car ဈေးကွက်တွေ အင်မတန်ကြီးလာပါတယ်။
တစ်ပတ်ရစ်ကားဈေးကွက်ကဝယ်လို့ မျက်နှာငယ်စရာတော့မရှိပါဘူး။ ဂျပန်နိုင်ငံက တစ်ပတ်ရစ်ကားတွေကို ရုရှားလို ဥရောပနိုင်ငံကြီး တောင် မှာယူသုံးစွဲပါတယ်။ တစ်ဦးချင်းသော်လည်းကောင်း၊ ကုမ္မဏီလိုက်သော်လည်းကောင်း ဝယ်ယူမှာယူမှုများကြောင့် ဂျပန်ကားဟောင်း ကို ခပ်ရိုးရိုးတန်းတန်းရောင်းရာကနေ ဈေးများများပိုပေးသူကိုရောင်းတဲ့ လေလံဈေးကွက်ကြီး ဖြစ်ပေါ်လာပါတော့တယ်။.ဒီတော့ ဂျပန်က နေ ကားလေလံဆွဲတယ်ဆိုတာကို စဖတ်သူတို့ သေသေချာချာနားလည်ထားမှ ဘယ်လိုကားဝယ်ရမယ်ဆိုတာ သိရှိနားလည်လာမှာ ဖြစ်ပါ တယ်။
ဂျပန်နိုင်ငံက တစ်ပတ်ရစ်ကားအကြောင်းလည်း သိရန်လိုအပ်ပါတယ်။ ကားအများဆုံးထုတ်လုပ်တဲ့နိုင်ငံစာရင်းထဲမှာ ဂျပန်ပါဝင်ပါတယ်။ တိုယိုတာ၊ နစ်ဆန်း၊ မစ်ဆူဘီရှီ၊ ဟွန်ဒါ၊ မာဇာဒါ၊ ဆူဇူကီး အစရှိတဲ့ ဂျပန်ဖွား ကားထုတ်လုပ်ရေး ကုမ္မဏီကြီးများအပြင် အခြားကားထုတ် လုပ်ရေးကုမ္မဏီငယ်များလည်း ရှိနေပါတယ်။ ဒါတင်မကသေးပဲ ဥရောပ၊ အမေရိကန်၊ တရုတ်၊ ကိုရီးယားတို့ကလာတဲ့ ကားစက်ရုံခွဲငယ် လေးတွေလည်း ရှိနေပြန်ပါသေးတယ်။ ပြည်ပတင်ပို့ခြင်းအပြင် ပြည်တွင်းသုံးဖို့အတွက်လည်း ပိုလျှံနေတဲ့နိုင်ငံဖြစ်ပါတယ်။
ဒီတော့ နိုင်ငံအရွယ်စားကလည်းငယ်၊ လူဦးရေကလည်း ထူထပ်၊ ကားအစီးရေကလည်း များဆိုရင်တော့ နိုင်ငံအတွက် တွက်ချေမကိုက်ပါဘူး။ ဆိုးကျိုးများစွာ ဖြစ်ထွန်းစေပါတယ်။ ဒီတော့ ကားသစ်ဝယ်စီးချင်ရင် ကားဟောင်း မဖြစ်မနေရောင်းကြရပါတယ်။ ဝယ်ထားတဲ့ကားအပေါ်ကို လည်း အခွန်ခဈေးတွေ တော်တော်များများ သတ်မှတ်ထားပါတယ်။ ဥပမာ- တစ်နှစ်မောင်းပြီးတဲ့ကားဆိုရင် အခွန်တော်တော်ကြီးသွားပါ ပြီ။ ဒီတော့ ကားနောက်တစ်စီပြောင်းမဝယ်သေးရင်တော့ လက်ထဲမှာရှိနေတဲ့ကားကို ပြန်ရောင်းတတ်ကြပါတယ်။ အကြာကြီးလည်း မစီး ကြပါတယ်။
အချို့ဆို လပိုင်းသာစီးပြီး မကြိုက်လို့ လေလံဈေးထဲပို့ပစ်ပါတယ်။ အချို့ကျတော့ တစ်နှစ်နဲ့မောင်းနှင်ပြီး ကားအဟောင်းဈေးထဲ ပို့လိုက်ပါ တယ်။ အခြား အကြောင်းကိစ္စများကြောင့်လည်း ကားလေလံဈေးထဲကိုပို့ပါတယ်။ ဒါကြောင့် တစ်ခါတစ်လေ ကမ္ဘာ့ဈေးအကြီးဆုံး စာရင်းဝင် တဲ့ ဥရောပပြိုင်ကားတွေတောင် တွေ့ရတတ်ပါတယ်။ ဒီတော့ သူတို့ဆီမှာ တစ်ပတ်ရစ်ကားဆိုတာ မြန်မာပြည်က နှစ် ၂၀ ကားတွေနဲ့စာရင် အများကြီးကောင်းပါတယ်။
ဒီတော့ ဂျပန်နိုင်ငံရဲ့ကားအဟောင်းဈေးကွက်ကလည်း နိုင်ငံဝင်ငွေရှာပေးတဲ့လုပ်ငန်းတစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် ဂျပန်ကားလေ လံ ဈေးကွက်ကို ဥရောပတင်မကပဲ အခြားဖွံ့ဖြိုးဆဲနိုင်ငံများကိုပါရောက်ရှိလာအောင် ဂျပန်တို့ အမျိုးမျိုးစွဲဆောင်ပါတယ်။ ဥပမာ- မြန်မာကို ချေးငွေတွေလျော့ပေါ့ပေးပြီး ကားအဟောင်းဈေးကွက် (လေလံဈေးကွက်) ထဲရောက်လာအောင် ခေါ်ဆောင်တာမျိုးတို့ဖြစ်ပါတယ်။ ဒီတော့ တစ်ပတ်ရစ်သုံးရတဲ့မြန်မာတွေဟာ ဒီလောက်နဲ့ကျေနပ်ကြရပါတယ်။ ကားအသစ်ဝယ်ရင်တော့ တစ်ခုခုဖြစ်ရင် အာမခံရှိတာကြောင့် အခ မဲ့ပြန်ပြင်ပေးတာမျိုး၊ ဝန်ဆောင်မှု နှစ်လရှည်ကြာစွာပေးတာမျိုးတို့ လုပ်ပေးပါတယ်။ ကားအဟောင်းကျတော့ ဒီလိုအခွင့်အရေးတွေ မရပါ ဘူး။
ဂျပန်ကားလေလံဈေးကွက်မှာက ကားရဲ့အခြေအနေအားလုံးကိုစစ်ဆေးပြီး အခြေအနေအားလုံးကို ဖော်ပြထားတယ်။ ကြိုက်ရင်ဝယ်၊ မကြိုက်ရင်မဝယ်။ အားလုံးနည်းစနစ်နဲ့လုပ်ပါတယ်။ ဝယ်ပြီး တစ်ခုခုဖြစ်မှပြန်လာတာမျိုး လုံးဝလက်မခံဆိုတဲ့ပုံစံမျိုး ဖြစ်ပါတယ်။ ဆိုလို တာက ဝယ်ယူပြီးကုန်ပစ္စည်းအတွက် အာမခံချက်မရှိပါဘူး။ ဒါကြောင့်လည်း မဝယ်ခင်ကတည်းကလည်း သေချာသိအောင် ကားအဟောင်း ဈေးကွက်မှ မော်တော်ယာဉ်ကျွမ်းကျင်ပညာရှင်များက သေချာစစ်ဆေးပြီး သူ့ရဲ့အရှိတိုင်းကိုဖော်ပြပြီးသားဖြစ်ပါတယ်။ တစ်နပ်စား လုပ် တာမဟုတ်တဲ့အတွက် မကောင်းတဲ့ကားကို ကောင်းတယ်လို့ဖော်ပြရိုးထုံးစံလည်း သူတို့မှာမရှိပါဘူး။ နိုင်ငံကြီးပီပီ နည်းစနစ် ကျကျလုပ်ပါ တယ်။ ဒီတော့ စိတ်ကြိုက်ကားတွေ့ဖို့ကျတော့ ဝယ်သူရဲ့တာဝန်သာဖြစ်ပါတော့တယ်။ အာမခံမရှိဘူးဆိုပြီး သူတို့လက်ထဲမှာရှိနေတုန်း ကောင်းကောင်းစစ်ဆေးပြီး Condition ထုတ်ပေးထားပါတယ်။
