This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, April 11, 2012

ဆူနာမီ အရေးပေါ်အခြေနေ အနီရောင်အဆင့်မှ လျှော့ချပြီ...

မင်္ဂလာပါ
နေ့လည် ၃ နာရီကျော်က ဖြစ်ပျက်ခဲ့တဲ့ အင်ဒိုနီးရှား ၈.၇ စကေးရှိ ငလျှင်ကြောင့် ဖြစ်ပေါ်လာနိုင်သော ဆူနာမီ လှိုင်း အရေးပေါ် သတိပေးချက် အခြေအနေ အနီရောင်မှ လျှော့ချလိုက်ပြီ ဖြစ်ကြောင်း အန္ဒိယ သမုဒ္ဒရာ လေ့လာစောင့်ကြည့် သော အဖွဲ့အစည်းမှ လွန်ခဲ့သော ၂ နာရီကျော်က ကြော်ငြာသွားပါတယ် ။
အဆိုပါ အင်ဒိုနီးရှား ငလျှင်မှာ ပြင်းထန်သော ငလျှင်ဖြစ်ပြီး ငလျှင်ဗဟို ချက်နှင့်နှီးသော အထူးသတိထားရမည့်ဒေသ ဖြစ်သည့် အင်ဒိုနီးရှား Aceh ဒေသကမ်းရိုးတမ်းတစ်လျှောက် တစ်မီတာ ခန့်သော ဆူနာမီလှိုင်းသာ အားပျော့စွာ လာရောက်ခဲ့တယ်လို့ အင်ဒိုနီးရှား အာဏာပိုင်များက ထုတ်ပြန်ကြော်ငြာခဲ့ပါတယ် ။
အထက်ပါ ငလျှင်ပြင်းထန်မှု့ကြောင့် အင်ဒိုနီးရှား Aceh ဒေသတွင်း နေထိုင်သူများ အတွက်မူ မီတာ ၃၀ ကျော်မြင့်သော တောင်ကုန်ဒေသများ၊ မြင့်မားသော ဘုရားကျောင်း နေရာဒေသများသို့ ရှောင်နေကြရပြီး တောင်တက်လမ်းများတစ်လျှောက် ကားများ ပိတ်ဆို့သည်အထိ ဖြစ်ခဲ့ရသော်လည်း လိုအပ်ပါက  ရှောင်နေနိုင်ဖို့ အဆင်သင့်ထားကြဖို့ တိုက်တွန်းထားပါတယ် ။
အထက်ပါ ငလျှင်ကြောင့် ဆူနာမီလှိုင်း ဖြစ်ပေါ်မှု့ အားပျော့သွားခဲ့ပြီး ဖြစ်ကြောင်း အန္ဒိယ သမုဒရာ ဆူနာမီ စောင့်ကြည့်ရေး ဗဟိုအဖွဲ့က ထုတ်ပြန်ပြီးသော်လည်း အချို့သော ဒေသများတွင် နောက်ထပ် နာရီအနည်းငယ် အထိ စောင့်ဆိုင်းနေကြခဲ့ကြောင်း အင်ဒိုနီးရှား သတင်းဌာနများမှ ကြော်ငြာလျှက်ရှိပါတယ် ။
၂၀၀၄က ဖြစ်ပွားခဲ့သော လူပေါင်း ၂ သိန်းကျော်သေကြေပျက်စီးခဲ့ရတဲ့ သဘာဝ ကပ်ဆိုးရဲ့ သတိပေးမှု့ကြောင့် အိန္ဒိယ သမုဒ္ဒရာ အတွင်းတည်ရှိနေသော ကမ်းရိုးတမ်း ဒေသများ ၊ နိုင်ငံများ တော်တော်များများ အထူးသတိပြုနေခဲ့ကြရပြီး ဆူနာမီ သတင်း များကို အမြဲမပြတ် ကြော်ငြာချက်ထုတ်ပြန်ပေးနေခဲ့ပါတယ် ။
အထူးသဖြင့် အင်ဒိုနီးရှား နိုင်ငံကမ်းရိုးတမ်းဒေသများ ၊
မလေးရှားနိုင်ငံကမ်းရိုးတမ်းဒေသများ ၊
ထိုင်းနိုင်ငံ ၊ မြန်မာနိုင်ငံ ၊ အန္ဒိယ နိုင်ငံများအတွက် အထူးစောင့်ကြည့်ရမယ့် အချိန်ဖြစ်ခဲ့ကြောင်းလည်း သတင်းဌာနများမှ ကြော်ငြာသွားခဲ့ပါတယ် ။
ယခု ဆူနာမီ သတိပေးချက် India Ocean Tsunami Alert အနီရောင် အရေးပေါ်အဆင့်မှာ အဝါရောင် သတိထားနေထိုင်ရမည့်အဆင့်ကို လျှော့ချလိုက်ကြောင့် ဘာသာပြန်ရင် ဆူနာမီ သတင်းကြောင့် ဖြစ်ပွားခဲ့ပုံများကို စုစည်းတင်ပြပေးလိုက်ပါတယ် ။
ငလျှင်ကြောင့် ဖြစ်ပွားခဲ့သော အင်ဒို Aceh နယ်မှ လမ်းမတစ်ခု 

ငလျှင်ဘေးမှ ဖြစ်လာမည့် ဆူနာမီလှိုင်းကို ရှောက်တိမ်းနေသော အင်ဒိုနီရှား Aceh ဒေသနေရာမှမြင်ကွင်း

အိန္ဒိယ သမုဒ္ဒရာ စောင့်ကြည့်သူများမှ ဂြိုလ်တုမှတဆင့် ငလျှင်ဖြစ်ရာ ACEH ဒေသအား စောင့်ကြည့်ခဲ့ပုံ

ငလျှင်းကြောင့် အးဆွေးရှောင်တိမ်းသူများ (အင်ဒိုနီးရှား) (Indo News)

ထိုင်းနိုင်ငံ ဖူးခတ် ကမ်းခြေတွင်လည်း နိုင်ငံခြားခရီးသွားများ ဤသို့ရှောင်တိမ်းခဲ့ကြရသည်။ (Novited News)
မလေးရှား နိုင်ငံ ပီနန်းကျွန်း တံတားအနီး ထင်ရှားသော Queen Bay မှဈေးဝယ်နေကြသူများ လမ်းများသို့ထွက်ပြေးခဲ့ရ (The Star News)
ရုပ်ရှင်ကြည့်နေကြသော Komter ပတ်ဝန်းကျင်ရှော့ပင်းမောမျာမှ လူများ ပါ ဆူနာမီကို လန့်ခဲ့ကြရသည်။ ( New Straight Time )
ဆက်လက်ထူးခြားပါက ဘာသာပြန်တင်ဆက်ပေးသွားပါမည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးသိန်းစိန်တို့ နေပြည်တော်တွင် တနာရီကျော်ကြာတွေ့ဆုံဆွေးနွေးခဲ့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးသိန်းစိန်တို့ နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး ဧည့်ခန်းမတွင် တနာရီကျော်ကြာတွေ့ဆုံဆွေးနွေးခဲ့သည်ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးခွန်သာမြင့်က ပြောသည်။

အဆိုပါတွေ့ဆုံမှုမှာ ဗုဒ္ဓဟူးနေ့ နံနက် ၁၁ နာရီမှ ၁၂ နာရီခွဲထိ တနာရီခွဲ ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

