This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, July 8, 2013

မလေးရှားတွင် မြန်မာ တစ်ဦး ထပ်မံ အသတ်ခံရ

ထက်ဖုန်းကို:
(နိရဉ္စရာ- ၇ ဇူလိုင် ၂၀၁၃)

မလေးရှား နိုင်ငံတွင် နောက်ထပ် မြန်မာ တစ်ဦး ထပ်မံ အသတ်ခံရသည်ဟု မလေးရှားမှ လာသော သတင်းများအရ သိရှိရသည်။

အသတ်ခံရသူမှာ မလေးရှားတွင် ကားပြင်ဆရာ အဖြစ် လုပ်ကိုင်နေသူ ရန်ကုန်မြို့မှ ကိုရဲဝင်းထွန်း အသက် (၃၃)နှစ် ဖြစ်သည်။

ကိုရဲဝင်းထွန်းသည် ကားပြင် ၊ ဆေးမူတ်စက်ရုံ ဆူဗန်းမေဝတွင် အလုပ်လုပ်ကိုင်နေသူ ဖြစ်ပြီး ဇူလိုင်လ ၅ ရက်နေ့ ည ၁၁ နာရီကျော်တွင် အိမ်ပြန်မလာသဖြင့် ဇနီးဖြစ်သူမှ ဖုန်းဆက်သောအခါ ကိုရဲဝင်းထွန်းမှ မိမိမှာ ဆူဗန်းဂျာရာရှိ Summit Five Star Hotel ရှေ့တွင် စက်စမ်း မောင်းနေစဉ် ကားစက်ပျက်နေသဖြင့် တစ်ဦးတည်း ကားပြင်နေရကြောင်းနှင့် ဇနီးသည်အား စိတ်မပူရန် ပြန်လည် ပြောကြားခဲ့သည်ဟု ဆိုသည်။

၎င်းနောက်ပိုင်း ဇနီး ဖြစ်သူ မမေသန်းမှ စိုးရိမ်လာရာ ဇူလိုင်လ ၆ ရက်နေ့ နံနက် လင်းအားကြီး အချိန် ညဉ့် (၁) နာရီခန့်တွင် ထပ်မံ၍ ဖုန်းဆက်သောအခါ ကိုရဲဝင်း ကိုင်ဆောင်သော ဖုံးနှစ်လုံးမှ တစ်လုံးသာ ခေါ်၍ရပြီး ကျန်တစ်လုံးမှာ ခေါ်၍မရတော့ဟု ဆိုသည်။ ခေါ်ဆို၍ရသော ဖုံးမှလည်း လက်ခံစကား ပြောမည့်သူ မရှိကြောင်း သိရသည်။

ထို့နောက် မိသားစုများမှ စိုးရိမ်၍ ၄င်း စက်စမ်း မောင်းနေသော ကားပျက်ရာ နေရာသို့ တစ်အိမ်တည်း နေသူ ဦးလေးဖြစ်သူ အပါအ၀င် မိသားစုများက လိုက်လံ ရှာဖွေရာ မတွေ့ရှိခဲ့ကြောင်း သိရသည်။

၎င်းနေ့လည် ၁၂ နာရီခန့်မှ ကိုရဲထွန်းဝင်းအား သူကားစက်စမ်းရာ ရေမြောင်းထဲတွင် ဓါးဒဏ်ရာ (၇) ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်ဟု မိသားစုက ဆိုသည်။

ယခုအခါ ကပုန်း(၇)ရက် သားသမီနာရေး ကူညီမှု့အသင်း ဥက္ကဌ ဦးစန်းဝင်းနှင့် မြန်မာနိုင်ငံသားများ အတွက် ကူညီဆောင်ရွက်ပေးနေသော (မလေးရှား) နိုင်ငံ သား Dato Dr Riches Tan နှင့် အဖွဲ့ ဝင်များ၏ အကူအညီဖြင့် မလေးရှား ရဲတပ်ဖွဲ့သို့ ချက်ခြင်းအကြောင်းကြားပြီး အလောင်းကို ဆူဗန်းဂျာရာ မြိုမှ PJ ယူနီဗာစတီ ဆေးရုံသို့် ဆေးစစ်ရန် ပို့ဆောင်ထားသည်ဟု သိရပါသည်။

