This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, January 26, 2013

-- ပြန်လာခဲ့ပါသူငယ်ချင်း---

Mr-Daung Char Sai was tagged in ဖိုး သားလေး's photo. — with ကပ္ပတိန် အညတရ ငှက်ခါး and 33 others.
-- ပြန်လာခဲ့ပါသူငယ်ချင်း---

မှတ်မိသေးတယ် တို့ငယ်ငယ်က
ရွာလယ်လမ်းမှာ စုဝေးလာကြ
ခရာကိုမှုတ် စစ်သားလုပ်တမ်းကစားကြတယ်. . . .

ငါကစစ်သား အဖော်များနဲ့
သစ်သားသေနတ် ရင်မှာကပ်လို့
ထပ်ချပ်မကွာ ရန်သူရှာခဲ့ . . . .

တခြားအဖော် မင်းကခေါ်လို့
တောပျော်လူဆိုး ဗိုလ်ကြီးပေါ့ . . . .

အဲ့ဒီကစ တို့ဘ၀ရဲ့
ရှေ့ပြေးနိမိတ်ပေပဲလား . . . .

အရွယ်ကိုစစ် တစ်ဆယ့်ရှစ်မှာ
ငါလေရွာက ထွက်ခဲ့တယ်. . . .

ရွာကထွက်လာ ယောင်ချာချာပေါ့
ဟိုမှာ ဒီမှာ ငေးမောကာနဲ့
ခြေရာချင်းလည်းထပ်ခဲ့ပြီ . . . .

ငါ့မျက်စိက တစ်နေရာကို
သေချာစူးစိုက် ကြည့်တဲ့အခိုက်မှာ
"သင့်အားတပ်မတော်က အလိုရှိသည်"

ငါပျော်လိုက်တာ သူငယ်ချင်း . . . .
သစ္စာလေးချက် ဦးထိပ်ရွက်လို့

မနက်နေ့ည မအားရဘူး
ငါကစစ်သား ပြည်သူ့သား . . . .

နွေနဲ့မိုး ဆောင်း ရာသီပြောင်းလို့၏
ရွက်ဟောင်းတွေကြွေ
ရွက်သစ်ဝေတာ အကြိမ်ကြိမ် . . . .

အမေနဲ့ရွာ ငါလွမ်းတာကြောင့်
ရွာကို ခွင့်နဲ့ပြန်ခဲ့တယ်. . . .

ရွာမှ ရောင်းရင်းသူငယ်ချင်းတွေက
မင်းအကြောင်းကို ပြောကြတယ် . . . .

လမ်းအိုမကြိုက် လမ်းမှားလိုက်တော့
မိုက်လိုက်ပါဘိ သူငယ်ချင်းရယ် . . . .

တို့မြို့တို့ရွာ သာယာတာလည်း မင်းမသိ
တို့တိုင်းတို့ပြည် တိုးတက်တာလည်း မင်းမသိ . . . .

မင်းလျှောက်တဲ့လမ်း ခရီးကြမ်းကို
မှားမှန်းသိအောင် ကြိုးစားပါ . . . .

အမှားကိုမြင် အမှန်ပြင်ပေါ့
ငါနဲ့ရောင်းရင်း သူငယ်ချင်းတွေ
မင်းကို တမ်းတ မျှော်နေကြတယ်. . . .

ဘ၀အမှန် တည်ဆောက်ရန်အတွက်
ပြန်လာခဲ့ပါ သူငယ်ချင်း . . . . .။

အလင်းဝင်မဲ့ သူများကို နွေးထွေးစွာ 
.....ကြိုဆိုလျှက်.....
 . . . . . ချမ်းမြေ့ဝေ . . . . .

ဆယ်တန်းတုန်းက သူငယ်ချင်း ဘော်ဒါမှာ

မင်းက ဆယ်တန်းအောင်ရင် ဘာလုပ်မလဲတဲ့
DSA လို့ ကျွန်တော်ကပြောတော့  ...

သူက ဆယ်တန်းအောင်ရင်တက္ကသိုလ်တတ်မယ် 
မအောင်ရင်တော့ကေအိုင်အေ ထဲဝင်မယ်
သူ့ ဦးလေးကဗိုလ်မူးကြီးတဲ့ ကိုးဗျ ....

 အေးသယ်ချင်းရာ မင်းနဲ့ ငါ စစ်မြေပြင်မှာတော့
မကြုံချင်ဖူးကွာလို့ စစနောက်နောက် ပြောခဲ့ဖူးတယ်

ညီမလေး ချမ်းမြေ့ဝေ ရေးထားတဲ့စာသားကို
မြင်တော့ သတိရသွားလို့ ပါ ဘာဘဲပြောပြော
သူငယ်ချင်းရာ ငြိမ်းချမ်းရေး ပန်းခင်းထဲတွေ့ 
ချင်တယ်ကွာ ပြန်လာခဲ့ပါ သူငယ်ချင်း ......

