This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, October 11, 2012

ဆူဇူကီ ကား စက်ရုံ မြန်မာမှာ တည်ဆောက်မယ်


အိန္ဒိယ နိုင်ငံတွင် ထုတ်လုပ် တပ်ဆင်သည့် Maruti Suzuki Car၊ ဓာတ်ပုံ- autoinfoz.com
 
ဂျပန်နိုင်ငံက ဆူဇူကီ မော်တာ ကော်ပိုရေးရှင်းကြီးက မြန်မာနိုင်ငံမှာ စက်ရုံဆောက်ဖို့ အစီအစဉ်ရှိပြီး တနှစ်မှာ ကား အစီးပေါင်း ၂၀၀၀၀ က ၃၀၀၀၀ ( ၂ သောင်းကနေ ၃ သောင်းထိ) တပ်ဆင် ထုတ်လုပ်ဖို့ အစီအစဉ် ရှိပါတယ်တဲ့။
ကမ္ဘာ့ အကြီးဆုံး စက်မှု ပေါင်းစုံ ကုမ္ပဏီတွေထဲက တခုရဲ့ မြန်မာ့ တိုးတက်မှုတွေကို တွန်းအားပေး ဖို့ ဖြစ် တယ်လို့ သတင်းရင်း မြစ်တခုက ဆိုပါကြောင်း ယနေ့နေ့စွဲနဲ့ အာဆာအိ ရှင်ဘွန် သတင်းတပုဒ်မှာ ဆိုပါ တယ်။

ဒီလိုဆိုရင် မြန်မာနိုင်ငံမှာ ကားတပ်ဆင် စက်ရုံတွေ ရောက်လာမယ်ဆိုတော့ အလုပ်အကိုင်တွေလည်း ရဖို့ ရှိပြီး ကား ဈေးတွေလည်း အခုထက် ပိုကျလာဖို့ ရှိနိုင်ပါတယ်။

