This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, February 24, 2013

အရှိန်အမြန်ဆုံး ကမ္ဘာ့စံချိန်သစ် တင်ခဲ့သည့် Hennessey Venom GT ပြိုင်ကား



အလွန် အံ့သြဖွယ် ကောင်းပြီး နည်းပညာ မြင့်မားသည့် စူပါကား တစ်စီးက ကမ္ဘာ့အမြန်ဆုံး အရှိန်ဖြင့် မောင်းနှင်နိုင်သည့် ကားအဖြစ် ၂ဝ၁၃ ခုနှစ်တွင် စံချိန်သစ် တင်ခဲ့သည်။  အဆိုပါ ကားမှာ မြင်းကောင်ရေ ၁၂၄၄ ကောင် အင်အားရှိသည့် 7-litre V8 အင်ဂျင်တပ်ဆင် ထားသည့် အမေရိကန် နိုင်ငံ တက္ကဆက် ပြည်နယ်သား တစ်ဦးမှ ထုတ်လုပ်လိုက်သည့် Hennessey Venom GT ကားဖြစ်သည်။

အမေရိကန် နိုင်ငံ ဟူစတန် လေယာဉ်ပြေးလမ်း တစ်ခုပေါ်တွင် Hennessey Venom GT ကားသည် အချိန် ၁၃ ဒသမ ၆၃ စက္ကန့် အတွင်း တစ်နာရီ ၁၈၆ မိုင်နှုန်းဖြင့် ကမ္ဘာ့အမြန်ဆုံး စံချိန်သစ် တင်ခဲ့ခြင်း ဖြစ်သည်။ ၎င်း ပြိုင်ကားသည် လုံလောက်သည့် လေယာဉ် ပြေးလမ်း အရှည်ရရှိပါက အမြန်ဆုံး တစ်နာရီ မိုင် ၂၇ဝ နှုန်း အထိ မောင်းနှင်နိုင်ကြောင်း သိရသည်။ ယခင်ကမ္ဘာ့ စံချိန်ဟောင်းမှာ အမြန်နှုန်း တစ်နာရီ ၁၈၆ မိုင်ကို အချိန် ၁၄ ဒသမ ၅၃ စက္ကန့်ဖြင့် Koenigsegg Agera ကားက စံချိန်တင် ထားခဲ့ပြီး Hennessey Venom GT ကားက အချိန် ၁၃ ဒသမ ၆၃ စက္ကန့်ဖြင့် ကမ္ဘာ့ဂင်းနစ် မှတ်တမ်းတွင် စံချိန်သစ် တင်နိုင်ခဲ့သည်။ ၎င်းကားသည် အမြန်နှုန်း တစ်နာရီ မိုင် ၂ဝဝ နှုန်းသို့ အချိန် ၁၄ ဒသမ ၅၁ စက္ကန့်အတွင်း အရှိန်မြှင့် မောင်းနှင်နိုင်ပြီး Buga-tti Veyron Super Sport ကားထက် ၇ ဒသမ ၇ စက္ကန့် ပိုမြန်သည်။ Hennessey Venom GT ကားကို ယာဉ်မောင်း ဂျွန်ကီးဝစ်ဇ်က အမြန်နှုန်း တစ်နာရီ မိုင် ၁ဝဝ နှုန်းသို့ အချိန် ၅ ဒသမ ၈၈ စက္ကန့်အတွင်း အရှိန်မြှင့်တင် နိုင်ခဲ့ပြီး တစ်မိုင်ခန့် မောင်းနှင် ပြီးချိန်တွင် တစ်နာရီ ၂ဝ၅ မိုင် အမြန် နှုန်းသို့ ရောက်ရှိခဲ့သည်။ Hennessey Venom GT ကား၏ တန်ဖိုးမှာ စတာလင်ပေါင် ၉၁ဝဝဝဝ ဖြစ်ပြီး လက်ရှိအမြန်ဆုံး Veyron Super Sport ကားစံချိန်အား ကျော်ဖြတ်ကာ ကမ္ဘာ့ စံချိန်သစ် တင်ခဲ့ပြီဖြစ် သည်။