ကိုရဲထွန်းဝင်း၏ နေရပ်မှာ အမှတ်(၄၀၄)၊ သုမာလာ ၉ လမ်း၊ ( ၂ ) ရက်ကွပ်၊ မြောက်ဥက္ကလာပ၊ ရန်ကုန်ဟု သိရပါသည်။ သူသည် 6P စီမံချက်ဖြင့်ထုတ်ပေးသော ပါတ်စ်ပို့စာအုပ် ပါမစ်ဖြင့် မလေးရှားတွင် နေထိုင်သည်မှာ ၁၀နှစ်ကျော်ခန့် ရှိသည်ဟု သိရပါသည်။

ယခုလအတွင်း တန်ဖိုးနည်း GSM လိုင်းကတ်များ ချပေးဖွယ်ရှိ


တန်ဖိုးနည်း ငွေကျပ် ၁၅ဝဝ တန် GSM ဖုန်းလိုင်းကတ်များကို ယခုလ အတွင်း WCDMA လိုင်းကတ်များနှင့် တွဲ၍ ချပေးသွားနိုင်ဖွယ်ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

တန်ဖိုးနည်း CDMA 800 MHz ဖုန်းလိုင်းကတ်များကို ဧပြီလ အတွင်းက စတင် ချပေးခဲ့ပြီးနောက် မေလအတွင်းက ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ တစ်ခု၌ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ''ကျွန်တော်တို့ စီစဉ်ထား
တာက ပထမ CDMA 800 ချထားပေးမယ်။ ပြီးရင် GSM လိုင်းတွေ ချထား ပေးမလို့ပါ။ အခု လက်ရှိမှာက CDMA 800 လိုင်းတွေက အများကြီး ကျန် နေသေးတဲ့အတွက် GSM လိုင်းကို မချသေးတာပါ။ နောက်နှစ်လ လောက်ဆိုရင် လိုင်းချောင်တဲ့ နေရာတွေမှာ GSM နဲ့ WCDMA ဖုန်း
လိုင်းတွေချထားပေး မှာပါ'' ဟု ပြောကြားခဲ့သည်။

မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း MEC ဘက်မှ မိုဘိုင်းလ်ဖုန်းများ ချထားပေးရာတွင် တစ်လလျှင် အလုံးရေ သုံးသိန်းခွဲဖြင့် သုံးလ ချထားပေးမည်ဟု သဘောတူ ထားကြောင်း အဆိုပါ ဌာနမှ သိရသည်။

GSM ဖုန်းလိုင်း ကတ်များကို တစ်လလျှင် အရေအတွက် သုံးသိန်းခွဲဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ရောင်းချ ပေးသွားမည် ဖြစ်ပြီး ဇူလိုင်လတွင် စတင် ရောင်းချ ပေးသွားနိုင်ရန် စီစဉ်ထားလျက် ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားခဲ့သည်။

နိုင်ငံတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး များ၌ ဖုန်းလိုင်း ကျပ်ခြင်းများ မရှိစေရန် BDS တယ်လီဖုန်း တာဝါ တိုင်ဖြင့် တိုးချဲ့ တပ်ဆင်ရမည် ဖြစ်ပြီး လက်ရှိတွင် BDS တယ်လီဖုန်း တာဝါတိုင်ပေါင်း နှစ်ထောင်ကျော် တပ်ဆင် ထားကြောင်း သိရသည်။

မြ၀တီ

Thit Htoo Lwin - News

Resolution Modifier (LCD Density Modder Pro) နဲ့ ဖုန်း LCD ရဲ့ Resolution ကို မြှင့်ရအောင်

 

