This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Thursday, April 26, 2012
သွေးကပြောသော စကား
Inbox
x
Chit Lumite chitlumite.apo@gmail.com
4:50 PM (6 hours ago)
to mrsorcerer
အားလုံးပဲ ဖြေကြည့်ကြပေါ့နော်..မျှဝေလိုက်
တဲ့ သဘောပါ
မေးခွန်း နံပတ် (၁)
ခင်ဗျားအတွက် နေ့တနေ့မှာ အကောင်းဆုံးအချိန်က ဘယ်အချိန်လဲ။
(က) မနက်ခင်း
(ခ) နေ့လည်ခင်းနဲ့ အစောပိုင်းညနေချိန်
(ဂ) ညဉ့်နက်ချိန်
မေးခွန်း နံပတ် (၂)
ခင်ဗျား လမ်းလျှောက်လေ့ရှိတဲ့ ပုံစံက …
(က) ခြေလှမ်းကျဲကျဲနဲ့ မနှေးမမြန်
(ခ) ခြေလှမ်းစိပ်စိပ်နဲ့ မနှေးမမြန်
(ဂ) ပုံမှန်လှမ်းရင်းနဲ့ ခေါင်းမော့ထားမယ်။ လောကကြီးကို
ရင်ဆိုင်တော့မဲ့ပုံ
(ဃ) ပုံမှန်လှမ်းတယ်။ ခေါင်းငုံထားရင်း။
(င) ဖြေးဖြေး နှေးနှေးပဲ လျှောက်တယ်။
မေးခွန်း နံပတ် (၃)
လူတွေနဲ့ စကားပြောတဲ့အခါမှာ ခင်ဗျားရဲ့အမူအရာက …
(က) မတ်တတ်ရပ်ရင်း လက်ပိုက်ထားမယ်။
(ခ) လက်ချောင်းလေးတွေချင်း ဆုပ်ကိုင်ထားမယ်။
(ဂ) လက်နှစ်ချောင်း၊ ဒါမှမဟုတ်လဲ တစ်ချောင်းတည်း ခါးထောက်ထားမယ်။
ဒါမှမဟုတ်
ဘောင်းဘီအိတ်တွေထဲကို နှိုက်ထားမယ်။
(ဃ) ခင်ဗျားရဲ့ စကားပြောဖော်ကို ထိကိုင်ရင်း။
(င) ဆံပင်သပ်ရင်း။ ဒါမှမဟုတ် နားရွက်လေးကို ဆော့နေရင်း။ ဒီလိုမှမဟုတ်
မျက်နှာကို ပွတ်သပ်နေရင်း။
မေးခွန်း နံပတ် (၄)
ခင်ဗျား အနားယူတဲ့အခါမှာ ထိုင်တတ်တဲ့ပုံစံက …
(က) ဒူးခေါင်းကိုကွေးလို့ ပူးကပ်ထားမယ်။
(ခ) ခြေချိတ်ထားမယ်။
(ဂ) အကြောတွေဖြေလျော့လို့ ခြေဆင်းထားမယ်။
(ဃ) ခြေတစ်ဖက်ကွေးလို့ ဖိထိုင်ထားမယ်။
မေးခွန်း နံပတ် (၅)
ပျော်ရွှင်စရာ တစ်ခုခုတွေ့တဲ့အခါ ခင်ဗျားတုံ့ပြန်ပုံက …
(က) အားပါးတရ ရယ်မောမယ်။
(ခ) ခပ်ကျယ်ကျယ်မဟုတ်ပဲ ရယ်မောမယ်။
(ဂ) အေးအေးပုံမှန်လေးပဲ ရယ်မောမယ်။
(ဃ) ပြုံးတုံ့ ပြုံးရောင် (မခိုးမခန့်)လေး ရယ်မောတယ်။
မေးခွန်း နံပတ် (၆)
ခင်ဗျားက ပါတီပွဲတစ်ခုခု၊ ဒါမှမဟုတ် လူမှုရေးပွဲတစ်ခုခုကို
သွားရတဲ့အခါမှာ …
(က) လူတွေသတိထားမိအောင် နှုတ်ဆက်သံ ကျယ်ကျယ်လောင်လောင်နဲ့ ဝင်သွားတတ်တယ်။
(ခ) တိတ်တဆိတ်ပဲဝင်သွားတတ်တယ်။ ခင်ဗျားအသိ တစ်ယောက်ယောက်များ
ရှိနေမလားလို့
ဟိုဒီရှာရင်းနဲ့။
(ဂ) တိတ်တဆိတ်နဲ့ ဘယ်သူမှသတိမထားမိအောင် အေးဆေးပဲ ဝင်သွားတတ်တယ်။
မေးခွန်း နံပတ် (၇)
ခင်ဗျား အလုပ်လုပ်နေတဲ့အချိန် ဒါမှမဟုတ် တစ်ခုခုကို စိတ်ဝင်တစား
လုပ်နေချိန်မှာ
တစ်ယောက်ယောက်က နှောင့်ယှက်လာခဲ့ရင် (စကားပြောလာခဲ့ရင်) ခင်ဗျားက …
(က) အေးဆေးပဲ လုပ်လက်စကို နားလိုက်တယ်။
(ခ) အရမ်းစိတ်ဆိုးသွားတတ်တယ်။
(ဂ) အပေါ်က နှစ်မျိုးစလုံးရဲ့ ကြားတစ်နေရာ ခံစားချက်မျိုးနဲ့
တုံ့ပြန်တတ်တယ်။
မေးခွန်း နံပတ် (၈)
ဘယ်အရောင်လေးကို ခင်ဗျား အနှစ်သက်ဆုံးလည်း။
(က) အနီရောင် (သို့) လိမ္မော်ရောင်
(ခ) အနက်ရောင်
(ဂ) အဝါရောင် (သို့) အပြာဖျော့ဖျော့
(ဃ) အစိမ်းရောင်
(င) အပြာမှိုင်းမှိုင်း (သို့) ပန်းခရမ်းရောင်
(စ) အဖြူရောင်
(ဆ) အညိုရောင် (သို့) မီးခိုးရောင်
မေးခွန်း နံပတ် (၉)
ခင်ဗျားညအိပ်ရာဝင်တဲ့အခါ အိပ်မပျော်ခင်အချိန်လေးမှာ ခင်ဗျားလှဲနေတတ်တဲ့
ပုံလေးက
(က) ပက်လက်ကလေး ဖြေလျော့နေတတ်တယ်။
(ခ) မှောက်ခုံလေး ဖြေလျော့နေတတ်တယ်။
(ဂ) ဘေးတစ်စောင်းလေး ကွေးနေတတ်တယ်။
(ဃ) ခေါင်းအောက်မှာ လက်တစ်ဖက်ခုရင်း နေတတ်တယ်။
(င) ခေါင်းအုံးအောက်မှာ ခေါင်းကိုဝှက်ရင်း နေတတ်တယ်။
မေးခွန်း နံပတ် (၁၀)
မကြာခဏ ခင်များကိုယ်ခင်ဗျား အိမ်မက်တတ်တာက …
(က) ကျဆုံးနေသူ
(ခ) တွန်းတိုက် တိုက်ခိုက်နေရတတ်သူ
(ဂ) တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ရှာဖွေနေရတတ်တယ်။
ဃ) လေထဲမှာ ပျံသန်းနေရတတ်တယ်၊ ဒါမှမဟုတ် မြောလွင့်နေတတ်တယ်။
(င) ခင်ဗျား အိမ်မက် မက်လေ့မရှိဘူး။
(စ) ခင်ဗျား စိတ်ပျော်စရာ ပေါ့ပေါ့ပါးပါး အိမ်မက်လေးတွေပဲ မက်လေ့ရှိတယ်။
ကဲ မေးခွန်းလေးတွေကတော့ ကုန်သွားပြီ။ ခင်ဗျားမှတ်ထားတဲ့ နံပါတ်နဲ့
အဖြေလေးတွေအလိုက် အမှတ်လေးတွေရှိတယ်။ တစ်ခုခြင်းစီကို
အမှတ်လေးတွေမှတ်ပြီး
အားလုံးပေါင်း၇မှာနော်.. အမှတ်လေးတွေကို အောက်မှာရေးပေးမယ်နော်....
မေးခွန်း နံပါတ်စဉ်အလိုက် အမှတ်လေးတွေကတော့ ….