ကြားဖြတ် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့တို့ လွှတ်တော်အတွင်း မည်သို့ ပူးပေါင်း
ဆောင်ရွက်မည့် အစီအစဉ်များကို သွားရောက် ဆွေးနွေးရန် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး တာဝန်ခံ ဦးခွန်သာမြင့်က ပြောသည်။
Suu-Kyi-meeting-with-President-Thein-Sein
သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရန်အတွက် တည်းခိုရာဟိုတယ်မှ ထွက်ခွါလာသော ဒေါ်အောင်ဆန်းစုကြည်အား ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo::AFP)

“အကြမ်းမျဉ်းပဲ သိတယ်။ NLD အနေနဲ့ လွှတ်တော်ထဲဝင်တဲ့အခါမှာ လွှတ်တော်ထဲမှာ အဆင်ပြေပြေနဲ့ နိုင်ငံတော် သမ္မတ၏ အစိုးရအဖွဲ့နဲ့ ပူးပေါင်းပြီး ဘာတွေ လုပ်နိုင်မလဲ၊ ဘယ်လိုလုပ်နိုင်မလဲဆိုတာကို ဆွေးနွေးကြဖို့ တွေ့တာပါ။ အဲတော့ အဲဒါတွေပဲ ဆွေးနွေးမှာပါ”ဟု မဇ္စျိမကို ပြောသည်။ ပါတီအတွင်း ကြိုတင် ဆွေးနွေးညှိနှိုင်းခဲ့သဖြင့် ယင်းကိစ္စ များသာ ဆွေးနွေးမည်ဟု သူက ဆိုသည်။

NLD ပါတီမှာ ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၃ နေရာ အနိုင်ရရှိခဲ့ပြီး ကိုယ်စားလှယ်များ အနေဖြင့် ဧပြီလ ၂၃ ရက်နေ့တွင် သက်ဆိုင်ရာ လွှတ်တော်အသီးသီးသို့ တက်ရောက်ရမည် ဖြစ်သည်။

ယခုတွေ့ဆုံမှုသည် အလွန်အရေးကြီးသည့် တွေ့ဆုံမှုဖြစ်ကာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးကိစ္စအပြင် ပါလီမန်ရေးရာ ကိစ္စများလည်း ဆွေးနွေးဖွယ်ရှိကြောင်း NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းအား ကိုးကား၍ CBC သတင်းဌာန အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။

သြစတြေးလျ အသံလွှင့်ဌာန ABC ကမူ ဗုဒ္ဓဟူးနေ့ တွေ့ဆုံမှုအတွင်း ဆွေးနွေးသည့် အသေးစိတ် အကြောင်းအရာများ
ဖော်ထုတ်ပြောဆိုခြင်း မရှိသေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိအစိုးရတွင်း ဝန်ကြီးရာထူး လက်ခံ ရယူလိမ့်မည် မဟုတ်ဘဲ အကြံပေးအဆင့်နေရာကိုမူ လက်ခံ စဉ်းစားနိုင်ဖွယ်ရှိကြောင်း ထုတ်ဖော် ပြောကြား ဖူးသည်ဟု မှတ်ချက်ပေး ရေးသားထားသည်။

ယခုနေပြည်တော် ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဦးခွန်သာမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ဒေါက်တာ တင်မာအောင်တို့ လိုက်ပါသွားခဲ့ကြသည်။

သမ္မတ ဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်အား နေ့လည်စာ တည်ခင်း ဧည့်ခံခဲ့ သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မွန်းလွဲ ၂ နာရီ ၄ဝ တွင် နေပြည်တော်မှ ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

၂ဝ၁၁ ခုနှစ် သြဂုတ်လတွင်းက ပထမဆုံးအကြိမ်အဖြစ် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ဖူး
သော်လည်း ထိုစဉ်က NLD ပါတီမှာ တည်ဆဲဥပဒေ ပြင်ပတွင် ရှိနေခဲ့သည်။

စက်ရုပ်ရဲ့ရင်ခွင်လေးထဲမှာ.. ZawGyi ကိုခိုဝင်နားစေဖို့ (သို့) Huawei Blaze U8510 ဖုံးကို မြန်မာဖောင့် သွင်းနည်း




Android ဆိုတဲ့စကားလုံးနဲ့စတင်ရင်းနှီးမိတာကတော့..သူငယ်ချင်းတစ်ယောက်ရဲ့ HTC ဟန်းဆက်မှာပါ။ တချိန်က..လူကြိုက်များခဲ့တဲ့..Nokia ရဲ့ symbian ကိုအလှဲထိုးပြီး..ကမ္ဘာကျော် Apple ရဲ့ iOS ကို..ပုခုံးချင်းယှဉ်နေတဲ့..စက်ရုပ်လေးရဲ့..စွမ်းပကားကလဲ...ပေါ့သေးသေးတော့မဟုတ်ပါဘူး။ ဈေးကွက်ဝေစုတဖြေးဖြေးနည်းပါးလာတဲ့...Sony Ericsson၊ Samsung တို့လို..နာမည်ကြီးကုမ္ပဏီတွေလဲ စက်ရုပ်လေးနဲ့ပူးပေါင်းပြီး...ဈေးကွက်ဝေစုပြန်လည်ရယူဖို့ကြိုးစားနေကြတာလဲ.စာစောင်တွေမှာဖတ်ဖူးပါတယ်။


ဆမ်ဆောင်းဆိုရင်တော့.ပြန်ရောင်းဖို့ခက်မယ်..လို့ပြောရလောက်အောင်..လူကြိုက်နည်းခဲ့တဲ့..ဆမ်ဆောင်းဟာ.ခုချိန်မှာတော့..စက်ရုပ်ရဲ့အစွမ်းကြောင့်...Galaxy SII ဆိုပြီး..iPhone 4S နဲ့..တန်းတူနီး ပါးလောက်..ယှဉ်နိုင်တဲ့အနေအထားကို.ရောက်ခဲ့တာလဲ...မျက်မြင်ပါပဲ။


Android ဆိုတာကို..အင်္ဂလိပ်လိုဘယ်လိုအသံမှန်ထွက်ရမလဲဆိုတာကိုလဲ.ကျွန်တော်မသိပါဘူး။ အန်းဒရော့၊ အန်းဒရိုက်..ဆိုပြီးပြောကြပေမယ့်...ကျွန်တော်ကတော့...မြန်မာ့နည်းမြန်မာ့ဟန်အတိုင်း..သူ့ရဲ့ Logo လေးဖြစ်တဲ့..စက်ရုပ်ပုံလေးကြည့်ပြီး..စက်ရုပ်လို့ပဲခေါ်ဝေါ်သုံးစွဲလိုက်ပါတယ်။


HTC လဲ..စက်ရုပ်နဲ့..မြန်မာပြည်မှာ..နာမည်ရ၊ လူကြိုက်များခဲ့ရတယ်။ ကိုယ်ကလဲဝယ်ချင်ပေမယ့်.ဈေးနှုန်းက..မလှမ်းနိုင်တဲ့အနေအထားမို့..အသာလေးကြိတ်မှိတ်နေခဲ့လိုက်တာ...Huawei နဲ့တွေ့မှ..မကွာ ဝေးနိုင်တော့ပဲ..စက်ရုပ်လေးကို.လက်ဝယ်ပိုင်ဆိုင်ခွင့်ရခဲ့ပါပြီ။


