This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, October 20, 2012

How to play Sony PlayStation 2 Games on your PC (PS2 ဂိမ်းတွေကို ကွန်ပျူတာပေါ်မှာ ကစားချင်ရင်)



 PS2 Game  ဂိမ်းတွေကို  ကွန်ပျူတာပေါ်မှာ
PS2 ခွေနဲ့ပဲဆော့လို့ရအောင်  ဆောင်ရွက်ပေးတဲ့ ဆော့ဖ်ဝဲ လေးပါ  အသုံးပြုပုံ အသေးစိတ်ကို မူရင်းဆိုက်ဒ်မှာ အကျယ်တဝင့်ရှင်းပြပေးထားပါတယ်  ဒီနေရာက  တဆင့်သွားရောက်နိုင်ပါတယ် Window အတွက်တင်မဟုတ်ပဲ  Linus, Mac,Soure တွေအတွက်လည်းဒေါင်းယူနိုင်ပါသေးတယ်...။

  1. Download the version suited for you from our Downloads Section (for beginners, the full installer of the latest stable release is recommended)
  2. Get the BIOS file from your Playstation 2 console. This is not included with PCSX2 since it is a Sony copyright so you have to get it from your console. Visit the tools section to find out how to do this.
  3. Install PCSX2
  4. Configure PCSX2. For beginners the Quick Start configuration guide should help you. For a detailed description of every single option you can always refer to the full guide.
  5. Insert your PS2 game CD/DVD in your DVD rom. You can either run it directly from the disc or create an ISO image of your disc with a program like IMGburn for faster reads.
  6. Enjoy!!!

အသုံးပြုနည်း Video

ခေါ်ဈေးအောက် လျှော့ရောင်းနေရသည့် မန္တလေးမြေဈေးကွက်

ခေါ်ဈေးအောက် လျှော့ရောင်းနေရသည့် မန္တလေးမြေဈေးကွက်


မန္တလေးအိမ်ခြံမြေဈေးကွက်မှာ အမြင့်ဈေးဖြင့် အရောင်းအ၀ ယ်မြင့် တက်ခြင်းမရှိပဲ အရောင်းအ၀ယ်ပြုလုပ်လိုသူများကအမေးသာရှိပြီး အ၀ယ်အေးကြောင်း၊အရောင်းအ၀ယ်ဖြစ်ရန် ခေါ်ဈေးေ အာက် လျှော့ ရောင်းနေရကြောင်း မန်းအိမ်ခြံမြေပွဲစားတို့က ဆိုသည်။ 
မန္တလေးမြေဈေးကွက်မှာ ပြည်ပလုပ်ငန်းရှင်ကြီးများက စက်ရုံလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုအတွက် လာရောက် စုံစမ်းဆဲ အဆင့်သာရှိ
သေးကြောင်းနှင့် အရောင်းအ၀ယ်မဖြစ်မည်စိုး၍ မြေဈေးကိုလည်း မတင်ရဲသည့် အခြေအနေဖြစ်နေသည်ဟု အိမ်ခြံမြေပွဲစားများထံက သိရသည်။

“နိုင်ငံခြားလုပ်ငန်းရှင်တွေက စက်ရုံဆောက်ဖို့ဆိုပြီး လာလာမေးကြတယ်၊ အမေးပဲရှိတာ ၀ယ်မသွားဘူး အဲဒါကြောင့် ဈေးကို မတင်ရဲဘူး”ဟု မန္တလေးအိမ်ခြံမြေ၀ါရင့်အကျိုးတော်ဆောင် ဒေါ်တင်တင်အေးက ပြောသည်။

မန္တလေးစက်မှုဇုံ၌အချက်အခြာကျသည့် နေရာကောင်းများ၌သာတစ်ဧက လျှင် ကျပ်သိန်း(၁၂၀၀၀)မှ(၁၅၀၀၀)အထိ ပေါက်ဈေးရှိ
နေခြင်းဖြစ်ပြီးနေရာမကောင်းသောနေရာများ၌တစ်ဧကကျပ်သိန်း(၄)ထောင်ဝန်းကျင်သာရှိနေခြင်းဖြစ်ကြောင်းကိုလည်း သိရှိရ
သည်။

မန္တလေးမြို့တွင်းရှိ ရန်ကုန်မန္တလေးလမ်းမကြီးဘေးတွင် ပေ(၃၀x၆၀) တစ်ကွက်လျှင် ကျပ်သိန်း (၁)သောင်းဝန်းကျင်ရှိကြောင်းကိုလည်း ဒေါ်တင်တင်အေးက ဆက်ပြောသည်။

ယခင်က(၂၆)လမ်းပေါ်ရှိပေ(၄၀x၆၀)တစ်ကွက်လျှင် ကျပ်သိန်းတစ်သောင်း ကျော်အထိ ခေါ်ဈေးရှိခဲ့ သော်လည်း ယခုအခါ ကျပ်
သိန်း(၆)ထောင်ဝန်း ကျင်သာ တန့်နေကြောင်းကိုလည်း သိရှိရသည်။

(၈၂)လမ်း(၃၅)လမ်းနှင့်(၃၆)ကြား၌ပေ(၄၀×၆၀)မြေကွက်တစ်ကွက်လျှင်ကျပ်သိန်း(၃၂၀၀)ဈေးအထိရှိပြီး (၂၆)လမ်းတွင်
 ပေ(၄၀x၆၀)မြေတစ် ကွက်လျှင် သိန်း(၆၅၀၀)အထိ ခေါ်ဈေးရှိနေသည်။

“အရောင်းအ၀ယ်ကတော့သိပ်ပြီးမဖြစ်ဘူး၊ ဈေးတင်ပြီးတော့ ဘယ်သူမှ မရောင်းဘူး၊ လျော့ရောင်းတာပဲ ရှိတယ်၊ လုပ်ငန်းရှင်ကြီး
တွေကတော့လာလာမေးကြပြီဆိုတော့ဈေးပြန်ကောင်းလာမလားတော့မသိဘူး”ဟု အိမ်ခြံမြေအကျိုးတော်ဆောင် ဒေါ်ချစ်စုက
 ပြောသည်။

မြို့သစ်ဘက်၌ကျပ်သိန်(၇)ရာတန်ပ(၄၀x၆၀)မြေကွက်တစ်ကွက်လျှင်သိန်း(၃)ရာဖြင့်အရောင်းအ၀ယ်ဖြစ်သွားပြီး၊ (၆၂)လမ်းနှင့်
(၆၃)ကြားရှိပေ(၄၀x၆၀)အကျယ်အ၀န်းရှိတစ်ထပ်တိုက်ပါကျပ်သိန်း(၁၆၀၀)တန်အဆောက်အဦးအား သိန်း(၁၂၀၀)နှင့်ဈေးလျှော့
 ရောင်းခဲ့ရကြောင်း ကိုလည်း သိရသည်။

