Wednesday, April 11, 2012

အင်ဒိုနီးရှား ငလျှင် နှင့် မြန်မာနိုင်ငံ၏ အရေးပေါ် သတင်းထုတ်ပြန်ထားသော နေရာများ အသေးစိတ်

မင်္ဂလာပါ

ကျွန်တော် ဒီသတင်းကို ဘာသာပြန်ရေးသားဖို့ အတွက် BBC , RFA , CNN , INDONESIA MEDIA များမှတဆင့် ဘာသာပြန်တင်ဆက်ပေးပါတယ် ။

ယနေ့ နေ့လည် ၃ နာရီကျော်ခန့်က အင်ဒိုနီးရှား ဆူမတ်တြား ကျွန်းဆွယ်ရဲ့ မြောက်ပိုင်းပင်လယ်ပြင် Aceh ခရိုင် အနီးပင်လယ်ကျမ်းပြင်မှ စတင်ဗဟိုပြု လို့ 8.7 ရစ်ချတ်တာစကေး အဆင့်ရှိတဲ့ ငလျှင်တစ်ခု ပြင်းထန်စွာ လှုပ်ရှားသွားခဲ့ပါတယ် ။


အဆိုပါ ငလျှင်ကြောင့် အင်ဒိုနီးရှား မြောက်ပိုင်းမှာ အပျက်အစီးများစွာ ဖြစ်ပွားခဲ့ပြီး တံတားများ ၊ အဆောက်အဦးများ ပျက်ဆီးကား လူပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရရှိလျှက် ရှိနေပါတယ် ။
ပစိဖိတ် ဆူနာမီ သတိပေးထုတ်ပြန်ချက် ဗဟိုဌာန (PTWC)က ယခု ငလျှင်ကြောင့် ဆူနာမီ ဖြစ်ပွားဖို့ သေချာသလောက်ရှိပြီး ဘယ်လောက်အထိ ပြင်းထန်မယ်ဆိုတာ အတိအကျပြောဖို့ မရှင်းလင်းသေးဘူးလို့ ဆိုပါတယ် ။
သို့သော် အိန္ဒိယ သမုဒ္ဒရာ အတွင်း အာဏာပိုင် များ သက်ဆိုင်ရာ နိုင်ငံများသို့ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားဖို့တော့ ခွင့်ပြုလိုက်ပြီဖြစ်ပါတယ် ။
ယနေ့ ဖြစ်ပွားနေတဲ့ အင်ဒိုနီးရှား ငလျှင် ဖြစ်ရာဒေသ မှာ ယခင် ၂၀၀၄ ခု ကမ္ဘာ့အဆိုးဝါးဆုံး လူသတ် ဆူနာမိဖြစ်ပွားခဲ့တဲ့ နေရာ ဖြစ်သော Aceh ခရိုင် ဒေသတွင်ပင် ထပ်မံ ဖြစ်ပွားနေတာ ဖြစ်ပါတယ် ။
Reuters ရဲ့ တရားဝင် ထုတ်ပြန်ခွင့် အရ ၁၇ စတင်တီမီတာ ( ၆.၇ လက်မ ) အဆင့် ဆူနာမီစတင်နေပြီလို့ တရားဝင်ထုတ်ပြန်ထားပါတယ်။ ။
ဒီလှိုင်းက Aceh ကမ်းရိုးတမ်း နိုင်ငံကို ဦးတည် နေပြီဖြစ်ကြောင်း နဲ့ လေတိုက်ခတ်မှု့ အရ အရှိန်ပြောင်းလဲသွားနိုင်ကြောင်း ကြော်ငြာထားပါပြီ။

အမေရိကန် ဘူမိဗေဒ ငလျှင် တိုင်းတာစက်များ (USGS) ရဲ့ အခြေခံတွက်ချားအရ  . Aceh ငလျှင်ဟာ Banda Aceh ကမ်းရိုးတမ်းရဲ့ ၃၃ ကီလိုမီတာအကွာ ၊ ပင်လယ်ကျမ်းပြင်အောက် အနက် 495 ကီလိုမီတာ ကို ဗဟိုပြုဖြစ်ပွားသွားတယ်လို့ အဖြေ ထုတ်နိုင်ခဲ့ကြပါတယ် ။
အဖြေများအရ တိုင်းတာချက် ၈.၉ ရစ်ချတ်တာ စကေးဆိုပေမယ့် USGS စက်များရဲ့ တိုင်းတာချက်များအရ 8.6 Magnitude ရှိပြီး ထို ငလျှင်ကြောင့် အင်ဒိုနီးရှားနိုင်ငံ ဆူမတ်တြား ကျွန်းဆွယ် အပါအဝင် တစ်နိုင်ငံလုံးရဲ့ မြေပြင်များ ၅ မိနစ်တိတိ သွက်သွက်ခါနေတဲ့အကြောင်း အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာ ရောက် သတင်းထောက် မှသတင့် ရုပ်သံသတင်းများကို လှုပ်ရှားနေစဉ်တွင်ပင် ရိုက်ကူးတင်ဆက်သွားနိုင်ခဲ့ပါတယ် ။