Call Map (ဖုန်းခေါ်ဆိုသူရဲ့ နိုင်ငံနှင့် မြေပုံကိုဖော်ပြပေးမယ့်)

23.2.13


မင်္ဂလာပါခင်ဗျာ... ဖုန်းခေါ်ဆိုသူရဲ့ နိုင်ငံနှင့် မြေပုံကိုဖော်ပြပေးနိုင်တဲ့ Call Map လေးကိုမျှဝေပေးလိုက်ပါတယ်.... ပုံမှာပြထားတာလေးကို ကြည့်ယုံနဲ့ သိမယ်ထင်ပါတယ်... သူရဲ့ Feature တွေကို အောက်မှာဖော်ပြပေးထားပြီး အသုံးပြုလိုတဲ့ သူငယ်ချင်းများအတွက် sharebeast မှာ တင်ပေးထားပါတယ်....


Call Map will show you the incoming call origin or outgoing call destination country’s name and map on a layer.

* Features:
– Configurable time to show the country name and map
– Configurable to show country name in country’s official language too (where applicable)
– Configurable vertical position for the shown layer.
– Configure whether to show the layer only for international calls.
– Supports state map and name for US and Canada
– Configurable to show local time on the remote side
* Future ideas:
– Flag support
Call Map 
Sharebeast
>>>  Download  <<<

ဒေါက်တာမောင်မောင်၏ သက်ရှိရာဇ၀င်စာအုပ်မှ မှတ်တမ်းဓာတ်ပုံအချို့

ဒေါက်တာမောင်မောင် ၊ သက်ရှိ ရာဇ၀င်။


ဒေါက်တာမောင်မောင်သည် သက်ရှိရာဇ၀င် စာအုပ်ကို ၁၉၅၅ ခုနှစ်က ရေးသားထုတ်ဝေခဲ့ပါသည်။ ၁၉၅၅ ခုနှစ်ခန့်က ဖဆပလ အစိုးရအဖွဲ့အတွင်းမှ ၀န်ကြီးများ၊ ပုဂ္ဂိုလ်ကြီးများအကြောင်းကို ဒေါက်တာမောင်မောင်က ကိုယ်တိုင် မေးမြန်းပြီး ရေးသားထားခဲ့သည့် စာအုပ်ဖြစ်ပါသည်။
 
ယခုချိန် ဖတ်လျှင်တော့ အဖြေထွက်ပြီး ဖြစ်သည့် သင်္ချာပုစ္ဆာတစ်ပုဒ်ကို အဆုံး အဖြေမှ အစသို့ နောက်ပြန် ပြန်ဖတ်သလို အဖြေကိုသိပြီး ဖြစ်မည်ထင်ပါသည်။ ရခဲ့ပြီးသည့် အဖြေသည် ကောင်းသည်ဖြစ်စေ ဆိုးသည့်ဖြစ်စေ၊ ကြိုက်သည့်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ နှစ်သက်သည့်ဖြစ်စေ မုန်းသည်ဖြစ်စေ စာဖတ်သူ ကျွန်တော်တို့အတွက်တော့ ပြောင်းလဲလို့မရတော့သည့် အဖြေများ ဖြစ်နေပါပြီ။
 
ဤစာအုပ်ကို အလွယ်တကူ ဖတ်ရှုမရနိုင်မည့် နိုင်ငံရပ်ခြားမှ စိတ်ဝင်စားသူများ အမြည်းလေ့လာနိုင်ရန်နှင့် ဓါတ်ပုံများကို မြင်ဖူးပြီး ရည်ညွှန်း အသုံးပြုနိုင်ကြစေရန် ရည်ရွယ်၍ ဖော်ပြထားခြင်း ဖြစ်ပါသည်။ ဓါတ်ပုံများ၏ မူရင်းနေရာသည် သက်ရှိရာဇ၀င် စာအုပ်မှသာ ဖြစ်သည်။ စီးပွားရေးအတွက် မဟုတ်ဘဲ မြန်မာအင်တာနက်လောကတွင် လိုအပ်နေသည့် ပုံရိပ်များကို ဖြည့်ဆည်းနိုင်ရန် ဖော်ပြခြင်းသာ ဖြစ်သဖြင့် ခွင့်ပြုပါရန် ဤစာအုပ်၊ ဓါတ်ပုံများနှင့် သက်ဆိုင်သူများအား လေးစားစွာ ပန်ကြားအပ်ပါသည်။