ပါးလျတဲ့ဘော်ဒီဒီဇိုင်း၊ နူးညံ့တဲ့ထိတွေ့မှု..မြန်ဆန်တဲ့..စက်ရုပ် (Android 2.3.5) နဲ့ Made in China (Huawei Blaze U8510) ကို..ကျပ်ငွေတစ်သိန်းတောင်မပေးရဘူးဆိုလို့..အထင်တော့ မသေးလိုက်ပါနဲ့နော်...(၀ယ်ပြီးမှတော့..ဒီလိုပဲပြောရမှာပေါ့နော့..ဟဲဟဲ)။ သူ့မှာပါတဲ့....wifi ဆိုတာလေးကတော့...အင်တာနက်သုံးတဲ့သူတိုင်းကြိုက်ကြမှာပါပဲလေ။


ကျွန်တော့်မှာလဲ..ညားခါစဇနီးချောလေးလို......သူ့အတွက်.ဘာတွေလိုအပ်မလဲ.ဘာတွေလုပ်ပေးရမလဲ.ဆိုတာပဲ.. အရိပ်တကြည့်ကြည့်နဲ့။ wifi လေးဖွင့်ပြီး..စမ်းကြည့်မိတဲ့သကာလ... စက်ရုပ်ရဲ့ပညာပေးခြင်းကို..စတင်ခံစားရပါပြီ။ Online ပေါ်တက်လိုက်တာနဲ့..လေးထောင့်တုံးလေးတွေပဲတန်းစီလို့...ဟုတ်တာပေါ့...မင်းသားလေး..ကိုဇော်ဂျီကို.ကျွန်တော်မေ့နေလိုက်တာ.. သူမပါလို့ဘယ် ဖြစ်မလဲဗျ။


ခက်တာက....Windows OS လို..(.exe) နဲ့..Install လုပ်လို့ကလဲမရ....ဖောင့်ကိုကော်ပီရိုက်ပြီး..font folder ထဲသွားထည့်လို့လဲမရဆိုတော့မြင်သာမြင်မကြင်ရတဲ့ကိန်းဆိုက်ပါလေရောဗျာ။ နယ်မြို့လေးမှာနေရတော့လဲ...ဘယ်သူ့ကိုသွားမေးလို့.ဘယ်ဆိုင်မှာလုပ်လို့ရတယ်ဆိုတာကလဲမရှိဆိုပြန်တော့.....ကိုယ့်အားကိုယ်ကိုး..၊ကိုယ်ထူကိုယ်ထစနစ်နဲ့ပဲ...အွန်လိုင်းရဲ့ရှာဖွေရေးပွဲစားကြီး..မောင်ဂူဂဲလ် ကိုပဲ..အားကိုးရတာပေါ့။


ဒီမှာအတွေ့အကြုံအသစ်တစ်ခုတိုးလာတာကတော့..စက်ရုပ်တွေမှာ..root လုပ်ရတယ်ဆိုတာပါပဲ။ root tool တွေလဲများသလောက်..ကိုယ့်ဖုန်းနဲ့ကိုက်ညီမဲ့ဟာကို..ရှာဖွေထည့်သွင်းစမ်းသပ်တာနဲ့တင် ပညာတော်တော်လေးရလိုက်မိတယ်....အခုရေးမဲ့နည်းလေးက..ကျွန်တော်သုံးနေတဲ့..ဖုန်းမှာ.ကျွန်တော်ကိုယ်တိုင်လုပ်ကြည့်လို့အဆင်ပြေထားနည်းပါ။ တခြား ဖုန်းတွေအတွက်တော့..ကျွန်တော်လဲမသိသေးပါဘူး။ ကဲ..စက်ရုပ်ရဲ့ရင်ခွင်ထဲကို..မောင်ဇော်ဂျီကိုဘယ်လိုသိမ်းသွင်းခဲ့ရသလဲဆိုတာကတော့.....အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

ပထမဆုံး..ဖော်ပြပါ..software တွေကို..အရင်ဆုံး..Download ချပါ။


Software တွေအကုန်ဒေါင်းပြီးသွားရင်တော့..အရင်ဆုံး...Google USB driver ကိုကွန်ပျူတာထဲInstall လုပ်လိုက်ပါ။ ပြီးရင်.ဖုန်းကို USB နဲ့ ကွန်ပျူတာကိုချိတ်ပြီးAutomatic-Root-Enabler ကို Double Click ပေးပြီး run လိုက်တာနဲ့..သင့်စက်ရုပ်လေးကို...စတင် root လုပ်ပါလိမ့်မယ်။




ဒီတိုင်းလေးဖြစ်ပြီဆိုရင်တော့..သင့်စက်ရုပ်လေးဟာ..root လုပ်တာအောင်မြင်သွားပါပြီ




ဖုန်းရဲ့ application မှာ..ခုလို Super User ဆိုတာလေးလဲပေါ်လာပါလိမ့်မယ်..ဘာမေးမေး..Allow ကိုသာ..နှိပ်ပေတော့




ဆက်လက်ပြီး.ကျန်နေသေးတဲ့..Font Changer.....BusyBox ...Root Explorer..နဲ့...Frozen Keyboard ကိုတော့..ဖုန်းထဲကို..Install လုပ်လိုက်ပါ။ နောက်ပြီး..Zawgyi-One ကိုလဲ. SD Card ထဲကူးထည့်ထားလိုက်ပါ။...စက်ရုပ်လေးဟာ..root လုပ်ပြီး....Super User ဖြစ်တာနဲ့..ကျန်တဲ့အဆင့်တွေဟာ..သိပ်မခက်တော့ပါဘူး...စက်ရုပ်တွေတော်တော်များများလဲ... root အဆင့်မှာပဲ..အဖုအထစ်လေးတွေဖြစ်နေကြတာပါ။

ကဲ...ဇော်ဂျီကို.တဆင့်ခြင်း..စက်ရုပ်ဆီပို့ဖို့..စတင်လို့ရပါပြီ..အရင်ဆုံး...Root Explorer ကိုrun လိုက်ပါ။ Superuser premission တောင်းလျှင် allow လုပ်ပေးလိုက်ပါ။ (Busy Box ကိုကြိုပြီး..ဖုန်းထဲ install လုပ်ထားပါ..ဘာလို့လဲဆိုတော့..font changer ကို run ရင်..လာတောင်းမှာမို့ပါ....)ပြီးရင်..ခုနက..ထည့်ထားတဲ့..zawgyi-one ကိုဖိပြီး....Copy လုပ်လိုက်ပါ။ ဘယ်ဖက်က..back လေးကိုနှိပ်ပြီး..font changer ဖိုဒါမှာ past လုပ်ပါပေးလိုက်ပါ။


Application ထဲကိုပြန်သွားပြီး..Font Changer ကို run လိုက်ပါ။ ဒါဆိုရင်တော့.ခုနကထည့်ထားတဲ့ zawgyi one ကိုခုလိုမြင်တွေ့ရမှာဖြစ်ပါတယ်။








ဇော်ဂျီပေါ်မှာ.ခဏဖိထားတာနဲ့.ခုလိုလေးပေါ်လာပါလိမ့်မယ်...Set ကိုနှိပ်လိုက်တာနဲ့.....apply , preview နှင့် cancelဆိုပြီးပေါ်လာရင် apply ကိုရွေးပေးပါ။


Apply ကိုနှိပ်လိုက်တာနဲ့..reboot now နှင့် reboot later လို့မေးလာရင်.. reboot now ကိုနှိပ်ပေးပါလိုက်တာနဲ့..ဖုန်းဟာ..restart လုပ်ပါလိမ့်မယ်...ပြန်တက်လာရင်ပြီဆိုရင်တော့.. ဇော်ဂျီလေးဟာ..စက်ရုပ်ရဲ့ရင်ခွင်ထဲကို.အပြီးအပိုင်ရောက်ရှိလို့...သင်ဟာ..လေးထောင့်တုံးလေးတွေနဲ့ဖြစ်နေတဲ့ဟာတွေကို..မြန်မာလိုကောင်းကောင်း မြင်ရပါပြီ....