ပြည်တွင်းထုတ်ဂျာနယ်များ၌မန္တလေးမြေဈေးမှာနိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူများကြောင့်အမြင့်ဈေးခေါ်၍ အရောင်းအ၀ယ်ပြုလုပ်
နေကြောင်း ဖော်ပြပါရှိသည်။

Shwe Myitmakha Media Group

ရပ်/ကျေး အုပ်ချုပ်သူများ တိုင်ကြားခံရလျှင် ထိရောက်စွာ အရေးယူမည်

ရပ်/ကျေး အုပ်ချုပ်သူများ တိုင်ကြားခံရလျှင် ထိရောက်စွာ အရေးယူမည်


ရပ်ကွက်နှင့် ကျေးရွာ (ရပ်/ ကျေး) အုပ်ချုပ်ရေးမှူးများ၏ အလွဲသုံးစားမှုများကို တိုင်ကြားလာပါက စိစစ်ပြီး ထိရောက်စွာ ဥပဒေအရ အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း ရန်ကုန်တိုင်း
ဒေသကြီးအစိုးရအဖွဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးအောင်ကျော်စိုးက ပြောသည်။

ရပ်ကွက်နှင့် ကျေးရွာများတွင် ရွေးချယ်ထားသော အုပ်ချုပ်ရေးမှူးများသည် ပေးထားသည့် အာဏာကို အလွဲသုံးစားလုပ်ကာ ရပ်ကွက်ပိုင် မြေနေရာများကို ကိုယ်ကျိုးအတွက် အငှားချခြင်း၊ ရောင်းစားခြင်း၊ ရပ်ကွက်ကျေးရွာနေ ပြည်သူများကို အနိုင် အထက်ပြု ဆက်ဆံခြင်းများရှိပါက သက်ဆိုင်ရာသို့ တိုင်ကြားလာလျှင် ထိရောက်သည့် အရေးယူခြင်းများ ပြုလုပ်လျှက် ရှိကြောင်း သိရသည်။

“အာဏာ အလွဲသုံးစား လုပ်တာ၊ ရပ်ကွက်ကျေးရွာပိုင် မြေတွေအလွဲသုံးစားလုပ်တာတွေရှိရင် ဘယ်သူကိုမှ မျက်နှာမလိုက်ဘူး ထောင်ချသင့်တာဆို ချပစ်ဖို့လုပ်တယ်၊ စိစစ်ပြီး ထိထိရောက်ရောက် ဥပဒေအရ အရေးယူတယ်” ဟု ဦးအောင်ကျော်စိုးင ပြောသည်။

လက်ရှိတွင် အလွဲသုံးစား ပြုလုပ်သည့် ပြဿနာများကြောင့် တရားရုံးများတွင် တရားရင်ဆိုင်နေကြရသည့် အုပ်ချုပ်ရေးမှူးများ ရှိနေကြောင်းလည်း သူကဆိုသည်။

ရပ်/ ကျေး အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖ ၅ ဦးတို့က ဦးဆောင်ပြီး ဒေသနေ ပြည်သူများကို ရွေးကောက်ပွဲ ပုံစံ မဲစနစ်ဖြင့် လျှို့ဝှက်ရွေးချယ် တင်မြှောက်ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် ဒေသတချို့၊ မြို့နယ်တချို့တွင် နည်းလမ်းတကျ မဲပေးစနစ်ဖြင့် ရွေးချယ်ခြင်း မဟုတ်သည့် အုပ်ချုပ်ရေးမှူး ရွေးချယ်မှု များရှိနေပြီး အာဏာအလွဲသုံးစား လုပ်ကာ ရပ်ကွက် ကျေးရွာပိုင် မြေနေရာများ၊ ပစ္စည်းများကို ရောင်းချ၊ ငှားစားကာ ကိုယ်ကျိုးအတွက် အသုံးပြုခြင်း၊ ရပ်ကွက်ရန်ပုံငွေဟု ဆိုကာ ပြည်သူများထံမှ နာမည်အမျိုးမျိုး ခေါင်းစဉ်တပ်၍ အခကြေးငွေကောက်ခံခြင်းများ ရှိနေကြောင်း သိရသည်။

“ရပ်ကွက်ပိုင် ဘောလုံးကွင်း မြေနေရာကို တဦးတည်းသဘောနဲ့ ရောင်း၊ ကိုယ်ကျိုးအတွက် သုံးတဲ့ အုပ်ချုပ်ရေးမှူးကို မကျေနပ်လို့ လူထုက သမ္မတ အထိ တိုင်ပေမယ့် သူ့အပေါ် ထိရောက်တဲ့ အရေးယူတာမျိုး မရှိတော့ ပြည်သူက မကျေနပ်ကြဘူး” ဟု ပုသိမ်မြို့နယ် သစ်ပုတ်ကုန်း ကျေးရွာဒေသခံ တဦးက ဆိုသည်။

ရပ်/ ကျေး အုပ်ချုပ်ရေးမှူးများ၏ မမှန်မကန် ဆောင်ရွက်သည့် ပြဿနာများကို တိုင်ကြားသော်လည်း ထိရောက်စွာ အရေးယူပေးခြင်း အားနည်းနေသည့် နေရာများ ရှိနေသောကြောင့် အမှန်တကယ် အရေးယူပေးရန် လိုအပ်နေကြောင်း  ပြောဆိုမှုများ ရှိသည်။

ရန်ကုန်မြို့တွင်းမြို့နယ် တချို့တွင်လည်း အုပ်ချုပ်ရေးမှူးများက ကောက်ခံခိုင်းသည်ဟု ဆိုကာ အုပ်ချုပ်ရေးရုံးက လစဉ် မီးသတ်ကြေး၊ လမ်းမီးကြေး၊ မီးကင်းကြေးများ၊ ရပ်ကွက်ထောက်ခံစာ၊ ဧည့်စာရင်း တိုင်ခြင်းများ ပြုလုပ်ခြင်းကို အခမဲ့ ဆောင်ရွက်ရမည်ဟုဌာနမှ သတ်မှတ်ထားသော်လည်း အလှူငွေ ကောက်ခံနေခြင်းများ ရှိနေကြောင်း သိရသည်။

“ရပ်ကွက်ရုံးမှာ ထောက်ခံစာလုပ်ရင် တစောင် ကျပ် ၅ ရာပဲ၊ ဧည့်စာရင်း တပတ်တခါ တိုင်ရင် ကျပ် ၁ ရာပေးရတယ်။ ရပ်ကွက် တော်တော်များများက မကောက်တဲ့ မီးသတ်ကြေး၊ မီးကင်းကြေး ဆိုတာတွေလည်း ကောက်တယ်၊ ရပ်ကွက်ရုံးက လုပ်ထားတဲ့ အမှိုက်လှည်းနဲ့ပစ်ရင် အမှိုက်တထုပ် ၃၀၀ ကျပ် ပေးရတယ်။ ရပ်ကွက်မှာ အမှိုက်ပုံလည်းမရှိဘူး။ ပိုက်ဆံ မတတ်နိုင်ရင် အိမ်မှာမြေမြှုပ်ပဲ” ဟု မင်္ဂလာဒုံမြို့နယ်နေ ပြည်သူတဦးက ပြောသည်။