Resolution Modifier (LCD Density Modder Pro) ဟာ Android ဖုန်းတွေမှာ Monitor( LCD Display ) တွေရဲ့ Resolution ကို မြှင့်တင်ပေးနိုင်တာကြောင့် ယခင်ထက်ရုပ်ထွက်ကြည်လင်ပြတ်သားတာကို   တွေ့ရမှာဖြစ်ပါတယ်.. သာမန်အားဖြင့် Resolution ဟာ Graphic Card ရဲ့ အရည်အသွေးနဲ့ဆိုင်တာမှန်ပေမယ့် ဒီ App ကတော့ Graphic ပစ္စည်းက ထုတ်လုပ်လိုက်တဲ့ Pixel ကို တိုးပေးလိုက်တာကြောင့် Resolution ဟာ ပိုမိုကောင်းမွန်လာတာဖြစ်ပါတယ်.. တကယ်သုံးကြည့်တာ သိပ်မသိသာဘူးထင်ရပေမယ့် အရင်ထက် ပိုမို စိုပြေတောက်ပလာတာကို လက်တွေ့ခံစားကြည့်နိုင်ပါတယ်. ဒီ App ကိုသုံးမယ်ဆိုရင် ဖုန်းက Root Access ရှိရမှာဖြစ်ပြီး Support ပေးတဲ့ ဖုန်းအမျိုးအစားတွေကတော့ Galaxy Nexus and Android ICS တွေပဲဖြစ်တာကြောင့် တစ်ခြား ဖုန်းအမျိုးအစားတွေအတွက်တော့ စိတ်မကောင်းပါဘူး...

အဆင်ပြေပါစေ..

မောင်ပေါက် ( www.maungpauk.org )


Read more »

ဒိုင်က ကစားသမား တစ်ဦးကို ဓါးနဲ့ ထိုးသတ်ပြီး၊ ပရိတ်သတ်က ဒိုင်ကို ခေါင်းပြန်ဖြတ်တဲ့ ဘောလုံးပွဲ




ဘရာဇီး နိုင်ငံ အပျော်တမ်း ဘောလုံးပွဲ တစ်ပွဲတွင် ကစားသမားကို ကွင်းလယ်ဒိုင်က အသင့်ယူဆောင်လာသော ဓါးဖြင့် ထိုးသတ်ခဲ့သောကြောင့်၊ အသတ်ခံရသည့် ကစားသမား၏ မိတ်ဆွေ(၀ါ) မိသားစုဟု ယူဆရသူ ပရိတ်သတ် တစ်ဦးက အဆိုပါ ကွင်းလယ်ဒိုင်ကို ခေါင်းဖြတ်သတ်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
မာရင်ဟာအိုရှိ Pius XII ကွင်းတွင် ယှဉ်ပြိုင် ကစားသွားခဲ့ကြသည့် အပျော်တမ်း ဘောလုံးပွဲတွင် ကွင်းလယ်ဒိုင် ဖြစ်သူက အသက်(၂၀)နှစ် အရွယ် အောက်တာဗီအို ဒါဆေးလ်ဗားအား အနီကဒ်ပြ ထုတ်ပယ်ခဲ့သည်။ သို့သော်လည်း အဆိုပါ ကစားသမားက ကွင်းတွင်းမှ ထွက်ခွာရန် ငြင်းဆန်ခဲ့သလို၊ ကွင်းလယ်ဒိုင်အား စတင် တိုက်ခိုက်ခဲ့ကြောင်း Correio24horas ကဖော်ပြသွားခဲ့သည်။ ထို့ကြောင့် ကွင်းလယ်ဒိုင်က အသင့်ယူဆောင် လာသော ဓါးဖြင့် ကစားသမားအား ထိုးသတ်လိုက်သည်။ ထိုအချိန်တွင် ဓါးဖြင့် အထိုးခံလိုက်ရသည့် ကစားသမား၏ မိတ်ဆွေ(၀ါ) မိသားစုဟု ယူဆရသူများက ကွင်းတွင်းသို့ ပြေးဝင်လာပြီး ကွင်းလယ်ဒိုင်အား ခဲဖြင့် ၀ိုင်းဝန်း ပစ်ပေါက်ခဲ့ ကြသည်။ 
ထိုပရိတ်သတ်ထဲမှ တစ်စုံတစ်ယောက်က ကွင်းလယ်ဒိုင် အသုံးပြုခဲ့သည့် ဓါးကို ကောက်ကိုင်ပြီး ကွင်းလယ်ဒိုင်၏ လည်ပင်းကို လှီးကာ ခေါင်းဖြတ်ခဲ့သည်။ အဆိုပါ ဦးခေါင်းပြတ်ကိုလည်း ဆူးချွတ်ဖြင့် ထောက်ပြီး ကွင်းတွင်း စိုက်ထူ ခဲ့သည်။ အဆိုပါ ဒေသမှ ရဲမှုးကြီးက - "မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုအရ ဒီကိစ္စမှာ ပါဝင်ပတ်သက်ခဲ့တဲ့ သူတွေအားလုံးကို ဖမ်းဆီးစစ်ဆေးသွားမှာပါ" ဟု ပြောကြား သွားခဲ့ပြီး၊ ခေါင်းဖြတ်ခဲ့သည့် တရားခံဟု ယူဆရသူ တစ်ဦးကိုလည်း သိရှိထားပြီး ဖြစ်ကာ၊ စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း ရဲမှုးကြီးက ပြောကြားသွားခဲ့သည်။
Ref: Daily Mail
Written by အောင်ဇော်လတ်(မိုးနဲ)