သတင်းရင်းမြစ် - ဧရာဝတီ

ငွေတိုးပေးသူအချို့ ပူပန်နေ


Photo
ရပ်ကွက်၊ ကျေးရွာနှင့် ဈေးများအတွင်း လိုင်စင်မဲ့ ငွေတိုးချေးသူများနှင့် ပတ်သက်၍ လွှတ်တော်တွင် ဆွေးနွေးမှုလုပ်ပြီးနောက်ပိုင်း အတိုးချေးသူများကြား ပူပန်မှု ပိုများလာကြောင်း ယင်းအသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။
မှတ်ပုံတင်လိုင်စင်မဲ့ ငွေတိုးချေးစားသူများအား ခွင့်ပြုချက် မှတ်ပုံတင်မရှိဘဲ ငွေတိုးချေးစားပါက The Money LendersAct. 1945 ပုဒ်မ ၅ နှင့် ပုဒ်မ ၆ အရ အရေးယူနိုင်ပြီး အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေပုဒ်မ ၅၄အရ လုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ လုပ်ကိုင်ခြင်းကို တားမြစ်ထားကြောင်း သြဂုတ်လ ၁၇ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ဆွေးနွေးခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်အတွင်း ငွေတိုးပေးသူ အမျိုးသမီးတစ်ဦးက “သတင်းစာမှာပါ လာတော့ ချေးတဲ့သူဘက်က မရိုးသားတဲ့သူတွေ ပါလာတယ်။ နိုင်ငံတော် အနေနဲ့ ပြည်သူဘက်က ဆိုတော့ ငွေရှင်ဘက်မှာ ဥပဒေဆိုတာ မရှိတော့ဘူး။ အဲဒီတော့ ချေးတဲ့သူအချို့က တိုင်ချင်ရာတိုင် ဖြစ်လာတယ်”ဟု ဆိုသည်။
သတ်မှတ်ချက်ကို လိုက်နာမှုမရှိပါက The Money Lenders Act. 1945 အက်ဥပဒေပုဒ်မ ၁၇ အရ ငွေဒဏ်ဖြစ်စေ၊ သုံးလထိ ထောင်ဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ကျခံနိုင်ပြီး အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေပုဒ်မ ၅၇ အရ ငွေဒဏ်ဖြစ်စေ၊ ငါးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်အရေးယူ ဆောင်ရွက်နိုင်သည်ဟု ဆိုသည်။
“အခုကျတော့ ပေးတဲ့သူတွေကလည်း သိပ်မပေးချင်ကြတော့ဘူး။ အတိုးယူတဲ့သူ တချို့ကလည်း ပြန်မပေးချင်ကြတဲ့သူတွေ ရှိတယ်။ ပိုက်ဆံရှိတဲ့သူတွေကလည်း ဆုံးမှာစိုးလို့ မပေးဘဲနေတဲ့သူတွေလည်း ရှိတယ်။ ဒါပေမဲ့ လုံးဝရပ်သွားတာတော့ မဟုတ်ဘူး။ ပေးလက်စလူတွေကို ဆက်ပေးနေတာတော့ရှိတယ်။ လူတိုင်းကိုတော့ မပေးရဲကြတော့ဘူးပေါ့”ဟု မော်ကျွန်းမြို့နယ်တွင် အတိုးပေးနေသော လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
လိုင်စင်မဲ့လုပ်ကိုင်ပါက ဥပဒေကြောင်းအရ အရေးယူနိုင်ကြောင်း ကို ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးခဲ့သည့်အပေါ် ငွေတိုးချသူများအနေဖြင့် ၎င်းတို့ချေးငွေများ ဆုံးရှုံးမည်ဆိုပါက ဥပဒေကြောင်းအရ ပြန်၍ရရှိရန် အခြေအနေနည်းပါးသည့်အတွက် စိုးရိမ်ပူပန်လာကြသည်။ ထို့အပြင် ငွေချေးယူသူအချို့ကလည်း ငွေချေးသူမှာ တရားမ၀င် ငွေချေးသူများဖြစ်၍ ပြန်မဆပ်လျှင်ပင် ဥပဒေကြောင်းအရ တရားစွဲဆို အရေးယူရန် အခက်အခဲရှိနိုင်သည်ကို သိ၍ ငွေပြန်မဆပ်တော့ ဟု ပြောခြင်း၊ ငွေမဆပ်၍ တရားစွဲဆိုက စွဲနိုင်ကြောင်း ပြော ဆိုခြိမ်းခြောက် မှုအချို့ ရှိလာသည်ဟု ဆိုသည်။
ငွေထုတ်ချေးသူအနေဖြင့် ၎င်းတို့၏ငွေကြေးအားလုံး ဆုံးရှုံးမည်ကို စိုးရိမ်သည့်အတွက် အတိုးနှုန်းများကိုလည်း ပုံစံအမျိုးမျိုးဖြင့် မတ်တိုး၊ နေ့ပြန်တိုး၊ ၁၂ ရက်အပြတ် ပေးချေရသော ငွေချေးပုံစံတို့ဖြင့် ၂၀ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း အတိုးတို့ဖြင့် ထုတ်၍ချေးသည်။
ငွေတိုးချသူများအနေဖြင့် ချေးငွေယူသူများအား ငွေယုံကြည်အပ်နှံခြင်း စာချုပ်တို့ဖြင့် ချုပ်ဆိုကာ ငွေချေးယူသူဘက်မှ လိုက်နာမှုမရှိပါက ယုံကြည်အပ်နှံမှု ဖောက်ဖျက်သည့်အတွက် ပုဒ်မ ၄၀၆ နှင့် လိမ်လည်မှုပုဒ်မ ၄၂၀ တို့ဖြင့် တရားစွဲဆိုလေ့ရှိကြောင်း သိရသည်။
“ယုံကြည်အပ်နှံခြင်းနဲ့ စာချုပ်ချုပ်လို့ ပြစ်မှုမြောက်တဲ့အတွက် ထောင်ကျသွားတာတွေရှိတယ်။ ပိုက်ဆံယူတဲ့သူတွေကို ပုဒ်မနှစ်ခုနဲ့ စွဲချက်တင်တယ်။ ငွေတိုးချေးတဲ့သူတွေ အများစုက စာချုပ်တစ်စောင်ပဲ ချုပ်တယ်။ ချေးတဲ့သူတွေကို မပေးဘူး”ဟု ရှေ့နေဦးခင်ဇော်(မရမ်းကုန်း)ကပြောသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအစီအစဉ်ဖြင့် ချေးငွေများအား ရပ်ကွက်အုပ်ချုပ် သူများမှ တစ်ဆင့် ချေးငွေများ ထုတ်ချေးပေးသော်လည်း ဆင်းရဲနွမ်းပါးသည့် ပြည်သူလက်ထဲ တိုက်ရိုက်ရောက်ရှိမှု နည်းပါးသည့်အတွက် ရပ်ကွက်တွင်း ရှိ ငွေချေးသူများထံမှ အဆမတန် အတိုးနှုန်းဖြင့် ချေးယူကြရလေ့ရှိသည်။
“အစိုးရက ချေးငွေပေးတာ အန်တီတို့မရဘူး။ သူတို့အချင်းချင်း ပတ်သက်ရာလူတွေပဲပေးတာ။ တကယ်တမ်း အန်တီတို့လက်ထဲ မရောက်ဘူး။ ဒီတော့ ရပ်ကွက်ထဲကပဲ ယူတော့ တယ်။ ပေါင်စရာပစ္စည်းမရှိတော့ အပေါင်ဆိုင်မသွားနိုင်ဘူး”ဟု လှိုင်သာ ယာမြို့နယ်နေ ဒေါ်တင်ထွန်း က ပြောကြားသည်။
လှိုင်သာယာမြို့နယ်နေ ဒေါ်သန်းသန်းဦးကလည်း “အဒေါ်တို့ဆို ကြားတောင်မကြားဖူးဘူး။ ရပ်ကွက်ထဲက ငွေချေးတဲ့သူဆီကပဲ ယူတယ်”ဟု ရှင်းပြသည်။
ဥပဒေဘောင်အတွင်း လုပ်ကိုင်ခွင့် ပေးမထားသည့်အတွက် ဆုံးရှုံးမှုကာမိရန် အတိုးနှုန်းပိုယူ သည့်အတွက် နှစ်ဦးနှစ်ဖက် နစ်နာမှုများ ရှိနေကြောင်း ငွေတိုးချေးငှား သူတစ်ဦးက ပြောသည်။
“အတိုးနှုန်းများတယ် ဆိုတာကလည်း ချေးတဲ့သူဘက်က မပေးရင် အရင်းနဲ့အတိုးက အတော်လောက်ကျသွားမယ်။ အကယ်၍ ပြန်မဆပ်လို့ တရားရုံးရောက်ရင်လည်း ကိုယ်တွေမှာ လိုင်စင်မရှိတဲ့အတွက် ကြားထဲက ရှေ့နေ၊ တရားသူကြီးတွေပဲ စားသွားတာ။ သူတို့က အမှုကိုခြောက်လ၊ တစ်နှစ်ထိဆွဲပြီးကာမှ နောက်ဆုံး ဤအမှုကို ပလပ်လိုက်သည်ဟုဆိုပြီး ပြီးသွားတာ။ ဒီတော့ ငွေရှင်ဘက်က အများကြီး ဆုံးရှုံးသွားတယ်”ဟု သုံးခွမြို့အတွင်းရှိ ငွေတိုးပေးသူ ဦးနိုင်လင်းဦးကပြောသည်။
ရှေ့နေဦးခင်ဇော်(မရမ်းကုန်း)ကလည်း “ချေးတဲ့သူတွေက ပိုက်ဆံပြန်လိုချင်တော့ ငွေယူတဲ့သူတွေကို တရားမကြောင်းအရ လိမ်လည်မှုနဲ့ တရားစွဲတယ်။ အချို့ကတော့ အမှုအတောအတွင်း ပြန်ဆပ်တယ်။ တချို့က အမှုပြီးတောင် ပြန်မဆပ်လို့ ၀ရမ်းထုတ်စစ်ရတယ်”ဟု ဆိုသည်။
“နယ်တွေမှာတော့ အတိုးပေးတာကို ဥပဒေတွေ ထွက်တာ၊ မထွက်တာကိုလည်း မသိဘူး။ အဆင်ပြေသလိုပဲ လုပ်နေကြတာ။ ပေးတာလည်း နှုတ်ကတိတွေနဲ့ပဲ ပေးနေကြတာ များပါတယ်။ ပေးကတည်းက သေချာတဲ့သူကိုပဲ ရွေးပေးတယ်။ နယ်ကလူတွေဆိုတော့ တရားဝင်တာ၊ မ၀င်တာ မသိဘူး။ ပေးနေကြရတာပဲ။ ယူတဲ့သူတွေကလည်း နောက်တစ်ကြိမ် ထပ်မရမှာစိုးလို့ ပုံမှန်ပြန်ကြတာ များပါတယ်”ဟု နယ်ဒေသများတွင် အကြွေးပေးနေသော စနစ်နှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် မယ်မသော်ကျေးရွာမှ အတိုးပေးထားသူက ပြောသည်။