ရပ်/ ကျေး အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ဥပဒေအတိုင်း တင်မြှောက်ရန် လိုကြောင်း၊ ဥပဒေအထက်တွင် မည်သူမျှ ရှိမနေနိုင်အောင် ဆောင်ရွက်သင့်ကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေသော ရပ်ကျေးအုပ်ချုပ်ရေး ပြဿနာများသည် နိုင်ငံ၏ တရားဥပဒေ အခြေအနေကို မီးမောင်းထိုးပြသည်နှင့် တူနေကြောင်း၊ ထို့ကြောင့် အဆိုပါကိစ္စများ လျော့နည်းသွားစေရန် နိုင်ငံရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးမဟုတ်သည့် အဖွဲ့အစည်းများ၊ အစိုးရအပါအဝင် အဓိကဖြစ်သည့် ပြည်သူလူထု ကလည်း ပါဝင်ကာ ဆောင်ရွက်သင့်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက သုံးသပ်သည်။

“စစ်မှန်တဲ့ လူထုကိုယ်စားပြုသူကို ရွေးချယ်သင့်တယ်။ နားမလည်တဲ့ ပြည်သူတွေကို အာဏာအလွဲသုံးစား လုပ်တာ ရှိနေတယ်။ ဒါတွေကို မပြင်ဆင်ရင်တော့ မြန်မာနိုင်ငံမှာ အာဏာကြီးလေလေ၊ ငါသာလျင် အရှင်သခင်ဆိုတဲ့ ဝါဒ ထွန်းကားနေအုံးမှာပဲ” ဟု သူက ဆိုသည်။

အုပ်ချုပ်ရေးမှူးများသည် ပြည်သူများကို ကိုယ်စားပြုသည့် လူတန်းစားတခု ဖြစ်နေသော်လည်း စက်တင်ဘာ လပိုင်းက မန္တလေးတိုင်း ဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ကံကြီးကုန်း ကျေးရွာနှင့် ဇီးအုပ် ကျေးရွာတွင် ဖြစ်ပေါ်ခဲ့သည့် ကျူးကျော် ပြဿနာတွင် အုပ်ချုပ်ရေးမှူးများက အဆိုပါ မြေနေရာများကို ရောင်းစားခဲ့ရာမှ ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်ဟု ကိုမြအေးက ဆိုသည်။

၂၀၀၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ကွက်က ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်တဦးဦးကို ဥပဒေနှင့်အညီ တာဝန်ပေး ဆောင်ရွက်ရမည်ဟု သတ်မှတ်ပြဌာန်း ထားသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး များကို လစဉ်ချီးမြှင့် ထောက်ပံ့ငွေ တဦးလျှင် ကျပ် ၇၀၀၀၀ နှင့် အုပ်ချုပ်ရေးရုံး တရုံးလျှင် လစဉ်အသုံးစရိတ် ကျပ် ၅၀၀၀၀၊ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု ၁၆၆၇၉ စု အတွက် လစဉ်ထောက်ပံ့ကြေးငွေနှင့် ရုံးအသုံးအဆောင် စရိတ်ငွေ တနှစ်လျှင် ကျပ်သန်းပေါင်း ၂၄၀၁၇. ၇၆ သန်း ကုန်ကျ သုံးစွဲနိုင်ရန် အစီအစဉ် ရေးဆွဲနေပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုများ၏ အုပ်ချုပ်ရေး နည်းဥပဒေကို လုပ်ထုံး လုပ်နည်းများနှင့်အညီ ပြဌာန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

By Irrawaddy

တရုတ်အမျိုးသားအူထဲက ဆရာဝန်တွေ ခွဲထုတ်ပေးခဲ့ရတဲ့ လိင်တံတု

တရုတ်အမျိုးသားအူထဲက ဆရာဝန်တွေ ခွဲထုတ်ပေးခဲ့ရတဲ့ လိင်တံတု

အသက် (၃၀)နှစ်အရွယ် တရုတ်အမျိုးသားဟာ သူ၏အူအတွင်း ငါးရက်ကြာ ရောက်ရှိနေခဲ့သော လိင်တံတုကို ကူထုတ်ပေးဖို့ ဆေးအကူအညီတွေ တောင်းခံခဲ့ကြောင်း AFP သတင်းတစ်ပုဒ်၌ ဖော်ပြခဲ့သည်။
၂၃ စင်တီမီတာရှည်တဲ့ ထိုလိင်တံတုဟာဆိုရင် လိင်မှုပြုရင်းကနေ ၎င်း၏ အူအတွင်းသို့ ဝင်သွားခဲ့တာဖြစ်ကြောင်းလည်း သိရသည်။
ဒီပစ္စည်းကို အချိန်မီ ခွဲမထုတ်ခဲ့ရင် ထိုအမျိုးသား၏ ကျန်းမာရေးဟာ စိုးရိမ်ရတဲ့ အခြေအနေတွင်ရှိကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်။http://wlovestory.blogspot.com/2012/10/blog-post_2249.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+blogspot%2FDbNmmg+%28%E1%80%A7%E1%80%92%E1%80%84%E1%80%B9%E1%80%A1%E1%80%81%E1%80%BA%E1%80%85%E1%80%B9%E1%80%95%E1%80%B6%E1%80%AF%E1%81%BF%E1%80%95%E1%80%84%E1%80%B9%29

၈ မိနစ်အတွင်း ဒေါ်လာ ၂၄ ဘီလျံ Google ဆုံးရှုံးနစ်နာ



စတော့ဈေးကွက်တွင် Google၏ ဆိုးဆိုး
ရွားရွား ယိမ်းယိုင်ထိခိုက်သွားမှုက
ရင်းနှီးမြှုပ်နှံသူများကို အလေးထား စိုး
ရိမ်စေသည့် အခြေအနေတစ်ခု ဖြစ်
လာခဲ့သည်။


Googleသည် ၎င်းတို့၏ နှစ်စဉ်အမြတ်ငွေ ကျဆင်းမှုကို အချိန်စော ကြေညာလိုက်
သည့်နောက် ရှယ်ယာဈေးများ ထိုးကျကုန်ကာ (၈)မိနစ်အတွင်း ဒေါ်လာ (၂၄)
ဘီလျံ နစ်နာသွားကြောင်း သတင်းများက ဖော်ပြခဲ့သည်။

