This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, December 22, 2012

KIA အား ထိရောက်စွာအရေးယူရန် နိုင်ငံတော်သမ္မတကြီးနှင့် ကာချုပ်ထံတောင်းဆို

Sa Maung shared Ko John's photo.
KIA အား ထိရောက်စွာအရေးယူရန် နိုင်ငံတော်သမ္မတကြီးနှင့် ကာချုပ်ထံတောင်းဆို

Thursday, 20 December 2012

ယခုရက်ပိုင်းအတွင်း Social Network ပေါ်တွင် KIA အား နိုင်ငံတော်သမ္မတကြီးနှင့် ကာချုပ်တို့မှ ထိရောက်စွာအရေးယူပေးပါရန် တောင်းဆိုသည့် Comment များ အများအပြား တွေ့လာရသည်။ 

ကချင် စစ်ပွဲသည် အချိန်ကြာနေပြီဖြစ်သဖြင့် ဒေသခံပြည်သူတို့က သီးမခံတော့ခြင်း၊ ABSDF မြောက်ပိုင်းနှင့် KIA အဖွဲ့တို့၏ မီဒီယာထိုးနှက်မှုအဖြစ် ဖမ်းမိထားသော အစိုးရစစ်သားများနှင့် အမေးအဖြေပြုလုပ်ခဲ့ပုံများကို အင်တာနက်တွင်ထုတ်လွှင့်ခဲ့ခြင်း၊ ရှေ့တန်းတွင်ကျဆုံးပြီးကျန်ရှိနေသည့် အစိုးရစစ်သားများ၏ ဓာတ်ပုံ များကို Internet တွင်ထုတ်လွှင့်ခဲ့ခြင်းနှင့် နောက်ဆုံး (၁၈-၁၂-၂၀၁၂) ရက်နေ့က ကာမိုင်းရှိ အင်အား ၁၇ဦးရှိသော ရဲစခန်းတစ်ခုအား KIA အဖွဲ့မှ လက်နက်ကြီးများ အသုံးပြုပြီး အင်အား ၈၀ကျော်ဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ရဲတစ်ဦးနှင့် အရပ်သားနှစ်ဦး သေဆုံးမှုဖြစ်စဉ်များဖြစ်ပွားပြီးေ နာက်ပိုင်း တွင် ယခုကဲ့သို့ Online ပေါ်တွင် တောင်းဆိုမှုများ ပိုမိုများပြားလာခြင်းဖြစ်သည်။ 

ထို့အပြင် အစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်များအား KIA မှ အကြောင်းအမျိုးမျိုးပြ ရွှေ့ဆိုင်းနေခြင်းနှင့် KIA အဖွဲ့များ အား တရုတ်နိုင်ငံမှ ထောက်ပံ့ပေးနေခြင်းတို့က Online အသုံးပြုသူများမှ KIA အဖွဲ့အား မကျေနပ်မှုများ ပိုမို များပြားစေပါသည်။ 

(၂၀-၁၂-၂၀၁၂) ရက်နေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် အစိုးရကမ်းလှမ်းချက်ကို KIO အကြောင်းပြန်မှုမရှိသေးဟူသော ခေါင်းစဉ်အောက်တွင် Online အသုံးပြုသူ လူငယ်တစ်ဦးမှ KIA အနေဖြင့် အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို နမူနာယူသင့်ကြောင်းနှင့် အပစ်အခတ် အရင်မရပ်စဲဘဲ နိုင်ငံရေးဆွေးနွေးတယ်ဆိုတာ ဘယ်နိုင်ငံမှာမှမရှိကြောင်း ရေးသားထားသည်။ 

ထို့အပြင် Online အမြဲအသုံးပြုသူ အင်ဂျင်နီယာလူငယ်တစ်ဦင်္းမှ KIA အနေဖြင့် ငြိမ်းချမ်းရေးကိုဆက်ပြီး လျစ်လျူရှု ထားမယ်ဆိုရင် ကချင်ပြည်နယ်အတွင်း ပြည်သူများဆက်ပြီး ဒုက္ခရောက်ကြဖို့ပဲရှိပါတယ်။ 

တိုက်ပွဲတွေကြာ လာပြီး ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများမှ သီးမခံနိုင်တော့သည့် အချိန်ရောက်လို့ ပြည်သူတွေက KIO/KIA ကို ထိထိရောက်ရောက် အရေးယူပေးပါရန် အစိုးရထံ တောင်းဆိုလာရင်တော့ အစိုးရတာဝန် မဟုတ်တော့ဘဲ KIO/KIA မှသာ ခေါင်းခံရမယ်ဟု မှတ်ချက်ချရေးသားထားပါတယ်။