မေးခွန်းနံပတ်(၁) =====>>(က)၂ (ခ)၄ (ဂ)၆
မေးခွန်းနံပတ်(၂) =====>>(က)၆ (ခ)၄ (ဂ)၇ (ဃ)၂ (င)၁
မေးခွန်းနံပတ်(၃) =====>> (က)၄ (ခ)၂ (ဂ)၅ (ဃ)၇ (င)၆
မေးခွန်းနံပတ်(၄) =====>> (က)၄ (ခ)၆ (ဂ)၂ (ဃ)၁
မေးခွန်းနံပတ်(၅) =====>> (က)၆ (ခ)၄ (ဂ)၃ (ဃ)၅ (င)၂
မေးခွန်းနံပတ်(၆) =====>> (က)၆ (ခ)၄ (ဂ)၂
မေးခွန်းနံပတ်(၇) =====>> (က)၆ (ခ)၂ (ဂ)၎
မေးခွန်းနံပတ်(၈) =====>> (က)၆ (ခ)၇ (ဂ)၅ (ဃ)၄ (င)၃ (စ)၂ (ဆ)၁
မေးခွန်းနံပတ်(၉) =====>> (က)၇ (ခ)၆ (ဂ)၄ (ဃ)၂ (င)၁
မေးခွန်းနံပတ်(၁၀) =====>> (က)၄ (ခ)၂ (ဂ)၃ (ဃ)၅ (င)၆ (စ)၁
အမှတ်ပေါင်းကြည့်ပြီးသွားပြီဆို ရင်တော့၊ ဖတ်ကြည့်လိုက်ပေတော့။
ခင်ဗျားဘယ်လိုလူလည်း ဆိုတာကိုး) …
အမှတ်(၆၀)ကျော်တယ်ဆိုရင် -
တစ်ခြားလူတွေက ခင်ဗျားကို ဂရုတစိုက် ပေါင်းသင်းဆက်ဆံရမဲ့လူလို့
မြင်ကြတယ်။
ခင်ဗျားက မာနကြီးတယ်၊ အတ္တကြီးတယ်၊ ပြီးတော့ သူတစ်ပါးကို အပေါ်စီးကနေ
ပြောဆိုချင်တယ်။ လူတစ်ချို့က ခင်ဗျားကို လေးစားကြမယ်၊ နှစ်သက်ကြမယ်။
ဒါပေမဲ့
ဘယ်တော့မှ ယုံကြည်ကြမှာ မဟုတ်ဘူး။ ခင်ဗျားနဲ့ ရင်းရင်းနှီးနှီး
ပေါင်းသင်းဖို့ကို စိတ်မပါကြဘူး။ ဒါမှမဟုတ် ချီတုံချတုံ ဖြစ်နေတတ်တယ်။
အမှတ်(၅၁)ကနေ (၆၀)အထိဆိုရင် -
တစ်ခြားလူတွေက ခင်ဗျားဟာ စိတ်လှုပ်ရှားလွယ်တယ်။ ဒါမှမဟုတ် စိတ်ထက်သန်သူ၊
တစ်ခါတရံမှာလည်း အလွယ်တကူ လက်လျော့တတ်တယ်လို့ မြင်ကြမယ်။
စိတ်ကူးရနေရင်တော့
ခင်ဗျားဟာ ခေါင်းဆောင်တစ်ယောက်လို ပါပဲတဲ့။ ဆုံးဖြတ်ချက်တွေကိုလည်း
မြန်မြန်ပေးတတ်တယ်။ အဲဒီအခါမျိုးတွေမှာ ခင်ဗျားဟာ ရဲရင့်သူတစ်ယောက်၊
နောက်ပြီးတော့ စွန့်စားမှုတစ်ခုခုကို လုပ်နေတတ်တယ်။ ဥပမာ
အပြောင်းအလဲတစ်ခုခု၊
ဒါမှမဟုတ်လည်း စွန့်စားမှုတွေနဲ့ ပျော်နေတတ်တယ်။ ခင်ဗျားနဲ့
အပေါင်းအသင်းဖြစ်ရမှာကိုလည်း လိုလိုချင်ချင်ရှိနေကြတယ်။
ဘာလို့လည်းဆိုတော့
ခင်ဗျားရဲ့ စိတ်ထက်သန်မှုတွေက တခြားသူတို့အပေါ်
စိုးမိုးနိုင်(နှိုးဆွနိုင်)လို့ပါပဲ။
အမှတ်(၄၁)ကနေ (၅၀)အထိဆိုရင် -
တစ်ခြားသူတွေက ခင်ဗျားဟာ လန်းဆန်းတက်ကြွနေတတ်သူ၊ အမြဲနှိုးကြားနေသူ၊
စွဲဆောင်မှုရှိသူ၊ ပျော်ရွှင်တတ်သူ တစ်ယောက်။ ပြီးတော့
လက်တွေ့ဆန်ဆန်နေတတ်ပြီး
အမှုကိစ္စတွေကို အမြဲပဲ စိတ်ဝင်စားနေတတ်သူလို့ မြင်ကြတယ်။
နောက်ပြီးခင်များဟာ
အမြဲတမ်းလိုပဲ တစ်စုံတစ်ခုကို အလေးအနက်တွေးနေတတ်တယ်။ ဒါပေမဲ့ သေသေချာချာ
ပိုင်းခြားချင့်ချိန်တတ်ပြီး ပြဿနာတွေကို ခေါင်းထဲထည့်မထားတတ်သူပါ။
လူတွေက
ခင်ဗျားကို ကြင်နာတတ်သူ၊ ညှာတာထောက်ထားတတ်သူ၊ ပြီးတော့
နားလည်ပေးနိုင်သူလို့လည်း မြင်ကြမယ်။ အမြဲပဲ သူတို့တွေအပေါ်မှာ အားပေးလို့
ကူညီနေတတ်သူလို့လည်း ခံယူကြတယ်။
အမှတ်(၃၁)ကနေ (၄၀)အထိဆိုရင် -
တစ်ခြားသူတွေက ခင်ဗျားကို ဆင်ခြင်ဆုံးဖြတ်နိုင်သူ၊ သတိရှိသူ၊
ဂရုတစိုက်နေထိုင်တတ်ပြီး လက်တွေ့ဆန်သူလို့ မြင်ကြတယ်။ နောက်ပြီး
ခင်ဗျားဟာ
ပါးနပ်လိမ္မာသူ၊ မွေးရာပါ ပါရမီကိုက ကောင်းသူ၊
အရည်အချင်းရှိသူတစ်ယောက်ဖြစ်တဲ့အပြင် ခေတ်ဆန်ဆန်လည်း နေတတ်ပါတယ်။
ခင်ဗျားဟာ
အလွယ်တကူနဲ့ မြန်မြန် အပေါင်းအသင်း မလုပ်တတ်ပါဘူး။ ဒါပေမဲ့
အပေါင်းအသင်းကို
အရမ်းပဲ သစ္စာရှိစွာ ပေါင်းသင်းတတ်ပါတယ်။ ကိုယ့်အပေါ်မှာလည်းပဲ သစ္စာရှိစွာ
ပေါင်းသင်းသူတွေကိုသာ အဲဒီလို ပြန်လည်ပေါင်းသင်းတတ်သူပါ။ ခင်ဗျားကို
နားလည်လိုသူတွေဟာ ခင်ဗျားနဲ့ တစ်ကယ်ကို ယုံကြည်စွာ ပေါင်းသင်းနေသူ ဖြစ်မှ
နားလည်နိုင်မှာပါ။ ဒါပေမဲ့ အဲဒီလိုအချက်တွေကြောင့်ပဲ
ယုံကြည်မှုပြိုလဲသွားရင်
ခင်ဗျားအနေနဲ့ ယုံကြည်ချက်အပေါ်ထားတဲ့ စိတ်ခံစားချက်ကို
ကျော်လွန်နိုင်ဖို့
အချိန်ယူရတတ်သူပါ။
အမှတ်(၂၁)ကနေ (၃၀)အထိဆိုရင် -
တစ်ခြားသူတွေက ခင်ဗျားကို လုံလရှိသူတစ်ယောက်။ ဒါပေမဲ့ ပျာယာခတ်ပြီး
ဇီဇာကြောင်တတ်သူလို့ မြင်ကြတယ်။ သူတို့တတွေက ခင်ဗျားဟာ သတိရှိသူ၊
အမြဲတမ်းလိုလို ဂရုတစိုက်လုပ်တတ်သူ၊ ဖြည်းဖြည်းမှန်မှန်နဲ့ မနားမနေ
အလုပ်လုပ်တတ်သူလို့လည်း မြင်ကြတယ်။ တစ်ခါတစ်ရံ ခင်ဗျား
စိတ်ကူးရသလိုလုပ်နေတတ်တာ၊ ဒါမှမဟုတ် ခင်ဗျားတိုက်တွန်း နှိုးဆွလိုက်တဲ့
ကိစ္စတွေအတွက် တစ်ခြားသူတွေက သဘောကျ နှစ်ခြိုက်နေတတ်ပါတယ်။ ခင်ဗျားရဲ့