ဒီမျှ ပြင်းထန်မှု့ကြောင့် အိန္ဒယ သမုဒ္ဒရာ အတွင်း ဆူနာမီ လှိုင်းများဖြစ်ပွားလာမည်ဖြစ်ကြောင်း စတင်ကြော်ငြာလိုက်ပြိဖြစ်ပါတယ် ။ အန္ဒိယ သမုဒ္ဒရာ နဲ့ ထိစပ်နေတဲ့ ကမ်းခြေ ရှိတဲ့ နေရာ ဒေသတိုင်း ယခု ဆူနာမီ လှိုင်း အတွက် ပြင်ဆင်ထားရန် နှိုးဆော်ထားပြိဖြစ်ပါတယ် ။ထို ဒေများအတွင်း မြန်မာနိုင်ငံအနေဖြင့် အောက်ပါကမ်းရိုးတမ်းဒေသများအတွက် ဆူနာမီ အရေးပေါ်ထုတ်ပြန်ချက်များ ထုတ်ပြန်ပြီဖြစ်ပါတယ် ။

CHEDUBA_ISLAND 18.9N 93.4E 1149Z 11 APR (ချီဒူးပါး ကျွန်း ယနေ့ ၁၁ ရက်နေ့ညကျရောက်နိုင်)

PYINKAYAING 15.9N 94.3E 1150Z 11 APR (ပြင်ခရိုင် ကမ်းရိုးတမ်း ယနေ့ ၁၁ ရက်နေ့ည အတွင်းကျရောက်နိုင်)

SITTWE 20.0N 92.9E 1226Z 11 APR (စစ်တွေ ကမ်းရိုးတမ်း ယနေ့ ၁၁ ရက်နေ့ ညအတွင်း ကျရောက်နိုင်)

MERGUI 12.8N 98.4E 1316Z 11 APR ( ယနေ့ ၁၁ ရက်နေ့ည အတွင်း ကျရောက်နိုင် )

YANGON 16.5N 96.4E 1507Z 11 APR (ရန်ုကုန် ကမ်းရိုးတမ်း ယနေ့  ၁၁ ရက်နေ့ည တွင်ကျရောက်နိုင် )

ဒေါက်တာ ထွန်းလွင်မှ ထုတ်ပြန်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါတယ် ။
ယနေ့ (၁၁-၄-၂၀၁၂)ရက်နေ့ မြန်မာစံတော်ချိန် ညနေ (၃)နာရီ(၈)မီနစ်အချိန်က အင်ဒိုနီးရှားနိုင်ငံ၊ မာက်ဆူမတြာကျွန်းရဲ့အနောက်တောင်ဖက်(၂၆၈)မိုင်အကွာ ပင်လယ်ပြင်အောက်ခံမြေပြင်ပေါ်တွင် အင်အား ရစ်ခ်ျတာစကေး (၈.၇)ရှိ အင်အားအလွန်ပြင်း ထန်သော ရေအောက်ငလျင်တစ်ခု လှုပ်သွားခဲ့ပါတယ်။
ဒါကြောင့် ဆူနာမီသတိပေးချက်ကို ထုတ်ပြန်ထားခဲ့ပါတယ်။
ယခင်(၂၆-၁၂-၂၀၀၄)ရက်နေ့နံနက်(၇)နာရီခွဲအချိန်တွင် အင်အား(၉.၀)ရှိသော ရေအောက်မြေငလျင် လှုပ်ရှားသွားခဲ့ရာဆူနီမီရေလှိုင်းများ ဖြစ်ပေါ်မှုကြောင့် နိုင်င့ပေါင်း(၉)နိုင်ငံကိုထိခိုက်ခဲု့ရာ လူ(၂)သိန်း သုံးသောင်းကျာ် အသက်ဆုံးရှုံးခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း ဆူနာမီရေလှို်င်းအမြင့် (၃.၅)မီတာ (၁၁ ပေ)ခန့်ရှိသော ရေလှိုင်းများတက်ရောက်မှုကြောင့် လူ(၆၁)ဦးသေဆုံးခဲ့ရပါတယ်။ အဲဒီအချိန် တုံးက ကော့သောင်း၊ မြစဟ်ဝကျွန်းပေါ် နဲက ရခိုင်ကမ်းရိုးတန်းဒေသများကို ထိခိုက်ခဲ့ရ ပါတယ်။ ပထမဆုံးရေလှိုင်းကို နံနက် (၁၁)နာရီခန့်တွင် ရောက်ရှိခဲ့သဖြင့် လှိုင်းရောက်ရန် ကြာချိန် (၃)နာရီ ခွဲခန့် ကြာမြင့်ခဲ့ပါတယ်။
လက်ရှိဆူနာမီအမြင့်ကို (၆)မီတာရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ကမ်းခြေတလျှောက်တွင် နေထိုင်သူများအနေဖြင့် မိမိနေထိုင်ရာသို့ ဆူနာမီရေလှို်းများလာရောက်ပါက ကြိုတင်သိနိုင်သောအချက်မျာျးမှာ (၁) ပင်လယ်ရေများ ကျဆင်းသွားခြင်း၊ (၂) ထို့နောက် ရေလှိုင်း တက်သံများအော်မည်လာလေ့ရှိပါတယ်။အဆိုပါအချက်များတွေ့ရှိပါက အနည်းဆုံး အမြင့် (၁၀)မီတာ (၃၃ ပေ)ခန့်မြင့်သောနေရာသို့ ပြောင်းရွှေ့နေထိုင်ကြရန် နှင့်ါ ထိုနေရာတွင် အနည်းဆုံး(၃)နာရီခန့် ကြာအောင်နေထိုင်ကြရန် အကြံပြုပါတယ်။