(၁၄-၁၂-၂၀၁၂) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လဂျားယန်တိုက်ပွဲမှာ KIA ဘက်မှ လိုင်ဇာသို့ ချီတက် တိုက်ခိုက်ရန် ချီတက်လာသည့် စစ်ကြောင်းအား ချေမှုန်းခဲ့သည် ဟု ရေးသားထားသော်လည်း ဒေသခံတို့၏ ပြောကြားချက်အရ ၎င်းစစ်ကြောင်းသည် လဂျားယန်ကျေးရွာအနီးတွင် စခန်းချထားသည့် အစိုးရစစ်တပ်မှ စခန်းတစ်ခု ထံသို့ ရိက္ခာပို့ရန် တစ်လတစ်ခါ ပုံမှန်လာရောက်သည့် စစ်ကြောင်းဖြစ်ကြောင်းနှင့် ၎င်းအင်အား (၅၀)ပါ စစ်ကြောင်းအား KIA အင်အား (၄၀၀)ကျော်မှ စောင့်ကြို၍ ၀ိုင်းဝန်းခြုံခို မိုင်းထောင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

ထို့အပြင် ပန်ဝါဒေသ မိုင်တိုင်(၆)အနီးရှိ အစိုးရစခန်းများအား တိုက်ခိုက်ရာတွင်လည်း KIA မှ လူ၊ လက်နက်၊ ရိက္ခာများကို တရုတ်နိုင်ငံတွင်းမှဖြတ်၍ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ခဲ့ကြောင်းသိရှိရသည်။

Credit : Myanmar Online News

https://www.facebook.com/photo.php?fbid=506730386034271&set=a.459462620761048.101426.459386844101959&type=1

မန္တလေး - မြစ်ကြီးနား မီးရထား မိုင်းကွဲ လူ ၃ ဦး ဒဏ်ရာရ

ရန်ကုန် ၊ ဒီဇင်ဘာ ၂၁

မြန်မာနိုင်ငံမြောက်ပိုင်းဒေသသို့ ဆက်သွယ်သည့် အဓိက လမ်းကြောင်းဖြစ်သော မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပိုင်းတွင် ကုန်တင် ရထားတစ်စီးကို ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) မှ မိုင်းခွဲလိုက်ခြင်းကြောင့်
မီးရထားဝန်ထမ်း သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်း မိုးညှင်းမြို့နယ် အုပ်ချုပ်ရေး အဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ မိုင်းကွဲမှုမှာ မိုးညှင်းမြို့နယ်အတွင်းရှိ နမ္မားဘူတာနှင့် မြို့သစ်ကလေး ဘူတာကြား မိုင်တိုင်အမှတ် (၆၄၃/၂၂)နှင့် (၆၄၃/၂၃)ကြားတွင် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းမိုင်းခွဲမှုမှာ အုပ်ချုပ်ရေးအဖွဲ့က ကေအိုင်အေမှ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောဆိုထားသော်လည်း The Voice Weekly အနေဖြင့် ကေအိုင်အေထံသို့ ဆက်သွယ်ရန် ကြိုးစားနေဆဲဖြစ်ပြီး ရရှိလာသော အချက်အလက်များ ဆက်လက် တင်ပြသွားမည် ဖြစ်သည်။