စတော့ဈေးကွက်တွင် Google၏ ဆိုးဆိုးရွားရွား ယိမ်းယိုင်ထိခိုက်သွားမှုက ရင်းနှီးမြှုပ်နှံ
သူများကို အလေးထား စိုးရိမ်စေသည့် အခြေအနေတစ်ခု ဖြစ်လာခဲ့သည်။ Googleသည် ၎င်းတို့၏ နှစ်စဉ်အမြတ်ငွေ ကျဆင်းမှုကို အချိန်စော ကြေညာလိုက်သည့်နောက် ရှယ်
ယာဈေးများ ထိုးကျကုန်ကာ (၈)မိနစ်အတွင်း ဒေါ်လာ (၂၄)ဘီလျံ နစ်နာသွားကြောင်း
သတင်းများက ဖော်ပြခဲ့သည်။

Google၏ ရှယ်ယာဈေးကွက် အခြေအနေကို စီးပွားရေး သုတေသီများက ပူဖောင်းတစ်လုံး ပေါက်ကွဲခြင်းဟု ညွှန်းဆိုထားပြီး ယခုအခါ Google ရှယ်ယာများကို ဝယ်ယူမြှုပ်နှံလိုသူများ တွန့်ဆုတ်ကုန်ကာ ဈေးကွက်အတွင်း Google၏ ရှယ်ယာ
အရောင်းအဝယ် လှုပ်ရှားမှုများပါ ရပ်တန့်ကုန်ကြောင်း သိရသည်။

စတော့ဈေးကွက် သမိုင်းတစ်လျှောက် Googleကြုံရသည့် ထိုးနှက်ချက်သည် အကြီးမား၊ အပြင်းထန်ဆုံး ဖြစ်လာပြီး ဒေါ်လာ (၂၄)ဘီလျံဖိုး တန်ဖိုးထိုးဆင်းသွားခြင်း ဖြစ်သည်။

Googleက ယင်းဖြစ်စဉ်အတွက် အမြတ်အစွန်း လျော့ကျသွားသည့် စာရင်းကို ကြိုတင်
ထုတ်ပြန်သော R.R. Donnelley & Sons Co. (RRD)ကို ဝေဖန် ပြစ်တင်ခဲ့သည်။
RRDက Google၏ တတိယ (၃)လပတ် အမြတ်ငွေ လျော့နည်းသွားခြင်းကို ဖော်ပြခဲ့မိ
သည့်နောက် စတော့ဈေးကွက်တွင် ကမောက်ကမ အခြေအနေများ ပေါ်ပေါက်
လာခြင်းဟု Googleက ဆိုသည်။

အင်တာနက် ရှာဖွေရေး ဝန်ဆောင်မှု လုပ်ငန်းစုကြီး၏ ရှယ်ယာဈေးကွက် ချက်ကောင်း
တစ်ချက် အထိုးနှက် ခံရမှုနှင့် ပတ်သက်ပြီး Cantor Indexမှ လူသိများသော
စာရင်းအင်း ပညာရှင် ဒေးဗစ်ဘာ့ခ်က "ပူဖောင်းကတော့ ကွဲသွားပြီ။ Googleလိုမျိုး
တစ်ရှိန်ထိုး တိုးတက်လာတဲ့ လုပ်ငန်းတွေဟာ တစ်ချိန်မှာ ဒီလို ကြုံရတတ်ပါတယ်"ဟု
ပြောကြားသွားသည်။

၎င်းသည် ရှယ်ယာဈေးကွက်ကို နှစ်ပေါင်း(၅၀)မျှ သုတေသနပြု စောင့်ကြည့်နေခဲ့
သူလည်း ဖြစ်သည်။ Googleပိုင် ပုံနှိပ်လုပ်ငန်း RRDက ကုမ္ပဏီ၏ အမြတ်ငွေ (၂၀)
ရာခိုင်နှုန်း ကျဆင်းသွားသည်ကို ဖော်ပြမိခဲ့သည့်နောက် Google၏ ရှယ်ယာ
တန်ဖိုးသည် (၈)မိနစ်အတွင်း (၉)ရာခိုင်နှုန်း ထိုးဆင်းသွားခြင်း
ဟုသိရှိရသည်။

Planet News

ရွှေမြန်မာ

ထူးထူးခြားခြားပုံနှင့် ဟာသပုံများ(ရယ်မောခြင်းသည်အသက်ရှည်၏)

Friday, 19 October 2012

ထူးထူးခြားခြားပုံနှင့် ဟာသပုံများ(ရယ်မောခြင်းသည်အသက်ရှည်၏)

...

Game တွေက အကြီးတွေ ဆိုတော့ ဖုန်း CPU 800 အထက်ရှိ တဲ့ ဖုန်း တွေ မှာ ပဲ အဆင်ပြေ ပါ မယ် ။



Download HD Game Collection For Android

Game တွေက အကြီးတွေ ဆိုတော့ ဖုန်း CPU 800 အထက်ရှိ တဲ့ ဖုန်း တွေ မှာ ပဲ အဆင်ပြေ ပါ မယ် ။

HD Game Collection For Android. Download Mali Devices (APK + SD Data)

Download 9mm HD
Download  Asphalt 5 HD
Download Asphalt 6 Adrenaline HD
Download Assassins Creed: Altairs Chronicles HD
Download Backstab HD
Download Battlefield: Bad Company 2
Download BLOOD & GLORY
Download Bruce Lee Dragon Warrior
Download Dead Space
Download Demolition Inc.
Download Dungeon Defenders: First Wave
Download Fast & Furious Five HD
Download Football Manager Handheld 2012
Download Hockey Nations 2011
Download Madden NFL 12
Download Modern Combat 3: Fallen Nation HD
Download Need For Speed: Hot Pursuit
Download Order & Chaos Online HD
Download PES 2012 Pro Evolution Soccer
Download ShadowGun
Download Tom Clancy’s Rainbow Six: Shadow Vanguard HD
Download Virtua Tennis™ Challenge
Download Grand Theft Auto 3 GTA 3
Download Gangstar Rio: City Of Saints
Download Mass Effect Infiltrator
Download Men In Black 3
Download James Cameron`s  Avatar HD
Download SpiderMan Total Mayhem HD
Download Race Of Champions v1.0.8
Download Tom Clancy’s H.A.W.X HD
Download Splinter Cell Conviction HD
Download N.O.V.A. Near Orbit Vanguard Alliance HD
Download Nova 2 Near Orbit Vanguard Alliance HD
Download Nova 3 Near Orbit Vanguard Alliance HD
Download Max Payne Mobile
Download Dungeon Hunter 3 Android Game Apk
Download TNA Wrestling iMPACT! 
Download THE DARK KNIGHT RISES
Download The Amazing Spider-Man HD
Download Call of Duty Black Ops Zombies
Download ASPHALT 7 HEAT HD