ဒေါက်တာထွန်းလွင် 




သို့ပါသောကြောင့် ဧဒင်အဖွဲ့ဝင်များစွာမှတဆင့် မိမိတို့ နီးစပ်ရာ မိသားစု ၊ မိတ်ဆွေ ၊ သူငယ်ချင်းများမှတဆင့် ဖုန်းဖြင့်ဖြစ်စေ ၊ အွန်လိုင်းမှဖြစ်စေ နီးစပ်ရာကို သတိပေးနိုင်ရန် အထူးအရေးပေါ် သတင်းအဖြစ် အကြောင်းကြားပါတယ် ။
ဖြစ်ပွားနိုင်သော အဖြေအနေကို ပြီးခဲ့တဲ့ ၂၀၀၄ ခု ဆူနာမီ အဖျက်လှိုင်းဖြင့် နှိုင်းစာရရလျှင် အောက်ပါအတိုင်းဖြစ်ပါတယ် ။

၂၀၀၄ ဆူနာမီဖြစ်ပွားရသော ငလျှင် စကေး ၉.၀၀ ရစ်ချတ်တာစကေး
ယခု ဖြစ်ပွားနေသော ငလျှင် စကေး ၈.၇ ရစ်ချတ်တာစကေး

၂၀၀၄ ဖြစ်ပွားခဲ့သော နေရာ နှင့် ယခု ဖြစ်ပွားနေသော နေရာ နေရာတူ 

၂၀၀၄ ဖြစ်ပေါ်ခဲ့သော ဆူနာမီလှိုင်း အမြင့်ပမာဏ မြန်မာနိုင်ငံ (၁၁ ပေ)
ယခုဖြစ်ပေါ်နိုင်သော လှိုင်းအမြင့်ခန့်မှန်းခြေ (၆ မီတာ) အမြင့်ပေ ၁၇ ပေခန့်..

၂၀၀၄ ဆူနာမီ မြန်မာနိုင်ငံသို့ရောက်ရှိရန် ကြာချိန် ၃ နာရီခွဲ .....
ယခုရောက်ရှိရန် ခန့်မှန်းခြေ အချိန် ည ၈ နာရီနောက်ပိုင်း .. ဖြစ်တယ်လို့ သိရပါတယ် ။

သို့ပါသော်ကြောင့် ဆူနာမီ တိုက်ခိုက်ခံခဲ့ရသော ယခင် ကိုးနိုင်ငံ (မြန်မာနိုင်ငံအပါ) လုံး ယခု အရေးပေါ် သတင်း (Breaking News) အနေဖြင့် ထုတ်ပြန်ထားကြောင်း အသိပေးရင်း အင်ဒိုနီးရှားနိုင်ငံငလျှင်ကြီးနဲ့ ပတ်သက်ပြီး ဆက်လက်ဖြစ်ပွားနိုင်မှု့ အခြေအနေ အသေစိတ်ကို နိုင်ငံတကာ သတင်းဌာနများမှတဆင့် ဘာသာပြန်တင်ဆက်လိုက်ပါတယ် ။

ဆက်လက်ပြီး ထူးခြားသတင်းများကို ကျွန်တော်တို့ယနေ့ည စောင့်ကြည့် ဘာသာပြန်သွားမည်ဖြစ်တာကြောင့် နိုးကြားစွာ နေထိုင်ပြီးသတင်းမပြတ်နားစွင့်ထားဖို့ တိုက်တွန်းရင်း ပထမဆုံး အသေးစိတ်ဘလော့ကို တင်ဆက်ပေးပါတယ် ။

ဥယျာဉ်မှူး
www.edinooyin.com





 အင်ဒိုနီးရှားသတင်းဌာန၏ ရုပ်သံ သတင်း 

0 ကွန်မန့်ရေးရန်:

Post a Comment