iPad mini ကို Samsung ပစ္စည်းများဖြင့် ပြုလုပ်ထားကြောင်း

iPad mini ကို Samsung ပစ္စည်းများဖြင့် ပြုလုပ်ထားကြောင်း
 
iFixit အမည်ရ နည်းပညာ ဝဘ်ဆိုဒ် တစ်ခုက ထုတ်ဖော်ခဲ့ခြင်း ဖြစ်ပါတယ်။ iPad mini ကို တစ်စစီ ဖြုတ်ကာ လေ့လာခဲ့ခြင်း ဖြစ်ပြီး Samsung က ကုန်ပစ္စည်း နှစ်ခုတွေ့ရှိခဲ့ပါတယ်။
ယင်းကတော့ iPad mini ရဲ့  1024 x 768 pixels resolution ရှိတဲ့ LCD Display နဲ့ stereo speakers ဖြစ်ပါတယ်။ Samsung ထုတ်ကုန် နှစ် မျိုး ဖြစ်ပြီး Apple မှ ကန်ထရိုက်နဲ့ မှာယူနေ တာ ဖြစ်ပါတယ်။ စာချုပ် သက်တမ်း ကလည်း ရှိနေသေးတဲ့အတွက် မှာယူနေရပါသေးတယ်။ ကုန်ကြမ်းလည်း ရှားတဲ့အတွက် ဖြစ်ပါတယ်။ LG နဲ့ Sharp တို့ဆီက လည်း Display မှာယူပေမယ့် Samsung ဆီက ယူရတာလည်း ရှိနေသေးလို့ ဖြစ်ပါ တယ်။
လက်ရှိ တရားရုံးမှာလည်း ပြိုင်ဆိုင်မှုတွေ ဆက်တိုက် ဖြစ်ပေါ်နေပြီး Samsung ကုန်ပစ္စည်း သုံးစွဲနေရမှုအပေါ် Apple ကလည်း မရပ်တည် ချင်တော့သလို Samsung ကလည်း လက်တွဲဖြုတ် ချင်နေပြီ ဆိုတာ လူတိုင်း သိနေပါတယ်။ သို့ပေမယ့် Apple ရဲ့  အကောင်းဆုံး ကုန်ပစ္စည်းများမှာ Samsung ရဲ့  ပစ္စည်းများ အသုံးပြုနေရတာတော့ ငြင်းမရတဲ့ အခြေအနေ အခြေအနေ တစ်ခု ဖြစ်ကြောင်း သိရပါတယ်။
----

Ref: pocketlint.
 