သတင်း.....  7Day News Journal

ကွန်တိန်နာအတွင်းလက်နက်တွေ့ရှိခဲ့ခြင်းနှင့်ပတ်သက်၍ အကောက်ခွန်ဦးစီး ဌာနမှ အဓိကတာဝန်ရှိကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှတွေ့ရှိခဲ့



ဂျုံစေ့ကွန်တိန်နာအတွင်း ပစ္စတိုသေနတ် ၁ လက်နှင့် ကျည်ကဒ်များ တွေ့ရှိခဲ့ခြင်းနှင့်ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနမှ အဓိကတာဝန်ရှိသည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တွေ့ရှိခဲ့ကြောင်း
စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြသည့် စုံစမ်းစစ်ဆေးမှုအစီရင်ခံစာအရ သိရသည်။

ဒိုင်းမွန်းစတားကုမ္ပဏီ၏ ဂျုံစေ့ကွန်တိန်နာအတွင်း လက်နက်ခဲယမ်းများတွေ့ရှိမှုအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်း၍ စစ်ဆေးမှုများအားပြုလုပ်ခဲ့ပြီး၊ စုံစမ်းစစ် ဆေးမှုအစီရင်ခံစာအား အောက်တိုဘာလ၁၀ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယင်းနေ့တွင် ပြောကြားခဲ့ပါသည်။

"ကွန်တိန်နာကို ဆိပ်ကမ်းမှာလုံခြုံရေးအရစစ်ဆေးခဲ့တာ အကောက်ခွန်ဦးစီးဌာနတစ်ခုတည်းဖြစ်ပြီး၊ တစ်ခြားဌာနဆိုင်ရာတွေမပါဘူးဆိုတာ စစ်ဆေးတွေ့ရှိရပါတယ်။ တွေ့ရှိချက်အတိုင်း အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြခဲ့ပါတယ်" ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