ဂျပန်နိုင်ငံမှာ ပြည်နယ်အသီးသီးကွဲသလို ယင်းပြည်နယ်အသီးသီးမှာလည်း ကားလေလံဈေး အသီးသီးရှိပါတယ်။ ယင်းကားတွေကို နိုင်ငံ ခြားတိုင်းပြည် ဂျပန်အထိ လာဝယ်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ တော်တော်များများက အင်တာနက်ကနေဝယ်ယူတာ ဖြစ်ပါတယ်။ ဂျပန်ကားလေလံဈေးကွက်တွေက လေလံဝက်ဘ်ဆိုဒ်တွေလွှင့်ထားပါတယ်။ ယင်းလေလံ ဝက်ဘ်ဆိုဒ်တွေထဲမှာ သူ့တို့ဆီကကားတွေကို တင်ပေးထားပါတယ်။ အကြမ်းဖျင်းအားဖြင့်ကတော့ ဂျပန်နိုင်ငံတစ်ဝန်းက လေလံဈေးကွက်တွေ အားလုံးကကားတွေကို ကားလေလံဝဘ် ဆိုဒ်တစ်ခုတည်းမှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ဒီလိုဝန်ဆောင်မှုပေးတဲ့ ဝက်ဘ်ဆိုဒ်က တစ်ခုတည်းရှိတာမဟုတ်ပါဘူး။ ကားအဟောင်းဈေးကွက်ပိုင်ရှင်များကို ကားလေလံ ဝက်ဘ်ဆိုဒ်ဝန်ဆောင်မှုက လက်တွဲလုပ်ပါတယ်။
ကားအဟောင်းကိုင်ထားတဲ့လူရဲ့လက်ထဲမှာ ဘာဖောက်သည်မှမရှိပါဘူး။ သူတို့က ဆိုင်ဖွင့်တဲ့အနေအထားပဲရှိပါတယ်။ တကယ် ရောင်းဖြစ် အောင်ကျတော့ ယင်းဝန်ဆောင်မှုဝက်ဘ်ဆိုဒ်တွေက လုပ်ပေးပါတယ်။ ဒီတော့ ဒီမှာလည်း ဒီကားစာရင်းတွေတင်၊ ဟိုမှာလည်း ဒီကားစာရင်း တွေတင်ဆိုတော့ တစ်နေရာမှာလေလံဆွဲတာနဲ့ နောက်တစ်နေရာနဲ့ ထပ်နေမလားလို့ ထင်မြင်စရာရှိပါတယ်။ အမှန်တော့အဲလို မဟုတ်ပါ ဘူး။ Main Server တစ်ခုက ကားလေလံစာရင်း အဝင်အထွက်အားလုံးကိုကိုင်ထားပြီး ကျန်တဲ့အခွဲလေးတွေက ယင်း Main Server ကို ချိတ်ထားတဲ့သဘောပဲ ဖြစ်ပါတယ်။ ဒီတော့ လေလံဆိုဒ်တစ်ခုက လေလံဆွဲလိုက်ပြီဆိုရင်လည်း အခြားဆိုဒ်က မြင်နိုင်၊ သိနိုင်ပါတယ်။
ဒီတော့ ကားလေလံဘယ်လိုဆွဲတယ်ဆိုတာကို သိရန်လိုအပ်လာပါတယ်။ အင်တာနက်မှာ ကားလေလံဆွဲတာကို ဂျပန်တို့ ဉာဏ်ကောင်း ကောင်းနဲ့ လုပ်ထားပါတယ်။ မောက်စ့်နဲ့ ကလစ်တစ်ချက်ခေါက်ရင် ငွေရောက်သွားတာမျိုးက မသေချာပါဘူး။ ဥပမာ- လက်ဆော့တတ်တဲ့ ကလေးတစ်ယောက်က မောက့်စ်ကိုင်တတ်ရင်ကို လေလံဆိုတာဆွဲလို့ရတော့ မလိုးလားအပ်တဲ့ပြဿနာတွေရှိလာနိုင်ပါတယ်။ ဒီတော့ ကားလေလံဆွဲဖို့ Joy Stick ကိုအသုံးပြုရပါတယ်။ Joy Stick ဆိုတာ ကားထဲမှာဆိုရင် ဂီယာထိုးတဲ့အတံလိုမျိုး ဖြစ်ပါတယ်။ အတံမှာ ခလုပ် ပါသေးတယ်။ ယင်းခလုပ်ကိုနှိပ်ပြီး အနောက်ကိုဆွဲရပါတယ်။ ဒီတော့ ယင်းကဲ့သို့ခလုပ်နှိပ်တံကို ဘယ်သူတွေကိုင်ရမလဲဆိုတာ သိဖို့လို အပ်လာပါတယ်။ ယင်းအတံတွေကို ကားလေလံဈေးကွက်မှာ ဝယ်ခွင့်တရားဝင်မှတ်ပုံတင်ထားရပါမယ်။ ပြီးတော့ ခလုပ်နှိပ်လိုက်ရင် မိမိ ဘဏ်က ငွေစာရင်းတွေ အလိုအလျောက်ဆီးကူးတဲ့အတွက် မိမိမှာ ဘဏ်ငွေစာရင်းရှိရပါအုံးမယ်။ ပြီးတော့ ယင်းဝဘ်ဆိုဒ်ကိုအသုံးပြုဖို့အတွက် အသုံးပြုခွင့် Member ဝင်ရပါအုံးမယ်။ အကြမ်းဖျင်းကတော့ ဒါပဲဖြစ်ပါတယ်။ သူက အဓိကထိန်းဖြစ်ပါတယ်။ နောက်မှ ဝယ်ယူလို သူတွေက Joy Stick ကိုင်ထားသူဆီကို နောက်တစ်ဆင့် ပြန်သွားရပါတယ်။