ပြဿနာတွေကို အသေအချာ ချဉ်းကပ်ပြီး မထင်ရတဲ့ ပုံစံနဲ့
ဆုံးဖြတ်ချက်တွေကိုလည်း
နှစ်ခြိုက်ကြပါတယ်။ သူတို့တွေက ခင်ဗျား ဒီလိုချဉ်းကပ်
ဖြေရှင်းနိုင်တာကိုက
ခင်ဗျားရဲ့ ဂရုတစိုက် လုပ်တတ်တဲ့ အကျင့်ကြောင့်လို့လည်း တွေးကြတယ်။
အမှတ်ပေါင်းက (၂၁)ရဲ့ အောက်မှာဆိုရင်တော့ …
တစ်ခြားသူတွေက ခင်ဗျားကို ရှက်တတ်သူ၊ စိုးရိမ်ကြောင့်ကြတတ်သူ၊
အဆုံးအဖြတ်မပေးနိုင်သူ၊ အတိတ်ကို အမြဲတမ်း ပြန်ကြည့်နေတတ်သူတစ်ယောက်။
တစ်စုံတစ်ယောက်ဆီကနေ အမြဲပဲ ဆုံးဖြတ်ချက်တွေကို လိုချင်နေသူ။
တစ်ခြားသူတွေနဲ့
ပေါင်းသင်းရမှာ ကိစ္စအသစ်တွေမှာ ပါဝင်ဆင်နွှဲရမှာကို မလိုလားတတ်သူလို့
မြင်ကြတယ်။
ပိုဆိုးတာက သူတို့တစ်တွေရဲ့ အမြင်မှာ ခင်ဗျားဟာ အမြဲတမ်း တစ်ခုခုကို
စိုးရိမ်နေတတ်တယ်။ မလိုလားအပ်တဲ့ ပြဿနာတွေကို စဉ်းစားပြီး
တွေးကြောက်နေတတ်သူလို့ မြင်နေတတ်တာပါ။ အပျင်းကြီးတယ်လို့ကလည်း
ထင်ကြသေးတယ်။
တစ်ခုတော့ရှိပါတယ်။ ခင်များကို ကောင်းကောင်းသိတဲ့ နားလည်တဲ့သူတွေကသာ
ခင်ဗျားဒီလိုမဟုတ်တာကို သိကြမယ်။
ကျေနပ်နိုင်ပါစေ...............
တစ်နှစ်အရွယ် ကလေး ကိုယ်ဝန်ဆောင်ခြင်း !
အင်တာနက်ပေါ်မှာ တက်ပြီး ရှာဖွေကြည့်တော့ တွေ့လို့ ဖော်ပြလိုက်ပါတယ်။
၂၀၀၉ ခုနှစ်တုန်းက အဖြစ်အပျက်လေးပါ !
Mengru Kang ဆိုတဲ့ တစ်နှစ်အရွယ် ကောင်မလေးက အမွှာပူး ယောက်ျားလေးနှစ်ယောက်ကို ကိုယ်ဝန်လွယ်ထားတယ်လို့ သိရပါတယ်။ တစ်နှစ်သမီးလေးက ကိုယ်ဝန်လွယ်ထားတယ်ဆိုတဲ့ အကြောင်းကိုသိလိုက်ရတဲ့အချိန်မှာတော့ တရုတ်နိုင်ငံက ဆေးဖက်ဆိုင်ရာ လောက မှာတော့ တော်တော်အံ့သြတုန်လုပ်သွားကြပါတယ်။ Mengru Kang ရဲ့ဗိုက်ဟာ ဘာဖြစ်မှန်းမသိ တဖြည်းဖြည်းကြီးလာတော့ ဆေးရုံခေါ်သွား ပြီး ဓါတ်မှန်ရိုက်ကြည့်တဲ့အခါမှာတော့ ဆရာဝန်က ထူးဆန်းစွာနဲ့ သူမကိုယ်ဝန်ရှိတယ် ဆိုတာသိလိုက်ရပါတယ်။ လွယ်ထားရဲ့ကိုယ်ဝန်ကလည်း ယောက်ျားလေး အမွှာပူးဖြစ်နေပါတယ်။ ဆရာဝန်ကတော့ သူမကို ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ နောက်ထပ်မျိုးအောင်လာတဲ့ သူ့မိဘနှစ်ပါးရဲ့ သန္ဓေသားဟာ သူမရဲ့ဝမ်းထဲဝင်ပြီး ကြီးလာတာဖြစ်တယ် လို့ဆရာဝန်ကပြောပါတယ်။ ဒါဟာ အလွန့်အလွန်ဖြစ်ခဲတဲ့ဖြစ်ရပ်ပါ လူအယောက် ၅သိန်း မှာမှတစ်ယောက်တောင်ဖြစ်ခဲတဲ့ဖြစ်ရပ်ဖြစ်တယ်။ မွေးဖွားမဲ့အချိန်ကြရင်တော့ နာကျင်စွာနဲ့ခွဲမွေးရပါလိမ့်မယ်လို့ ဆက်လက်ပြောကြားသွားပါတယ်။ ဒါထက်ပိုပြီး သူမဝမ်းဗိုက်ဟာ ပိုပြီးကြီးလာမှာဖြစ်ပါတယ်။ အကြောင်းကတော့ ဝမ်းဗိုက်ထဲက သန္ဓေသားကဆက်လက်ကြီးထွားနေလို့ဘဲဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ သူမဟာ အောင်မြင်စွာ မွေးဖွားနိုင်လိမ့်မယ်လို့ ယုံကြည်နေကြသလို အခုဆိုရင် သူမကလဲ ဝမ်းထဲက သူ့မရဲ့ အမွှာမောင်လေးနှစ်ယောက်ကို ခွဲမွေးဖို့အတွက် စောင့်နေကြတယ်လို့သိရပါတယ်။
မြန်မာဗျည်း(၃၃)လုံး ဖြစ်ပေါ်လာပုံ
မြန်မာဗျည်း(၃၃)လုံး ဖြစ်ပေါ်လာပုံ
အများသူတို.ကိုဗဟုသုတ ရစေချင်သောအလို.ငှာ ပြန်လည်မျှဝေလိုက်ရပါသည်။
မြန်မာဗျည်း ၃၃-လုံး ဖြစ်ပေါ်လာပုံအကြောင်း ပြောရာမှာ ဗျည်းရော သရရော မြန်မာအက္ခရာ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာက စပြောဖို့လိုမှာပေါ့။ မြန်မာအက္ခရာဟာ အိန္ဒိယနိုင်ငံမှာ ဘိစီ ၅၀၀-လောက်က ၇၀၀-ကျော်အထိ ထွန်းကားခဲ့တဲ့ ဗြာဟ္မီ (Brahmi) အက္ခရာက ဆင်းသက်လာကြောင်း ပညာရှင်တွေက မိန့်ဆိုကြတယ်။
ခရစ်နှစ်ဦးပိုင်းလောက်မှာ အိန္ဒိယနိုင်ငံသားတွေ အရှေ့တောင်အာရှကို သင်္ဘောကြီးတွေနဲ့ ရွက်လွင့်လာ ရာမှ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အက္ခရာ၊ နီတိကျမ်း၊ ဓမ္မသတ်ကျမ်း စတဲ့ ယဉ်ကျေးမှုတွေပါလာပြီး အရှေ့တောင်အာရှ နိုင်ငံတွေမှာ ထွန်းကားတာပါ။ အဲဒီအက္ခရာဟာ မွန်လူမျိုးတွေဆီ အရင်ရောက်ပြီး အဲဒီကမှတဆင့် မြန်မာတွေဆီရောက်တယ်။ မြန်မာတွေက အဲဒီအက္ခရာတွေကို မြန်မာစကားသံတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် လိုအပ်သလို မွမ်းမံအသုံးပြုရာက မြန်မာအက္ခရာ ပေါ်ပေါက်လာတယ်လို့ ယူဆကြပါတယ်။