mail စစ်မလား




ဂျီတော့မှာလဲပွားနိုင်တယ်နော်




ဖေ့ဘုတ်မှာလဲ.ခုလိုမြင်ရပါပြီ



ခမျာလဲ..root နဲ့တိုင်ပတ်နေရှာတယ်

ဟိုက်...မေ့နေလိုက်တာ..ဖတ်လို့ရရုံနဲ့ဘယ်ဟုတ်သေးမလဲ...ရေးလို့ရောရမှာပေါ့ဗျ..ဟုတ်တယ်မလား...ဒါလေးကတော့..လွယ်လွယ်လေးပါ..ခုနကဒေါင်းထားတဲ့..FrozenKeyboard ကိုသာ..install လုပ်ပြီး...run လိုက်ပါ။ ပြီးရင်...ဖုန်းရဲ့ setting >> Language & Keyboard >> select input method မှာ Frozen Keyboard လေးကိုရွေးပေးလိုက်တာနဲ့ မြန်မာလို..အေးဆေးရိုက်လို့ရပါပြီ။





အခြေအနေအရ..မက်ဆိပို့ရတာပေါ့..ဟဲဟဲ





ဖုန်းနံပါတ်တွေကိုလဲ.ခုလိုမှတ်လို့ရတယ်နော်

ကဲ..ဒီလောက်ဆို..အားလုံးအဆင်ပြေပြီလို့ထင်ပါတယ်ဗျာ..ကျွန်တော်လဲကျွမ်းကျင်ပညာရှင်မဟုတ်တဲ့အတွက်..လေ့လာစမ်းသပ်ပြီး.အဆင်ပြေလို့..မျှလိုက်တာပါ။ မိတ်ဆွေတို့အဆင်မပြေခဲ့ရင်တော့..ကျွန်တော့်ရဲ့ ရေးသားရှင်းပြချက်..ညံ့ဖျင်းတယ်လို့ပဲ..ယူဆပေးကြပါ။ ခုလိုသိရှိနားလည်ဖို့.လေ့လာဆည်းပူးခွင့်ရခဲ့တဲ့..myanmarmobileapp.com နဲ့..လိုအပ်တဲ့ software တွေကို..တင်ပေးထာတဲ့သူတွေကိုလဲ...များစွာကျေးဇူးတင်မိပါကြောင်း..ပြောကြားရင်း..ခဏနားကြပါဦးစို့..........

အားလုံးကိုချစ်ခင်လေးစားစွာဖြင့်

တွတ်တွတ်
 
ဒီပို့စ်လေးကတော့ ကျနော့ရဲ့ Blogger ညီကို တစ်ယောက်ဖြစ်တဲ့  http://www.kyaukme.com  ကနေတဆင့် အားလုံးအတွက် ပြန်လည် မျှဝေပေးလိုက်တာပါ အဆင်ပြေကြပါစေ... အဆင်မပြေတာလေးတွေများရှိခဲ့ရင် http://www.kyaukme.com ကိုသွားရောက် ပြောကြားနိုင်ပါကြောင်းးး 
 
လေးစားစွာဖြင့်
 
ဝင်းကမ္ဘာကျော်(နည်းပညာမှတ်တမ်း)

အင်ဒိုနီးရှား ငလျှင် နှင့် မြန်မာနိုင်ငံ၏ အရေးပေါ် သတင်းထုတ်ပြန်ထားသော နေရာများ အသေးစိတ်

မင်္ဂလာပါ

ကျွန်တော် ဒီသတင်းကို ဘာသာပြန်ရေးသားဖို့ အတွက် BBC , RFA , CNN , INDONESIA MEDIA များမှတဆင့် ဘာသာပြန်တင်ဆက်ပေးပါတယ် ။

ယနေ့ နေ့လည် ၃ နာရီကျော်ခန့်က အင်ဒိုနီးရှား ဆူမတ်တြား ကျွန်းဆွယ်ရဲ့ မြောက်ပိုင်းပင်လယ်ပြင် Aceh ခရိုင် အနီးပင်လယ်ကျမ်းပြင်မှ စတင်ဗဟိုပြု လို့ 8.7 ရစ်ချတ်တာစကေး အဆင့်ရှိတဲ့ ငလျှင်တစ်ခု ပြင်းထန်စွာ လှုပ်ရှားသွားခဲ့ပါတယ် ။


အဆိုပါ ငလျှင်ကြောင့် အင်ဒိုနီးရှား မြောက်ပိုင်းမှာ အပျက်အစီးများစွာ ဖြစ်ပွားခဲ့ပြီး တံတားများ ၊ အဆောက်အဦးများ ပျက်ဆီးကား လူပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရရှိလျှက် ရှိနေပါတယ် ။
ပစိဖိတ် ဆူနာမီ သတိပေးထုတ်ပြန်ချက် ဗဟိုဌာန (PTWC)က ယခု ငလျှင်ကြောင့် ဆူနာမီ ဖြစ်ပွားဖို့ သေချာသလောက်ရှိပြီး ဘယ်လောက်အထိ ပြင်းထန်မယ်ဆိုတာ အတိအကျပြောဖို့ မရှင်းလင်းသေးဘူးလို့ ဆိုပါတယ် ။
သို့သော် အိန္ဒိယ သမုဒ္ဒရာ အတွင်း အာဏာပိုင် များ သက်ဆိုင်ရာ နိုင်ငံများသို့ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားဖို့တော့ ခွင့်ပြုလိုက်ပြီဖြစ်ပါတယ် ။
ယနေ့ ဖြစ်ပွားနေတဲ့ အင်ဒိုနီးရှား ငလျှင် ဖြစ်ရာဒေသ မှာ ယခင် ၂၀၀၄ ခု ကမ္ဘာ့အဆိုးဝါးဆုံး လူသတ် ဆူနာမိဖြစ်ပွားခဲ့တဲ့ နေရာ ဖြစ်သော Aceh ခရိုင် ဒေသတွင်ပင် ထပ်မံ ဖြစ်ပွားနေတာ ဖြစ်ပါတယ် ။
Reuters ရဲ့ တရားဝင် ထုတ်ပြန်ခွင့် အရ ၁၇ စတင်တီမီတာ ( ၆.၇ လက်မ ) အဆင့် ဆူနာမီစတင်နေပြီလို့ တရားဝင်ထုတ်ပြန်ထားပါတယ်။ ။
ဒီလှိုင်းက Aceh ကမ်းရိုးတမ်း နိုင်ငံကို ဦးတည် နေပြီဖြစ်ကြောင်း နဲ့ လေတိုက်ခတ်မှု့ အရ အရှိန်ပြောင်းလဲသွားနိုင်ကြောင်း ကြော်ငြာထားပါပြီ။