ဒေါက်တာမောင်မောင် ၊ သက်ရှိ ရာဇ၀င်

ပထမအကြိမ် ၊ သမာမိတ္တ အပြည်ပြည်ဆိုင်ရာ ပညာရေးစာအုပ် ဖြန့်ချိရေး ဌာန ၊ ၁၉၅၆ ခုနှစ် ၊ ဒုတိယအကြိမ် ၊ Unity Publishing House ၊ ၂၀၁၁ သြဂုတ်လ ၊
 
ဒုတိယအကြိမ်ထုတ် စာအုပ် မျက်နှာဖုံး ၊ ဒီဇိုင်း - ခွန်ကျော်စွာ




ဦးသိမ်းမောင်
နိုင်ငံတော် တရားသူကြီးချုပ် (၁၇ ဇူလိုင် ၁၈၉၀ - ၁၁ မတ် ၁၉၇၅) ပေါင်းတည်မြို့


ဗိုလ်ချုပ်ကြီး နေ၀င်း
ကာကွယ်ရေး ဦးစီးချုပ် ၊ ၁၄ မေ ၁၉၁၁ - ၅ ဒီဇင်ဘာ ၂၀၀၁ ၊ ပြည်ခရိုင် ပေါင်းတလည်မြို့

ဦးကျော်ငြိမ်း
စက်မှုလက်မှုဌာန၀န်ကြီး ၊ ၁၉ ဇန်န၀ါရီ ၁၉၁၃ - ၂၉ ဇွန် ၁၉၈၆ ၊ ပျဉ်းမနားမြို့


 ဦးဗဆွေ
ကာကွယ်ရေး နှင့် သတ္တုတွင်းဌာန ၀န်ကြီး ၊ ၇ အောက်တိုဘာ ၁၉၁၅ - ၆ ဒီဇင်ဘာ ၁၉၈၇၊ ထားဝယ်မြို့ ၊ အုန်းပင်ကွင်း


ဗိုလ်မှူးအောင်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ၊ ၃၀ သြဂုတ် ၁၉၁၀ - ၉ နိုဝင်ဘာ ၂၀၀၄ ၊


ဗိုလ်ခင်မောင်ကလေး
ပြည်ထဲရေးဌာန၀န်ကြီး ၊ ၁၂ အောက်တိုဘာ ၁၉၁၂ - ၂၇ စက်တင်ဘာ ၁၉၈၅ ၊ မန္တလေးမြို့


ဦးထွန်းဝင်း
ပြန်ကြားရေး ဌာန၀န်ကြီး ၊ ၃၁ ဒီဇင်ဘာ ၁၉၁၇ - ၁၉၇၀ ၊ ထားဝယ်မြို့


သခင်ချစ်မောင်
ပြည်သူ့လုပ်ငန်းဌာန၀န်ကြီး ၊ ၁၄ ဇူလိုင် ၁၉၁၄ - ၉ အောက်တိုဘာ ၁၉၇၉ ၊ ကြံခင်းမြို့


ဦးသန်းအောင် (ခ) မစ္စတာရစ်ဗား
ပညာရေးဌာန၀န်ကြီး ၊ ၈ သြဂုတ် ၁၉၀၂ - ၁၄ ဇန်န၀ါရီ ၁၉၈၆ ၊