မြန်မာအက္ခရာဆိုရာမှာ ဗျည်းရော၊ သရရော ပါဝင်ပါတယ်။ ဗျည်းတွေကို အမည်ပေးပုံက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘယ်တုန်းကစပြီး ကကြီး-ခခွေး-ဂငယ်-ဃကြီး-စတဲ့အမည်တွေ ပေးတာလဲလို့ စဉ်းစားကြည့်ရင် မြန်မာအက္ခရာတွေကို ပေရွက်ပေါ်မှာ ကညစ်နဲ့ အ၀ိုင်းပုံရေးတော့မှ ဖြစ်လိမ့်မယ်လို့ ဆိုချင်ပါတယ်။ ကျောက်စာ စရေးထိုးတဲ့ ပုဂံခေတ်တုန်းကတော့ ခုလို ၀ိုင်းဝိုင်းစက်စက် မဟုတ်ကြောင်း ပုဂံကျောက်စာတွေကိုကြည့်ရင် သိနိုင်ပါတယ်။ အဲဒီတုန်းက ကျောက်ပေါ်မှာ ဆောက်တို့၊ ဘာတို့နဲ့ ထွင်းရတာမို့ လေးထောင့်ပုံတွေ ထွင်းတယ်၊ မ၀ိုင်းသေးဘူး။
ဝ-၀ကလေး ၀ိုင်းဝိုင်းရေး-လို့ ပြောလို့မရသေးဘူး။
ပေပေါ်မှာရေးတော့ လေးထောင့်ရေးရင် အဆင်မပြေဘူး။ ပေရွက်အကြောတွေ စုတ်ပြတ်နိုင်တယ်။ အ၀ိုင်းရေးတော့ ပိုအဆင်ပြေတယ်။ အဲဒီလိုအ၀ိုင်းရေးတဲ့ခေတ်ရောက်မှ ဗျည်းတွေရဲ့ ပုံသဏ္ဍာန်ကိုကြည့်ပြီး အမည်ပေးတာပါ။ ဒီတော့ မြန်မာဗျည်းတွေဟာ မ၀ိုင်းခင်တုန်းက ကကြီး-ခခွေး စတဲ့ အမည်တွေ မရသေးဘဲ က-ခ-လို့ပဲ ခေါ်လိမ့်မယ်ထင်တယ်။
ဗျည်းတွေကို အမည်ပေးရာမှာ ဂုဏ်အရည်အသွေးအရ အမည်ပေးတာရော၊ ပုံသဏ္ဍာန်အရ အမည်ပေးတာရော တွေ့ရတယ်။ ကကြီး၊ ဃကြီး၊ ဏကြီး၊ ဠကြီး ဆိုတဲ့ အက္ခရာလေးလုံးကို ကြီးလေးလုံး-လို့ခေါ်ကြတယ်။ အဲ ဃကြီး၊ ဏကြီး၊ ဠကြီးတို့မှာတော့ ဂငယ်၊ နငယ်၊ လ(ငယ်) ဆိုတဲ့ အတွဲတွေ ရှိတယ်မဟုတ်လား။ ဒါကြောင့် အကြီးအငယ်ခွဲပြီး အငယ်တွေထက် အရွယ်ပမာဏကြီးတဲ့ အက္ခရာတွေကို ကြီး-ထည့်ပြီး ခေါ်ကြတာပေါ့။
ကကြီးကျတော့ ကငယ် မရှိဘဲ ဘာဖြစ်လို့ ကကြီးလို့ခေါ်ရသလဲလို့ မေးစရာပေါ့။ ဗျည်း ၃၃-လုံးမှာ ရှေ့ဆုံးက ခေါင်းဆောင်ဗျည်းဖြစ်လို့ ကကြီးလို့ ခေါ်တယ်လို့လည်း ယူဆကြတယ်။ ၃၃-လုံးမှာ အကြီးဆုံးပေါ့။ ပုံသဏ္ဍာန်က ဂငယ်ထက် ၂-ဆ ကြီးနေလို့ ကကြီးလို့ခေါ်တယ်လို့လည်း ဆိုကြတယ်။
ပုံသဏ္ဍာန်အရ အမည်ပေးတဲ့ဗျည်းတွေကို ကြည့်ပါ။
ခွေခွေကလေးနေလို့ ခ-ခွေး၊
လုံးလုံးကလေး နေလို့ စ-လုံး၊
လိမ်ခွေနေလို့ ဆ-လိမ်၊
အောက်ကွဲနေလို့ ဇ-ကွဲ၊
ဘေးကမျဉ်းဆွဲထားလို့ ဈ-မျဉ်းဆွဲ၊
ရင်ကလေးကောက်နေလို့ ဍ-ရင်ကောက်၊
ဝမ်းပူနေလို့ တ-၀မ်းပူ၊
အငယ်အထွေးလေးဖြစ်လို့ ဒ-ဒွေး (ဒထွေး)၊
အောက်ပိုင်းကခြိုက်(ချိုင့်) နေလို့ ဓ-အောက်ခြိုက်၊
မတ်မတ်စောက်စောက်ရှိလို့ ပ-စောက်၊
အထက်ပိုင်းကခြိုက်(ချိုင့်)နေလို့ ဗ-ထက်ခြိုက်၊
ကုန်းနေလို့ ဘ-ကုန်း၊
ပက်လက်လန်နေလို့ ယ-ပက်လက်၊
အဖျားက ကောက်နေလို့ ရ-ကောက်-ဆိုပြီး ပုံသဏ္ဍာန်အရ အမည်ပေးတာ တွေ့နိုင်ပါတယ်။
အက္ခရာတချို့ရဲ့ အမည်တွေက ပုံသဏ္ဍာန်ကို ရိုးရိုးဖော်ပြတာမဟုတ်ဘဲ ပုံသဏ္ဍာန်တူတဲ့ အရာဝတ္ထုတွေနဲ့ ခိုင်းနှိုင်းအမည်ပေးတာဖြစ်ပါတယ်။ ရှေးကသုံးတဲ့ သံလျင်းလို့ခေါ်တဲ့ ထမ်းစင်မှာပါတဲ့ ချိတ်လေးကို ကောက်ကောက်ကလေးမို့ ဋ-သံလျင်းချိတ်၊
ဝမ်းဘဲနဲ့တူလို့ ဌ-၀မ်းဘဲ၊
ရေမှုတ်နဲ့တူလို့ ဎ-ရေမှုတ်၊
ဆင်ရဲ့ခြေထောက်ကို ခတ်ရတဲ့ ထူးလိုအကွင်း ၂-ကွင်းပါလို့ ထ-ဆင်ထူးလို့ ခေါ်ကြောင်း တွေ့နိုင်ပါတယ်။
င-မ-၀-သ-ဟ တို့ကိုတော့ အမည်မပေးတာ တွေ့ရပါတယ်။
ည-ယ-လ တို့ကိုတော့ သာမန်အားဖြင့် အမည် မပေးပေမယ့် လိုအပ်တဲ့အခါ ညကြီး၊ ယပက်လက်၊ လ(ငယ်)လို့ အမည်ပေးပါတယ်။
ဉ ကို ဉ ကလေး၊ ည ကို ညကြီးလို့ ခွဲခြားခေါ်ပါတယ်။
မြန်မာဗျည်း ၃၃-လုံးမှာ ည(ညကြီး) ပဲပါတယ်။ ဉ (ဉ ကလေး) ကိုတော့ အသတ်အက္ခရာအဖြစ်ပဲ သုံးတယ်။
သံယောဇဉ်တို့၊ ၀ိညာဉ်တို့၊ အစဉ်အမြဲ-တို့မှာ သုံးသလိုပေါ့။ ဒီနေရာမှာ ပါဠိဘာသာမှာသုံးတဲ့ ညနဲ့ မြန်မာဘာသာမှာသုံးတဲ့ ညကို ခွဲခြားမှတ်ရမယ်။
ပါဠိဗျည်း ၃၃-လုံးမှာ ည မသုံးဘူး။ ဉ ပဲသုံးတယ်။
ဒါကြောင့် ပုည ကို ပုဉ်+ဉ လို့ အသံထွက်ရတာပေါ့။ ရှေ့က ညကို အသတ်အသံထွက်ရတယ်။ /ပုန်+ညာ့/လို့ အသံထွက်ရတာပေါ့။
ဒီလိုပဲ ပညာ/ပဉ်+ဉာ/ပျင်ညာ။ သုည/သုဉ်+ဉ /သုန်ညာ့၊ လို့ အသံထွက်ရတယ်။ အချုပ်အားဖြင့် ပါဠိမှာ ညဟာ ဉ ၂-လုံးတွဲဖြစ်တယ်။ ဉ ရော၊ ညရော သုံးတယ်။
မြန်မာမှာတော့ ညကြီး ဉ ကလေးလို့ ခွဲသုံးတယ်။ ဗျည်း ၃၃-လုံးမှာ ညကြီးသုံးပြီး အသတ်မှာ ဉ သုံးတယ်လို့ ခွဲခြားမှတ်သားနိုင်ပါတယ်။
မြန်မာစာမှာ ဉ နဲ့ ဥနဲ့ ရောထွေးတတ်တယ်။ ဉ (ဉ ကလေး) က ခြေထောက် ရှည်တယ်။
ဥ (ဘဲဥ၊ ကြက်ဥ-မှာပါတဲ့ အက္ခရာ ဥ) က ခြေထောက် တိုတယ်။
ယပက်လက်ကို ရကောက်နဲ့ ယှဉ်ပြီး ယပက်လက်လို့ ခွဲခြားခေါ်တယ်။