နေမကောင်းလို. ဓါတ်မှန်သွားရိုက်ရာမှ ဓါတ်မှန်စက်ရင်ဘတ်ပေါ်ပြုတ်ကျပြီး ၈ရက်ကြာသတိမေ့ပြီး ၃ရက်လောက် သတိပြန်လည်လာတဲ့ ဒေါ်ရင်မြင့်အခုတော့ ဆုံးရှာပြီ


နေမကောင်းလို. ဓါတ်မှန်သွားရိုက်ရာမှ ဓါတ်မှန်စက်ရင်ဘတ်ပေါ်ပြုတ်ကျပြီး ၈ရက်ကြာသတိမေ့ပြီး ၃ရက်လောက် သတိပြန်လည်လာတဲ့ ဒေါ်ရင်မြင့်အခုတော့ ဆုံးရှာပြီ တစ်ကယ်ဖြစ်တာဆိုရင်တော့ ဘယ်ဆေးရုံလဲဆိုတာဖော်ပြသင့်ပါတယ်။
ဒီတစ်ခါလည်း လုပ်ပြန်ပါပြီ.... ဘယ်လို ဓါတ်မှန်ရိုက်စက်ပါလိမ့် ... တွေ့ဖူးသမျှ ဓါတ်မှန်ရိုက်စက်တွေကတော့ အပေါ်ကနေချိတ်ထားတဲ့ ဓါတ်မှန်ရိုက်စက်ပဲတွေ့ဖူးပါတယ် .. သတင်းရင်းမြစ် မှန်မမှန်သေချာ စုံစမ်း သင့်ပါတယ် ... သတင်းရင်းမြစ် ခိုင်မှာ မှန်ကန်တယ်ဆိုရင် လူတစ်ယောက်လုံးသေတဲ့ကိစ္စဖြစ်တဲ့အတွက် ဆေးရုံနာမည်ကိုပါ ထည့်ရေးသင့်ပါတယ်....



ချိတ်ထားတဲ့ ဓါတ်မှန်စက်ရှိပါတယ် တဲ့ .. မေးကြည့်မိတော့ .. ဒါပေမယ့် အသုံးနည်းတယ်လို့လဲပြောပါတယ်.. သတင်းအမှန်ဖြစ်တယ်ဆို သေချာ Detail ထုတ်ဖေါ်ရေးသားသင့်ပါတယ် ... အခုသတင်းမှာ ဖြစ်စဉ်ကို ယေဘုယျပဲေ၇းထားတဲ့အတွက် ဖွ ရုံသက်သက် ပဲ ဖြစ်နေပါတယ် .... သတင်းသေချာခိုင်မာအောင် လုပ်ပေးသင့်ပါတယ်
သေချာစုံစမ်းပြီးမှ အဖြစ်အပျက်အမှန်ကိုသာ ရေးစေ၊ တင်စေချင်ပါတယ်... ပုဂ္ဂလိကဆေးရုံတစ်ရုံတဲ့။ တကယ်ဖြစ်တာပါဆိုရင် အဲဒီဆေးရုံနာမည်ကို ဒီလိုထည့်မရေးပဲနေမယ်ထင်နေလား။ ၀က်ဝက်တောင်ကွဲသွားအုံးမယ်။ကိုယ့်အကြောင်းကိုယ်ရေးတာက ဘာမှပြသနာမဖြစ်ပေမယ့် အများနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကိုတော့ သေချာစီစစ်မေးမြန်းပြီးမှ ရေးတာကကောင်းမယ်ထင်ပါတယ်
ကျွန်မတို.လို သတင်းတင်နေတဲ့ ဘလော့ဂါတွေလဲ အတင်းနဲ.သတင်းလိုမျိုးကို ခွဲခြားပြီးတင်ရင်ကောင်းမှာပါဘဲရှင်။ အထူးသတိနဲ.သတင်းအမှန်တွေကိုသာ ဘလော့တင်ရင်ကောင်းမယ်ထင်ပါတယ်။
 အဲဒီလောက်သေသေချာချာသိပြီးမှတော့။ ဆေး၇ုံနာမည် တော့ သေချာထည့်ေ၇းရင်ကောင်းမယ်နော်။
မေ၇းတာဆိုရင်တော့လုပ်ကြံဇာတ်လမ်းလား ဘာလဲဖြစ်ကုန်တော့တာပေါ့နော်။ဆေးရုံသိတယ်ဆိုရင်နောက်လူတွေရှောင်လို့ရတာပေါ့။
........
စာရေးသူစကားမှားသွားရင်တောင်းပန်ပါတယ်နော်။ တစ်ချို.သောဂျာနယ်လစ်တွေ ကြောင့်သတင်းတွေတစ်လွဲဖြစ်နေတာတွေမြင်နေရလို.ပါ။
ဟိုတစ်လောကလဲ 14နှစ်သမီးလေး တည်းခိုခန်းသွားတဲ့သတင်း အရမ်းပျံ.နှံ.သွားတယ်။
သတင်းကနေ အတင်းဖြစ်သွားတယ်။ ဖွရုံသက်သက်ဖြစ်သွားတယ်။
ကလေးရဲ.မိဘတွေနဲ. ကလေးမလေးရဲ.ရှေ.ရေးကိုဖျက်ဆီးလိုက်သလိုပါဘဲ။ တကယ်ဆို သတင်းတင်မဲ့အစား ဒီလိုမျိုးကို ပညာပေးဆောင်းပါးအနေနဲ.ရေးသင့်တာပါ။
စာရေးသူစကားမှားသွားရင်ထပ်တောင်းပန်ပါတယ်နော်။
 
မော်နီကာ
 
 