Mingalarpar ဘလော့မှ ကူးယူဖော်ပြပါသည်။

မယားလေးယောက်နဲ့လူသား

ဒီဇာတ်လမ်းလေးက တကယ့်အဖြစ်အပျက်ဆိုပဲ...
ဘယ်ဆီဘယ်တုန်းကမှန်းမသိရတဲ့ ကာလတစ်ခုကပဲလို့ ထားပါတော့။
မယားလေးယောက်ရှိတဲ့ ကုန်သည်တစ်ယောက်အကြောင်းပါ။
ဒီဇာတ်လမ်းလေးကို သူသေခါနီးဆဲဆဲမှာ ရေးခဲ့တာပါ။
မယားလေးယောက်နဲ့လူရဲ့ ဖွင့်ဟ၀န်ခံချက်လို့လဲ ဆိုချင်ဆိုနိုင်ပါတယ်။
ဒီလိုပါ။
စောစောက ပြောတဲ့အတိုင်းပဲ သူ့မှာ မယားလေးယောက်ရှိပါတယ်။
အဲဒီလေးယောက်ထဲမှာ လေးယောက်မြောက်မယားကို သူက အချစ်ဆုံးပါတဲ့။
သူလေးအတွက်ဆိုရင် ကောင်းပေ့ ညွန့်ပေ့ဆိုတဲ့ အ၀တ်အစားတွေ ဆင်တယ်။ သူလေးကို အနူးညံ့ဆုံး အပျော့ပြောင်းဆုံး ဆက်ဆံတယ်။
သူ့မှာ ရှိသမျှ အကောင်းဆုံးဆိုတဲ့ အရာတွေကို သူလေးအတွက် ရည်ရွယ်ပါတယ်တဲ့။
တတိယမယားကိုကျတော့လဲ သူသိပ်ချစ်တာပဲတဲ့။ ဒီမယားလေးကတော့ သူ့အတွက်
ဂုဏ်ယူစရာတစ်ခုပါတဲ့။ သူလေးနဲ့တွဲပြီး မိတ်ဆွေအပေါင်းအသင်းတွေကြား
ပွဲတက်ရတာ အတော်ကျေနပ်ဖို့ကောင်းဆိုပဲ။ ဒါပေမယ့် သူလေး ဘယ်အချိန်မှာများ
ဘယ်သူနဲ့ လိုက်ပြေးသွားမလဲလို့ သူ့မှာ အမြဲစိတ်တထင့်ထင့်နဲ့
စိုးရိမ်နေရပါတယ်တဲ့။
ဒုတိယဇနီးကိုလည်း သူက ချစ်တာပဲတဲ့။ အင်း.. အချစ်တွေ တယ်ပေါနော်။
သူလေးကတော့ သိပ်ကိုကြင်နာတက်ပြီး အကူအညီအရမ်းရတဲ့ မိန်းမပါတဲ့။ အမြဲလည်း
သည်းခံတတ်တယ်။ တကယ်တော့ သူလေးဟာ သူ့ရဲ့ တီးတိုးဖော် တိုင်ပင်ဖက်ပါတဲ့။
ကြမ်းတမ်းခက်ခဲမှုတွေ ကြုံလာရတဲ့အခါတိုင်း သူ့ကိုကူညီပြီးတော့
အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းပေးတတ်သူပါတဲ့။
ပထမ မယားကြီး။ သူကတော့ သိပ်ကို သစ္စာရှိတဲ့ အဖော်ပါတဲ့။ သူ့ရဲ့
စည်းစိမ်ဥစ္စာရှာဖွေမှုတွေ စီးပွားရေးလုပ်ငန်းတွေမှာ
အများဆုံးကူညီအကျိုးပြုခဲ့တဲ့ ဇနီးသည်တစ်ယောက်ပေါ့။ တစ်အိမ်လုံးရဲ့
ကိစ္စ၀ိစ္စတွေကိုလည်း သူပဲ စီမံခန့်ခွဲတာတဲ့။ ဒါပေမယ့်ပေါ့ဗျာ။ အဲဒီ
ပထမမယားကြီးကိုကျတော့ သူက မချစ်ဘူးတဲ့ဗျ။ ဟိုကတော့ သူ့ကို တကယ့်ကို