ရှေ့က ရကို ရကြီး၊ ယကို ယငယ်လို့လည်း ခွဲခေါ်သေးတယ်။ ရကြီးနဲ့ ရငယ်ပေါ့။
လကိုလည်း ဠနဲ့ ယှဉ်ပြီး လငယ်လို့ ခေါ်နိုင်ပါတယ်။
အက္ခရာအမည်တွေနဲ့ပတ်သက်ပြီး ပြောစရာတခုက ဓအောက်ခြိုက်ကို အောက်ကချိုင့်နေလို့ ဓအောက်ခြိုက် ခေါ်တယ်ပြောပြီး ရေးတော့ အောက်က မချိုင့်ပါလားလို့ မေးစရာရှိတယ်။ ပုဂံခေတ် ကျောက်စာတွေမှာ စရေးတုန်းက ဓဟာ အခုလို အောက်က ပိတ်မနေဘူး။ ဗ စောက်ထိုးရေးသလို အောက်ကချိုင့်နေတယ်။ ( ဗထက်ခြိုက် ပြောင်းပြန်ပုံစံမျိုးပေါ့။)
ဈ (ဈမျဉ်းဆွဲ) ကို စလုံးယပင့်-ဆိုပြီး မှားသင်တဲ့ ဆရာမကလေးတွေ ရှိတယ်လို့ ကြားရတယ်။ ဈ ဟာ မူလအက္ခရာမှာ သီခြားပုံသဏ္ဍာန် ရှိပါတယ်။ စလုံးကို ယပင့်ထားတာ မဟုတ်ပါဘူး။ ဘေးက မျဉ်းဆွဲထားလို့ ဈမျဉ်းဆွဲ ခေါ်တယ်လို့ မှတ်သင့်ပါတယ်။ ကဲ ဒီလောက်ဆိုရင် ပြည့်စုံပြီထင်ပါတယ်။
ကိုးကား ။ ။
မောင်ခင်မင် (ဓနုဖြူ)
(မင်္ဂလာမောင်မယ် ၂၀၁၀-ဒီဇင်္ဘာလ)
ဒဂုန်မြို့သစ်မှာ မြေမသိမ်းတော့ဟု တိုင်းဝန်ကြီးချုပ် ဆို
photo - myanmar time/Thet Htoo
ရန်ကုန် (မဇ္ဈိမ) . ၂၆ ရက်နေ့ ဧပြီလ ၂၀၁၂ — ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်တွင် မြေကွက်များကို သိမ်းတော့မည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ က ပြောသည်။
ဧပြီလ ၂၅ ရက်နေ့ ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူး အစည်းအဝေးအပြီးတွင် သတင်းမီဒီယာ များအား ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ကျနော်တို့က သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးမှုး ဦးစီးမှူး အဆင့်ရှိတဲ့ အရာရှိတွေကို အဲဒီမှာ စာရင်းပြုစုစေ ပါတယ်။ စနစ်တကျ ဖြစ်အောင်တော့ လုပ်ပါမယ်။ ဒါပေမယ့် ဝန်ထမ်းတွေ မြေကွက်ပဲ ဖြစ်ဖြစ်၊ အိမ်ဆောက် ထားတာပဲဖြစ်ဖြစ် မသိမ်းတော့ပါဘူး။ ဒါကလည်း အစက အိုးအိမ်က လုပ်လိုက်တဲ့အတွက် ရှုတ်သွားတာပါ”ဟု ဦးမြင့်ဆွေ က ပြောသည်။
မတ်လ ၇ ရက်နေ့က နိုင်ငံပိုင်မီဒီယာများမှတဆင့် ထုတ်ပြန်ချက်အရ အထူးစိုက်ပျိုးရေးဇုန် စီမံကိန်း အတွက် ဒဂုန်မြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ မြေတိုင်းအမှတ် ၁၁ ခုမှ မြေကွက်ပေါင်း ၈,၀၀၀ ကျော်ကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အိုးအိမ်ဦးစီးဌာနမှ သိမ်းမည်ဟု ပါရှိသည်။
“အခု လယ်ယာစိုက်ပျိုးရေးတွေ လုပ်နေတာကိုလည်း ရပ်ခိုင်းလိုက်ပြီ။ မသိမ်းပါဘူး။ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ရှိနေတာကို ဒီအတိုင်းပဲ ထားမှာပါ။ ဘာမှ မလုပ်တော့ပါဘူး။ အခု လုပ်နေတဲ့ စိုက်ပျိုးရေးတွေ ရပ်နေပါပြီ” ဟု ဝန်ကြီးချုပ်က ပြောသည်။
အဆိုပါ ပေ ၄၀ ပေ ၆၀ အိမ်ရာကွက်များကို ဖေါ်ကာ အငြိမ်းစား ဝန်ထမ်းများကို အစိုးရက ၁၉၉၈ ခုနှစ်က ကျပ် ၁၂,၀၀၀ နှုန်းဖြင့် မြို့သစ်အဖြစ် နေရာချထားပေးခြင်း ဖြစ်သည်။
ယခုအခါ အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးစီးမှူး ၇ ဦးက မှတ်တမ်းကောက်ထားသည့် စာရင်းများအရ အဆိုပါ
မြေကွက် အမှတ်များပေါ်တွင် အကွက်အလိုက် ကျူးကျော် နေထိုင်သော အိမ်အလုံးရေ ၇၂ လုံး၊ မြေဂရမ် ရရှိပြီးသား နေအိမ် တလုံး၊ မြေချပါမစ် အထောက်အထားဖြင့် တည်ဆောက်ထားသော နေအိမ် ၂၈၂ အိမ် စုစုပေါင်း ၃၅၅ အိမ် ရှိနေပြီဖြစ်ကြောင်း သိရသည်။
“ဝန်ထမ်းတွေထံက တဆင့် ဝယ်ပြီး အိမ်ဆောက်နေတဲ့ သူတွေလည်း ရှိတာပေါ့။ ဒါပေမယ့် အထောက်အထားတော့ ရှိရမယ်။ ဘာတွေ ဆက်လုပ်မလဲဆိုတာနဲ့ ဘယ်လို ညွှန်ကြားမယ်ဆိုတာ အစည်းအဝေး လုပ်ပါမယ်။ ပြီးရင် သက်ဆိုင်ရာ မြို့နယ်တွေကနေ အကြောင်းကြားပါမယ်။ ကျူးကျော်တွေကို ဘယ်လိုလုပ်မယ် ဆိုတာလည်း အစည်းအဝေး လုပ်ရဦးမယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။
သို့သော် သီးခြားစုံစမ်းလေ့လာမှုအရ အဆိုပါမြေကွက်များတွင် အိမ်ထောင်စုပေါင်း ၈,ဝ၇၉ စု နေထိုင်လျက်ရှိသည်ဟု အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် က ပြောသည်။