ဒီတော့ Joy Stick ကိုင်ထားသူကလည်း မောက့်စ်ကလစ်တစ် ချက်ခေါက်လိုက်ရင် ငွေဝင်မယ့်စနစ်ကို အသုံးပြုရပြန်ပါတယ်။ ဥပမာ - ကား ဝယ်ယူလိုသူက မောက့်စ်ကလစ်တစ်ချက်ခေါက်လိုက်ရင် သူ့ဘဏ်အကောင့်မှ ငွေက Joy stick ကိုင်ထားတဲ့သူရဲ့ ဘဏ်ငွေအကောင့်ဆီ စီးဆင်းသွားမှာ ဖြစ်ပါတယ်။ ဒီမှာ လက်လွန်ပြီး ခလုပ်နှိပ်မှားတယ်လို့ ပြောလို့မရပါဘူး။ မှားတယ် မဝယ်ဘူးဆိုရင်တောင် လျော်ကြေးငွေကို လေလံဆွဲအတံကိုင်ထားသူက ရရှိသွားမှာဖြစ်ပါတယ်။ ကားလေလံဈေးကွက်ကိုသာ မော့က်စ်ကလစ်တစ်ချက်ခေါက်လို့ ကားဝယ်ရတဲ့ စနစ်သာထားရင် အားလုံး ကမောက်ကမဖြစ်နိုင်တဲ့အတွက် ကြားမှာ Joy Stick ကိုင်သူ တစ်ဆင့်ခံထားပါတယ်။ ဒီတော့ အားသာချက်က လေလံမဆွဲဖြစ်ဘူးဆိုရင်တော့ အချိန်မှီ ပြန်အကြောင်းပြန်နိုင်လို့ ဖြစ်ပါတယ်။
ဒီတော့ မြန်မာပြည်မှာလည်း ကားလေလံဝန်ဆောင်မှု လုပ်ငန်းတွေ ရှိလာပါတယ်။ အချို့ကားလေလံဝန်ဆောင်မှုစင်တာတွေမှာဆိုရင် ယင်း လေလံဆွဲအတံ (Joy stick) ကိုခင်းကျင်းပြသထားပါတယ်။ ဒါဟာ ဟန်ရေးပြသဘောပဲရှိပါတယ်။ တကယ် အသုံးမဝင်ပါဘူး။ Joy Stick ကိုင်ထားဖို့ဆိုတာ ဂျပန်နိုင်ငံက တော်ရုံအေဂျင်စီတစ်ခုတောင် မလုပ်နိုင်ပါဘူး။ ဒီတော့ ကားဝယ်သူ စာဖတ်သူများအနေနဲ့ ဒါကိုသိ ထားစေချင်ပါတယ်။
ကားလေလံဆွဲဖို့အတွက် မြန်မာပြည်က ကားအရောင်းစင်တာများ၊ ဝန်ဆောင်မှုလုပ်ငန်းများက ကားလေလံ ဝဘ်ဆိုဒ်တွေဝင်ကြည့်ရပါတယ်။ ယင်းဝဘ်ဆိုဒ်တွေက ဒီတိုင်းဝင်ကြည့်လို့မရပါဘူး။ ရတယ်ဆိုရင်တော့ အပြည့်အဝမဟုတ်ပါဘူး။ ပိုက်ဆံပေး၊ အကောင့်ဖွင့်ထားမှာ ဝင် ကြည့်လို့ရတဲ့အနေအထားမှာ ရှိပါတယ်။ ဒီတော့ အကောင့်ကို ဂျပန်ဝဘ်ဆိုဒ်ကနေဝယ်ပြီး ဒီမှာတစ်ဆင့်ပြန်သုံးကြပါတယ်။ ပြီးတော့ လေ လံဆွဲပါတယ်။ ဒီတော့ မြန်မာပြည်ကနေလည်း လေလံဆွဲလို့ရတာပါလားလို့ ထင်စရာမရှိပါတယ်။ အမှန်တော့ မရပါဘူး။ ဘာလို့လည်းဆို လေလံဆွဲခွင့်က လက်ထဲမှာမရှိလို့ ဖြစ်ပါတယ်။ ဒီတော့ လေလံဆွဲဖို့အတွက် ဂျပန်လေလံဝက်ဘ်ဆိုဒ်တစ်ခုမှာ မန်ဘာဝင်ထားရမယ့်အပြင် ဂျပန်နိုင်ငံမှာလည်း တစ်ဆင့်လေလံဆွဲပေးမယ့်လူခံလည်း ရှိလို့လိုအပ်လာပြန်ပါတယ်။ ဒီတာ့ မြန်မာပြည်ကနေ လေလံဆွဲတယ်ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။
သို့ပေမယ့် ရှားရှားပါးပါး ပိုက်ဆံပေးကြည့်စရာမလိုပဲ အခမဲ့ဝင်ကြည့်လို့ရမယ့် ကားလေလံဝဘ်က်ဆိုဒ်တစ်ခုတော့ ယခုနှစ်အတွင်း ပေါ် ပေါက်လာပါတယ်။ ဒီတော့ ကားအရောင်းစင်တာတွေလို ပိုက်ဆံပေးနိုင်သူမှသာကြည့်လို့ရတဲ့အနေအထားမဟုတ်တော့ပဲ လူတိုင်း ဝင် ကြည့်လို့ရတဲ့ ကားလေလံဝက်ဘ်ဆိုဒ်တစ်ခု ဖြစ်လာပါတယ်။ ဝက်ဘ်ဆိုဒ်လိပ်စာကတော့ http://stg.colayonline.net/automobile/portal.html#auctionဖြစ် ပါတယ်။ တကယ် ရှားရှားပါးပါးပါပဲ။ ဂျပန်နိုင်ငံက သာမန်ကားလေလံဝဘ်ဆိုဒ်တစ်ခုလို အသုံးပြုလို့ရပါတယ်။ ဒီတော့ ဝက်ဘ်ဆိုဒ်တည်ထောင်သူလုပ်ငန်းရှင်ကို စာရေးသူ ဆက်သွယ်မေးမြန်းချက်အရ အောက်ပါအတိုင်းသိရပါတယ်။
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားဖြစ်ပြီး ဂျပန်လေလံဈေးကွက်တိုင်းကို ချိတ်ထားတဲ့ ကားလေလံဝက်ဘ်ဆိုဒ်တစ်ခုထောင်ဖို့ အရင်က တည်းက စိတ်ကူးထားတာဖြစ်ပါတယ်။ အခုတော့ တကယ်အကောင်အထည်ဖော်နိုင်ခဲ့ပြီး လူတိုင်း အခမဲ့ဝင်ကြည့်လို့တယ်လို့ ဆိုပါတယ်။ လေလံဆွဲခွင့်ကတော့ ဝက်ဘ်ဆိုဒ်မှကိုင်ထားပြီး လေလံဆွဲချင်ရင် လေလံဆွဲမယ့်ကား ကုဒ်နံပါတ်ကို မြန်မာပြည်ရုံးခွဲထံ ဖုန်းဆက်ပြောရုံပဲ ဖြစ်ပါတယ်။ ပြည့်ဖူးဝေဆာကုမ္မဏီမှလုပ်တာ ဖြစ်ပါတယ်။ သူ့ရဲ့  Facebook လိပ်စာကတော့ - https://www.facebook.com/ColayOnline.Automobile ဖြစ်ပါတယ်။
ဒီတော့ မြန်မာပြည်က လူတိုင်း ပိုက်ဆံပေးစရာမလိုပဲ မိမိနှစ်သက်ရာကာ ကို အင်တာနက်သုံးလို့ရတဲ့နေရာတိုင်းကနေ ဝင်ကြည့်လို့ ရပါ တယ်။ ကားလေလံဝန်ဆောင်မှုကုမ္မဏီများဆီ သွားဖို့မလိုအပ်တော့ပါဘူး။ ဒီလို ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီ ခပ်များများပေါ်ပေါက်လာရန် လိုအပ်ပါတယ်။ လက်ရှိမှာတော့ တစ်ခုတည်းဖြစ်နေပြီး အခြားဝန်ဆောင်မှုလုပ်ငန်းများက ဂျပန်လေလံဝဘ်ဆိုဒ်တွေမှာ အကောင့်ဝယ်ပြီး ဝင်ကြည့်ရတာ ဖြစ်ပါတယ်။ ဒါမျိုးများများပေါ်ပေါက်လာရင် ရရှိလာမယ့်အကျိုးကျေဇူးက သာမန် အခြားဥရောပနိုင်ငံသားများ၊ အခြား လေ လံဆွဲသူများနဲ့ တန်းတူအခွင့်အရေးရရှိခြင်းဖြစ်ပါတယ်။