လေးစားစွာဖြင့်
ဖိုးသားလေး
‎-- ပြန်လာခဲ့ပါသူငယ်ချင်း---

ရှူတဲ့လေနဲ့ ဖုန်းအားသွင်းမယ့် AIRE mask

ရှူတဲ့လေနဲ့ ဖုန်းအားသွင်းမယ့် AIRE mask
အနာဂတ်မှာ လျှပ်စစ်ဓာတ်အားကို ဘယ်လိုထုတ်ရမလဲလို့ စဉ်းစားရင်း၊ တီထွင်ရင်း နောက်ဆုံးတော့ ရှူတဲ့လေကိုတောင် အလွတ်မပေးတော့ပဲ ဖန်တီး သူတို့က AIRE mask ဆိုပြီး ထုတ်ဖော်ပြသပါတယ်။
ဘယ်သွားသွား၊ ဘယ်လာလာ ဖုန်းအားသွင်းလို့ရပါမယ်။ ပါးစပ်နဲ့ နှားခေါင်းကို ဖုံးထားမယ့် ယင်း လေရှူမျက်နှာဖုံးမှာ တာဘိုင်သေးသေး လေးပါပါတယ်။ ယင်း တာဘိုင်ဟာ ရှူတဲ့လေ၊ ထုတ်တဲ့လေကို လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။
iPhone နဲ့ iOS သုံး iPad,iPod တို့မှာ အသုံးပြုလို့ရမယ်လို့ဆိုပါတယ်။ ယင်း ဒီဇိုင်းကို ၂၀၁၂ ခုနှစ်ကတည်းက ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။ သို့ပေမ့် မဝေးတော့ပါဘူး။ လေစွမ်းအင်သုံး လျှပ်စစ် ပန်ကာတာဝါတိုင်ကြီးများ ကိုပဲ ပြန်လည်အခြေခံထားတာ ဖြစ်ပါတယ်။ ဒီမှာတော့ မျက်နှာဖုံး အစွပ်ထဲ မှာပဲ လိုအပ်တဲ့ ပစ္စည်းများကို ရှုံပြီး ထည့်ရုံပဲ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်အတွင်း ထွက်ရှိလာနိုင်မယ့် Gadget တစ်ခုဖြစ်ပြီး Android OS များအတွက်ပါ ထုတ်လုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog

ထိမ်းမြားလက်ထပ်ခြင်းမရှိဘဲ ကိုယ်ဝန်ရှိလာသည့် မိန်းကလေး ကြိမ်ဒဏ် အချက် ၁၀၀ အရိုက်ခံရ

Thursday, 24 January 2013

အနောက် အာဖရိကနိုင်ငံ မြောက်ပိုင်း သဲကန္တာရအတွင်းရှိ မွတ်ဆလင် စစ်သွေးကြွအဖွဲ့အစည်းတစ်ခုမှ စစ်ခေါင်းဆောင် အန်ဆာ ဒိုင်းသည် လက်ထပ်ထိမ်းမြားခြင်းမရှိဘဲ ကိုယ်ဝန်ရှိလာသည့် အသက် ၁၈ နှစ် အရွယ် မိန်းကလေးတစ်ဦးကို ကြိမ်ဒဏ် အချက် ၁၀၀ ရိုက်ပြီး အပြစ်ပေးရန် ဆုံးဖြတ်စီရင်လိုက်ကြောင်း သတင်းရရှိသည်။

ဒေသဆိုင်ရာ အရာရှိတစ်ဦးဖြစ်သည့် မိုဟာမက် အွန်ဘာဘီကလည်း ထိုကြိမ်ဒဏ်စီရင်သည့် ပွဲကို လာရောက် ကြည့်ရှုရမည်ဟု အမိန့်ထုတ်ထားသည်။ မိုဟာမက်က ကြိမ်ဒဏ် စီရင်ခြင်းကို ကွက်လပ် တစ်ခုတွင် ကျင်းပမည်ဖြစ်ပြီး လူငယ်တိုင်း လာကြည့်ရန် အမိန့်ထုတ်ထားကြောင်း၊ ပထမဦးဆုံး အကြိမ် အပြစ်ပေးခြင်း ဖြစ်သဖြင့် စံပြအဖြစ် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း၊ မိန်းကလေးတွင် ကိုယ်ဝန် ၃ လရှိနေပြီး၊ သားတစ်ယောက်လည်း ရှိနေသေးကြောင်း၊ သို့သော် သူနှင့်အတူနေ ယောက်ျားလေး
မိတ်ဆွေမှာ လက်ထပ် ထိမ်းမြားထားခြင်း မရှိသဖြင့် ထိုသို့အပြစ်ပေးရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စစ်ခေါင်းဆောင် အန်ဆာ ဒိုင်းသည် အစ္စလမ် ဥပဒေကို တိကျစွာ လိုက်နာပြီး၊ အစ္စလမ် ဥပဒေအရ ကြိမ်ဒဏ် အချက် ၁၀၀ စီရင်ခြင်း ဖြစ်သည်ဟုဆိုသည်။ မြို့တော်ရှိ ရဲအရာရှိတစ်ဦးကလည်း လက်ထပ်ထိမ်းမြားခြင်း မရှိဘဲ ကလေးယူထားသည့် အခြား အမျိုးသမီး ၆ ဦးလည်း ရှိသေးကြောင်း၊ ထိုသူများကိုလည်း မကြာမီ အစ္စလမ် ဥပဒေအရ တရားစီရင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
maukkha
ရှမ်းရိုးမ၂၀၁၃ အင်တာနက်စာမျက်နှာသတင်း