အဆိုပါကွန်တိန်နာအား တင်ဆောင်လာသော M.V Vission-1204 သင်္ဘောသည် ရန်ကုန်ဆိပ်ကမ်း၊ MITT တံတားသို့ စက်တင်ဘာ၁၂ရက်နေ့တွင်ရောက်ရှိပြီး၊ ၎င်းကုန်သေတ္တာအပါအ၀င် ဒိုင်းမွန်းစတားကုမ္ပလိမီတက်၏ ဂျုံစေ့ကွန်တိန်နာ ၄၀လုံးအား စက်တင်ဘာလ ၂၁ရက်နေ့တွင် ၁၈လုံးနှင့် ၂၂ ရက်တွင် ကွန်တိန်နာ ၂၂လုံးအား ဆိပ်ကမ်းမှ ထုတ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ၂၂ရက်နေ့ညအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်၊ အရှေ့ပိုင်း၊ အမှတ် ၅၀-၅၂၊ ကနောင်မင်းသားကြီးလမ်းရှိ ဒိုင်းမွန်းစတား ကုမ္ပဏီလိမီတက်ပိုင်၊ ဂျုံစက်ရုံ၌ ပါကစ္စတန်နိုင်ငံမှတင်သွင်းလာသော ဂျုံစေ့ကွန်တိန်နာ (BLZU -2118418) အား ဖွင့်ဖောက်ရာ ဂျုံစေ့များထဲမှ အိတ်တအိတ်တွေ့ရှိသဖြင့် ဖွင့်ဖောက်ကြည့်ရာ ပစ္စတိုသေနတ် ၁လက်၊ ၎င်းကျည် ၁၅ တောင့်နှင့် ကျည်ကဒ် ၂ခု တို့အား တွေ့ရှိခဲ့သည်။

သို့ဖြစ်၍ စက်တင်ဘာလ၂၃ ရက်နေ့တွင် ဒိုင်းမွန်းစတားကုမ္ပလီမီတက်မှ အထွေထွေမန်နေဂျာ ဒေါ်ချောကလျာအေးမှ စက်တင်ဘာလ၂၄ရက်နေ့၊ ညနေ ၅နာရီခန့်တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ သွားရောက်သတင်းပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

By Eleven Media Group

မြန်မာ့တပ်မတော် အင်အား ၂၀ ရာခိုင်နှုန်းသုံး၍ ကေအိုင်အေ အား တိုက်ခိုက်နေ


စိုင်းလုံ

ကချင်လွတ် မြောက်ရေးတပ်မတော် KIA ကို အစိုးရတပ် ၁၂၀ ရင်းခန့်က စစ်ဆင်နေပြီး ယင်းပမာဏမှာမြန်မာနိုင်ငံ တပ်အင်အားစုစုပေါင်း၏ ၂၀ ရာ ခိုင်နှုန်းကို အသုံးပြုထားကြောင်း စစ်ရေးစောင့်ကြည့်လေ့လာသူများကဆိုသည်။

“KIA ကို ထိုးစစ်ဆင်နေတာ တပ်မ ၆၆၊ ၇၇၊ ၈၈ တို့ပေါ့။ မကြာသေးခင်ကလည်း တပ်မ ၃၃ ထပ်တိုးလာသေး တယ်” ဟု KIA ပြော ရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပြသည်။

လိုင်ဇာမြို့ နှင့် ၇ မိုင် အကွာတွင်လည်း အစိုးရတပ် က ၁၂၀ မမ အမြောက်ဖြင့် KIO ဌာနချုပ် (လိုင်ဇာမြို့)အနီးသို့ နေ့တိုင်း ပစ်ခတ် လာနေကြောင်း၊ မည်သည့်တပ်က အင်အားမည်မျှသုံး၍ တိုက်ခိုက်နေသည်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ပြောပါသည်။

အစိုးရတပ်တွင် တပ်ရင်းစုစုပေါင်း ၅၆၀ ခန့်ရှိရာ KIA ကို တပ်ရင်း ၁၂၀ ခန့် အသုံးပြု၍တိုက်ခိုက်နေသည်မှာ မြန်မာ့တပ်မတော် တခု လုံး ၏ အင်အား ၂၀ ရာခိုင်နှုန်း သုံးထားသည် ဟု စစ်ရေးအတွေ့အကြုံ နှစ် ၃၀ ရှိသူ ဦးအောင်ကျော်ဇောက သုံးသပ်ပြောဆိုသည်။

“ကျနော်တို့ ကချင် တပ်တွေ ကတော့ ပုံမှန် တပ်ရင်း က ၄၁ ရင်းရှိပါတယ်။ ပြည်သူ့စစ်တပ် နဲ့ပေါင်းလိုက်ရင် တပ်ရင်း ၄၅ ရင်း ရှိပါ တယ်။ ထက်ဝက်ကျော်ကတော့ မြို့ပေါ်က ခေတ် ပညာတတ်လူငယ် တွေပေါ့” ဟု ဦးလနန်က ဆက်ပြောပြသည်။

KIA တပ်သည် အပစ်အခတ် မပျက်သေးခင်ကာလက တပ်ဖွဲ့ဝင်အင်အား ၆,၀၀၀ နှင့် ၇,၀၀၀ ကြားရှိ၏။ အပစ်အခတ် ပျက်ပြားပြီး နောက်ပိုင်းတွင် တပ်အင်အား ၉,၀၀၀ မှ ၁၀,၀၀၀ ကျော်တိုးလာသည်ဟု ဦးအောင်ကျော်ဇောက ဆက်ပြောပါသည်။