အရစ်ကျစနစ်ဖြင့် ဆင်းကဒ်ပြသနာ

Sa Maung shared Aye Chan Mon's photo.
ဟင်္သာတဆက်သွယ်ရေးဝန်ထမ်းတစ်ဦး တိမ်းရှောင်နေ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့တွင် ဆက်သွယ်ရေးဝန်ထမ်းတစ်ဦးမှ နှစ်သိန်းတန်ဖုန်းများကို အရစ်ကျစနစ်ဖြင့် ဆင်းကဒ်အမြောက်အများ ထုတ်ယူကာ အပြင်တွင် ဆင်းကဒ်တစ်ကဒ်ကို တစ်သိန်းနှစ်သောင်း မှ တစ်သိန်ခုနှစ်သောင်းထိ ရောင်းချပြီး ယခုအခါ ထိုဝန်ထမ်းမှာ တိမ်းရှောင်နေကြောင်းကြားသိရပါသည်။ ``ရုံးထဲမှာတော့ ပြဿနာပေါင်းစုံဖြစ်နေတယ်ဗျ၊ အရစ်ကျသွင်းရမယ့် ငွေတွေ မသွင်းနိုင်တဲ့သူတွေရော၊ အပြင်မှာ လက်ငင်းရောင်းပြီး ရုံးကို အရစ်ကျပေး၊ များလာတော့ မသွင်းနိုင်၊ ရှောင်တဲ့သူကရှောင်၊ တချို့ကျတော့လည်း မသွင်းနိုင်တော့ဘူး လုပ်ချင်ရာလုပ် အဲလိုလူတွေလည်း ရှိတယ်ဗျ´´ ဟု ဆက်သွယ်ရေးဝန်ထမ်းတစ်ဦး မှ ပြောကြားပါသည်။

အေးချမ်းမွန်မှ  Hinthata HumanRight တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Hinthata HumanRight

သူ့ဘေးကကောင်မလေးကလည်းလေးစားစရာပါ။

ခြေလက်မပါ စံပြလူသား
Thursday, 20 December 2012

Nick Vujicic ဆိုသူသည် အသက် ၂၉ နှစ်အရွယ် သြစတေးလျနိုင်ငံသား တစ်ဦးဖြစ်သည်။

သူသည် မွေးဖွားစဉ်ကပင် (ခြေထောက်သေးသေးလေး တစ်ဖက်သာပါရှိ သဖြင့်)ခြေ၊လက်အင်္ဂါမပါရှိသော ကိုယ်အင်္ဂါချို့တဲ့သူဟု ဆိုနိုင်သည်။ သို့သော် သူသည် ရေးကူးသည်၊ ရေလွှာစကိတ်စီး သည်။ ဂေါက်သီးရိုက် သည်။

သာမန်လူကဲ့သို့ပင် မကြီးထွားသော ခြေထောက်သေး နှစ်ဖက်ဖြင့် ခန္ဓာကိုယ်မျှခြေထိမ်းပေးခြင်း၊ ဘောလုံး ကန်ခြင်း၊ စာရေးခြင်း၊ ပစ္စည်းဆုပ်ကိုင်ခြင်း တို့အပြင် ကွန်ပျူတာကို ကောင်းစွာ
အသုံးချနိုင်စေသည်။ Nick သည်အသက် ၁၀ နှစ်အရွယ်တွင် ရေချိုးခန်း တွင်း၌ မိမိကိုယ်ကိုယ် ကြိုးဆွဲချသက်သေရန် ကြိုးပမ်းခဲ့သည်။ သို့သော်သူ ၏ ကြိုးပမ်းချက် မအောင်မြင်ခဲ့ချေ။

နောင်သောအခါ ဘာသာရေးစာပေ၊ မိသားစုနှင့် အပေါင်းအသင်းမိတ်ဆွေ များ၏ အကူအညီဖြင့် အသက်ရှင်ရုန်းကန်ရင်း ဘဝတွင် အနေပျော်လာခဲ့ သည်။ ယခုအခါ Nick သည် ကိုယ်အင်္ဂါချို့တဲ့ သူတို့အတွက် စံပြတစ်ဦး ဖြစ် ခဲ့ပြီး ခြေ လက်ချို့တဲ့သူများ အဖွဲ့ချုပ်၏ ဒါရိုက်တာတစ်ဦး ဖြစ်လာခဲ့သည်။