နှစ်နှစ်ကာကာ ချစ်ရှာပါတယ်။ သူကတော့ တစ်ခါတစ်လေမှာ ရှိတယ်လို့တောင်
အမှတ်မထား ဂရုမစိုက်မိတတ်ပါဘူးတဲ့။
တစ်နေ့မှာတော့ ကုန်သည်ဟာ နာမကျန်းဖြစ်လာပါတယ်။
သိပ်မကြာခင်အချိန်အတွင်းမှာပဲ သူဟာ သေရတော့မယ်ဆိုတာကို
သဘောပေါက်လာပါတယ်တဲ့။ စည်းစိမ်ဥစ္စာတွေ ပြည့်စုံကြွယ်ဝတဲ့
သူ့ဘ၀အကြောင်းကို စဉ်းစားမိလာပါတယ်။ အင်းပေါ့ မယားလေးယောက်အကြောင်းလဲ
ပါတာပေါ့။ သူက “အခုငါ့မှာ မယားလေးယောက်တောင်ရှိနေတယ်။ ဒါပေမယ့်
ငါသေသွားရင် တမလွန်မှာ ငါတစ်ယောက်ထဲ ဖြစ်နေတော့မှာပဲ။ အရမ်းကို
အထီးကျန်မှာပဲ” လို့ စဉ်းစားမိသတဲ့။
အဲဒါနဲ့ပဲ သူ့ရဲ့အချစ်ဆုံး စတုတ္ထမယားလေးကိုခေါ်ပြီး ပြောပါတယ်။ “မိန်းမရေ
မင်းကို ကိုယ်အချစ်ဆုံးပါ။ မင်းအတွက်ဆို ကောင်းပေ့ညွန့်ပေ့ဆိုတဲ့
အ၀တ်အစားတွေ ပုံအောပေးခဲ့တယ်။ မင်းကိုလည်း အရမ်းကို ဂရုစိုက်ခဲ့တယ်။
အခုတော့ ကိုယ်သေရတော့မယ်။ မင်း ကိုယ်နဲ့လိုက်ပြီး အဖေါ်လုပ်ပေးနိုင်မလားကွယ်”
“ဟင့်အင်း လုံးဝမဖြစ်နိုင်ပါဘူး” သူလေးက ပြန်ပြောပါတယ်။ နောက်ထပ်လည်း
စကားတစ်ခွန်းတောင် ထပ်မပြောတော့ပဲ အနားကထွက်သွားပါသတဲ့။
ဒီအဖြေဟာ သူ့ရဲ့နှလုံးသားကို ဓါးထက်ထက်နဲ့ မွှန်းလိုက်သလိုပါပဲတဲ့။
ကုန်သည်ဟာ သိပ်ကို ၀မ်းနည်းကြေကွဲသွားပြီး တတိယ မယားကို ခေါ်ပြီး
ပြောပြန်ပါတယ်။
“မိန်းမရေ ကိုယ့်ဘ၀တစ်လျှောက်လုံးမှာ မင်းကို သိပ်ချစ်ခဲ့ပါတယ်။ အခုတော့
ကိုယ်သေရတော့မယ်။ မင်း ကိုယ်နဲ့လိုက်ပြီး အဖေါ်လုပ်ပေးနိုင်မလားကွယ်”
“ဟင့်အင်း မဖြစ်နိုင်ပါဘူးရှင်” တတိယမယားက ပြန်ပြောပါတယ်။ “ဘ၀ဆိုတာ
ရှင်သန်နေရတာ သိပ်ကိုပျော်ရွှင်ဖို့ကောင်းပါတယ်။ ရှင်သေသွားခဲ့ရင်
ကျမကတော့ နောက်အိပ်ထောင်ပြုမှာပါ”
ကုန်သည်ရဲ့ နှလုံးသားဟာ ကွဲအက်ကြေမွသွားပြီး အေးခဲသွားခဲ့ပါတယ်။ သူက တတိယ မယားကို ခေါ်ပြီးမေးပြန်ပါတယ်။ “မိန်းမရေ ကိုယ်
အကူအညီလိုတဲ့အခါတိုင်း မင်းဆီကို လာခဲ့တယ်နော်။ မင်းကလဲ ကိုယ့်ကို
အမြဲတမ်း ကူညီပေးခဲ့တယ်။ အခု ကိုယ်မင်းရဲ့ အကူအညီကို လိုနေပြန်ပြီကွယ်။