မြန်မာအစိုးရကတပ်က စစ်အင်အားအမြောက်အများ သုံး၍ စစ်ဆင်ရေး ပြုလုပ် နေခြင်းသည် သာမန်စစ်ဆင်ရေးမဟုတ်ပဲ အမြစ်ပြတ် စစ် ဆင်ရေးသာဖြစ် ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူက ဦးလနန်က ပြောပါသည်။

KIA ကချင်ပြည်နယ် အနှံ အပြား မိုင်းထောင် နေ *

Inbox
x








အောက်တိုဘာလ(၄) ရက်တွင် ကချင်ပြည်နယ်၊ မြို့လှမြို့နယ်ခွဲ၊ အုတ်ချီရွာမှ ရွာသား (၃) ယောက်ဟာ ကျွဲပျောက်၍ သွားရောက်ရှာဖွေစဉ် မြို့လှမြို့နယ်ခွဲရဲ့ အရှေ့ဘက် (၇) မိုင်လောက်ဝေးတဲ့နေရာမှာ ရှိတဲ့


ကိုင်းကြိုးလွင်တောင်ယာစုနဲ့ နန့်မလင်းတော ကြား အမတ်ကြီးကုန်းရွာကို သွားတဲ့လမ်းပေါ်မှာ KIA ထောင်ထားတဲ့မိုင်းကို နင်းမိပြီး မိုင်းပေါက်ကွာလို့ တစ်ယောက်သေ ဆုံးသွားတယ်လို့သိရပါတယ်။










KIA ထောင်ထားတဲ့မိုင်းကြောင့်






ဒသခံတစ်ဦး




သေဆုံးသူမှာ ကျွဲပိုင်ရှင် ဦးကျော်စိုးပြီးပြီး ကျန်နှစ်ယောက်ဖြစ်တဲ့ ဦး သန်းအောင်နဲ့ ဦးအုန်းလှိုင်တို့ဟာ မိုင်းစများထိမှန်ခဲ့သဖြင့် ဒဏ်ရာများရရှိကာ မြို့လှမြို့နယ်ခွဲ တိုက်နယ်ဆေးရုံမှာ ကုသဆေးကုသမှု ခံနေရတယ်လို့ သိရပါတယ်။




ဒီဖြစ်စဉ်ကဲ့သို့ KIA က ထောင်ထားတဲ့ မိုင်းအားဒေသခံ ရွာသူရွာသားများ နင်းမိခြင်းဖြစ်စဉ်များ မကြာခဏဖြစ်ပွား လျက်ရှိတယ်လို့သိရပါတယ်။




ဖေဖေါ်ဝါရီလ (၁) ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ ခွန်ပအို့ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီမှ မန်နေဂျာ ဦးကျော်လေးနှင့် လုပ်ငန်းကြီးကြပ်သူ ဦးဝင်းမြင့်တို့(၂)ဦးဟာ KIA က ထောင်ထားတဲ့ မိုင်းနင်းမိပေါက်ကွဲလို့ အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။


ထို့အတူ ဇန်န၀ါရီလ (၂၉) ရက်နေ့မှာလည်း ဖားကန့်မြို့နယ်၊ လိုက်ဆဲတောင်တက်ကားလမ်းမှာ ဆိုင်ကယ်တစ်စီး ၀ါးဆစ်မိုင်းနင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။




ဦးလက်ခိုမန်း(၃၄နှစ်)ရဲ့ ၀ဲပေါင်ရိုးကျိုး ဒဏ်ရာ ရရှိပြီး မောင်ပိုင်(၂၇နှစ်)ရဲ့ ၀ဲဘက်ပေါင်ခြေသလုံး မိုင်းစထိမှန်တဲ့ ဒဏ်ရာရရှိခဲ့ပါတယ်။ သူတို့နှစ်ဦး အနေနဲ့ ဖားကန့်မြို့နယ်၊ တာမခံရွာသို့ ဆိုင်ကယ်ဖြင့်သွားရောက်စဉ်မှာ ကချင်တပ်ဖွဲ့ KIA က ထောင်ထားတဲ့ မိုင်း နင်းမိပေါက်ကွဲ သွားခြင်းဖြစ်ပါတယ်။




ဧပြီလ ၁၉ ရက်နေ့ မှာလည်း KIA တပ်ရင်း ၁၄ မှ ထောင်ထားသောမိုင်းနင်းမိခဲ့ပြီး ဒေသခံ ဦးထွန်းအေးမှာ ညာဘက်ပေါင်ကျိုးသွားသဖြင့် မြစ်ကြီးနားဆေးရုံတက်ရောက်ခဲ့ရပါတယ်။




ကချင်ပြည်နယ်အတွင်းမှာ အလားတူဖြစ်စဉ်မျိုးများစွာရှိခဲ့ပြီး လက်ရှိအချိန်အထိ KIA မှထောင်ထားသော မိုင်းနင်းမိ၍ သေဆုံး/ ဒဏ်ရာရသူ ဒေသခံ အရပ်သား (၁၀၂) ယောက် ရှိနေပြီလို့ သိရပါတယ်။ KIA မှ အစိုးရတပ်အတွက် ရည်ရွယ်ထောင်ထားသော မိုင်းများဟာ ဒေသခံများ အတွက် အန္တရာယ် ဖြစ်လျက်ရှိသဖြင့် ဒေသခံ ရွာသူရွာသားများဟာ စိုးရိမ်ကြောက်ရွံ့လျက်ရှိပါတယ်