အရှေ့တောင်အာရှနိုင်ငံများ၏ ဗုဒ္ဓဘာသာဝင်အရေအတွက်


အရှေ့တောင်အာရှနိုင်ငံများ၏ ဗုဒ္ဓဘာသာဝင်အရေအတွက်
၁ - ဗီယက်နမ်နိုင်ငံ - ၇၄,၂၆၈,၇၅၀ (၇၄.၂၆သန်း) ( ၈၅ ရာခိုင်နှုန်း )
၂ - ထိုင်းနိုင်ငံ - ၆၁,၈၁၄,၇၄၂ (၆၁.၈သန်း) (၉၂.၆ ရာခိုင်နှုန်း )
၃ - မြန်မာနိုင်ငံ - ၄၈,၀၁၉,၂၀၀(၄၈.၀၁ သန်း ) ( ၇၉.၆ ရာခိုင်နှုန်း )
၎ - ကမ္ဘောဒီးယားနိုင်ငံ - ၁၃,၉၃၈,၄၆၀ (၁၃.၉၃သန်း ) ( ၉၈.၅ ရာခိုင်နှုန်း )
၅ - လာအိုနိုင်ငံ - ၆,၁၉၅,၈၉၈ (၆.၁၉ သန်း )( ၉၅.၃ ရာခိုင်နှုန်း )
၆ - အင်ဒိုနီးရှားနိုင်ငံ - ၈,၀၉၂,၀၀၀ (၈.၀၉ သန်း) (၃.၄ ရာခိုင်နှုန်း)
၇ - မလေးရှားနိုင်ငံ - ၅,၉၇၀,၈၀၀ သန်း(၅.၉၇ သန်း) ( ၂၂ ရာခိုင်နှုန်း )
၈ - ဖီလစ်ပိုင် - ၂,၇၅၉,၄၉၀ (၂.၇၅ သန်း) ( ၃ ရာခိုင်နှုန်း )
၉ - စင်္ကာပူနိုင်ငံ - ၃,၃၄၁,၆၉၂ (၃.၃၄ သန်း) ( ၆၇ ရာခိုင်နှုန်း )
၁၀ - ဘရူနိုင်းနိုင်ငံ - ၂၉,၈၂၂ (၂၉.၈ သိန်း) ( ၀.၁၃ ရာခိုင်နှုန်း )
ဗဟုသုတ တိုပွါးနိုင်ကြပါစေ...။

http://buddhismworld.ning.com/profiles/blog/list?user=1z6jgvuibd95g

သစ်ရွက်ခြောက် တောက်တဲ့

သစ်ရွက်ခြောက် တောက်တဲ့


ရုတ်တရက်ကြည့်လိုက်ရင် သစ်ရွက်ပဲ ဖြစ်ပါတယ်။ သေချာကြည့်ရင်တောင် သတိမထားမိသူဖို့ သစ်ရွက်ခြောက် လို့ပဲ ထင်စရာ ရှိပါတယ်။ အမှန်တော့ သူက တောက်တဲ့မျိုးဝင်တဲ့  သစ်ရွက်ခြောက် တောက်တဲ့ (Uroplatus phantasticus) ဖြစ်ပါတယ်။

မဂါဒတ်စကားနိုင်ငံမှာပဲ ရှိတဲ့ တောက်တဲ့ ဖြစ်ပါတယ်။ မဂါဒတ်စကား နိုင်ငံ ဆိုတာ အာဖရိကတိုက် အရှေ့ တောင်ပိုင်း အိန္ဒိယသမုဒ္ဒရာ တွင်းက ကျွန်းစု နိုင်ငံ ဖြစ်ပါတယ်။ ဘယ်နေရာမှာမှ မတွေ့ရပဲ ယင်းကျွန်းမှာသာ ရှိတဲ့ သတ္တဝါတစ်မျိုး ဖြစ်ပါတယ်။

အရှည်အားဖြင့် ၂.၅ ကနေ ၆ လက်မအထိသာ အရှည် ရှိနိုင်တဲ့ တောက်တဲ့ ဖြစ်ပါတယ်။  သူ့ရဲ့  ထူးခြားတဲ့ အသွင် သဏ္ဍန်ကြောင့် လိုချင်သူများပြားပြီး ဈေးကြီးပေး ရောင်းဝယ်ကြပါတယ်။ ဆေးဝါးအဖြစ် လည်း သုံးစွဲသလို အိမ်မွေးတိရစ္ဆာန်အဖြစ်လည်း မွေးမြူကြပါတယ်။

ဒါကြောင့် သူ့ကို ကမ္ဘာ့အလိုရှိဆုံး သတ္တဝါမျိုးစိတ်တစ်ခုအဖြစ် မှတ်တမ်းတင် ထားတယ်လို့ သိရပါတယ်။
မှတင်ပြပေးပါသည်။
(အမုန်းတော်ခံ)

အသက် ၂၂ နှစ်အရွယ် အမြွာပူး ညီအမ၏ ဘဝ

အသက် ၂၂ နှစ်အရွယ် အမြွာပူး ညီအမ၏ ဘဝ
သူတို့နှစ်ယောက်ဘ၀ကသနားစရာပါနော်
လူဖြစ်တာတောင် သူမျာတွေလို့ လွတ်လပ်ပိုင်ခွင့်မရှိဘူးလေ
ဆုတောင်းပေးပါတယ် နောက်ဘ၀တွေ့မှာ အဲဒီအဖြစ်မျိုးတွေနဲ့
မကြုံပါစေနဲ့လို့ ဆုတောင်းပေးပါတယ်ရှင်...
(အမုန်းတော်ခံ)

မသိရင် မကြည့်နဲ့(ဆိုလို့ မကြည့်ပဲနဲ့ တော့မနေကြနဲ့ နော်....)


  အားလုံးပဲ  မင်္ဂလာပါနော်
     
                          ပျင်းနေကြတဲ့     သူငယ်ချင်းတွေ အတွက်  ကျွန်တော် ဥာဏ်စမ်း   ၃ ခု  တင်ပေးလိုက်ပါတယ်
    
         နှစ်ခုလောက်   မှန်တယ်    ဆိုရင်ပဲ       ခင်ဗျား     မဆိုးဘူးလို့  ကျွန်တော်ကတော့    အသိအမှတ်ပြုရမှာပါ ။  ။

               ကဲ    ဥာဏ်ဘယ်လောက်  ပြေးသလိုဆိုတာ   ဖြေကြည့်လိုက်ပါဦး။  ။ 

 ၁။      ။ ရွာတစ်ရွာမှာ  သားအဖနှစ်ယောက်  ရှိကြတယ်  ဆိုပါတော့ဗျာ...တစ်နေ့တော့      သူတို့သားအဖ   တောထဲကို
         
            ထင်းခုတ်သွားကြတယ်    ဗိုက်ဆာရင်  စားဖို့ဆိုပြီးတော့    အဖေလုပ်တဲ့သူက     ထမင်းထဲ့ခဲ့ဖို့မှာတယ် ..
           
          အဲဒီလိုနဲ့  ထမင်းစားချိန်ရောက်တော့    အဖေလုပ်တဲ့သူက    ထမင်းထုပ်ကိုတောင်းလိုက်တယ်   တစ်ဆက်တည်းမှာပဲ
          
               “ မင်း  ငါ့သား မဟုတ်ဘူး ”  လို့ပြောလိုက်တယ် ...
     
           ကျွန်တော်သိချင်တာက    အဲဒါဘာဖြစ်လို့လည်း  ။  

                စဉ်းစားထားနော် !

၂။    ။ တစ်ခါတုန်းကပေါ့ဗျာ  !   ဟိုး  တစ်ခါတုန်းက ပေါ့ ...
         အလွန်ဆိုးတဲ့  ခွေးတစ်ကောင်  ရှိခဲ့ဖူးပါတယ်..  လွယ်လွယ်ပြောရရင်  ခွေးသူခို့ပေါ့

           အဲဒီခွေးက   တစ်နေ့မှာ  ဈေးသည်တစ်ယောက်ရဲ့  ဟင်းတွေကို  ကိုက်ချည်ပြေးတယ်ဗျ... 