Ref:rare-facts
YoYarLay

မိန်းမသားနဲ့ ရဲသား

Chit Zaw shared Zaw Win's photo.
မိန်းမသားနဲ့ ရဲသား 

အမှန်တရားက

မိန်းမသားကို

အားဖြစ်စေအံ့။

မိန်းမတယောက်

လက်ညိုးငေါက်ငေါက် ခါးကိုထောက်လျက်

မကြောက်မရွံ့ နောက်မတွန့်ဘဲ

အံကိုခဲ၍ ရဲကို အာခံ

သည်အားမာန်ဟာ

သူ့ထံ ဘယ်လို ရောက်သလဲ။

အမှန်တရားက

မိန်းမသားကို

အားဖြစ်စေပြီ။

လယ်သမားက

ရွှေသားမလို၊ ကြေးပြားမလို

မြေကိုပေးပါ

မြေသာ ဘဝ

မြေက ဆီဆန်

ရာသက်ပန်ပဲ

ကျည်ဆံမလို

ဆီ ဆန်လိုတယ်

မြေကို မသိမ်းကြပါနဲ့။

ကြေးနီတောင်ကို

သင်တို့ဖြိုလို့ ပြိုချင်လည်း ပြို

လူကိုဖြိုလို့ ပြိုမကျနိုင်။

ကြေးနီတောင်က

ကြေးတွေရလို့

ကြေးက ငွေဖြစ်၊ စိန်ရွေှ့ဖြစ်လည်း

စစ်ဗိုလ်မယား

နိုင်ငံခြားမှာ ကားစီး တိုက်ဝယ်

လယ်သမားမယား

ခါးစီး ဗိုက်မှောက် သဘောက်ဘဝ

လုံးဝမလွတ်

ဘောင်းဘီချွတ်လည်း မချွတ်သေနတ်

စစ်တပ်နောက်ခံ ပါလီမန်ဟာ

စစ်အလံလွှင့်ဆဲ

ဘယ်လဲ ဘာလဲ ဘယ်လိုလဲ။

သစ်ကိုလည်း ရောင်း

ကျောက်မျက်ရောင်းခဲ့

မြစ်ကိုလည်း ရောင်း

တောင်ကို ရောင်းပြန်

ရောင်းရန် ငွေက

ဘယ်လောက်ရလို့ ဘယ်သူယူ

ဘယ်မူသုံးမလဲ

ရဲရဲဖြေပါ

သည်မြေမဟီ

သက်သေတည်အံ့

ဒီမိုကရေစီတခါး ပွင့်စေသား။      ။

မောင်စွမ်းရည်၊ (စက်တင်ဘာ ၁၆၊ ၂၀၁၂)

အမှန်တရားက

မိန်းမသားကို

အားဖြစ်စေအံ့။

မိန်းမတယောက်

လက်ညိုးငေါက်ငေါက် ခါးကိုထောက်လျက်

မကြောက်မရွံ့ နောက်မတွန့်ဘဲ

အံကိုခဲ၍ ရဲကို အာခံ

သည်အားမာန်ဟာ

သူ့ထံ ဘယ်လို ရောက်သလဲ။

အမှန်တရားက

မိန်းမသားကို

အားဖြစ်စေပြီ။

လယ်သမားက

ရွှေသားမလို၊ ကြေးပြားမလို

မြေကိုပေးပါ

မြေသာ ဘဝ

မြေက ဆီဆန်

ရာသက်ပန်ပဲ

ကျည်ဆံမလို

ဆီ ဆန်လိုတယ်

မြေကို မသိမ်းကြပါနဲ့။

ကြေးနီတောင်ကို

သင်တို့ဖြိုလို့ ပြိုချင်လည်း ပြို

လူကိုဖြိုလို့ ပြိုမကျနိုင်။

ကြေးနီတောင်က

ကြေးတွေရလို့

ကြေးက ငွေဖြစ်၊ စိန်ရွေှ့ဖြစ်လည်း

စစ်ဗိုလ်မယား

နိုင်ငံခြားမှာ ကားစီး တိုက်ဝယ်

လယ်သမားမယား

ခါးစီး ဗိုက်မှောက် သဘောက်ဘဝ

လုံးဝမလွတ်

ဘောင်းဘီချွတ်လည်း မချွတ်သေနတ်

စစ်တပ်နောက်ခံ ပါလီမန်ဟာ

စစ်အလံလွှင့်ဆဲ

ဘယ်လဲ ဘာလဲ ဘယ်လိုလဲ။

သစ်ကိုလည်း ရောင်း

ကျောက်မျက်ရောင်းခဲ့

မြစ်ကိုလည်း ရောင်း

တောင်ကို ရောင်းပြန်

ရောင်းရန် ငွေက

ဘယ်လောက်ရလို့ ဘယ်သူယူ

ဘယ်မူသုံးမလဲ

ရဲရဲဖြေပါ

သည်မြေမဟီ

သက်သေတည်အံ့

ဒီမိုကရေစီတခါး ပွင့်စေသား။ ။

မောင်စွမ်းရည်၊ (စက်တင်ဘာ ၁၆၊ ၂၀၁၂)

မကြည်.ရက်တော.ဘူး အဘ

သူတို့ကိုကျတော့ဘယ်သူကယ်မှာလဲ
မကြည်.ရက်တော.ဘူး အဘ  စစ်သားတွေလဲ အသက်တွေနဲ.ပါ.......