ကားလေလံဆွဲပြီဆိုပါစို့။ ဂျပန်နိုင်ငံ လေလံဈေးကွက်မှာ နာရီတိုင်း ကားအစီးရေ ထောင်ချီမကဝင်နေပါတယ်။ လေလံဆွဲသူတွေကလည်း ကမ္ဘာတစ်လွှားကနေ စောင့်ကြည်နေပါတယ်။ ဒီတော့ Joy Stick က တော်တော်အလုပ်လုပ်ရတဲ့အနေအထားမှာ ရှိပါတယ်။ နာရီနဲ့ သတ် မှတ်ထားပါတယ်။ လက်ရှိအကြမ်းဖျင်းကတော့ ဂျပန်လေလံဈေးကွက်မှာ ညနေပိုင်းအချိန်တစ်ခုမှာ လေလံပွဲချိန်၊ စာရင်းပိတ်ချိန် သတ်မှတ် ထားပါတယ်။ နောက်အကျဆုံးကတော့ ည ၁၁ နာရီဖြစ်ပါတယ်။ ဒါက လေလံဝန်ဆောင်မှုကုမ္ပဏီတွေအပေါ် မူတည်ပါတယ်။ ကိုယ်ကြိုက် ရာကားရွေးပြီး ဈေးနှုန်း ကိုယ်နိုင်သလောက်ပေးထားရပါတယ်။ လေလံဖွင့်ချိန်မှာတော့ ကွန်ပျူတာ Server ကငွေအများဆုံးပေး သူကိုကြည့် ပြီး အလိုအလျောက် ရွေးချယ်သွားပါတယ်။ ဒီမှာ လာဘ်ထိုးတယ်။ လာဘ်စားတယ်လည်း မရှိပါဘူး။ ကွန်ပျူတာစနစ်နဲ့ အလုပ်လုပ်သွား တာဖြစ်ပါတယ်။ ယန်းငွေကို အသုံးပြုပါတယ်။ ၁ ယန်းလောက်ပိုပေးရင်လည်း ပေးသူကရပါတယ်။ ဒါကြောင့် လေလံဈေးကွက်က အနိမ့်ဆုံး သတ်မှတ်ထားတဲ့ တန်ဖိုးတဲ့ပိုပေးပြီး လေလံဆွဲကြရပါတယ်။
လေလံဆွဲလို့ မြန်မာပြည်ကဝယ်သူဟာ ကားတစ်စီးရသွားပြီဆိုပါစို့။ ဂျပန်ကနေ မြန်မာပြည်ရောက်အောင်ပို့ဖို့ ခေါင်းစားရပြန်ပါတယ်။ ဒီ တော့ ကားလေလံဈေးက ကိုယ့်ကားကို မြန်မာပြည်ရောက်အောင် ဂျပန်ဆိပ်ကမ်း အရင်ပို့ပါတယ်။ ပြီးတော့ မြန်မာဆိပ်ကမ်းကို ရောက် အောင် သင်္ဘောနဲ့တင်ပါတယ်။ ဂျပန်နိုင်ငံ၊ ပြည်နယ်အသီးသီးမှာ ဆိပ်ကမ်းအသီးသီးရှိပါတယ်။ နီးစပ်ရာဆိပ်ကမ်းက အမြန်ဆုံးထွက်တဲ့ သင်္ဘောနဲ့တင်ရပါတယ်။ အနည်းဆုံး တစ်လနဲ့ ၁၅ ရက်တော့ကြာပါတယ်။ ဒီတော့ ယင်းကြာချိန်နဲ့ လေလံဆွဲတဲ့ ခေါင်းစားစရာကို တာဝန် ယူပေးမယ့် ကားအရောင်းစင်တာတွေ ပေါ်ပေါက်လာပါတယ်။ ကားအရောင်းစင်တာမှာက လေလံဆွဲပြီးသားတွေ ခင်းကျင်းပြသ ထားပါ တယ်။ ကိုယ်ကြိုက်ရာ ရွေးဝယ်ရုံပဲဖြစ်ပါတယ်။ သို့ပေမယ့် သူ့ခေါင်းအစားခံထားရတဲ့အဖိုးအခကို ကားထဲမှာထည့်တွက်လိုက်ပါတယ်။
ကားလေလံဝန်ဆောင်မှုလုပ်ငန်းကျတော့ ဝယ်သူနဲ့မျှတူ ခေါင်းအစားခံပေးတဲ့အတွက် အရောင်းစင်တာမှာ ဝယ်တာနဲ့စာရင်တော့ ဈေးအ များကြီး သက်သာပါတယ်။ တစ်လကျော်စောင့်ရ တာဖြစ်တဲ့အတွက်လည်း ငွေပိုမယူပါဘူး။ စင်တာမှာဝယ်တာထက်စာရင် အနည်းဆုံးတော့ ၁၀ ဂဏန်း သက်သာပါတယ်။ ဒီတော့ ဝယ်သူအနေနဲ့ ဝန်ဆောင်မှုတွေမှာ ကိုယ်တိုင်လေလံဆွဲဝယ်မလား၊ အရောင်းစင်တာမှာပဲ ဝယ်မလား၊ ကားပွဲစားတန်းမှာပဲဝယ်မလား သုံးမျိုးကွဲသွားပါတယ်။ ကားပွဲစားတန်းလည်း ယနေ့တိုင်ရှိနေပါသေးတယ်။ ယခင်ကလောက် မစည်ကား တော့ပေမယ့် သူ့နေရာနဲ့သူတော့ အရောင်းထွက်နေဆဲ ဖြစ်ပါတယ်။
ဂျပန်ကဝယ်ကားကို သင်္ဘောနဲ့ပို့တာတောင် ရွေးချယ်စရာနှစ်မျိုးရှိလာပြန်ပါတယ်။ ကားသင်္ဘောနဲ့ ကွန်တိမ်နာဖြစ်ပါတယ်။ ကားသင်္ဘော ပဲအသုံးများပါတယ်။ မြန်လို့ဖြစ်ပါတယ်။ ပြီးတော့ ဈေးလည်းသက်သာလို့ဖြစ်ပါတယ်။ ကွန်တိန်နာကတော့ ဈေးအနည်းငယ်မြင့်မားတာ တစ်ခုတော့ တွေးစရာရှိပါတယ်။ ကားအကောင်း၊ ဈေးကြီးကြီးဝယ်တာဆိုရင်တော့ ကွန်တိန်နာနဲ့တင်တာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါမှ ခရီးတစ်လျှောက် လုံခြုံစိတ်ချရပါတယ်။ ရာသီဥတုကြောင့် ပျက်ဆီးမှုနည်းပါတယ်။