           ဟင်းကတော့  အများကြိးမဟုတ်ပါဘူး.... ဒါပေမယ့်  လူတွေက  အဲဒီခွေးကို   မျက်မှုန်းကျိုးနေတော့

             အသေသတ်ပစ်မယ်ပေါ့    ....အဲဒီလိုနဲ့   ဓားတွေတုတ်တွေ  ကိုက်ပြီး   လူတစိစုက  ခွေးနောက်ကို  အပြေးလိုက်ကြတယ်...

           ခွေးကလည်း  ပါးတယ်ဗျ    သူ့နောက်ကို   လူတွေလိုက်လာတယ်  ဆိုတာ  သိတော့    စွပ်ပြေးတယ်....(ခွေးပါးပဲ)

          ဒါပေမယ့်ကြာကြာမပြေးလိုက်ရဘူး    သူပြေးရမဲ့  လမ်းမှာ   ချောင်းတစ်ခုက   ရှိနေတယ်  
   
            ခုန်ကူးလို့လည်း  မရဘူး  ချောင်းကတော်တ်ာလေးကျယ်တယ်  အဲဒီတော့  ခွေးလည်း  ကြောက်ကြောက်လန့်လန့်နဲ့
        
            ရေထဲကို   ဆင်းပြီး       တစ်ဖက်ကမ်းကို   ကူးသွားလိုက်တယ်....

              တစ်ဖက်ကမ်းလည်းရောက်ရော   ခွေးကော    လိုက်လာတဲ့လူတွေကော    အံ့သြသွားကြတယ်

                 ဘာဖြစ်လို့လည်း  ဆိုတော့  အဲဒီခွေးရဲ့  ဝှေးစေ့ကို  ရေမစိုဘူးတဲ့ဗျ
         
                    မှတ်ချက် ။   ။  မိုက်ရိုင်းတာမဟုတ်ဘူးနော်  ..  ပြောပြတာ   ဟဲဟဲ........ဟဲဟဲ ။  ။
                                   ကဲ  ....ထားတော့
          ကျွန်တော်သိချင်တာက   ရေထဲဖြတ်ပြေးလာတာဖြစ်ရဲ့နဲံ   ဘာဖြစ်လို့  (....) က  ရေမစိုတာလဲ ။  ။

                         စဉ်းစားထားနော် !


 ၃။     ။ လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကပေါ့  ...  ရွာတစ်ရွာမှာ  ဖျားရောင်းပြီး    အသက်မွေးဝမ်းကြောင်း  ပြုရတဲ့  မိန်းမကြီးတစ်ယောက်နဲ့              ကောင်မလေးတစ်ယောက်  ရှိတယ်    ( ကြိုပြောထားမယ်    အဲဒီကောင်မလေးက  ချောတယ်)
             တစ်နေ့မှာတော့   သူတို့နှစ်ယောက်က   တခြားရွာတွေကို  လှည့်ရောင်းကြတယ်..ရွာတစ်ရွာ  အရောက်မှာတော့
               
                 မိုးချုပ်သွားတယ်   အဲဒီတော့    သူတို့နှစ်ယောက်  ဒုက္ခရောက်ပြီပေါ့

               အဲဒါနဲ့  အရဲစွန့်ပြီး  အိမ်တစ်အိမ်မှာ    သူတို့တစ်ညလောက်အိပ်ဖို့    ခွင့်တောင်းကြတယ်

                အိမ်ရှင်မိန်းမကြီးကလည်း  သဘောကောင်းတော့   ရပါတယ်  အိပ်ပါလို့  ပြောလိုက်တယ်  ...ဒါပေမယ့်                  
  
                  မိန်းမတို့ဘသာဝ  အတိုင်း   နည်းနည်းလောက်  စပ်စုကြည့်တယ်ဗျ  (  ဟဲဟဲ   မိန်းမမကောင်းကြောင်းပြောနေတာ 

                  မဟုတ်ဘူးနော်)  ထုံးစံအတိုင်းဘာတော်  ကြသလဲ  နေမှာပေါ့ဗျာ..

                    အဲဒီတော့   ဖျာသည်  မိန်းမကြီးက  .......         ........

                    “ သူ့ဦးလေးက    ကျုပ်ဦးလေးကို  ဦးလေး  လို့ခေါ်တာပါ”  လို့  ပြောလိုက်တယ်

                အိမ်ရှင်မိန်းမကြီးလည်း   ဘာတော်သလဲ   စဉ်းစားနေတာနဲ့   မိုးလင်းတာတောင်  တစ်ရေးမှ  မအိပ်လိုက်ရဘူးတဲံဗျာာာ

                   ကျွန်တော်  သိချင်တာက   သူတို့  ဘာတော်လည်းဆိုတာ  မဟုတ်ပါဘူး ..

                    တကယ်လို့   ခင်ဗျားသာ    စောစောက  ကျွန်တော်ပြောခဲ့တဲ့  ဖျာသည်ချောချောလေးနဲ့  ရခဲ့ရင်  

                 ခင်ဗျား  နဲ့   ဖျာသည်  အဖွားကြီး  နဲ့  ဘာတော်  မလဲ ..

                         အဲဒါ  သိချင်ပါတယ်.....

               တစ်ခုပြောချင်တာက ဘာဖြစ်လို့  အဲဒီလိုတော်ပါတယ်  ဆိုတာကို   ရှင်းပြပေးပါ

                          ကဲ  ဖြေလို့ရပြီဗျာ...

                  တစ်ခုမှ  မသိတဲ့သူကတော့  တော်တော်တုန်းနဲ့လူပဲ  လို့ 

             ကိုယ့်ကိုယ်ကိုယ်   ဂုဏ်ပြုလိုက်ပါ ။  ။  ဟဲဟဲ ။


                  ကျေး          ဇူး          တင်               ပါ        တယ် ။     ။
from - http://soultiptopkiss.blogspot.com

ဝမ်းထဲအစာမရှိသေးလျှင် မသုံးဆောင်သင့်သည့် အစားအသောက်များ

ဝမ်းထဲအစာမရှိသေးလျှင် မသုံးဆောင်သင့်သည့် အစားအသောက်များ
(နှင်းဆီမမ)

ထိုင်းနိုင်ငံ အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ လူအများဆုံး ဖြန့်ဝေနေ တဲ့ ဓာတ်ပုံ အခု ဖော်ပြပါ ဓာတ်ပုံက ထိုင်းနိုင်ငံ အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ လူအများဆုံး ဖြန့်ဝေနေ တဲ့ ဓာတ်ပုံတခုပါ။…