သနားပါတော. အဘရယ်  မြင်ရတာ မမြင်ရက်တော.ဘူး..................

စစ်သားကျဆုံးတာမဆန်းပါဘူး .......

စစ်သား အမိန်.ကို နာခံခဲ.ပါတယ်.......

ထိုးစစ်ဆင်ခွင်.ပြုပါတော. အဘရယ်......

ငါတို.စစ်သား ကျဆုံးတာများခဲ.ပါပြီ အဘရယ်...ဒါတွေကို ဦးနှောက်နဲ.ဆုံးဖြတ်နေတဲ.အဘ........ထိုးစစ်ဆင်ခွင်.ပြုပါတော. .........

ဦးနှောက်မရှိတဲ. ဒီငမိုက်သားတွေကို အဆုံးသတ်လိုက်ပါတော. အဘရယ် .....

သတင်းတွေ ကြည်.ရတာ မမြင်ဝံ.တော.ဘူး အဘ......

ခွင်.လွှတ်နေတာကို အခွင်.ကောင်းယူနေတဲ. ငမိုက်သားတွေကို အဆုံးသတ်လိုက်ပါတော. .......

ရဲရဲကြီးသာ အမိန်.ပေးလိုက်ပါ အဘ နောက်ကနေထပ်ကြပ်မကွာ လိုက်ပါနေကြပါတယ် .................

စစ်သားဆိုတာ အမိန်.ရဲ.အောက်မှာပါ

ဒါကို ငမိုက်သား ခွင်.ကောင်းယူတာများ

မကြည်.ရက်မမြင်ရက် တပ်မတော်သားအသက်

သနားပါတော. အဘရယ်......
မကြည်.ရက်တော.ဘူး အဘ စစ်သားတွေလဲ အသက်တွေနဲ.ပါ.......

သနားပါတော. အဘရယ် မြင်ရတာ မမြင်ရက်တော.ဘူး...............
...

စစ်သားကျဆုံးတာမဆန်းပါဘူး .......

စစ်သား အမိန်.ကို နာခံခဲ.ပါတယ်.......

ထိုးစစ်ဆင်ခွင်.ပြုပါတော. အဘရယ်......

ငါတို.စစ်သား ကျဆုံးတာများခဲ.ပါပြီ အဘရယ်...ဒါတွေကို ဦးနှောက်နဲ.ဆုံးဖြတ်နေတဲ.အဘ........ထိုးစစ်ဆင်ခွင်.ပြုပါတော. .........

ဦးနှောက်မရှိတဲ. ဒီငမိုက်သားတွေကို အဆုံးသတ်လိုက်ပါတော. အဘရယ် .....

သတင်းတွေ ကြည်.ရတာ မမြင်ဝံ.တော.ဘူး အဘ......

ခွင်.လွှတ်နေတာကို အခွင်.ကောင်းယူနေတဲ. ငမိုက်သားတွေကို အဆုံးသတ်လိုက်ပါတော. .......

ရဲရဲကြီးသာ အမိန်.ပေးလိုက်ပါ အဘ နောက်ကနေထပ်ကြပ်မကွာ လိုက်ပါနေကြပါတယ် .................

စစ်သားဆိုတာ အမိန်.ရဲ.အောက်မှာပါ

ဒါကို ငမိုက်သား ခွင်.ကောင်းယူတာများ

မကြည်.ရက်မမြင်ရက် တပ်မတော်သားအသက်

သနားပါတော. အဘရယ်......