ဒါက ဂျပန်ကားလေလံဈေးကွက်ကို သာမန်လူတစ်ယောက်က သိရှိနားလည်ရန်ဖြစ်ပါတယ်။ ကားလေလံဝဘ်ဆိုဒ်ကို ဝင်ကြည့်မယ် ကိုယ် ကြိုက်ရာကားရွေးမယ်။ ယင်းကားကိုဝယ်ဖို့ ကြားခံဝန်ဆောင်မှုလုပ်ငန်း၊ ကားလေလံဝက်ဘ်ဆိုဒ်ကုမ္မဏီကို အကြောင်းကြားမယ်၊ ငွေ ထုတ်ပေးမယ်။ ဒါဆိုရင် အားလုံးပြီးသွားပါပြီ။ အားလုံးပြီးပြီရယ်လို့တော့ မဟုတ်ပါဘူး။ မြန်မာပြည်ရောက်လာရင် စာရွက်စာတမ်းကိစ္စတွေ လုပ်ရပါသေးတယ်။ ဒီအဆင့်တွေကိုတော့ နောက်မှပဲဖော်ပြပြီး ဂျပန်က ကားလေလံဆွဲပုံကို ဒီလောက်နဲ့နိဂုံးချုပ်လိုက်ရပါတယ်။
မူရင်း - TechSpace နည်းပညာဂျာနယ်
http://www.facebook.com/photo.php?fbid=344415308983437&set=a.244639595627676.56112.244608038964165&type=1
"မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မှာ မြန်မာ ပျက်ကွက် နေဆဲ ဟု အမေရိကန်ကြေညာ"
မန်မာ၊ဘိုလီဗီးယား၊ဗင်နီဇွဲလား (၃)နိုင်ငံ
သည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး
အတွက်ပျက်ကွက်သော နိုင်ငံများအဖြစ်
 အမေရိကန်အစိုးရက  နာမည်ပျက်
စာရင်းတွင် သောကြာနေက
ထည့်သွင်းလိုက်သည်။
မြန်မာနိုင်ငံသည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို တိုးတက်အောင်ဆောင်
ရွက်နေမှုကြောင့် အမေရိကန်အစိုးရမှ ပိတ်ဆို့တားဆီးထားသော အရာများ
ကိုလျော့ပေါ့ပေးပြီး ၂နိုင်ဆက်ဆံရေးလည်းတိုးတက်လာခဲ့သည်။
အမေရိကန်အစိုးရမှ ၂၀၀၂ခုနှစ်ကတည်းက မြန်မာနိုင်ငံအားကမ္ဘာ့
မူးယစ်ဆေးဝါးဒုတိယအကြီးဆုံးထုတ်လုပ်သောနိုင်ငံအဖြစ်
 နာမည်ပျက်စာရင်းမှတမ်းတင်ခဲ့သည်။
 မြန်အစိုးရအနေနဲ့ ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးများကို ၃ကြိမ်ထက်မနည်း ယမန်နှစ်ကဖျက်ဆီးခဲ့သောကြောင့် အမေရိကန်အစိုးရမှအကူအညီပေးရန်
 နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်ကအမေရိကန်မူးယစ်ဆေးဝါးပေါ်လစီ
သဘောထားထုတ်ပြန်ခဲ့သေးသည်။
မြန်မာ သည် ကမ္ဘာ့ မူးယစ်ဆေးဝါး ထုတ်လုပ် သော နိုင်ငံ များ တွင် ဒုတိယ အကြီးဆုံး
 ဖြစ် ပြီး ၂၀၀၂ ခုနှစ် ကတည်း က မူးယစ်ဆေး ၀ါး နှင့် ပတ် သက် ပြီး နာမည်
ပျက် စာရင်း သွင်းခံ ထား ရသည်။
မြန်မာ နိုင်ငံ တွင် စစ်သား တစ်ပိုင်း အရပ် သား အစိုးရ ပြောင်းလဲ အုပ် ချုပ်လာ
ပြီး နောက် မူးယစ်ဆေးဝါးတိုက် ဖျက် ရေး အတွက် ကုလ သမဂ္ဂ ၊ အမေရိကန်
 နှင့် အခြား နိုင်ငံ တကာ အဖွဲ့  အစည်း များ နှင့် ပူးပေါင်းလုပ်ဆောင်
များရှိလာ ခဲ့ သည်။
မူးယစ်ဆေးဝါး မှ ရရှိ သည့် ငွေ များ ကို ယခင် မြန်မာ စစ်အစိုးရသည် စစ်လက်နက်
ဝယ်ယူရေး တွင်အသုံးပြုခဲ့ ကြသည်။
Freedom News Group
ရွှေမြန်မာ
Samsung Galaxy S I9070 Advance 2.3.6 ကို Root ကြမယ်
ခုပြောမဲ့နည်းလမ်းလေး က samsung galaxy S advance 2.3.6 (GT-I9070) ကို root လုပ်မဲ့နည်းလမ်းလေးပါ။
၁။  GT-I9070-root.rar ဆိုတဲ့ဖိုင်လေးကို ဒေါင်းပြီးကွန်ပျူတာပေါ်မှာ ဖြည်ထားပါ။
၂။  Odin3 v1.83.exe ဆိုတဲ့ ဖိုင်လေးကို run လိုက်ပါ ဒေါင်းလော့ချထားတဲ့ဖိုင်ထဲမှာ ပါပါတယ်။
၃။  ဖုန်းရဲ့ setting ထဲက Aplications -> Development and check USB Debugging and Allow mock locations. နှစ်ခုလုံးကို အမှတ်ခြစ်ပေးရမှာပါ။
၎။  ဖုန်းကို ပါဝါပိတ်လိုက်ပါ စိတ်မချရင် ဘက်ထရီဖြုတ်ပြီးပြီးပြန်တတ်ပါ။ Download mode
ကိုဝင်ပါ့မယ်။ဝင်ရမဲ့ ခလုပ်တွေကတော့ Volume Down + Home button + Power button ဖြစ်ပါတယ် ဖိထားပါ ခဏကြာရင် Download mode ပေါ်လာမှာပါ ပြီးရင် volume up တစ်ချက်နှိပ်ပြီးထားပါ။ပြီးလျှင် ကွန်ပျူတာနဲ့ဖုန်းကို usb cable နှိပ်ချိတ်လိုက်ပါ။
၅။  odin မှာ add ဆိုပြီး အ၀ါရောင်လေးပြောင်းသွားရင်ဖုန်းကိုသိပါပြီး။တကယ်လို့ မပေါ်ဘူးဆိုရင်တော့ samsung usb driver နှင့် samsung kies ကို install ပြန်လုပ်ပါ။