အမေရိကန် ဘူမိဗေဒ ငလျှင် တိုင်းတာစက်များ (USGS) ရဲ့ အခြေခံတွက်ချားအရ  . Aceh ငလျှင်ဟာ Banda Aceh ကမ်းရိုးတမ်းရဲ့ ၃၃ ကီလိုမီတာအကွာ ၊ ပင်လယ်ကျမ်းပြင်အောက် အနက် 495 ကီလိုမီတာ ကို ဗဟိုပြုဖြစ်ပွားသွားတယ်လို့ အဖြေ ထုတ်နိုင်ခဲ့ကြပါတယ် ။
အဖြေများအရ တိုင်းတာချက် ၈.၉ ရစ်ချတ်တာ စကေးဆိုပေမယ့် USGS စက်များရဲ့ တိုင်းတာချက်များအရ 8.6 Magnitude ရှိပြီး ထို ငလျှင်ကြောင့် အင်ဒိုနီးရှားနိုင်ငံ ဆူမတ်တြား ကျွန်းဆွယ် အပါအဝင် တစ်နိုင်ငံလုံးရဲ့ မြေပြင်များ ၅ မိနစ်တိတိ သွက်သွက်ခါနေတဲ့အကြောင်း အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာ ရောက် သတင်းထောက် မှသတင့် ရုပ်သံသတင်းများကို လှုပ်ရှားနေစဉ်တွင်ပင် ရိုက်ကူးတင်ဆက်သွားနိုင်ခဲ့ပါတယ် ။

ဒီမျှ ပြင်းထန်မှု့ကြောင့် အိန္ဒယ သမုဒ္ဒရာ အတွင်း ဆူနာမီ လှိုင်းများဖြစ်ပွားလာမည်ဖြစ်ကြောင်း စတင်ကြော်ငြာလိုက်ပြိဖြစ်ပါတယ် ။ အန္ဒိယ သမုဒ္ဒရာ နဲ့ ထိစပ်နေတဲ့ ကမ်းခြေ ရှိတဲ့ နေရာ ဒေသတိုင်း ယခု ဆူနာမီ လှိုင်း အတွက် ပြင်ဆင်ထားရန် နှိုးဆော်ထားပြိဖြစ်ပါတယ် ။ထို ဒေများအတွင်း မြန်မာနိုင်ငံအနေဖြင့် အောက်ပါကမ်းရိုးတမ်းဒေသများအတွက် ဆူနာမီ အရေးပေါ်ထုတ်ပြန်ချက်များ ထုတ်ပြန်ပြီဖြစ်ပါတယ် ။

CHEDUBA_ISLAND 18.9N 93.4E 1149Z 11 APR (ချီဒူးပါး ကျွန်း ယနေ့ ၁၁ ရက်နေ့ညကျရောက်နိုင်)

PYINKAYAING 15.9N 94.3E 1150Z 11 APR (ပြင်ခရိုင် ကမ်းရိုးတမ်း ယနေ့ ၁၁ ရက်နေ့ည အတွင်းကျရောက်နိုင်)

SITTWE 20.0N 92.9E 1226Z 11 APR (စစ်တွေ ကမ်းရိုးတမ်း ယနေ့ ၁၁ ရက်နေ့ ညအတွင်း ကျရောက်နိုင်)

MERGUI 12.8N 98.4E 1316Z 11 APR ( ယနေ့ ၁၁ ရက်နေ့ည အတွင်း ကျရောက်နိုင် )

YANGON 16.5N 96.4E 1507Z 11 APR (ရန်ုကုန် ကမ်းရိုးတမ်း ယနေ့  ၁၁ ရက်နေ့ည တွင်ကျရောက်နိုင် )

ဒေါက်တာ ထွန်းလွင်မှ ထုတ်ပြန်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါတယ် ။
ယနေ့ (၁၁-၄-၂၀၁၂)ရက်နေ့ မြန်မာစံတော်ချိန် ညနေ (၃)နာရီ(၈)မီနစ်အချိန်က အင်ဒိုနီးရှားနိုင်ငံ၊ မာက်ဆူမတြာကျွန်းရဲ့အနောက်တောင်ဖက်(၂၆၈)မိုင်အကွာ ပင်လယ်ပြင်အောက်ခံမြေပြင်ပေါ်တွင် အင်အား ရစ်ခ်ျတာစကေး (၈.၇)ရှိ အင်အားအလွန်ပြင်း ထန်သော ရေအောက်ငလျင်တစ်ခု လှုပ်သွားခဲ့ပါတယ်။
ဒါကြောင့် ဆူနာမီသတိပေးချက်ကို ထုတ်ပြန်ထားခဲ့ပါတယ်။
ယခင်(၂၆-၁၂-၂၀၀၄)ရက်နေ့နံနက်(၇)နာရီခွဲအချိန်တွင် အင်အား(၉.၀)ရှိသော ရေအောက်မြေငလျင် လှုပ်ရှားသွားခဲ့ရာဆူနီမီရေလှိုင်းများ ဖြစ်ပေါ်မှုကြောင့် နိုင်င့ပေါင်း(၉)နိုင်ငံကိုထိခိုက်ခဲု့ရာ လူ(၂)သိန်း သုံးသောင်းကျာ် အသက်ဆုံးရှုံးခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း ဆူနာမီရေလှို်င်းအမြင့် (၃.၅)မီတာ (၁၁ ပေ)ခန့်ရှိသော ရေလှိုင်းများတက်ရောက်မှုကြောင့် လူ(၆၁)ဦးသေဆုံးခဲ့ရပါတယ်။ အဲဒီအချိန် တုံးက ကော့သောင်း၊ မြစဟ်ဝကျွန်းပေါ် နဲက ရခိုင်ကမ်းရိုးတန်းဒေသများကို ထိခိုက်ခဲ့ရ ပါတယ်။ ပထမဆုံးရေလှိုင်းကို နံနက် (၁၁)နာရီခန့်တွင် ရောက်ရှိခဲ့သဖြင့် လှိုင်းရောက်ရန် ကြာချိန် (၃)နာရီ ခွဲခန့် ကြာမြင့်ခဲ့ပါတယ်။
လက်ရှိဆူနာမီအမြင့်ကို (၆)မီတာရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ကမ်းခြေတလျှောက်တွင် နေထိုင်သူများအနေဖြင့် မိမိနေထိုင်ရာသို့ ဆူနာမီရေလှို်းများလာရောက်ပါက ကြိုတင်သိနိုင်သောအချက်မျာျးမှာ (၁) ပင်လယ်ရေများ ကျဆင်းသွားခြင်း၊ (၂) ထို့နောက် ရေလှိုင်း တက်သံများအော်မည်လာလေ့ရှိပါတယ်။အဆိုပါအချက်များတွေ့ရှိပါက အနည်းဆုံး အမြင့် (၁၀)မီတာ (၃၃ ပေ)ခန့်မြင့်သောနေရာသို့ ပြောင်းရွှေ့နေထိုင်ကြရန် နှင့်ါ ထိုနေရာတွင် အနည်းဆုံး(၃)နာရီခန့် ကြာအောင်နေထိုင်ကြရန် အကြံပြုပါတယ်။

ဒေါက်တာထွန်းလွင် 




သို့ပါသောကြောင့် ဧဒင်အဖွဲ့ဝင်များစွာမှတဆင့် မိမိတို့ နီးစပ်ရာ မိသားစု ၊ မိတ်ဆွေ ၊ သူငယ်ချင်းများမှတဆင့် ဖုန်းဖြင့်ဖြစ်စေ ၊ အွန်လိုင်းမှဖြစ်စေ နီးစပ်ရာကို သတိပေးနိုင်ရန် အထူးအရေးပေါ် သတင်းအဖြစ် အကြောင်းကြားပါတယ် ။
ဖြစ်ပွားနိုင်သော အဖြေအနေကို ပြီးခဲ့တဲ့ ၂၀၀၄ ခု ဆူနာမီ အဖျက်လှိုင်းဖြင့် နှိုင်းစာရရလျှင် အောက်ပါအတိုင်းဖြစ်ပါတယ် ။

၂၀၀၄ ဆူနာမီဖြစ်ပွားရသော ငလျှင် စကေး ၉.၀၀ ရစ်ချတ်တာစကေး
ယခု ဖြစ်ပွားနေသော ငလျှင် စကေး ၈.၇ ရစ်ချတ်တာစကေး

၂၀၀၄ ဖြစ်ပွားခဲ့သော နေရာ နှင့် ယခု ဖြစ်ပွားနေသော နေရာ နေရာတူ 

၂၀၀၄ ဖြစ်ပေါ်ခဲ့သော ဆူနာမီလှိုင်း အမြင့်ပမာဏ မြန်မာနိုင်ငံ (၁၁ ပေ)
ယခုဖြစ်ပေါ်နိုင်သော လှိုင်းအမြင့်ခန့်မှန်းခြေ (၆ မီတာ) အမြင့်ပေ ၁၇ ပေခန့်..