KIO/KIA အဖွဲ့အနေဖြင့် ဖားကန့်ဒေသက ရရှိတဲ့ဆက်ကြေးငွေတွေနဲ့ အဓိကရပ်တည်

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက် မနက်(၄)နာရီလောက်မှာ မိုးကောင်း-ဖားကန့်လမ်းပေါ်မှာရှိတဲ့ ကာမိုင်းမြို့အ၀င်တံတားကြီးကို KIAတပ်ရင်း(၆)အဖွဲ့များက မိုင်းခွဲဖျက်ဆီးလိုက်လို့ တံတားကနေ ယာဉ်ကြီး ယာဉ်ငယ်တွေ သွားလာလို့မရတော့ကြောင်းသိရှိရပါတယ်။ ဒီတံတားကြီးဟာ မိုးကောင်းကနေ-ဖာကန့်ကျောက်စိမ်းမှော် ရွှေမှော်တွေကိုသွားတဲ့လမ်းမှာအဓိက ကျတဲ့တံတားဖြစ်တဲ့အကြောင်း သိရပါတယ်။ တံတားကြီးပျက်ဆီးသွားပြီး ဘေးက ရှောင်ကွင်းလမ်းလည်း မရှိတာကြောင့် ဖားကန့်ဒေသမှာ ကျောက်တူး/ရွှေတူး လုပ်ငန်းလုပ်ကိုင်နေတဲ့ ကုမ္မဏီဝန်ထမ်းတွေ ဒေသခံတွေ ရေမဆေးသမားတွေ အတွက် စားနပ်ရိက္ခာတွေနဲ့ လုပ်ငန်းသုံးဖို့ စက်သုံးဆီနဲ့ယာဉ်တွေ သယ်ယူပို့ဆောင်ဖို့ မလွယ်ကူတော့သလို ထွက်ရှိတဲ့ကျောက်စိမ်းတွေကို ရန်ကုန်၊ နေပြည်တော်နဲ့ တရုတ် ပြည်တို့ကို ပို့ဖို့မဖြစ်နိုင်တော့ကြောင်း ဖားကန့်မြို့ခံတစ်ဦးက ပြောပြလာပါတယ်။

KIO/KIA အဖွဲ့အနေဖြင့် ဖားကန့်ဒေသက ရရှိတဲ့ဆက်ကြေးငွေတွေနဲ့ အဓိကရပ်တည်နေရချိန်မှာ သတ္ထုတွင်းဝန်ကြီးဌာနက ကျောက်တူးလုပ်ငန်းများရပ်ဆိုင်းကာ (၆) လကျော်နီးပါး ရှိနေပြီး KIO/KIA အတွက် ၀င်ငွေအလွန်အမင်းကျဆင်းသွားခဲ့ရတဲ့အပြင် ခိုးတူးနေတဲ့ကျောက်တွေပါ သယ်ထုတ်ဖို့မလွယ် တော့တဲ့အတွက် KIA အဖွဲ့အတွက် ၂၀၁၃ ခုနှစ်ဘတ်ဂျက်ဟာ စိုးရိမ်ပူပန်စရာအခြေအနေကို ရောက်သွား နိုင်ကြောင်းလေ့လာသူတစ်ဦးက ဆိုပါတယ်။ ယခင်က ဖားကန့်ဒေသမှာရှိတဲ့ ကုမ္မဏီတွေကနေ နှစ်စဉ် KIA အတွက် သိန်းပေါင်းသိန်းချီအောင် ပေးဆောင်နေရပြီး ကျန်တဲ့ဈေးဆိုင်မျိုးစုံက ဆက်ကြေးငွေများ မရေတွက်နိုင်အောင် KIA အတွက်ရရှိနေ ကြောင်း၊ ကျောက်စိမ်းကားများသယ်ယူရွှေ့ပြောင်းပါက တစ်တန်လျှင် ၇၀၀၀၀ ကျပ်နှုန်းKIA ကိုအခွန်ပေး နေကြောင်း ကုမ္မဏီဝန်ထမ်းတစ်ဦးက ပြောပြပါတယ်။
KIO/KIA အဖွဲ့အနေဖြင့် ဖားကန့်ေးသမှဆက်ကြေးများအဆမတန်ကောက်ခံနေမှုအပေါ် စီးပွားရေး လုပ်ငန်းရှင်များ၊ ဒေသခံကချင်လူမျိုးများ၏ ပြစ်တင်ဝေဖန်မှုများ အလူးအလဲခံနေရတဲ့အပြင် နိုင်ငံတကာ လူမှုရေးအဖွဲ့အစည်းများကြားမှာပါ အရှက်တကွဲအကျိုးနည်းဖြစ်နေချိန်မှာ KIA တပ်ရင်း(၆)ရဲ့ လုပ်ဆောင် ချက်ဟာ ကိုယ့်ထမင်းအိုး ကိုယ်ရိုက်ခွဲသလို ဖြစ်သွားတဲ့ အတွက်ကြောင့် တပ်ရင်း (၆) တပ်ရင်းမှူး အင်ခွန်ဇော်ဒွဲ ကို ပြင်းပြင်းထန်ထန် အရေးယူသွားဖို့ရှိကြောင်း လိုင်ဇာမှလာသော သတင်းများမှ သိရှိရ ပါတယ်။
www.MyanmarExpress.net