Thursday, October 11, 2012

GSM (2G) EDGE အင်တာနက် စနစ်ကို WCDMA (3G) HSPA speed နဲ့သုံးလို့ရပြီ


GSM (2G) EDGE GSM (2G) EDGE GSM (2G) EDGE WCDMA (3G) HSPA speed WCDMA (3G) HSPA speed WCDMA (3G) HSPA speed
ဒီပိုစ်ကိုရေးဖို့တော်တော်စဉ်းစားရပါတယ်။ သိပြီးသားလူတွေအတွက် ပိတ်ကုန်မှာစိုးလို့ပါ။ မြန်မာ့ဆက်သွယ်ရေးက တရားဝင်ခွင့်မပြုထားဘူးဆိုရင် ပြန်ပိတ်သွားမှာစိုးလို့ပါ။
WCDMA (3G) ဖုန်းတွေရောင်းချပေးနေပါပြီ။ WCDMA (3G) စနစ်သုံး တာဝါတိုင်တွေကိုလည်း နေရာတော်တော်များများမှာစိုက်ထူလာပါပြီ။ WCDMA သည် 3G စနစ်ဖြစ်တဲ့အတွက် အင်တာနက်သုံးရတာတော်တော်မြန်ပါတယ်။
HSPA စနစ်လို့ခေါ်ပါတယ်။ GSM သည် EDGE စနစ်သုံးဖြစ်ပြီး အင်တာနက်သုံးရတာတော်တော်နှေးပါတယ်။ ဒီစနစ် ၂ ခုရဲ့ကွာခြားချက်ကို ကျွန်တော် blog မှာတင်ထားပါတယ်။ အဲ့ဒီလိုပဲ အင်တာနက် speed ကလည်းတော်တော်ကွာပါတယ်။
သုံးလို့ရအောင်လုပ်တဲ့နည်းကိုတော့ ဒီလိုလုပ်လိုက်ဆိုရင် ခဏလေးနဲ့ပြီးပါတယ်။ ဒါပေမယ့် ဘာကြောင့်ဒီလိုသုံးလို့ရတယ်ဆိုတာကိုတော့ သုံးတဲ့လူတွေသိစေချင်ပါတယ်။ တရားဝင်ခွင့်ပြုထားတဲ့ဟာမဟုတ်တော့ တစ်ချိန်ချိန်မှာသုံးလို့မရတာတွေဖြစ်
လာနိုင်ပါတယ်။ ဒါပေမယ့် သုံးလို့မရပါဘူးလို့တော့ပြောမထားပါဘူး။ အဲ့ဒီလိုပဲ ကန့်သတ်ချက်တွေလည်းနည်းနည်းရှိပါတယ်။
၁။ မိမိ အင်တာနက်သုံးလိုတဲ့ နေရာမှာ WCDMA (3G) စနစ်သုံးလို့ရတဲ့ တာဝါတိုင်ရှိရပါမယ်။
၂။ မိမိသုံးတဲ့ ဟန်းဆက်က WCDMA (3G) စနစ်သုံးလို့ရရပါမယ်။
ဒီစနစ်ကိုသုံးမယ်ဆိုရင် Roaming ဆိုတာကိုသိဖို့လိုပါတယ်။ ကျွန်တော်နေတဲ့မြို့မှာ GSM (2G) ကော WCDMA (3G) ပါသုံးလို့ရပါတယ်။ GSM နဲ့ WCDMA ဆိုတာ မျိုးနွယ်တူတဲ့ညီအစ်ကိုတွေပါ။ အဲ့ဒီတော့ တစ်ယောက်ရဲ့ စနစ်ကို တစ်ယောက်ကနား
လည်ပါတယ်။ ကျွန်တော် အခု GSM ဖုန်းသုံးနေပါတယ်။ တစ်ချိန်မှာ GSM တာဝါတိုင် ပျက်သွားတယ်ဆိုပါစို့။ GSM ဖုန်းတွေ လိုင်းပျက်ကုန်ပါတယ်။ WCDMA တာဝါတိုင်ကတော့ကောင်းပါသေးတယ်။ အဲ့ဒီအချိန်မှာ GSM ဖုန်းတွေကို WCDMA တိုင်မှာ