၂၀၀၄ ဆူနာမီ မြန်မာနိုင်ငံသို့ရောက်ရှိရန် ကြာချိန် ၃ နာရီခွဲ .....
ယခုရောက်ရှိရန် ခန့်မှန်းခြေ အချိန် ည ၈ နာရီနောက်ပိုင်း .. ဖြစ်တယ်လို့ သိရပါတယ် ။

သို့ပါသော်ကြောင့် ဆူနာမီ တိုက်ခိုက်ခံခဲ့ရသော ယခင် ကိုးနိုင်ငံ (မြန်မာနိုင်ငံအပါ) လုံး ယခု အရေးပေါ် သတင်း (Breaking News) အနေဖြင့် ထုတ်ပြန်ထားကြောင်း အသိပေးရင်း အင်ဒိုနီးရှားနိုင်ငံငလျှင်ကြီးနဲ့ ပတ်သက်ပြီး ဆက်လက်ဖြစ်ပွားနိုင်မှု့ အခြေအနေ အသေစိတ်ကို နိုင်ငံတကာ သတင်းဌာနများမှတဆင့် ဘာသာပြန်တင်ဆက်လိုက်ပါတယ် ။

ဆက်လက်ပြီး ထူးခြားသတင်းများကို ကျွန်တော်တို့ယနေ့ည စောင့်ကြည့် ဘာသာပြန်သွားမည်ဖြစ်တာကြောင့် နိုးကြားစွာ နေထိုင်ပြီးသတင်းမပြတ်နားစွင့်ထားဖို့ တိုက်တွန်းရင်း ပထမဆုံး အသေးစိတ်ဘလော့ကို တင်ဆက်ပေးပါတယ် ။

ဥယျာဉ်မှူး
www.edinooyin.com





 အင်ဒိုနီးရှားသတင်းဌာန၏ ရုပ်သံ သတင်း 

ယနေ့ ၃ နာရီ ၄၅ မိနစ်က မီးတောင်ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွား..။

ကျွန်းနံ့သာကျွန်းပေါ်တွင် ယနေ့ ၃ နာရီ ၄၅ မိနစ်က မီးတောင်ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွား..။
ငပလီကမ်းခြေ၏ ရေမိုင် ၁၅ မိုင်အကွာရှိ ကျွန်းနံ့သာကျွန်းပေါ်တွင် ယနေ့ ၃ နာရီ ၄၅ မိနစ်က မီးတောင်ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး မီးညွှန့်များမှာ တစ်နာရီလျှင် တစ်ကြိမ်တက်လာလျှက်ရှိနေကြောင်း သတင်းရရှိသည်။
7Day News Journal
---
သံတွဲဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းချက်အရ ထိုကျွန်းကို ဒေသခံများက ကျွန်းနံ့သာဟု ခေါ်ကြပြီး သံတွဲကမ်းခြေနှင့်မဝေးလှကာ၊ ကျွန်းအနီးပင်လယ်ပြင်ထဲမှ ပြာမှုန်များ လေထဲသို ပေလေးငါးဆယ်ခန့်အမြင့်အထိ ထိုးတက်နေသည်ကိုမြင်ရကြောင်းသိရသည်။
Popular Myanmar News Journal
သစ်ထူးလွင်

အင်ဒိုနီးရှားမှာ ၈.၉ စကေး ငလျင်လူပ်


 အင်ဒိုနီးရှားမှာ ၈.၉ စကေး ငလျင်လူပ်

အင်ဒိုနီးရှား ဘန်ဒါပါချေး ရဲ့ ၄၅၀ ကီလိုမီတာ အဝေးမှာလို့ပြောပါသည်။ ယခင် ဖြစ်ပေါ်ခဲ့သော ဆူနာမိ ငလျင်ထက် ၃ ဆ ပိုနက်သော နေရာတွင်ဖြစ်ပေါ်ကြောင်းသိရှိရပါသည်။
5:53 PM

ယနေ့ ညနေ ၆နာရီ ၁၅ မိနစ် နောက်ပိုင်း ဆူနာမီရိုက်ခတ်မှု မရှိပါက မြန်မာနိုင်ငံသို့ ဆူနာမီ သက်ရောက်မှု ဖြစ်နိုင်ချေမရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှူဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး ပြောပါသည်။


4:10 PM

အင်ဒိုနီးရှားနိုင်ငံ Sumatra ကျွန်းပတ်ဝန်းကျင်တွင် ငလျှင်လှုပ်ခတ်မှုကြောင့် ဆူနာမီလှိုင်း ဖြစ်ပေါ်ခဲ့သည် ဆိုပါက မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းနှင့် ရခိုင် ကမ်းရိုးတန်း ဒေသများသို့ ယခုအချိန်မှ စတင်ပြီး နောက်ထပ် နှစ်နာရီအတွင်း ရောက်ရှိလာနိုင် သဖြင့် ဆူနာမီ သဘာဝဘေးဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားရန် နိုင်ငံပိုင် မီဒီယာများမှ ထုတ်လွှင့်လျက်ရှိပါသည်။


4:00 PM

ကမ္ဘာအေး မြေငလျင်စခန်းမှ တိုင်းထွာချက်အရ ကမ္ဘာအေးမြေငလျင် စခန်း၏ တောင်ဘက် မိုင် ၁၀၀၀ ကျော်ခန့် အကွာ အင်ဒိုနီးရှားနိုင်ငံ Sumatra ကျွန်းပတ်ဝန်းကျင်၌ ယနေ့မွန်းလွဲပိုင်းတွင် လှုပ်ခတ်ခဲ့သော အင်အား ၈ ဒသမ ၉ ရစ်ခ်ျတာစကေး ပမာဏရှိ ငလျင်ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်းများ အတွင်း ငလျင်လှုပ်ခတ်မှုလှိုင်း သက်ရောက်မှု ရှိခဲ့ကြောင်း သိရပါသည်။

3:30 PM

မြန်မာစံတော်ချိန် ယနေ့ မွန်းလွဲ ၃ နာရီကျော်တွင် အင်ဒိုနီးရှာနိုင်ငံ Sumatra ကျွန်းပတ်ဝန်းကျင်၌ လှုပ်ခတ်ခဲ့သော အင်အား ၈ ဒသမ ၉ ရစ်ချစတာစကေး ပမာဏရှိ ငလျင်တစ်ခု ကြောင့် မြန်မာနိုင်ငံအပါဝင် ဒေသတွင်းနိုင်ငံများ၌ ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ကြရကြောင်း သိရှိရသည်။

3:20 PM

ယနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် ရန်ကုန်မြို့နှင့် အနီးတ၀ှိုက်တွင် ငလျင်လှုပ်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ မန္တလေးမြို့တွင်လည်း တပြိုင်နက်တည်း လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနမှ အတည်ပြု ပြောဆိုခဲ့သည်။ လက်ရှိအချိန်တွင် လှုပ်ခတ်ခဲ့သည့် အတိုင်းအတာကို တိုင်းတာနေဆဲ

မြန်မာ ဆိုဒ်များမှ admin များအတွက် သတိပေးချက်.