၆။  odin ထဲက pit ဆိုတဲ့ ခလုပ်လေးကို နှိပ်ပြီး ဖြည်ထားတဲ့ဖိုင်ထဲက    GT-I9070_EUR_XX_8G_20111220_KL6.pit      ဆိုတာလေးကို ထည့်လိုက်ပါ။
၇။  PDA ဆိုတဲ့ နေရာမှာတော့ rootkernel.tar.md5 လေးကိုထည့်ထားပါ။
၈။  ဒီအဆင့်က အရေးကြီးပါတယ်။ အမှတ်တွေကို သေချာအောင် စစ်ဆေးပါ။ Re-Partition, Flash Lock, Phone EFS Clear, Phone Bootloader Update! ဆိုတဲ့နေရာက အမှတ်တွေကို ဖြုတ်ထားရပါ့မယ်။
    Auto Reboot နှင့် F.Reset ဆိုတဲ့ အမှတ်နှစ်ခုတည်းကိုပဲ အမှတ်ခြစ်ရမှာပါ။
၉။  ပြင်ဆင်လို့ အားလုံး သေချာတယ် ပြီးသွားတယ် ဆိုရင်တော့ odin က Start ခလုပ်ကလေးကို နှိပ်လိုက်ပါ။ ဖုန်းက ခဏကြာရင် pass ဆိုပြီးတော့ reboot ကျသွားမှာပါ။
၁၀။  အမှတ်စဉ်(၄)ကနေ အမှတ်စဉ် (၉) ထိုပြန်ပြီးနောက်တစ်ကြိမ်လုပ်ရမှာပါ အဲဒီနေရာမှာ အမှတ်စဉ် (၇) မှတ်ထည့်ထားတဲ့ PDA ဆိုတဲ့နေရာ က rootkernel.tar.md5 ကို xxld1.tar.md5 ဆိုတဲ့ဖိုင်နဲ့ လဲပြီးလုပ်ရမှာဖြစ်ပါတယ်။ ဒီနေရာ မိမိဖုန်းရဲ့ setting ထဲက pda (or) build number ကိုကြည့်ပါ။ PDA ကိုကြည့်ရန်အတွက်ကတော့ ဖုန်းရဲ့ ဖုန်းခေါ်မဲ့ နေရမှာ *#1234# ဆိုတာလေးကို နှိပ်ပြီးကြည့်ပါ။ မိမိဖုန်းနဲ့သက်ဆိုင်တဲ့ xxxxx.tar.md5 ကိုဒေါင်းပြီးထည့်ရမှာပါ။ xxld1.tar.md5 ကိုတော့ နမူနာလုပ်ပြတဲ့ဖိုင်လေးပါ။ ထည့်ပြီးသွား ရင်တော့ ပထမ တစ်ခေါက်တုန်းက လုပ်သလိုပဲ start ဆိုတာလေး ကိုသာ ရဲရဲ နှိပ်လိုက်ပါ။ Root ဖုန်းဖြစ်သွားပါပြီ။
၁၁။ ပြီးလျှင် superuser.apk (or) supersu.apk ကိုဖုန်းထဲထည့် install လုပ်လိုက်ပါ။ ဒီလောက်ဆိုရင်တော့ သူငယ်ချင်းအားလုံးအဆင်ပြေကြမယ်ထင်ပါတယ်။ အားလုံးပဲ အဆင်ပြေပါစေနော်။
Mdiafire
Download ယူနည်းများ
 ဒီ Post လေးက သူငယ်ချင်းတို့အတွက် အဆင်ပြေတယ်ဆိုရင် FB Like လုပ်ပေးကြပါခင်ဗျာ... 
Like လုပ်ပေးခြင်းဖြင့် မိမိရဲ့ FB ပေါ်မှာ Post လေးရောက်သွားမှာပါ....
 ကျေးဇူးတင်ပါတယ်....
Windows 7 မှ Hidden Features လေးတစ်ချို့ 
ကျွန်တော်တို့ ဟာ windows 7  ကို အိမ်သုံး၊လုပ်ငန်းသုံးအနေနဲ့ အသုံးပြုကြပါတယ်။ windows နဲ့ ကျွန်တော်ကတော့ IT နယ်ပယ်ထဲကိုဝင်လာတဲ့အတွက်အခြားသော OS ( Linux, Android)
တွေထက်စာရင် Windows ကိုပိုကြိုက်ပါတယ်။ကျွန်တော်ကျင်လည်ခဲ့တဲ့ လုပ်ငန်းခွင်နယ်ပယ်
ထဲမှာလည်း Linux တွေထက်ကို windows တွေကပိုများတဲ့အတွက် Windows ပိုင်းကိုပိုပြီး
အကျွမ်းတ၀င်ရှိတာပါ။  
ပြီးတော့ကျွန်တော်တို့ လုပ်ငန်းခွင်မှာလည်း windows based platform ဖြစ်တဲ့အတွက် windows
ကိုအသုံးပြုဖြစ်နေတာပါ။ " တစ်ချို့ သော ဗဟုသုတတွေက သိထားတာအကျိုးရှိပါတယ်။ဒါပေမဲ့
လက်တွေ့ အသုံးချနိုင်ဖို့ ပိုအရေးကြီးပါတယ်။ " ဆိုတဲ့ စကားလေးလိုပေါ့ဗျာ။ ကျွန်တော်တို့ ကိုင်တွယ်
တဲ့ Network တွေဟာ user friendly ဆိုရင် ပိုပြီးအဆင်မပြေဘူးလားဗျာ။ ခက်ရာခက်ဆစ်တွေလုပ်
ပြီး user friendly မဖြစ်ဘူးဆိုရင်လည်း ဒီလူမရှိလို့ အလုပ်မတွင်ဘူး။အလုပ်ပျက်တယ်ဆိုတာမျိုးလည်း
ဖြစ်လို့ မရဘူးလေ။ ပြီးတော့ဒီနေ့ ခေတ်လူတော်တော်များများဟာ Mac တို့ linux တို့ ထက်ကို windows
နဲ့ computer ကိုသိလာတာပါ။ ကျွန်တော်တို့ ခေတ်တုန်းက windows 98 နဲ့ သင်လာရတာပါ။ ဒါပေမဲ့
လည်းအချိန်ပေးလေ့လာနိုင်ရင်တော့ Mac တို့ Linux တို့ လည်းသူ့ နည်းနဲ့ သူအကျိုးရှိမှာပါ။ ကျွန်တော်
က windows သမားဖြစ်တဲ့အတွက်အဲဒါတွေနဲ့ ပတ်သက်လို့ တော့မရေးလိုတော့ပါဘူး။