ကိုယ်သေသွားတဲ့အခါ မင်း ကိုယ်နဲ့လိုက်ပြီး အဖေါ်လုပ်ပေးနိုင်မလားဟင်”
“မဖြစ်နိုင်ပါဘူးရှင်၊ ဒီတစ်ခါတော့ အစ်ကို့ကို ကျမ မကူညီနိုင်တော့ပါဘူး”
တတိယဇနီးသည်က ပြန်ဖြေပါတယ်။ “ကျမအလွန်ဆုံးလုပ်ပေးနိုင်တာကေ တာ့ အစ်ကို့ရဲ့
နောက်ဆုံးခရီးကို လိုက်ပို့ပေးနိုင်တာ တစ်ခုပါပဲ”
ဒီအဖြေဟာ မိုးကြိုးသွားတစ်ခုလို သူ့ရဲ့ နှလုံးသားကို ချေမွဖျက်ဆီးလိုက်ပြီး သူဟာ
ဝမ်းနည်းပက်လက်နဲ့ ယူကြုံးမရဖြစ်သွားပါတယ်တဲ့။
အဲဒီအချိန်မှာပဲ အသံတစ်သံက ပြောပါတယ်။ “ကျမ ရှင်နဲ့အတူ သွားပါ့မယ်။
ရှင်ဘယ်ကိုပဲ သွားသွား ကျမအတူလိုက်ခဲ့ပါမယ်” ကုန်သည်က
မော့ကြည့်လိုက်တဲ့အခါမှာတော့ အစာအဟာရ မပြည့်ဝတဲ့လူတစ်ယောက်လို
ပိန်လှီပြီး အရိုးနဲ့အရေပဲ ဖြစ်နေတဲ့ သူ့ရဲ့ ပထမဇနီးသည်ကို တွေ့လိုက်ရပါတယ်တဲ့။
အဲဒီတော့မှ ကုန်သည်ဟာ ၀မ်းနည်းကြေကွဲစွာနဲ့ ပြောရှာပါတယ်။
“ကိုယ် ဂရုစိုက်နိုင်တဲ့အချိန်တုန်းက မင်းကို အခုထက်အများကြီး ပိုပြီး ဂရုစိုက် ခဲ့
သင့်တာပါကွယ်”
အခုတော့ ကုန်သည်ဟာ သေဆုံးသွားလောက်ရောပေါ့။ သူ့ရဲ့ ပထမဇနီးသည်လဲ သူနဲ့အတူ လိုက်သွားလောက်ရောပေါ့နော်။
တကယ်တော့ ကျနော်တို့အားလုံးရဲ့ ဘ၀မှာ မယားလေးယောက်စီ ရှိတယ်ဆိုတာကို ဆိုလိုချင်တာပါ
၁။ စတုတ္ထမယားဆိုတာ ကျနော်တို့ရဲ့ ရုပ်ခန္ဓာကိုယ်ပါတဲ့။ ဘယ်လောက်ပဲ သူ့ကို
ကြိုးစားပမ်းစား ရက်ရက်ရောရော အလှဆင်ပေမယ့် ကျနော်တို့သေဆုံးသွားတဲ့အခါ
ကျနော်တို့ကို စွန့်ခွာသွားမှာပါပဲတဲ့။
၂။ တတိယမယားဆိုတာ ကျနော်တို့ရဲ့ ပိုင်ဆိုင်မှုတွေ ရာထူးဂုဏ်သိမ်
စည်းစိမ်ဥစ္စာတွေပေါတဲ့။ ကျနော်တို့ သေဆုံးသွားတဲ့အခါ တခြားသူတွေဆီကို
ရောက်သွားမယ့် အရာတွေပါတဲ့။
၃။ ဒုတိယ မယားဆိုတာကတော့ ကျနော်တို့ရဲ့ မိသားစုတွေနဲ့
မိတ်ဆွေသင်္ဂဟတွေပါတဲ့။ ရှင်သန်နေထိုင်စဉ်အတွင်းမှာ ဘယ်လောက်ပဲ
ရင်းနှီးချစ်ကျွမ်းဝင်မှုတွေရှိ ကြပေမယ့် သူတို့တစ်တွေ အလွန်ဆုံး
အတူရှိနေနိုင်တဲ့အချိန်ဟာ ကျနော်တို့ရဲ့ နောက်ဆုံးခရီးကို
လိုက်ပါပို့ဆောင်ချိန် အထိပါပဲတဲ့။