မြန်မာနှင့်ဘင်္ဂလားဒေ့ရေပိုင်နက်အရေးကိုအကုန်သိရှိကြမှာပါ..မြန်မာဘက်က ပေးလိုက်ရပါတယ်..ကျနော်တို့မြေအကျူး.ကျော်ခံတာဘယ်မြန်မာနိင်ငံသားမှမခံပါဘူး...ဒါကြောင့် မြန်မာ hacker များစုပေါင်းပြီး...ဘင်္ဂလားဒေ့ ဆိုဒ်များကို hack
ပြီး တုံ့ ပြန်ခဲ့ပါတယ်...ဒီအကြောင်းတွေကို အစုံအလင်သိချင်ရင် MHF http://mmhackforums.noonhost.com/operation-bangledesh-vf40.html မှာကြည့်ရူနိင်ပါတယ်....ဆိုဒ်တော်တော်များများ ကို hack နိင်ခဲ့ပါတယ်...
ဒီအထဲကတစ်ခုကိုကြည့်ကြည့်ပါ... http://falahiamadrasah.edu.bd/ BD Operation ကိုကျနော်တို့ ရုပ်သိမ်း
မည့်အချိန်တွင်..ဘင်္ဂလားဒေ့ ဘက်မှ တုန့်ပြန်မူတွေထွက်ပေါ်လာပါတယ်... http://myanmarhost.com/ ကို hack
သွားပါတယ်...ဒါကြောင့် BD Operation ကိုပြန်လည်အသက်သွင်းပါပြီ...ဆိုဒ်အသီးသီးမှ admin များအနေဖြင့် ဘင်္ဂလားဒေ့ ဘက်မှ တုံ့ ပြန်မူတွေဆက်လက်ရှိလာပါပြီ ။ဒါကြောင့် မိမိ ဆိုဒ်များအား...Security...အမြင့်ဆုံးထားကြပါရန်
တိုက်တွန်းအပ်ပါတယ်...
မြန်မာပြည်တွင်းပြည်ပမှာ ရှိတဲ့ hacking လောကကနှုတ်ထွက်သွားကြတဲ့ အနားယူသွားကြတဲ့ မြန်မာပညာရှင်အပေါင်းကိုလည်း ပူးပေါင်း ပါဝင်ကြဖို့ ဖိတ်ခေါ်အပ်ပါသည် ။ မြန်မာပြည် အရေး ဖြစ်သည့် အတွက်ကြောင့် ကျွန်တော်တို့နှင့် အတူတကွပူးပေါင်း ပါဝင်ဆင်နွှဲကြလိမ့်မည်ဟုလည်း ယုံကြည်ပါသည်....
ဒီ post လေးကို ဆိုဒ်အသီးသီးမှာ ပြန်လည် မျှဝေပေးစေချင်ပါတယ်...ကျနော်တို့မြန်မာတွေအားလုံးစည်းလုံးဖို့အချိန်ကျရောက်လာပါပြီ..ေ၇ပိုင်နက်အရေးမှာကျနော်တို့မစွမ်းသာပေမယ့်...cyber war ...မှာကျနော်တို့ မြန်မာတွေ အောင်ပွဲခံကြတာပေါ့.........
ဆိုဒ် adminများအနေဖြင့် မိမိဆိုဒ်လုံခြုံရေးများ..လိုအပ်လာလျှင် နားလည်ကျွမ်းကျင်သောပညာရှင်များကိုအကူညီတောင်းသင့်ပါတယ်... MHF http://mmhackforums.noonhost.com/ တွင်လည်း..သင်တို့အနေဖြင့် အကူညီတောင်းခံနိင်ပါတယ်..
လေးစားစွာဖြင့်
MHF memberမာဃလုလင်

အထူး အရေးပေါ် သတင်း ... ဆူနာမီသတိပေးချက်ထုတ်ပြန်ခြင်း - ၁၁-၄-၂၀၁၂ ရက် ညနေ

ဦးထွန်းလွင်
ယနေ့ညနေ ၃ နာရီ ၈ မိနစ်အချိန်တွင် ဆူမတြားကျွန်း အနောက်တောင်ဖက် ၂၆၈ မိုင်အတွင်းရှိ ပင်လယ်ပြင် အောက်ခံမြေပြင်ပေါ်တွင် အင်အား ရစ်ခ်ျတာစကေး (၈.၇)ရှိ အင်အားအလွန်ပြင်း ထန်သော ရေအောက်ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း သိရပြီး ဆူနာမီသတိပေးချက်များလည်း ထုတ်ပြန်နေပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံကမ်းရိုးတန်းဒေသများသို့ ယနေ့ညနေ ၆ နာရီနှင့် ၆ နာရီခွဲအချိန် ၀န်းကျင်အတွင်း ရောက်ရှိလာနိုင်သောကြောင့် ကမ်းရိုးတန်းဒေသတွင် နေထိုင်သူများမှာ အနည်းဆုံးအမြင့် (၁၀)မီတာ (၃၃ ပေ)ခန့်မြင့်သောနေရာသို့ ပြောင်းရွှေ့နေထိုင်ကြရန် လိုအပ်ပြီး ယခု ဆူနာမီလှိုင်းအမြင့်ပေ ခြောက်မီတာခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း ဦးထွန်းလွင်ကဆိုထားသည်။

ကမ်းခြေတလျှောက်တွင် နေထိုင်သူများအနေဖြင့် မိမိနေထိုင်ရာသို့ ဆူနာမီရေလှို်းများလာရောက်ပါက ကြိုတင်သိနိုင်သောအချက်မျာျးမှာ (၁) ပင်လယ်ရေများ ကျဆင်းသွားခြင်း၊ (၂) ထိုကနောက် ရေလှိုင်းတက်သံများအော်မြည်လာလေ့ရှိသည်ဟု ဦးထွန်းလွင်က အကြံပြုထားသည်။
.........................................................................................................
မြန်မာနိုင်ငံအတွက် Tsunami alert ထုတ်ပြန်လိုက်ပါပြီ...
မြန်မာနိုင်ငံအတွက် စူနာမီလှိုင်းခန့်မှန်းရောက်ရှိချိန်များမျာ...

CHEDUBA_ISLAND 18.9N 93.4E 1149Z 11 APR
CHEDUBA_ISLAND 18.9N 93.4E 1149Z 11 APR
PYINKAYAING 15.9N 94.3E 1150Z 11 APR
SITTWE 20.0N 92.9E 1226Z 11 APR
MERGUI 12.8N 98.4E 1316Z 11 APR
YANGON 16.5N 96.4E 1507Z 11 APR

မြန်မာ နိုင်ငံ အတွက် စုနမိ ရောက်ရှိ မည့် နေရာများ နှင့် အချိန် များ မှာ

စစ်တွေ ၊ ကျောက်ဖြူ ၊ မြိတ်၊ ပြင်ခရိုင် ၊ ရန်ကုန် တို့  ဖြစ်သည်။
ယနေ့  ည ဖြစ်သည်

(လက်ဆင့် ကမ်းပါ)
............................................................................................

【 CNN Report 】
Tsunami warning : Please don't go around beach side!
Because Indonesia Acheh, Sumatra 8.9 Strong Earthquake. The next couple of hours, Tsunami might be happen.

