Saturday, December 22, 2012

မန္တလေး - မြစ်ကြီးနား မီးရထား မိုင်းကွဲ လူ ၃ ဦး ဒဏ်ရာရ



ရန်ကုန် ၊ ဒီဇင်ဘာ ၂၁

မြန်မာနိုင်ငံမြောက်ပိုင်းဒေသသို့ ဆက်သွယ်သည့် အဓိက လမ်းကြောင်းဖြစ်သော မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပိုင်းတွင် ကုန်တင် ရထားတစ်စီးကို ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) မှ မိုင်းခွဲလိုက်ခြင်းကြောင့်
မီးရထားဝန်ထမ်း သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်း မိုးညှင်းမြို့နယ် အုပ်ချုပ်ရေး အဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ မိုင်းကွဲမှုမှာ မိုးညှင်းမြို့နယ်အတွင်းရှိ နမ္မားဘူတာနှင့် မြို့သစ်ကလေး ဘူတာကြား မိုင်တိုင်အမှတ် (၆၄၃/၂၂)နှင့် (၆၄၃/၂၃)ကြားတွင် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းမိုင်းခွဲမှုမှာ အုပ်ချုပ်ရေးအဖွဲ့က ကေအိုင်အေမှ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောဆိုထားသော်လည်း The Voice Weekly အနေဖြင့် ကေအိုင်အေထံသို့ ဆက်သွယ်ရန် ကြိုးစားနေဆဲဖြစ်ပြီး ရရှိလာသော အချက်အလက်များ ဆက်လက် တင်ပြသွားမည် ဖြစ်သည်။

0 ကွန်မန့်ရေးရန်:

Post a Comment