ထားပါတော့....ကျွန်တော်ပြောတာတွေလည်းရှည်နေပါပြီ။ကိုယ့်အထွာနဲ့ ကိုယ်ပေါ့နော်။စာဖတ်သူတို့ 
အတွက်ကို ကျွန်တော်သိထားတတ်ထားတာလေးတွေကိုအကျိုးရှိရှိမျှဝေချင်တာနဲ့ ပဲကျွန်တော့် blog
လေးကိုဆက်ရေးဖြစ်နေတာပါ။ အခြား OS တွေ အသုံးပြုနေတဲ့သူ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ
နစ်နာစေလိုတာမျိုးပြောတာမဟုတ်ပါဘူးဆိုတာကိုလည်းနားလည်ခွင့်လွှတ်စေလိုပါတယ်ခင်ဗျား။
ကျွန်တော်အတွေ့ အကြုံနဲ့ ကျွန်တော်ယှဉ်ပြီးပြောတာကိုနားလည်ပေးစေလိုပါတယ်ဗျာ။
ကဲ...နည်းနည်းများသွားပြီ။ windows 7 အကြောင်းတွေကိုတော့ထပ်မပြောတော့ပါဘူး။အားလုံးလည်း
(၁)Recycle Bin ထဲမပို့ ပဲတစ်ခါတည်းဖျက်ချင်ရင်  
ကျွန်တော်တို့ တွေဟာတစ်ချို့ file တွေကိုဖျက်ရင် recycle bin ထဲရောက်ရောက်သွားတတ်တာကို သတိ
ပြုမိကြမှာပါ။ နောက်ပြီးစက်ထဲမှာလုံးဝမလိုချင်တော့ဘူးဆိုရင်တော့ Shift + Del နဲ့ ဖျက်ကြလေ့ရှိပါတယ်။
ဒီတော့ကျွန်တော်တို့ ဟာ recycle bin ထဲကိုလည်းမရောက်ပဲ Del နှိပ်ပြီးဖျက်ချင်တယ်ဆိုရင် တော့ Recycle Bin ကို right click နှိပ်ပြီး properties ရွေးပါ။ဒါဆိုဒီလိုပုံလေးကျလာပါလိမ့်မယ်။
အဲဒီပုံလေးထဲမှာ အပေါ်ဆုံးက Recycle Bin Location ဆိုတာလေးကို C:(သို့ ) ကိုယ်ကြိုက်တဲ့ partition
ကိုပေးနိုင်ပါတယ်။ အဲဒါရွေးပြီးရင် Don't move files to the Recycle Bin. ဆိုတဲ့ radio button လေးကို
on ပေးပါ။ တကယ်ဖျက်မဖျက် confirm dialog box လေးကျစေချင်ရင်တော့ အောက်က check box
လေးကို on ပေးပါ။ ပြီးတော့ Apply OK ပေါ့။ ဒါဆိုရင် Recycle Bin ထဲမရောက်ပဲတန်းဖျက်နိုင်
ပါလိမ့်မယ်။
(၂)Multiple File Renaming 
File အများကြီးကို 1,2,3 တပ်ပြီး တစ်ပြိုင်နက်တည်း rename လုပ်ချင်ပါသလား ?  ဒါဆိုရင် ပြောင်းချင်တဲ့
file တွေကို select မှတ် ပြီးရင် Function Key F2 နှိပ်ထား။ပထမဆုံး file ကို rename လုပ်ပြီး Enter နှိပ်လိုက်ပါ။ ဒါဆိုရင် file တွေဟာ မူလ ပြောင်းလိုက်တဲ့ file အမည်နဲ့ နောက်မှာ 1,2,3 ပြောင်းပြီး
သိမ်းသွားတာကိုတွေ့ ရပါလိမ့်မယ်။
ဥပမာ....
အဲဒီ နာမည်နဲ့ file တွေကို ဒီလို
အဲဒီမှာ ကျွန်တော်က မူလဖိုင် name foo1,2,3 ကနေ ပထမဆုံး file ကို not foo(1) ဆိုပြီးပြောင်းလိုက်တာနဲ့ file အားလုံးဟာ not foo (1),(2),(3),....ဆိုပြီးပြောင်းသွားတာကိုတွေ့ ရပါလိမ့်
မယ်။
(၃)No GUI Boot 
တကယ်လို့ ကိုယ့်စက်က windows တက်တာကြာရင် Splash Screen Boot တက်တာကိုဖယ်ထားလို့ ရှိ
ရင်စက် Boot တက်တာမြန်ပါတယ်။ ဒီလိုလုပ်ချင်ရင်တော့ windows key + run ပြီးရင် Msconfig ဆိုပြီး
ရိုက်လိုက်ပါ။အဲဒါဆိုရင် အောက်ပါပုံလေးကျလာမယ်....
အဲဒီမှာကျွန်တော်တို့ က No GUI Boot ဆိုပြီးရွေးပေးလိုက်မယ်။ပြီးရင် Apply နှိပ်ပြီး OK ဒါဆိုရင်ပြီး
သွားပါပြီ။ ကျွန်တော်တို့ GUI မပါပဲ မြန်မြန်စက်တက်ပါလိမ့်မယ်။
(၄) Problem Step Recorder 
တစ်ခါတစ်လေကိုယ့်စက်ကဘယ်လိုဖြစ်လို့ ဖြစ်မှန်းမသိအောင် ပြောပြဖို့ ခက်တက်ပါတယ်။ Microsoft က
ဒီလိုဖြစ်ရပ်မျိုးတွေအတွက် သူတို့ ဆီကို problem ဖြစ်တဲ့ step တိုင်း ( keyboard နှိပ်တာ။ program error ဖြစ်တာ...စက်နဲ့ ပတ်သက်ပြီးတစ်ခုခုဖြစ်တာ....) ကို မှတ်နိုင်တဲ့ recorder လေးတစ်ခုထည့်ပေး
ထားပါတယ်။ အဲဒါလေးနဲ့ ဖြစ်တဲ့ error ကို record လုပ်ထားနိုင်ပါတယ်။
အဲဒါကိုလုပ်ဖို့ Windows Key + R နှိပ်လိုက်ပါ။ Run box ကျလာရင် psr ဆိုပြီးရိုက်လိုက်ပါ။
(၁)
ပြီးရင် ညာဘက်နားက down arrow လေးကိုနှိပ်လိုက်ပါ။ 
(၂)
ဒီလိုပုံလေးကျလာရင် setting နှိပ်လိုက်ပါ။ပြီးရင်တော့ဒီလိုပုံလေးကျလာပါမယ်.