ကချင်းသတင်းဌာန

GSM (2G) EDGE အင်တာနက် စနစ်ကို WCDMA (3G) HSPA speed နဲ့သုံးလို့ရပြီ


GSM (2G) EDGE GSM (2G) EDGE GSM (2G) EDGE WCDMA (3G) HSPA speed WCDMA (3G) HSPA speed WCDMA (3G) HSPA speed
ဒီပိုစ်ကိုရေးဖို့တော်တော်စဉ်းစားရပါတယ်။ သိပြီးသားလူတွေအတွက် ပိတ်ကုန်မှာစိုးလို့ပါ။ မြန်မာ့ဆက်သွယ်ရေးက တရားဝင်ခွင့်မပြုထားဘူးဆိုရင် ပြန်ပိတ်သွားမှာစိုးလို့ပါ။
WCDMA (3G) ဖုန်းတွေရောင်းချပေးနေပါပြီ။ WCDMA (3G) စနစ်သုံး တာဝါတိုင်တွေကိုလည်း နေရာတော်တော်များများမှာစိုက်ထူလာပါပြီ။ WCDMA သည် 3G စနစ်ဖြစ်တဲ့အတွက် အင်တာနက်သုံးရတာတော်တော်မြန်ပါတယ်။
HSPA စနစ်လို့ခေါ်ပါတယ်။ GSM သည် EDGE စနစ်သုံးဖြစ်ပြီး အင်တာနက်သုံးရတာတော်တော်နှေးပါတယ်။ ဒီစနစ် ၂ ခုရဲ့ကွာခြားချက်ကို ကျွန်တော် blog မှာတင်ထားပါတယ်။ အဲ့ဒီလိုပဲ အင်တာနက် speed ကလည်းတော်တော်ကွာပါတယ်။
သုံးလို့ရအောင်လုပ်တဲ့နည်းကိုတော့ ဒီလိုလုပ်လိုက်ဆိုရင် ခဏလေးနဲ့ပြီးပါတယ်။ ဒါပေမယ့် ဘာကြောင့်ဒီလိုသုံးလို့ရတယ်ဆိုတာကိုတော့ သုံးတဲ့လူတွေသိစေချင်ပါတယ်။ တရားဝင်ခွင့်ပြုထားတဲ့ဟာမဟုတ်တော့ တစ်ချိန်ချိန်မှာသုံးလို့မရတာတွေဖြစ်
လာနိုင်ပါတယ်။ ဒါပေမယ့် သုံးလို့မရပါဘူးလို့တော့ပြောမထားပါဘူး။ အဲ့ဒီလိုပဲ ကန့်သတ်ချက်တွေလည်းနည်းနည်းရှိပါတယ်။
၁။ မိမိ အင်တာနက်သုံးလိုတဲ့ နေရာမှာ WCDMA (3G) စနစ်သုံးလို့ရတဲ့ တာဝါတိုင်ရှိရပါမယ်။
၂။ မိမိသုံးတဲ့ ဟန်းဆက်က WCDMA (3G) စနစ်သုံးလို့ရရပါမယ်။
ဒီစနစ်ကိုသုံးမယ်ဆိုရင် Roaming ဆိုတာကိုသိဖို့လိုပါတယ်။ ကျွန်တော်နေတဲ့မြို့မှာ GSM (2G) ကော WCDMA (3G) ပါသုံးလို့ရပါတယ်။ GSM နဲ့ WCDMA ဆိုတာ မျိုးနွယ်တူတဲ့ညီအစ်ကိုတွေပါ။ အဲ့ဒီတော့ တစ်ယောက်ရဲ့ စနစ်ကို တစ်ယောက်ကနား
လည်ပါတယ်။ ကျွန်တော် အခု GSM ဖုန်းသုံးနေပါတယ်။ တစ်ချိန်မှာ GSM တာဝါတိုင် ပျက်သွားတယ်ဆိုပါစို့။ GSM ဖုန်းတွေ လိုင်းပျက်ကုန်ပါတယ်။ WCDMA တာဝါတိုင်ကတော့ကောင်းပါသေးတယ်။ အဲ့ဒီအချိန်မှာ GSM ဖုန်းတွေကို WCDMA တိုင်မှာ
သုံးလို့ရအောင် လုပ်ထားတဲ့စနစ်ရှိပါတယ်။ အဲ့ဒါကို Roaming လုပ်တယ်လို့ခေါ်ပါတယ်။ ကျွန်တော်ပြောချင်တာကတော့ GSM (2G) sim card ဖုန်းတွေကို WCDMA (3G) network ပေါ်တင်သုံးလို့ရတယ်ဆိုတာပါပဲ။ 3G ပေါ်တင်သုံးတော့ 3G speed
ရတာပေါ့။ အပေါ်မှာဖော်ပြခဲ့တဲ့ ကန့်သတ်ချက်တွေကတော့ အားလုံးကောင်းနေတဲ့ အချိန်မှာ 3G network ပေါ်တင်သုံးဖို့အတွက် မရှိအဖြစ်လိုတာတွေပါ။ စနစ်နှစ်ခုရဲ့ အမြန်နှုန်းကွာခြားချက်ကတော့ တော်တော်ကြီးပါတယ်။
ကျွန်တော်က android ဖုန်းပေါ်မှာစမ်းတာပါ။ တော်တော်အဆင်ပြေပါတယ်။
GSM SIM CARD ကို WCDMA 3G စနစ်ရတဲ့ ဟန်းဆက်မှာထည့်ပါ။
ကျွန်တော့် android ဖုန်းမှာတော့ mobile network mode ၃ ခု ပါပါတယ်။
- GSM/WCDMA AUTO
- WCDMA only
- GSM only
WCDMA only ကိုရွေးပါ။ ဒါဆိုရင် ဟန်းဆက်က WCDMA network တစ်ခုတည်းကိုပဲရှာပါလိမ့်မယ်။ WCDMA(3G) network ကို WCDMA(3G) ဟန်းဆက်နဲ့လှမ်းချိတ်ပါတယ်။ CARD ကတော့ GSM SIM CARD ပါ။
အင်တာနက်သုံးဖို့ DATA Enable ကိုရွေးပါ။ အင်တာနက်ချိတ်မိပြီဆိုရင် GSM (EDGE) မှာ E ပုံပေါ်ပါတယ်။ WCDMA(HSPA) စနစ်မှာ H ဆိုတဲ့ ပုံလေးပေါ်ပါတယ်။ H ပုံပေါ်ရင် WCDMA (3G) ကိုချိတ်မိပါပြီ။
EDGE စနစ်မှာ IDM နဲ့ဆွဲတာ speed 25 Kb/s ပုံမှန် 35 Kb/s အများဆုံးပါ။ HSPA စနစ်မှာ IDM နဲ့ဆွဲတာ 110 Kb/s ပုံမှန် 170 Kb/s အများဆုံးပါ။ ကျွန်တော်ဆီမှာ လိုင်းဆွဲအားက တစ်တုံးပဲမိပါတယ်။ Data သုံးရင် နှစ်တုံးတော့မိတယ်။
video ကို တိုက်ရိုက်ကြည့်လို့ရပါတယ်။ အခက်အခဲရှိရင် ကျွန်တော့် Blog Forum နဲ့ Blog မှာ Comment ရေးပြီး မေးနိုင်ပါတယ်။
အဆင်ပြေရင် လက်ခုတ်သံလေးကြားချင်ပါတယ်။
ဟန်းဆက်   WellcoM A86
android version 2.1
GSM SIM CARD