အိုးအိမ်ဦးစီးဌာနမှ သိမ်းယူမည်ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ မတ်လ ၁၅ ရက်နေ့ လွှတ်တော်တွင် ဦးခိုင်မောင်ရည် က မေးခွန်းထုတ်ခဲ့သဖြင့် အထောက်အထားများဖြင့် ဖြစ်စဉ်အသေးစိတ်အား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက တောင်းခံ၍ ၈၈ မျိုးဆက် ကျောင်းသားများနှင့် အတူ မတ်လ ၁၇ ရက်နေ့က သွားရောက်တွေ့ဆုံ စုံစမ်းခဲ့ခြင်းဖြစ်သည်ဟု ဦးခိုင်မောင်ရည်က ပြောသည်။
မင်းသက်
မိမိဝမ်းဗိုက်ခွဲစိတ်မှုကို ကိုယ်တိုင်ပြုလုပ်ခဲ့သော အံ့ဖွယ်ခွဲစိတ်ဆရာဝန်
မိမိဝမ်းဗိုက်ခွဲစိတ်မှုကို ကိုယ်တိုင်ပြုလုပ်ခဲ့သော အံ့ဖွယ်ခွဲစိတ်ဆရာဝန်
Posted by သက်တန့်ချို
၁၉၆၁ ခုနှစ် ဧပြီလရဲ့ ၂၉ ရက်နေ့မှာ 6th Soviet Antarctic Expedition ရဲ့ အသက် ၂၇ နှစ်အရွယ် ဆရာဝန် တစ်ဦးဖြစ်သူ Leonid Rogozov ဟာ ညာဖက် ၀မ်းဗိုက်မှာ နာကျင်မှု ဝေဒနာကိုခံစားခဲ့ရပြီး အဖျားတွေလည်း တက်လာခဲ့ပါတယ် ။ နောက်တစ်ရက်မှာလည်း ဝေဒနာဟာတဖြည်းဖြည်း ဆိုးသထက်ဆိုးလာခဲ့တယ် ။ ဧပြီ ၃၀ ရက်နေ့ ရဲ့ ည Novolazarevskaya station မှာ ဆရာဝန်ဆိုလို့ သူတစ်ဦးတည်းရှိနေခဲ့တယ် ။ အဲဒီခွဲစိတ် ဆရာဝန်ဟာ Local anesthesia လို့ခေါ်တဲ့ ထုံဆေးကို အသုံးပြုပြီး သူတစ်ဦးတည်း မိမိကိုယ်ကိုယ် အူအတတ် ဖြတ် ထုတ်ခြင်း ဆိုတဲ့ Appendix removal ကို အံ့သြဖွယ်ရာ ပြုလုပ်ခဲ့ပါတယ် ။ သူ့ကို ကူညီပေးခဲ့သူဆိုလို့ အင်ဂျင်နီယာတစ်ယောက်ရယ် station ရဲ့ မိုးလေ၀သပညာရှင်တစ်ယောက်ရယ်ပဲ ရှိနေခဲ့တယ် ။
၁၉၅၉ ခုနှစ်မှာ Leonid Rogozov ဟာ တက္ကသိုလ်ကနေ ဆေးပညာဘွဲ့ရရှိခဲ့ပြီး တခဏအတွင်းမှာပဲ ခွဲစိတ်ဆရာဝန်အဖြစ် တိုးမြှင့်ခံခဲ့ရသူဖြစ်ပါတယ် ။ ၁၉၆၀ ပြည့်နှစ်ရဲ့ စက်တင်ဘာလမှာတော့ လီယိုနစ်ဟာ Antarctica ကို ခရီးထွက်ဖို့ ဖြစ်လာခဲ့တာကြောင့်သူ့ရဲ့ နေရပ်မှာ ဆေးပညာလေ့လာခွင့်ဟာ ပျက်သလိုဖြစ် ခဲ့ရပါတယ် ။ ဒီလို အချိန်ကာလအတွင်းမှာ အသက် ၂၇ နှစ်အရွယ် ခွဲစိတ်ဆရာဝန်လေးကို ကမ္ဘာကျော်စေမယ့် အဖြစ်တစ် ခုက ဖြစ်ပေါ်လာခဲ့ပါတယ် ။ ဆောင်းရာဦရဲ့ လေးခုမြောက် ဧပြီလမှာတော့ ၁၉၆၁ ခု ၂၉ ရက်နေ့မှာ လီယိုနစ်ဟာ အားနည်းခြင်း ပျို့ခြင်း အဖျားတက်ခြင်းနဲ့ ညာဖက် ၀မ်းဗိုက်ပိုင်းနာခြင်း စတဲ့ လက္ခဏာတွေကို ခံစားခဲ့ရပါတယ် ။ အဲဒီရက်နောက်ပိုင်းမှာလည်း သူ့ရဲ့ ခန္ဓာကိုယ်အပူချိန်ဟာ မြင့်သထက် မြင့်လာခဲ့ရတယ် ။ လူ၁၃ ယောက် ဖွဲ့စည်းထားတဲ့ ခရီးသွားအဖွဲ့မှာ သူဟာ တစ်ဦးတည်း ဆရာဝန်လေးလည်းဖြစ်တယ် ။ လီယိုနစ်ဟာ သူဘာဖြစ်နေသလဲဆိုတာ သူ့ကိုယ်သူ ရောဂါအမည်တပ် diagnosis လုပ်ခဲ့ပါတယ် ။ အဲဒါ ကတော့ အူအတက်ယောင်ခြင်း Appendicitis ပဲဖြစ်ပါတယ် ။ အနီးဆုံးဆေးရုံကို သွားဖို့ ဘာလေယဉ်မှ လည်းရှိမနေ ခဲ့ဘူး ။ ဖျားနာနေတဲ့ အဖွဲ့ဝင်ကို ကယ်ဆယ်ဖို့အတွက် အဲဒီနေရာမှာပဲ အရေးပေါ် ခွဲစိတ်မှု တစ်ခုပြုလုပ်ဖို့ လိုအပ်နေခဲ့တယ် ။ တစ်ခုတည်းသော နည်းလမ်းကတော့ သူဟာ သူ့ကိုယ်သူ ခွဲစိတ်ခဲ့တာပါပဲ ။
၁၉၆၁ ခုနှစ် ဧပြီ ၃၀ ရက်နေ့ ညမှာတော့ ခွဲစိတ်ဆရာဝန်လေးဟာ အင်ဂျင်နီယာ တစ်ဦးရယ် မိုးလေ၀သ ပညာရှင်တစ်ဦးရယ်ကို ခွဲစိတ်ကိရိယာတွေ ကူပေးစေပြီး သူ့ဝမ်းဗိုက်ကို စတင်ခွဲစိတ်ခဲ့တယ် ။ ဘယ်ဖက် ကို အနည်းငယ်စောင်းပြီး လှဲလျောင်းနေပြီး ဆရာဝန်လေးဟာ ထုံဆေး novocaine solution ကိုသုံးပြီး ၁၂ စင်တီမီတာရှည်တဲ့ ခွဲစိတ်ရာ Incision တစ်ခုကိုပြုလုပ်ခဲ့ပါတယ် ။ သူ့ဝမ်းဗိုက်ကို သူကိုယ်တိုင်ကြည့် ယုံသာ မက ရောင်နေတဲ့ အူအတက်ကိုပါ ဖြတ်ထုတ်ပြီး ၀မ်းဗိုက်ထဲကိုပိုးသတ်ဆေးရည်တွေလည်း ထိုးသွင်းခဲ့ပါ တယ် ။ မိနစ် ၃၀ ၊ ၄၀ လောက်ကြာပြီးတဲ့အခါမှာတော့ သတိလစ်ချင်သလို ဖြစ်လာတဲ့အတွက် ဆရာဝန်လေးဟာ ခွဲစိတ်မှုကို ခဏရပ်ပြီး အနားယူခဲ့တယ် ။ ည သန်းခေါင်ယံမှာ ခွဲစိတ်မှုဟာ ၁ နာရီနဲ့ ၄၅ မိနစ်ကျော် ခန့်ကြာမြင့်ခဲ့ပါတယ် ။ ငါးရက်မြောက်နေ့မှာတော့ အဖျားက ပျောက်ပြီး အပူချိန်ပုံမှန်ပြန်ဖြစ် လာခဲ့တယ် ။ ၇ ရက်မြောက်နေ့မှာတော့ ချုပ်ရိုးဖြည်ခဲ့ပါတယ် ။
Arctic and Antarctic ရဲ့ St.Petersburg ရဲ့ ပြတိုက်မှာ Leonid Rogozov ရဲ့ မလွယ်ကူတဲ့ ခွဲစိတ်မှုမှာ အသုံးပြုခဲ့တဲ့ ခွဲစိတ်ပစ္စည်းတွေကို ပြသထားခဲ့ပါတယ် ။
လက်ထိပ်နံ့နံတဲ့ရည်းစားစာ
Inbox
x
ရန်ကင်းသား yankintharrr@gmail.com
3:58 PM (5 hours ago)
to mrsorcerer
သို့ ချစ်သူ
ပိုင်ဆိုင်ချင်မှုက ဦးတေဇထက်ပိုပါတယ်...