Temple Run 2 v1.0 for Android apk

Android ဖုန်း/Tablet တွေအတွက် Free ဂိမ်းတွေထဲမှာ နာမည်ကြီးဂိမ်းတစ်ခုဖြစ်တဲ့ Temple Run ဂိမ်းရဲ့ နောက်ဆက်တွဲဂိမ်းအနေနဲ့ Temple Run 2 ထွက်ရှိလို့လာပါပြီ ။ Temple Run 2 မှာတော့ ကိုယ်ကစားရမယ့် ဇာတ်ကောင်က ပြေးလွှားနေရမယ့် ပုံစံနဲ့တင်မဟုတ်တော့ဘဲ အခြား စွန့်စားခန်းတွေပါ ပါဝင်လာတာကြောင့် ပိုပြီး စိတ်လှုပ်ရှားဖွယ်ကောင်းပြီး ဆော့လို့ပိုကောင်းလာပါတယ်။ Temple Run 2 for Android ကိုအောက်ကကြိုက်နှစ်သက်ရာ link မှာရယူနိုင်ပါတယ်။
Temple Run 2 v1.0 for Android apk အားရယူရန်
Temple Run 2 v1.0 for Android apk အားရယူရန်
Temple Run 2 v1.0 for Android apk အားရယူရန်

မိကျောင်းကို အနီးကပ်လေ့လာနိုင်မည့် ငါးပြတိုက်

Photo: မိကျောင်းကို အနီးကပ်လေ့လာနိုင်မည့် ငါးပြတိုက်

ပုံမှာမြင်တွေ့ရတဲ့အတိုင်း လူတိုင်း မိကျောင်းမြောက်များစွာကို နီးနီးကပ်ကပ်လေ့လာခွင့်ရမှာ ဖ်ြစပါတယ်။ 

၂၀၀၈ ခုနှစ် ဇူလိုင်လက စတင်လို့ သြတေစလျနိုင်ငံ မှာ ဖွင့်လှစ်တဲ့ Crocosaurus Cove Darwin အမည်ရ ရေကမ္ဘာပြတိုက် တစ်ခုမှာ ဖြစ်ပါတယ်။ မိကျောင်းပေါင်း အကောင် ၂၀၀ ကျော်မွေးမြူထားတဲ့ ကန်ထဲ ကို ဆင်းလေ့လာဖို့အတွက် မှန်ဆလင်ဘူးများ လုပ်ပေးထားပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပဲ ယင်း ဆလင်ဒါဘူးကနေ မိကျောင်းများကို အနီးကပ် လေ့လာရမှာ ဖြစ်ပါတယ်။ 

အထဲမှာမွေးထားတာ မိကျောင်းလိမ္မာများ မဟုတ်ပါဘူး။ ကမ္ဘာ့အကြီးဆုံး မိကျောင်း၊ အဆိုးဆုံးမိကျောင်းနဲ့ အသားစား မိကျောင်းကြိးများ ဖြစ်ပါတယ်။ ဒီတော့ လေ့လာချင်သူများအနေနဲ့ အသက်အန္တရာယ်လုံခြုံစိတ်ချ ရဖို့ အတွက် ယခုလိုပဲ ပြင်ဆင်ပေးထားပါတယ်။ လိုအပ်ရင် အောက်ဆီဂျင်ဘူး ပါ ပေးထားပါတယ်။ 

အသားစားချင်တဲ့ မိကျောင်းတွေက လူကို အနီးကပ်လာကြည့်ပြီး ထူလှတဲ့ မှန်ကို ကျော်လို့ မတိုက်ခိုက်နိုင်ပါဘူး။ Crocosaurus Cove Darwin မိကျောင်း ကမ္ဘာဟာ ကမ္ဘာ့လှည့်ခရီးသည်များအား အဓိကစွဲဆောင်ရာ နေရာ တစ်ခုအဖြစ်လည်း တည်ရှိလျက် ရှိကြောင်း သိရပါတယ်။
--
Ref: cbs
ရိုးရာလေးပုံမှာမြင်တွေ့ရတဲ့အတိုင်း လူတိုင်း မိကျောင်းမြောက်များစွာကို နီးနီးကပ်ကပ်လေ့လာခွင့်ရမှာ ဖ်ြစပါတယ်။

ရိုးရာလေး