Sunday, September 16, 2012

စည်းကမ်းကြီးတဲ့ ကုန်သည်ကြီး (ပုံပြင်)

တခါတုန်းက အရမ်းအလုပ်လုပ်ပြီ ချမ်းသာတဲ့ ကုန်သည်ကြီးတစ်ယောက် ရှိပါတယ် သူဟာအလုပ် လုပ်ဖို့ဘဲ သိပြီး ဘာတစ်ခုမှ ကို ဦးစားမပေးခဲ့ဘူးပေါ့........တနေ့တော့ သူ့ရဲ့ မိဘတွေက စဉ်းစားပါတယ် သူတို့သား ဟာ အိမ်ထောင်ပြုချိန်တောင် လွန်နေပြီပေါ့ သူ့ကို အိမ်ထောင်ချပေးဖို့တော့ လိုပြီပေါ့ ဒီလိုနဲ့ ဟိုဘက် ရွာက တောသူသူလေးနဲ့ပေးစားဖို့ လုပ်လိုက်တာပေါ့ အဲဒီမိန်းကလေးဟာ ရိုးသားပြီ ရုပ်ရည် ကလည်းချောမောတာကြောင့် သကုန်သည်ကြီးဟာ လက်ခံလိုက်တာပေါ့ ဒါနဲ့ဘဲ သူတို့ကို မင်္ဂလာ ကြီးကြီးကျယ်ကျယ်ဆောင်ပြီးပေးစားလိုက်တာပေါ့ သူဌေးကြီး အရမ်းကို စည်းကမ်းကြီးတဲ့ သူဖြစ်တာကြောင့် အမြဲ သူဇနီး ကို စည်းကမ်းနဲ့ ပတ်သက်တာတွေ အမြဲပြောတာပေါ့ စည်းကမ်းနဲ့နေဖို့ စည်ကမ်းနဲ့စားဖို့ စည်းကမ်းနဲ့အိပ်ဖို့ စည်းကမ်းနဲ့သွားလာဖို့ စတာတွေကို အမြဲမြဲလိုလိုပြောတာပေါ့ သူ့ရဲ့ ဇနီးကလည်း သူ့ထက်လည်း ငယ်ပြီး ရိုးတာကြောင့် ဘာမှပြန်မပြောဘဲ အမြဲခေါင်းညိပ် ပြီးနားထောင်လေ့ရှိတယ်.....................
တနေ့မှာတော့ ကုန်သည်ကြီးဟာ အရေးတစ်ကြီး ခရီးထွက်ဖို့ ရှိလာတယ် မသွားလို့လည်းမဖြစ် ဇနီး ဖြစ်သူကိုလည်းစိတ်မချနိုင်ဖြစ်နေပါတယ်..........ဒီလိုနဲ့ သူ့ရဲ့ဇနီးကို အမှာတော်တွေကို သွားခါနီးမှာ မှာတော့တာပေါ့........
ကုန်သည်ကြီး-"ညီမရေ အကိုမသွားမဖြစ်တဲ့ ခရီးထွက်ရမယ် သိမ့်တော့မကြာပါဘူး အလုပ်ကိစ္စတွေပြီးတာနဲ့ ချက်ချင်းပြန်လာ
ခဲ့ပါ့မယ် အကို မရှိတုန်း စည်းကမ်းနဲ့နေ၊စည်းကမ်းနဲ့စား၊စည်းကမ်းနဲ့အိပ်၊စည်းကမ်းနဲ့သွား နော် လူဆိုတာ
စည်းကမ်းရှိမှာကောင်းတာ အကိုမှာတာတွေ မမေ့နဲ့နော်"
ဇနီး -"ဟုတ်ကဲ့ပါရှင့် အကိုမှာတဲ့ အတိုင်းနေပါ့မယ်""စိတ်ချလက်ချသွားနော် ကျန်းမာရေးကိုဂရုစိုက်နော်"
"တာ့တာ"
ဒါနဲ့ ကုန်သည်ကြီးလဲခရီးထွက်သွာတာပေါ့ တစ်ပတ်ကြာပြီးတော့ ပြန်ရောက်လာတယ် ရောက်တာနဲ့ ဇနီးကို တွေ့ချင်လို့ လှမ်းခေါ်လိုက်တယ်..
ကုန်သည်ကြီး - "ရှင့်မရေ အကိုပြန်လာပြီ လာပါအုံး"
ဇနီး - " ရှင် လာပြီ" "ပြန်ရောက်ပြီလာ"
သူ့ဇနီး အနားကို ရောက်လာတော့ သူ့ဇနီးကို ကြည့်ပြီး ကုန်သည်ကြီးမှာ ဘာပြောရမှန်း မသိအောင် စွံ့အသွားတယ် သူ့ဇနီးရဲ့ ဗိုက်ပေါ် သူမျက်လုံးတွေက မခွာတမ်းကြည့်နေတယ် အဲဒီ အချိန်မှာ အိမ်ထဲကနေ ယောကျာင်္းတစ်ယောက်ထွက်
လာတယ်.........ကုန်သည်ကြီး သူ့ဇနီးကို မေးလိုက်တယ်
ကုန်သည်ကြီး -" ရှင်မ ရဲ့ဗိုက်က ဘယ်လို့ဖြစ်တာလဲ သူကရောဘယ်သူလဲ"
အိမ်ထဲကထွက်လာတဲ့ သူကို လက်ညိုးထိုးပြီးပြောလိုက်တယ်..အဲဒီအချိန်မှာ သူ့ဇနီး ပြောလိုက်တဲ့ စကားကြောင့် ကုန်သည်
ကြီးမှာ အိမ်ပေါ်ကနေ ဆင်းပြေးပါလေရော သူ့ရဲ့ဇနီး ပြောလိုက်ပုံက
ဇနီး -" ရှင်ဘဲ စည်းကမ်းနဲ့နေဆို သူက စည်းကမ်းဆိုတဲ့သူလေ ရှင်မှာခဲ့ သလို စည်းကမ်းနဲ့နေ၊စည်းကမ်းနဲ့စား၊
စည်းကမ်းနဲ့အိပ်၊စည်းကမ်းနဲ့သွား လို့ ဒီလို့ဖြစ်သွားတာလေ"
သူငယ်ချင်းများ ထာ၀၇ပျော်ရွှင်နိုင်ပါစေနော်
စောကောင်းကင်

0 ကွန်မန့်ရေးရန်:

Post a Comment