သမ္မတ ဦးသိန်းစိန် ယခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု ထိပ်ဆုံးထင်ကြေး ငါးဦး စာရင်းတွင်ပါဝင်



အောက်တိုဘာ ၈၊ အော်စလို
ယခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် နိုဘယ်ငြိမ်းချမ်းရေး ဆုရသူကို ထုတ်ပြန်ကြေညာမည်ဖြစ်ရာ မြန်မာသမ္မတ ဦးသိန်းစိန်မှာ ထိပ်ဆုံးက ထင်ကြေးပေးခံရသူ ၅ ဦးတွင် ပါဝင်လျက်ရှိကြောင်း Bloomgerg သတင်းတွင်ဖော်ပြ ထားသည်။
နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် နာမည်စာရင်း တင်သွင်း ထားသူ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းေ
ပါင်းမှာ ၂၃၁ ခု ရှိကြောင်း နိုဘယ် ငြိမ်းချမ်းရေး ဆုရွေးချယ်ရေးကော်မတီ သတင်း Website တွင်ဖော်ပြထားသည်။
နိုဘယ်ငြိမ်းချမ်းရေးဆု နာမည်စာရင်း တင်သွင်းထားသူများ ထဲမှ ထိပ်ဆုံးမှာထင်ကြေးပေးခံရသူ ငါး ဦးကို Peace Research Institute of Oslo မှအကြီးအကဲဖြစ်သူ Kristian Berg Harpvikenက ခန့်မှန်းပြောဆိုရာတွင် မြန်မာသမ္မတ ဦးသိန်းစိန်မှာ ၎င်း၏ထင်ကြေးပေးသူ စာရင်းတွင် ထိပ်ဆုံး ငါးဦးတွင် ပါဝင်နေခြင်း ဖြစ်သည်။
မြန်မာသမ္မတဦးသိန်းစိန် လက်ထက်တွင် ရာစုနှစ် ထက်ဝက်နီးပါး ပဋိပက္ခဖြစ်ပွားခဲ့သော လက်နက်ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့တွင် ၁၀ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိအောင် စွမ်းဆောင်နိုင် ခဲ့သည်။
၎င်း၏ ထင်ကြေးပေးခြင်း ခံရသူများမှာ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်၊ ဂျာမနီနိုင်ငံ အဓိပတိဟောင်း ဟဲမွတ်ခိုးလ်၊ ကမ္ဘာ့နိုင်ငံကြီးများ၏ အတွင်းသတင်းများကို Wikileak သတင်း Website သို့ပေးပို့ခဲ့သော Bradley Manning တို့ပါဝင်လျက်ရှိသည်။
ထို့ပြင်၎င်း၏ ထင်ကြေးပေးခံရသူ စာရင်းတွင် အကြမ်းမဖက် လှုပ်ရှားရေး ဝါဒီ တစ်ဦးဖြစ်သူ အမေရိကန်ပါမောက္ခ ဂျင်းရှပ် လည်း ပါဝင်လျက် ရှိသည်။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ ခုနှစ်ကရရှိခဲ့ပြီး ၂၀၁၂ခုနှစ် ဇွန်လမှ ဆုလက်ခံသည့် မိန့်ခွန်းကို ကိုယ်တိုင်ပြောကြားနိုင်ခဲ့သည်။
ွှ့The Voice Weekly