(၃)
အဲဒါဆိုရင် သူက setting box ကျလာရင်ညာဘက်က browse နှိပ်လိုက်ရင်ဘယ်နေရာမှာသိမ်းလဲ...save as box ကျလာပါမယ်။အဲဒီမှာကိုယ်ပေးချင်တဲ့နာမည်ပေးပါ။ file ကို zip အနေနဲ့ ကိုယ်သတ်မှတ်ထားတဲ့
နေရာမှာသိမ်းနိုင်ပါပြီ။ ပြီးရင် save နှိပ်...Ok နှိပ်ပြီးပိတ်လိုက်ပါ။ဒါဆိုရင် ပုံ(၁) ကအတိုင်းဖြစ်သွားရင်
start record လုပ်ကြည့်လိုက်ပါ။ ပြီးတော့ ကိုယ့် error တက်တဲ့ program တစ်ခုခုကိုဖွင့်ကြည့်ပြီးတစ်ခုခု
လုပ်ကြည့်လိုက်ပါ။ နောက်ဆုံး ရပြီဆိုရင် stop record လုပ်ပြီးကိုယ်သိမ်းထားတဲ့နေရာမှာသွားဖွင့်ကြည့်ပါ။
zip ကို ဖြည်လိုက်ရင် *.mht file နဲ့ ရပါလိမ့်မယ်။ IE (သို့ )Firefox နဲ့ ဖွင့်ကြည့်နိုင်သလို Microsoft နဲ့ 
IT ပညာရှင်တွေကိုလည်း mail ပို့ ပြီးစစ်ဆေးနိုင်စေပါတယ်။
(၅)Calibrate your screen
တကယ်လို့ ပုံတွေကိုကြည့်ရတာ graphic display setting တွေကပုံမှန်အလုပ်လုပ်တယ်..ဒါပေမဲ့ ပုံတွေ
မြင်ကွင်းတွေမြင်ရတာစိတ်တိုင်းမကျဘူး။ကိုယ်တိုင်ထပ်လုပ်ချင်သေးရင် Windows + R ကနေ run box
ကိုယ့်စိတ်ကြိုက်ပြုပြင်နိုင်ပါလိမ့်မယ်။
(၆) Set the Time Zone
 run ကနေအချိန်လှမ်းပြင်ချင်တယ်ဆိုရင် ....Windows + R = Run ကနေ
tzutil /s "gmt standard time" ဆိုပြီးရိုက်လိုက်ရင် Greenwhich Mean Time ဖြစ်သွားပါလိမ့်မယ်။
တကယ်ကတော့ကျွန်တော်တို့ က time zone utility (tzutil) ကိုအသုံးပြုလိုက်တာပဲဖြစ်ပါတယ်။ အဲဒီမှာ
parameter တွေနဲ့ သိချင်တာတွေကိုထပ်ရိုက်လို့ ရပါသေးတယ်။ tzutil /l (တို့ ) tzutil /? တို့ ရိုက်လိုက်
ရင် သုံးနိုင်တဲ့ features တွေသိပါလိမ့်မယ်။
(၇) Power Usage ( for Laptops)
cmd ( Administrator Right နဲ့ ဝင်ရမယ်နော်) ပြီးရင် cmd ထဲမှာ powercfg -energy ဆိုပြီးရိုက်ပြီး
enter ခေါက်လိုက်ပါ။ ဒါဆို၇င် windows 7 က battery usage နဲ့ ပတ်သက်ပြီးစစ်ပေးပါလိမ့်မယ်။
တစ်မိနစ်နီးပါးလောက်ကြာပါလိမ့်မယ်။ ပြီးသွားရင်ဘယ်နေရာမှ result file သိမ်းထားတယ်ဆိုတာပြ
ပေးပါလိမ့်မယ်။ *.html file နဲ့ result ထုတ်ပေးပါလိမ့်မယ်။
ကဲ...ခုတစ်ခေါက်တော့ဒီလောက်ပါပဲဗျာ။ကိုယ်တိုင်လည်းစမ်းကြည့်နိုင်ပါတယ်။ခုရေးသားထားတာကအနည်း
ငယ်မျှသာရှိပါသေးတယ်။ windows 7 tips တွေကအများကြီးပါ။နောင်အလျဉ်းသင့်ရင်လည်းထပ်ရေးပါဦး
မယ်။အားလုံးပဲစမ်းသပ်ပြီးအဆင်ပြေကြပါစေ။  IT ဗဟုသုတတွေလည်းတိုးတက်ပါစေဗျာ။
အားလုံး ဗဟုသုတ ရစေဖို့  Knowleges 4 EveryOne မှ ပြန်လည်မျှဝေပေးလိုက်တာပါ..။
အားလုံး IT ဗဟုသုတတွေလည်းတိုးတက်ပါစေ...
Root Name နဲ့ Version လေးတွေ
aung khunt zaw: အစ်ကိုရေ ကျနော် တောင်းစရာတစ်ခုရှိလို့ပါ Android Version အလိုက် Root လုပ်လို့ရမဲ့ List လေးလိုချင်ပါတယ် Root Name နဲ့ Version လေးတွေနဲ့ပေါ့နော် အစ်ကို အဆင်ပြေမယ်ဆိုရင် ညီတောင်းဆိုပါတယ်..။
ဒါလေးထင်ပါတယ်...  အဆင်ပြေပါစေ...။
Z4 Root
Universal Androot
Super One Click
GingerBreak
Unlock Root Tool
Huawei C8500
Google Nexus One (2.2)
Lenovo A1 Tablet
Android 2.3.6 Devices
Android 2.1, 2.2, 2.3 (2.3.4,2.3.5, 2.3.7) Devices
Huawei C8500s
Google G1 (1.6)
Acer Liquid Metal
S2 Root
Huawei C8600
HTC Hero (2.1)
Dell Streak
Galaxy S II I9100
Huawei C8650
HTC Magic (1.5)
HTC Magic (Sapphire) 32B
Sony Ericsson Xperia X10
myTouch 3G 3.5 mm/LE (1.6)
HTC Bee
Sony Ericsson Xperia X10 Mini
HTC Tattoo (1.6)
LG Ally
Samsung Acclaim
Dell Streak (2.1)
Motorola Atrix4G
Samsung Galaxy Tab
Motorola Milestone (2.1)
Motorola Cham
Samsung Galaxy Pro
Motorola XT701
Motorola Cliq
Samsung Galaxy i5700
Motorola XT800 (2.1)
Motorola Droid
Samsung Galaxy 3 i5800
Motorola ME511
Motorola Droid
Samsung Galaxy S i9000
Motorola Charm
Motorola Flipside
Motorola Back flip
Motorola Droid (2.01/2.1/2.2 with FRG01B)
Motorola Flipout
Motorola Cliq
Sony Ericsson X10 (1.6)
Motorola Milestone
Motorola Droid
Sony Ericsson X10 Mini (1.6)
Nexus One
Motorola Droid X
Sony Ericsson X10 Mini Pro (1.6)
Samsung Captivate
Motorola Droid 2
Acer Liquid (2.1)
Samsung Galaxy 551 (GT-I5510)
Motorola Milestone
Acer Liquid (2.1)
Samsung Galaxy Portal/Spica I5700
Motorola Milestone 2
Acer beTouch E400 (2.1)
Samsung Galaxy S 4G
Motorola Defy
Samsung Galaxy Beam
Samsung Galaxy S I9000
LG Optimus One
Samsung Galaxy 5 (GT-i5500)
Samsung Galaxy S SCH-I500
LG Optimus 2x
Vibo A688 (1.6)
Samsung Galaxy Tab
LG Optimus T
Lenovo Lephone (1.6)
Samsung Transform M920
LG Ally
LG Ally (2.1)
Samsung Vibrant
HTC Hero
LG GT540 (1.6)
Sony Ericsson Xperia E51i X8
Cricket Huawei Ascen
Gigabyte GSmart G1305
Sony Ericsson Xperia X10
Huawei 8120
Sprint Hero
Garmin Asus A50
Telus Fascinate
Wellcom A-86
Toshiba Follo 100