ရိုးရာလေး

ဖုန်း Massage ပို့ခြင်း ဆက်စပ် ဆိုးကျိုးများ

နယ်သာလန်နိုင်ငံမှလူ့ခန္ဓာကိုယ်ပြတိုက်ကြီး


အခုတင်ပြမယ့် ပြတိုက်ကြီးက လူ့ခန္ဓာကိုယ်အထဲမှာ ရှိတဲ့ ကိုယ်တွင်းအင်္ဂါတွေကို
ပုံစံတူဖန်တီးပြသတဲ့ နေရာပါ။ ဟော်လန်နိုင်ငံ(နယ်သာလန်) အော်စတီဂျက်(city of Oegstgeest) တွင်တည်ရှိပြီး ၂၀၀၈ ခုနှစ်တွင် နယ်သာလန်ဘုရင်မကြီးကိုယ်တိုင်ဖွင့်လှစ်ပေးခဲ့ပါတယ်။

လူတစ်ယောက်ခွထိုင်နေတဲ့ ခြေထောက်နှစ်ချောင်းကြားကနေ ၀င်သွားလိုက်တာနဲ့
လူ့ခန္ဓာကိုယ်၏ ကိုယ်တွင်းအင်္ဂါ အကြီးစားတွေကိုတွေ့မြင်ရမှာပါ။
ပြတိုက်ကြီးဟာ ၁၁၅ ပေ မြင့်ပါတယ်။ဒီဧရာမ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို
ဖန်မျှင်ထည်တွေနဲ့ တည်ဆောက်ထားပါတယ်။ပြီးတော့တစ်ချို့အစိတ်အပိုင်းတွေမှာ
ခန္ဓာကိုယ်အစစ်ကဲ့သို့ တုံပြန်မှုများကိုလည်း ခံစားရအောင် ဖန်တီးထားပါတယ်။
ဥပမာ နှာခေါင်းကြီးအတွင်းကို တက်ရောက်သွားရင် နှာချေလိုက်တဲ့လေတိုးမှုကို
ခံစားရမှာဖြစ်ပါတယ်။ပြီးတော့ ရာဘာနှင့်ပြုလုပ်ထားတဲ့ လျှာအပြားကြီးပေါ်ကို
တက်ခုန်လိုက်ရင် အေ့ ခနဲလေချဉ်တက်လိုက်တဲ့ အသံအကျယ်ကြီးကို လျှာအောက်က
ပေါ်ထွက်လာမှာပါ။

 
 


ဒီအထဲကိုရောက်သွားရင် ကိုယ်တွင်းအင်္ဂါ အသဲ ၊ အဆုတ် ၊ နှလုံး ၊ ကျောက်ကပ်စသည်တို့ကို
အနီးကပ် ကြီးမားစွာတွေ့မြင်ရပြီး ကိုယ်ကိုတိုင်ကတော့ လူသေးသေးလေးဖြစ်သွားသလား
ခံစားရမှာပါ။ဒီပြတိုက်အမျိုးအစားတွေထဲမှာတော့ ဒီပြတိုက်ကြီးက ပထမဆုံးအောင်မြင်စွာ
ဖွင့်လှစ်ခဲ့တာပါ။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ.........................နေခရမ်း

ကိုရီးယားခရီးသည်တင်လေယာဉ်ပျက်ကျမှု ၂ ဦးသေဆုံး


ဆန်ဖရန်ဆစ္စကို (San Francisco) လေဆိပ်မှာ စနေနေ့က ပျက်ကျခဲ့တဲ့ Asiana လေကြောင်းလိုင်းပေါ်မှာ လိုက်ပါလာသူ ခရီးသည် ၂ ယောက် သေဆုံးပြီး ၁၈၀ ကျော် ထိခိုက်ဒဏ်ရာ ရသွားပါတယ်။ အဆင်းမှာ ပျက်ကျသွားခဲ့တဲ့ Boeing 777 လေယဉ်ပေါ်မှာ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၃၀၀ ကျော် ပါပါတယ်။