သုံးလို့ရအောင် လုပ်ထားတဲ့စနစ်ရှိပါတယ်။ အဲ့ဒါကို Roaming လုပ်တယ်လို့ခေါ်ပါတယ်။ ကျွန်တော်ပြောချင်တာကတော့ GSM (2G) sim card ဖုန်းတွေကို WCDMA (3G) network ပေါ်တင်သုံးလို့ရတယ်ဆိုတာပါပဲ။ 3G ပေါ်တင်သုံးတော့ 3G speed
ရတာပေါ့။ အပေါ်မှာဖော်ပြခဲ့တဲ့ ကန့်သတ်ချက်တွေကတော့ အားလုံးကောင်းနေတဲ့ အချိန်မှာ 3G network ပေါ်တင်သုံးဖို့အတွက် မရှိအဖြစ်လိုတာတွေပါ။ စနစ်နှစ်ခုရဲ့ အမြန်နှုန်းကွာခြားချက်ကတော့ တော်တော်ကြီးပါတယ်။
ကျွန်တော်က android ဖုန်းပေါ်မှာစမ်းတာပါ။ တော်တော်အဆင်ပြေပါတယ်။
GSM SIM CARD ကို WCDMA 3G စနစ်ရတဲ့ ဟန်းဆက်မှာထည့်ပါ။
ကျွန်တော့် android ဖုန်းမှာတော့ mobile network mode ၃ ခု ပါပါတယ်။
- GSM/WCDMA AUTO
- WCDMA only
- GSM only
WCDMA only ကိုရွေးပါ။ ဒါဆိုရင် ဟန်းဆက်က WCDMA network တစ်ခုတည်းကိုပဲရှာပါလိမ့်မယ်။ WCDMA(3G) network ကို WCDMA(3G) ဟန်းဆက်နဲ့လှမ်းချိတ်ပါတယ်။ CARD ကတော့ GSM SIM CARD ပါ။
အင်တာနက်သုံးဖို့ DATA Enable ကိုရွေးပါ။ အင်တာနက်ချိတ်မိပြီဆိုရင် GSM (EDGE) မှာ E ပုံပေါ်ပါတယ်။ WCDMA(HSPA) စနစ်မှာ H ဆိုတဲ့ ပုံလေးပေါ်ပါတယ်။ H ပုံပေါ်ရင် WCDMA (3G) ကိုချိတ်မိပါပြီ။
EDGE စနစ်မှာ IDM နဲ့ဆွဲတာ speed 25 Kb/s ပုံမှန် 35 Kb/s အများဆုံးပါ။ HSPA စနစ်မှာ IDM နဲ့ဆွဲတာ 110 Kb/s ပုံမှန် 170 Kb/s အများဆုံးပါ။ ကျွန်တော်ဆီမှာ လိုင်းဆွဲအားက တစ်တုံးပဲမိပါတယ်။ Data သုံးရင် နှစ်တုံးတော့မိတယ်။
video ကို တိုက်ရိုက်ကြည့်လို့ရပါတယ်။ အခက်အခဲရှိရင် ကျွန်တော့် Blog Forum နဲ့ Blog မှာ Comment ရေးပြီး မေးနိုင်ပါတယ်။
အဆင်ပြေရင် လက်ခုတ်သံလေးကြားချင်ပါတယ်။
ဟန်းဆက်   WellcoM A86
android version 2.1
GSM SIM CARD

2 ကွန်မန့်ရေးရန်:

ပြောင်းလိုက်ရင် Gလိုင်းပျောက်သွားတယ် ဘယ်လိုလုပ်ရမလဲ

ပြောင်းလိုက်ရင် Gလိုင်းပျောက်သွားတယ် ဘယ်လိုလုပ်ရမလဲ

Post a Comment