လိုချင်စိတ်က ဦးနေ၀င်းထက်သာပါတယ်...
မင်းကိုတစ်ယောက်ထဲ ပိုင်ဆိုင်ချင်တယ်...
ဦးသန်းရွှေလာလုရင် တောင်...
ဒေါ်ကြိုင်ကြိုင်ကိုတက်တိုင်ဖို့
....
ကိုယ်ဝန်မလေးပါဘူး....
မင်းနားက စွမ်းအားရှင်တွေကိုလဲကိုယ်မကြောက်ပါဘူး...
မင်းသာကိုယ့်အချစ်ကို ...
ဒီမိုကရေစီအဖြစ်ပြောင်းလဲပေးနိင်မယ်ဆိုရင်...
ကိုယ့်ဘက်ကတက်နေတဲ့ ကုန်ဈေးနှုန်းကို...
ဟိုးငရဲပြည်ထိရောက်အောင်....
ဆွဲချပေးမယ့်သူဆိုတာ....
DVB,VOA,RFA,BBC ထဲမှာတောင်....
ထည့်ကြော်ငြာစရာမလိုပါဘူး...
မင်းမယုံလို့ မဲဆွယ်ကြည့်လိုက်ပါ...
ကိုယ့်ဘက်က ကြိုတင်မဲတွေများတယ်ဆိုတာ...
ကြံ့ဖွံ့ ကြီးတောင်အရှုံးပေးထိုင်ငိုသွားမှာပါချစ်သူ...
ဒါပင်မယ့်တစ်ခုတော့တောင်းဆိုပါရစေ...
မင်းလေးအလိုကျ...
လေလံပစ်တဲ့ ကားတစ်စီးတောင်....
မ၀ယ်ပေးနိင်ဘူးဆိုတာက....
ကိုယ်ဟာ ၀န်ထမ်းအလုပ်သမားမို့လို့ပါ....
ချစ်နေရသူ
facebook  မှ Shan Wai ရဲ့စာမျက်နှာကနေပြန်ရှဲပေးတာပါ
မှတ်သားဖွယ်ရာ မဆိုမမိန့်များ (တကယ်လိုက်မမှတ်ကျနဲ.အုံး :PPP)
၁။ တစ်ကိုယ်ကောင်း ဆောင်ရွက်ပါ။ အချောင်ရလျှင် ဝေစုခွဲပေးစရာ မလိုတော့။
၂။ ဆုံးဖြတ်ချက်များသည် အကောင်အထည် ဖော်ရန်မဟုတ်။ နာမည်ဖော်ရန် အတွက်သာ ဖြစ်သည်။
၃။ အမြင်ကျဉ်းပါ။ အမြင်ကျယ်လျှင် မျက်စိ ညောင်းသည်။
၎။ ပညာမာန် တက်ပါ။ ပညာတကယ် မရှိသော်လည်း မာန်တက်လျှင် ပညာရှိဟု အထင် ခံရမည်။
၅။ ရှုပ်ရှုပ်ထွေးထွေးနေပါ။ ရိုးရှင်းမှုသည် ဖြောင့်တန်းသောကြောင့် သင် ဘယ်ကို ဦးတည်နေသည်ကို သိနိုင်သည်။
၆။ လုပ်သင့်တာထက် လုပ်ချင်တာကို ဦးစားပေးပါ။ လုပ်သင့်တာကို သူများတွေ လုပ်ကြပါလိမ့်မည်။
၇။ ဆုံးဖြတ်ချက် ချမထားပါနှင့်။ဟိုလိုလို ဒီလိုလို လွင့်မျောခွင့် ပျောက်ဆုံးသွားလိမ့်မည်။
၈။ ကိုယ့်လမ်းကိုယ် မထွင်ပါနှင့်။ တောရှင်းရတာ အန္တရာယ် များလှသည်။
၉။ တာဝန်ယူစိတ် မထားပါနှင့်။တာဝန်ယူစိတ် ရှိခြင်းသည် ကိုယ့်ကိုကိုယ် တရားခံရှာခြင်း ဖြစ်သည်။
၁၀။ များများပြောပြီး နည်းနည်းနားထောင်ပါ။ နားနှစ်ဖက် ပါခြင်းသည် ဒီဘက် နားမှဝင်ပြီး ဟိုဘက် နားမှ ပြန်ထွက်စေရန် ဖြစ်သည်။
၁၁။ ယနေ့ပြီးနိုင်သော အလုပ်ကို မနက်ဖြန်သို့ ရွှေ့ပါ။ အလုပ်များသူဟု အထင်ကြီးခံရမည်။
၁၂။ သူများ စကားပြောနေလျှင် စိတ်ဝင်စားဟန် မပြပါနှင့်။ သူ့စကား အောင်မြင်မှုရရန် အခွင့်အလမ်း နည်းသွားမည်။
၁၃။ အရည်မရ အဖတ်မရ စကားကို များများပြောပါ။ ယခုအခါတွင် ကွမ်းယာသည်များ အဆင်ပြေနေသည်။
၁၄။ စာများများ မဖတ်ပါနှင့်။ အစာနှစ်မျိုးအနက် စိတ်၏ အစာဟု ခေါ်ဆိုကြသော စာဖတ်ခြင်းသည် စာအုပ်ဖိုး၊ ငှားခနှင့် ၀င်ကြေးများ ကုန်ကျသော်လည်း ဗိုက်မ၀။
၁၅။ အနည်းငယ် ဖတ်ပါက အပျင်းပြေ၊ အပျော်ဖတ်၊ အရည်မရ အဖတ်မရ စာများကိုသာ ရွေးဖတ်ပါ။ စကားဝိုင်းများကို သင် စိုးမိုးထားနိုင်လိမ့်မည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Facebook မှကူးယူဖေါ်ပြသည်။
--
Wish you get successful life ..