Remind your friends - Do not go around Seaside.

ရန်ကုန်တိုင်းဒေသကြီးမှ(ဆရာသီဟမင်းလွင်)ရဲ့တစ်နှစ်စာမဟာသင်္ကြန်စာဟောစာတမ်းကြီး

၂၀၁၂ မင်္ဂလာနှစ်သစ်အတွက်..နေသည်အရှေ့အပေါ်မှထွက်၍်ပိတောက်သည်ရွှေဝါရောင်သက်ချေမည်။
ဘိုးသိကြားမင်းသည်.I_Pad တဖက်..အော်လံတဖက်ကိုင်ကာBlue-Tooth နားကြပ်နှင့်(သန့်ရှင်းသောဒီမိုကရေစီနိင်ငံဆီသို့)ရွှေရောင်စာတန်းအားနဖူးတွင်ချည်နှောင်လျှက်ရွှေရောင်ခွပ်ဒေါင်း
စီးကာအေးအေးလူလူဆင်းသက်လာချေပြီ။သို့ပါ၍အများပြည်သူမျှော်လင့်နေသောဖွိ့ဖြိုးတိုးတက်ခြင်းနှင့်
၅၀၀၀တန်ဖုန်းကဒ်များဤနှစ်တွင်ဧကန်ရလတ္တံ။သို့ပါသော်လည်းရပ်မိရပ်ဖများအနေနှင့်ကောင်းသထက်
ကောင်းလာစေရန်အလို့ငှာဦးချိုအားကိုး၍ဥာဏ်နည်းလှသောကြံကဲ့သို့သောလူများနှင့်တိုင်းပြည်မွဲသထက်
မမွဲစေရန်ဖွတ်ကဲ့သို့သောလူမျိုးများအားခေါစာပစ်ကျွေးကပိုကောင်းလှ၏။ဤနှစ်တွင်အထူးသတိပြုရန်အချက်
မှာမုန့်လက်ဆောင်း,မုန့်လုံးရေပေါ်,ရွှေရင်အေးနှင့်အဖော်ယမကာမူးလို့ရသမျှအားလုံးအတာစားနိင်ပါသည်။
ဂေါ်မစွံသူများဂေါ်စွံ၍ဂေါ်စွံသူများအဖော်မွန်မရနိင်သောကြောင့်ဖော်အဲဗားမှကာလသားများအခက်တွေ့ရမည်။
တနင်္ဂနွေသား\မီး>>အရင်းကျေပြီဟုအပြင်းပြေပုလင်းတွေဖိသောက်၍ချစ်သူနှင့်ကသိကအောက်ဖြစ်ကာ
စိတ်နောက်သွားတတ်၏။နွေသမီးများDreamတွေအမှန်ဖြစ်စေရန်.အိမ်သာအားအာရုံပြု၍အောက်အီးအီးအွတ်အသက်စေ့ရွတ်ပါ။
တနင်္လာ။ ။မြစ်ဆုံကိစ္စအစချီ၍မထင်မှတ်ပဲစကားကတ်သောချစ်သူကြောင့်ပြတ်မလိုနှင့်အိမ်ထောင်ကျတတ်၏
ယတြာ>>အုန်းမှုတ်ခွက်ကိုခေါင်းအုံး၍ငှက်ပျောတုံးဖက်ကာ၇ရက်တပါတ်အိပ်ပါ။
အင်္ဂါ ။ ။ဒီနှစ်မှာအစစအဆင်ပြေသော်လည်းအပူစပ်မရှောင်၍ကျန်းမာရေးအခက်တွေ့နိင်သို့သော်ဆရာသီဟ
၏ပညာအရတွက်ချက်ထားရာစ,ဇ,ည.အင်္ဂါနံဓါတ်ယူ၍အကြင်သူသည်ညဘက်ဆီးသွားမပြီးခင်တွင်.
ဝိုင်းဝိုင်းစည်း,အာဇာနီစည်းထိုသီချင်းကြီး၂ပုဒ်အားအပြီးဆိုပါ။
ဗုဒ္ဓဟူး။။ဒီနှစ်မှာအဟုတ်ထူးမယ်မလုပ်ဘူးဟူရည်ရွယ်သမျှအလုပ်အဟုတ်ဖြစ်လျှက်အိုစာသူတယောက်နှင့် အကြောင်းပါလတ္တံ။
ကြာသပတေး။ ။ဘာလေးလဲဘာလေးလဲဟုမေးရမဲ့အလှည့်ရောက်လာပါပြီ.သို့သော်သင်၏အချစ်ရေးရာ
နတ်ကလေးမှာမျက်စိနာနေ၍သင့်အစားပါပီနှင့်ပူစီလေးများကတာဝန်ယူမွေးဖွားသွားပါလိမ့်မယ်။
သောကြာ။ ။အစားကြီး,နားငြီး,အားရှိအွန်လိုင်းဝင်ကလိသောရှမ်းမလေးများကိုဟော်နန်းသီချင်းအားဟစ်ဟော့
လိုဆိုပြ၍လိုချင်သောချစ်ခရီးအတွက်ပိုးနည်းအသစ်အဖြစ်အသုံးချရစ်ကြပါကုန်။
ယတြာ>>အသည်းနှလုံးကိစ္စအဆင်ပြေရန်သင်္ကြန်အကြတ်နေ့တွင်အင်းယားလမ်းမဏ္ဍပ်ရှေ့၌
သဲပုံစေတီအသက်စေ့တည်ပေးပါ။
စနေ။ ။နှစ်စမှာပင်..ရွှေငွေမရှိသောအပေအတေငတိအား,မေလေမကြည့်ဟုသံဝေဂရလျှက်တောသို့ထွက်၏
(ထန်းတောသို့)။။နေသမီးများအဖို့အငြိုးကြီးထား၍တန်ခိုးကြီးဘုရားသို့ကိလေသာဖြတ်တောက်ရန်အရောက်စိတ်အကြံပေါက်ကာ လာရာလမ်းဆီအပြန်ခရီးဝယ်ရေသည်ယောင်္ကျားကဲ့သို့သောလူမျိုးနှင့်ညားကာ>>>>
အိုဘားမားကလေးများထွန်းကားနိင်ပါသည်။ယတြာတွက်အကြွေးကျန်ရှိသူများကလေးတွေကိုကြံကျွေး၍မာန်ပါပါဖြင့် လင်းခေးနှင့်ခမ်းမွေး..ငါမတင်းသေးခင်.ပြန်အရင်းပေးနော်ဟုသုံးခါအော်ပါ။။
ထာဝရရည်ရွယ်ထားသောမိတ်သင်္ဂဟအပေါင်းအားအမျက်ပြေ၍အသက်ရှည်စေရန်အလို့ငှာဂါ၇၀နှောလျှက်
ဟာသသဘောလေးတင်ဆက်လိုက်မိပါတယ်..အမှားပါကဂွမ်းသူကျွှန်တော်အားဘန်းတော်မူကြပါ။
ဇေယျတုသဗ္ဗမင်္ဂလံ,အဟောသုခံ,အာရောဂျံပရမံလာဘံ..အို'ကျွှန်ပ်အားဆေးရောင်းသည်ဟုထင်မည်စိုး၍
ဤတွင်မဟာ,ဟောစာတန်းအားတခန်းရပ်ပြီ။ ။

Tropical Islands of Africa..ရူခင်း အလှ

www.funmag.org


www.funmag.org


www.funmag.org


www.funmag.org


www.funmag.org


www.funmag.org


www.funmag.org


www.funmag.org


www.funmag.org


www.funmag.org