၎။ ပထမ မယားကြီးဆိုတာကတော့ ကျနော်တို့ရဲ့ စိတ်ဝိဥာဉ်ပါတဲ့။ ရုပ်ဝတ္ထုတွေ
စည်းစိမ်ချမ်းသာတွေနဲ့ ကာမဂုဏ်အာရုံတွေနောက်ကို ကောက်ကောက်ပါအောင်
လိုက်ရင်း အမြဲလိုလို မေ့လျော့ ဥပေက္ခာပြုထားခြင်းခံနေရတဲ့ အရာပါတဲ့။
စဉ်းစားကြည့်လိုက်ပါ။ တကယ်တော့ စိတ်ဝိဥာဉ်ကသာ ကျနော်တို့ ဘယ်သွားသွား
အမြဲအတူလိုက်နေမယ့် အရာပါ။ အိပ်ယာပေါ်မှာ သေငယ်ဇောနဲ့ မျောနေမယ့်
အချိန်အထိမစောင့်ပဲနဲ့ အခုကတည်းက သူ့ကို ကျန်းမာသန်စွမ်းလာအောင်
လေ့ကျင့်ပျိုးထောင်ထားဖို့ဆိုတာ အကြံကောင်း ဥာဏ်ကောင်းတစ်ခု မဟုတ်လားဗျာ။
(အင်တာနက်မှာ တွေ့ရတဲ့ စာလေးတစ်ပုဒ်ကို ဆီလျှော်အောင် ဘာသာပြန်ထားတာပါ။
တကယ်တော့ ဒါဟာ ဘာသာခြားပုံပြင်လေးတစ်ပုဒ်ပါ။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့
စိတ်ဝိဥာဉ် ဆိုတဲ့နေရာမှာ ‘ကမ္မ’ သို့မဟုတ် ‘ကံ’ လို့ အစားထိုး မှတ်ယူနိုင်ပါတယ်။

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ဖြောင့်ဖြောင့်တန်းတန်း ကြည့်နည်း



မယုံလို့ ကိုယ်တိုင် စမ်းသုံးကြည့်လိုက်တာ တကယ်ပဲ မှန်ကန်နေတာ တွေ့ရပါတယ်။

မြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။
...See More
ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ဖြောင့်ဖြောင့်တန်းတန်း ကြည့်နည်း

မယုံလို့ ကိုယ်တိုင် စမ်းသုံးကြည့်လိုက်တာ တကယ်ပဲ မှန်ကန်နေတာ တွေ့ရပါတယ်။

မြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။


အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

--
Aung Kham (TSJ team)
ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ဖြောင့်ဖြောင့်တန်းတန်း ကြည့်နည်း

မယုံလို့ ကိုယ်တိုင် စမ်းသုံးကြည့်လိုက်တာ တကယ်ပဲ မှန်ကန်နေတာ တွေ့ရပါတယ်။

မြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။


အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

--
Aung Kham (TSJ team)