ထိုင်းနိုင်ငံ အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ
လူအများဆုံး ဖြန့်ဝေနေ တဲ့ ဓာတ်ပုံ


   
အခု ဖော်ပြပါ ဓာတ်ပုံက ထိုင်းနိုင်ငံ အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ လူအများဆုံး ဖြန့်ဝေနေ တဲ့ ဓာတ်ပုံတခုပါ။
ထိုင်းတွေကတော့ ချမ်းသာမှုတွေ၊ စီးပွားလာဘ်၊ လာဘတွေ တိုးပွားချင်ရင် ဒီဓာတ်ပုံကို ဖြန့်ဝေပါ လို့ နိုးဆော်ပြီး ဖြန့်ဝေနေတာပါ။
ဓာတ်ပုံထဲမှာ ပျံလွန်တော်မူသွားပြီဖြစ်တဲ့ ရဟန်းတပါးကို ရွှေချထားတာဖြစ်ပြီး ဘေးမှာလည်း ရဟန်းတော်
တွေက ဆုတောင်းနေကြတဲ့ မြင်ကွင်းပါ။
ပျံလွန်တော်မူသွားတဲ့ ရုပ်ကလပ် ရွှေချထားတဲ့ ဆရာတော် ဘယ်သူဆိုတာ သိစေဖို့ လိုက်လံ ရှာဖွေကြည့် တဲ့ အခါ ဆရာတော်ဟာ မြန်မာ ရဟန်းတော်ဖြစ်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်း လန်းပွန်း ဒေသက ဖြစ်ပြီး ပျံလွန်တော်မူပြီးနောက် တပည့်ရဟန်းတွေက ဆရာတော်ရဲ့ ရုပ်ကလပ်ကို ရွှေချ ပူဇော်ထားတာဖြစ်ပါ တယ်လို့ ဖော်ပြထားတာပဲ တွေ့ရပါတယ်။
http://blog.irrawaddy.org/2012/10/blog-post_37.html
(နှင်းဆီမမ)

Flickrကသာ သိသွား လို့ တရားဝင်တိုင်ခဲ့ရင် ညီမကို Vote လုပ်ထားတဲ့ မဲတွေအားလုံးဟာ Auto Delete ဖြစ်သွားနိုင်တယ်လို့ ပြောထားသည့် နန်းခင်ဇေယျာ




ဂျပန်နိုင်ငံအိုကီနာဝါမြို့မှာ ကျင်းပတဲ့ ၅၂ကြိမ်မြောက် Miss International 2012 Pageant ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ နန်းခင်ဇေယျာကို အင်တာ နက်ဖေ့စ်ဘုတ် စာမျက်နှာတွေဟာလည်း တစ်ခုပြီးတစ်ခု hack ခြင်းများခံ ခဲ့ရပြီး နန်းခင်ဇေယျာရဲ့ ဖေ့စ်ဘုတ်လို့ ယူဆရတဲ့ www.facebook. com  /  nangkhin.zayyar.9  ကို ဖေ့စ်ဘုတ်ပေါ်မှာ ပုံများနှင့်တကွ အောက်တို ဘာ ၁၃ရက်နေ့ မနက်မှာ တွေ့ရပြီး အဲဒီစာမျက်နှာမှာ ‘အားပေးပံ့ပိုး ကူညီကြ သူများ အား မေတ္တာရပ်ခံခြင်း’ လို့ဖော်ပြထားတာကို တွေ့မိတာကြောင့် ပရိ သတ်ကြီး အတွက် ဖော်ပြပေးလိုက်ပါတယ်။
“အခုဆိုရင် ညီမကိုအစဉ်တစိုက် စောင့်ရှောက်အားပေးပြီး Vote လုပ်ပေးနေတဲ့ ညီမကိုပံ့ပိုးသူ ပရိသတ်များဟာ လုံးဝမမျှော်လင့်ထားအောင် များပြားလာပါတယ်။ ဒီနေ့ မနက် အိပ်ရာနိုးတဲ့ အချိန် Vote အရည်အတွက်ကို ဝင်ကြည့်လိုက်တဲ့ အခါမှာ ဘယ်လိုမှ မမျှော် လင့် ထားတဲ့ အရည်အတွက်ကို ရရှိထားတဲ့ အတွက် မဖော်ပြတတ်အောင်ကို ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒါပေမဲ့ ဒီနေ့မှာ ညီမရဲ့သူငယ်ချင်း သတိပေး စ ကား...ပြောလာပါတယ်။ အဲဒါကတော့ ညီမရဲ့ facebook Account Wall မှာ သူတို့တွေ့ လိုက်ရတဲ့ Auto Refreshing Softwareအကြောင်းပါ။ ညီမက ကွန်ပျူတာအကြောင်းလည်း ကျွမ်းကျွမ်း ကျင်ကျင်ကြီး နားမလည်ပါဘူး။ ဒါပေမဲ့ သူတို့ပြောသွားပုံအရတော့ အဲ့ဒါဟာတရားမဝင်ဘူး လို့ပြောပါတယ်။ လူက Vote လုပ်တာမဟုတ်ဘဲ Software ကပဲ Auto Vote လုပ်တာ ဖြစ်တဲ့ အတွက် ILLEGAL လို့ပြောပါတယ်။ တကယ်လို့ Flickrကသာ သိသွား လို့ တရားဝင်တိုင်ခဲ့ရင် ညီမကို Vote လုပ်ထားတဲ့ မဲတွေအားလုံးဟာ Auto Delete ဖြစ်သွားနိုင်တယ်လို့လည်း ပြော ပါတယ်။ အဲဒါကြောင့် ညီမစိုးရိမ် လို့ပြောရတာပါ။ တကယ်လို့ သူတို့သတိပေးလိုသာ ILLEGAL ဖြစ်မယ်ဆိုရင် အားလုံးကို ဒီနေရာ ကနေ ညီမက အဲဒီ Systemကို မသုံးဖို့ အနူး အညွတ်ေ တာင်း ပန်ပါတယ်။ အခုညီမကို အားပေး ပံ့ပိုးနေကြတဲ့ ညီမတို့နိုင်ငံ သားတွေ ရဲ့ အင်အားနဲ့လည်း ပြိုင်ဖက်တွေ ကို သေချာပေါက် ဖြတ်ကျော်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ညီမတို့ အားလုံး သန့်ရှင်းစွာနဲ့ အတူတူ အကောင်း ဆုံး ကြိုးစားပြီး ယှဉ်ပြိုင်ကြရအောင်လို့ အားလုံးကို တောင်းဆို ပါရစေ။ ညီမကို နားလည်ပေးနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ချစ်ခြင်းများစွာနဲ့။ နန်းခင်ဇေယျာ။”လို့ ဆိုထားပါတယ်။


မူရင်းသတင်း---Popular Journal