ကမ္ဘာ့ပထမဆုံး စမတ်ဖုန်း နှင့် ကမ္ဘာ့ပထမဆုံး touch screen ဖုန်း နည်းပညာ ပိုင်ရှင်


ပုံမှာမြင်တွေ့နေရတဲ့ ဖုန်းကတော့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ IBM Simon လို့အမည်ရပြီး ဆယ်လ်လူလာဖုန်းအမျိုးအစား ဖြစ်ပါတယ်။
ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းလို့ သတ်မှတ်ရတဲ့အကြောင်းကတော့ ကိုယ်ပိုင် မိုဘိုင်း Operating System ပါဝင်လို့ပဲ ဖြစ်ပါတယ်။ ပြီးတော့ တို့ထိ မျက်နှာပြင် (touch screen) နဲ့ ပထမဆုံးဖုန်း ဖြစ်ပါတယ်။ အမေရိကန် IBM မှ တီထွင်ပြီး ဂျပန် Mitsubishi အီလက်ထရစ်ကော်ပိုရေးရှင်းမှ စာချုပ်နဲ့ ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ အချိန်ကာလကတော့ ၁၉၉၄ ခုနှစ် သြဂုတ်လ ၁၆ ရက်ကဖြစ်ပြီး စစထွက်ချင်း ခြောက်လမှာ အလုံးရေ ၅သောင်းရောင်းချခဲ့ရပါတယ်။ အဓိကကတော့ ဈေးကြီးလို့ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၁၀၉၉ တန်ဖိုးရှိပါ တယ်။ နောက်တော့ ဈေးထပ် မံလျော့ချခဲ့သေးတယ်လို့ သိရပါတယ်။
အသုံးပြုတဲ့ OS ကတော့ Datalight ROM-DOS ဖြစ်ပါတယ်။ CPU အနေနဲ့ 16MHz , 16bit ရှိပါတယ်။ third party application တွေတောင် upgrade လုပ်ပြီးရင် ထည့်နိုင်ပါတယ်။ Memory 1MB ရှိပြီး Storage ကလည်း 1MB ပဲဖြစ်ပါတယ်။ ဘက်ထရီကတော့ ၇.၅ ဗို့ရှိတဲ့ NiCad ဘက်ထရီဖြစ်ပါတယ်။
Touch Screen နည်းပညာကတော့ Stylus ဖြစ်ပြီး တို့ထိရန် ဒီဂျစ်တယ် ခဲတံ (Pen) ကိုအသုံးပြုရမှာ ဖြစ်ပါတယ်။ Stylus တို့ထိနည်းပညာကို ယနေ့တိုင် Nintendo DS, 3DS, Wii U လက်ကိုင်ဂိမ်းစက်၊ Windows မိုဘိုင်းဖုန်း အချို့ တို့မှာ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ ယနေ့ iPhone, Samsung တို့မှာ အသုံးပြုတဲ့ touch screen ကျတော့ လက်ချောင်းများတဲ့ တို့ထိတဲ့ Multi-touch finger input စနစ်ဖြစ်ပြီး Capacitive styli ကိုအသုံးပြုပါတယ်။
ဒါကြောင့် IBM Simon ရဲ့ Data Input စနစ်မှာ မိုက်ခရိုဖုန်းနဲ့ touch screen ဖြစ်သွားပြီး Key pad မပါဝင်တော့ပါဘူး။ အရွယ်အစားကတော့ အမြင့် ၈လက်မ၊ အကျယ် ၂.၅ လက်မ၊ အထူ ၁.၅လက်မ ဖြစ်ပြီး ၅၁၀ ဂရမ်လေးပါတယ်။ အီးမေးလ်၊ Fax , Pager များ ပို့လိုရမယ်၊လက်ခံလို့ရ မယ့် အစရှိသဖြင့် သူ့ခေတ်သူ့ခါမှာတော့ ထူးခြားတဲ့ ဖက်ရှင်တို့ပါဝင်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းနဲ့ touch screen နည်းပညာသုံးဖုန်း ဟာ IBM Simon လို့ အားလုံးလက်ခံထားကြပါတယ်။
---
Ref:Wikipedia
Aung Kham (TSJ team)