Thura Aye
ယုဇန ဥယျာဉ် မြို့တော် ပင်မ ရေဆိုး မြောင်းများ ဖော်ပေးစေချင်
ကျွန်တော် တို့လမ်းမှာ သာယာရေးလူငယ်တွေမှ  တိုက်ရှေ့တွေမှာ မြောင်းတွေ နောက်ဖေးလမ်းကြားတွေ ရှင်းလင်းပြီးပါပြီ အဲတော့ ပင်မ ရေဆိုးမြောင်းကြီးတွေကို သက်ဆိုင်ရာက ဆက်လက်ရှင်းလင်းပေးစေချင်ပါတယ် ဒါမှ မိုးကျတဲ့အခါ လွယ်ကူစွားရေဆင်းနိုင်မှာ ပါ ကျွန်တော်တို့ 10လမ်း အေ သာယာရေး အဖွဲ့မှ အထူးမေတ္တာ ရပ်ခံပန်ကြားအပ်ပါတယ်ခင်ဗျာ။
ကျွန်တော်တို့ ရာအိမ်မူး ဦးအောင်ဇော်မင်း နှင့် သာယာရေး လူကြီး ဦးကျော်တို့၏ 10လမ်း အေ မိုးဦးကာလ ကျန်းမာရေး နှင့် သာယာရေးအတွက်
1      ရေဆိုးရေမြောင်းများရှင်းလင်းပေးခြင်း
2      တိုက်နောက်ဖေးလမ်းကြားရှိ အမိုက်နှင့် ရေဆိုးများ ရှင်းလင်းပေးခြင်း
3      အနံ့အသက် နှင့် ခြင်ယင်များ မပေါက်ပွားရေရန် ထုံးဖြူးပေးခြင်း
4      ထပ်မံပြီး အမိုက်များမပစ်စေရန် နှင့် သာရေး နာရေး အတွက် အများဆန္ဒနှင့်အညီ တိုက်လူကြီး ခန့်အပ်ခြင်း
5      9လမ်းအေနှင့် 11လမ်းအေ တို့နှင့် ပူးပေါင်း ပြီး လမ်းကြားအမိုက်မပစ်ရေး စောင့်ကြည့် ဒဏ်ရိုက်ခြင်း
6      နေ့စဉ် လှည်းဖြင့် အမိုက်သိမ်းပေးပြီး အမိုက်သိမ်းစဉ် အမိုက်လာမထည့်သော အခန်းကို မှတ်သားထားခြင်း
7      အခါအားလျော်စွာ ကောက်ခံထားသော အလှူငွေကို ရှင်းလင်းပွဲ ပြုလုပ်ပေးခြင်း
8      ကျန်းမာရေး အတွက် ခြင်ဆေးဖျန်းရန် စီစဉ်ဆောင် ရွက်နေခြင်း
9      အုပ်ချူပ်ရေးမှူးကြီး အနေဖြင့် လာရောက်ကြည့်ရှုပြီး လိုအပ်တာများ လမ်းညွှန် မှာကြား ဆောင်ရွက် ပေးစေလိုခြင်း
9     
ယခင်မရှင်းလင်းရသေးသောအနေအထား (အထက်ပုံ) 
ရှင်းလင်း ထုံးဖြူး ပြီး အနေအထား   (အထက်ပုံ)  
လမ်းမပေါ်မှာ ငွေသုံးရာ ချေးဖို့ စေခိုင်းခံရတဲ့ ကလေးငယ် (ရုပ်/သံ)
ဧပြီလ ၂၃ ၇က်နေ့ နေ့ လည်ပိုင်းခန့် တွင် ရန်ကုန်မြို့ရှိ မြေနီကုန်း ဓမ္မာရုံလမ်းအနီးမှာ မျက်နှာနဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာအများအပြားနဲ့ အသက် ၁၂ အရွယ်ရှိ မဆုပိုပိုဟိန်းဟာ လမ်းပေါ်မှာ လူတွေဆီက ငွေသုံးရာ ကို လိုက်လံ ချေးငှားနေသည့်အတွက် လူတွေက သူမကို မေးမြန်းကြည့်တဲ့
အခါမှာ သူမ အလုပ် လုပ်နေတဲ့ အိမ်ရှင် အဒေါ်က ငွေသုံးရာကို ချေးငှားဖို့  ခိုင်းတာဖြစ်ကြောင်း မဆုပိုပိုဟိန်းက Burma VJ Media ကိုပြောပါတယ်။
ဘားမားဗီဂျေ
ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ဆေးရုံကြီးကိုသွားရောက်ပြီး ခွဲစိတ်ကုသမှု ခံယူနေတဲ့ မအိပပဖြိုး ကိုအားပေး
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးအတွင်းက ဦးနှောက်နှင့် အာရုံကြော ဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူနေတဲ့ မအိပပဖြိုးကို ဧပြီလ ၂၅ ရက်နေ့ နေ့လည် ၁၁ နာရီ ခွဲက သွားရောက် တွေ့ဆုံပြီး အားပေးစကား ပြောခဲ့ပါတယ်။ 
အသက် ၁၂ နှစ်အရွယ်သာ ရှိသေးတဲ့ ဧရာဝတီတိုင်း မြန်အောင်မြို့နယ် စာဖြူစုကျေးရွာသူ မအိပပဖြိုဟာ ဦးနှောက်နဲ့ အာရုံကြော ဝေဒနာ ခံစား နေရသူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင် ပါတီစည်းရုံးရေးသွားရောက်စဉ် တွေ့ဆုံခဲ့ရာက တာဝန်ယူ ခွဲစိတ်ကုသဖို့ စီစဉ်ပေးခဲ့တာပါ။
 ဒေါ်အောင်ဆန်းစုကြည်က မအိပပဖြိုးအတွက် အစားအသောက်အချို့ ကိုလည်း သွားရောက်တွေ့ဆုံရင်း လှူဒါန်းခဲ့တာပါ။ တဆက်ထဲမှာလည်း မအိပပဖြိုးရဲ့ မိခင်နဲ့လည်းတွေ့ဆုံပြီး အားပေးစကားဆိုခဲ့သလို ခွဲစိတ်ဆရာဝန်တွေ သူနာပြုဆရာမတွေ နဲ့လည်း တွေ့ဆုံပါသေးတယ်ခင်ဗျာ။
ဘားမားဗီဂျေ
NLD လွှတ်တော်တက်ရန် တိုင်းရင်းသားနဲ့ ဒီမိုကရေစီပါတီ လွှတ်တော်အမတ်များ တိုက်တွန်း
NLD လွှတ်တော်တက်ရန် တိုင်းရင်းသားနဲ့ ဒီမိုကရေစီပါတီ လွှတ်တော်အမတ်များ တိုက်တွန်း
2012-04-25
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ NLD ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ၀င်လာဖို့ တိုင်းရင်းသားနဲ့ ဒီမိုကရေစီပါတီ လွှတ်တော်အမတ်တွေက ဒီကနေ့ စာရေးသား တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။
လွှတ်တော်တွင်း ဒီမိုကရေစီ အင်အားစုပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေ ၁၀ ခုလောက်က လွှတ်တော်အမတ်တွေ စုပေါင်း လက်မှတ်ရေးထိုးတဲ့စာကို NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့လိုက်တာ ဖြစ်တယ်လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက အခုလိုပြောပြပါတယ်။
" ပထမဦးဆုံး အဆင့်အနေနဲ့ NLD ကို ကျွန်တော်တို့ တောင်းပန်မယ်။ လာခဲ့ပါ။ တောင်းဆိုမယ်။ တောင်းပန်မယ်။ ဖိတ်ခေါ်မယ်။ လာခဲ့ပါ။ ဝိုင်းပြင်ရအောင်၊ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ် ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေ လက်မှတ်ထိုးပြီးတော့ အဲဒီ တောင်းပန်လွှာကို ကျွန်တော်တို့ ဒီနေ့ပဲ ပို့လိုက်တယ်။ ကျွန်တော်တို့ ပါတီပေါင်းစုံ တိုင်းရင်းသားပါတီတွေ အားလုံးပါတယ်။ ၁၀ ခုကျော်တယ်လေ။ ကျွန်တော်တို့ မြင်တာက ဘာလဲဆိုတော့ ပြည်သူတွေက လွှတ်တော်ထဲကို ဝင်ဖို့အတွက် ရွေးထားတယ်။ မဲပေးထားတယ်။ ကျွန်တော်တို့လည်း လိုလားတယ်။ ကျွန်တော်တို့ နိုင်ငံရေးပါတီအနေနဲ့ ကျွန်တော်တို့ ပုဂ္ဂိုလ်အရပေါ့လေ၊ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကျွန်တော်တို့ ပါတီက လွှတ်တော် ကိုယ်စားလှယ်တွေ ကလည်း လိုလားတယ်။ ပြည်သူတွေကလည်း လိုလားတယ်။ ဒါကြောင့် ဝင်လာဖို့ ကျွန်တော်တို့ တောင်းဆိုတယ်။ လက်မှတ်ထိုးကြတယ်။"
NLD က တောင်းဆိုထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ ကျမ်းသစ္စာ ကျိန်ဆိုရမယ့်စာသား ပြင်ဆင်ရေးအတွက် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက အဆိုပြုရေးနဲ့ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းက ထောက်ခံရေးကိစ္စတွေကို လွှတ်တော်တွင်းမှာ လတ်တလောရှိနေတဲ့ တိုင်းရင်းသားနဲ့ ဒီမိုကရေစီအင်အားစု ပါတီတွေက လွှတ်တော်အမတ်တွေရဲ့ အင်အားနဲ့ ဖြစ်မြောက်အောင် ဆောင်ရွက်ဖို့ မလွယ်ကူဘူးလို့လည်း ဒေါက်တာ ဗညားအောင်မိုးက ပြောပါတယ်။
RFA (မြန်မာပိုင်း)