ဒီလေယာဉ်ဟာ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကနေ စတင်ထွက်ခွာ ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံ ဆိုးလ် (Seoul) မြို့တော်မှာ တထောက်နားကာ အမေရိကန်ပြည်ထောင်စု အနောက်ဘက် ကယ်လီဖိုးနီးယား (California) ပြည်နယ် ဆန်ဖရန်ဆစ္စကို မြို့ကို ပျံသန်းလာတာဖြစ်ပါတယ်။

လေယာဉ်ပေါ် ပါလာကြသူ အများစုဟာ တရုတ်၊ တောင်ကိုရီးယားနဲ့ အမေရိကန် လူမျိုးတွေဖြစ်ကြပါတယ်။ သေဆုံးသွားသူ ၂ ယောက် ဟာ လေယာဉ် အနောက်ခြမ်းမှာထိုင်တဲ့ တရုတ်လူမျိုးခရီးသည်တွေ ဖြစ်တယ်လို့ တောင်ကိုရီးယား လေကြောင်းလိုင်း Asiana က ပြောပါတယ်။ ၂ ယောက်လုံးဟာ ဆယ်ကျော်သက် မိန်းကလေးတွေ ဖြစ်ကြပါတယ်။

လေယဉ်ပျံဟာ ပြေးလမ်းပေါ်အဆင်း လေယာဉ်အမြီးနဲ့ ပြေးလမ်း ထိမိခဲ့ပုံရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ လေယာဉ်ရဲ့ အမြီးပိုင်းပြတ်သွားခဲ့ပြီး၊ လေယာဉ်ပျံ မီးစွဲလောင်ကာ ကြမ်းကြမ်းတမ်းတမ်း ခုန်ပေါက်ပြီးနောက်မှ ရပ်သွားခဲ့တာဖြစ်ပါတယ်။ လေယာဉ်ပျက်ကျ ပြီးနောက် တွေ့ရတဲ့ ဓါတ်ပုံတွေထဲမှာ အမြီးမပါတဲ့ လေယာဉ်ရဲ့ အပေါ်ခြမ်း ပွင့်နေပြီး လူထိုင်တဲ့ နေရာတော်တော်များများ မီးလောင်ပျက်စီးနေ ပါတယ်။ လေယာဉ် အပျက်အစီးစတွေ ပြေးလမ်းပေါ်မှာ ပြန့်ကြဲနေ တာလည်း တွေ့ရပါတယ်။

ရာသီဥတု ကောင်းမွန်နေတဲ့ကြားက ဘာကြောင့် လေယာဉ်ပျက်ကျသလဲ ဆိုတာကို စုံစမ်းဖို့အတွက် စုံစမ်းစစ်ရေးအဖွဲ့တွေလည်း ဆန်ဖရန်ဆစ္စကို မြို့ကို ရောက်နေကြပါပြီ။ လေယာဉ်မှူးခန်းထဲက လာတဲ့ Signal တွေအရလည်း လေယာဉ်ပျက်မကျခင် ဒုက္ခရောက်နေတဲ့ လက္ခဏာ မတွေ့ရပါဘူး။ ဒါပေမဲ့ လေယာဉ်ပေါ် ပါလာသူတွေရဲ့ အပြောအရ လေယာဉ်ဆင်းတာ နိမ့်လွန်းတယ်လို့ ပြောကြပါတယ်။ ပြေးလမ်းနဲ့ မထိခင်မှာ လေယာဉ်မှူးက အပေါ်ကို ပျံတက်ဖို့ ကြိုးစားခဲ့ပုံရတယ်လို့ ခံစားရကြောင်း ပြောပြကြပါတယ်။

လေယာဉ်ပျံမှာရော လေယာဉ်အင်ဂျင်စက်မှာပါ စက်ချို့ယွင်းတယ်လို့ မယုံကြည်ကြောင်း ဒီကနေ့ တနင်္ဂနွေနေ့မှာလုပ်တဲ့ သတင်းစာရှင်းပွဲမှာ Asiana လေကြောင်း အမှုဆောင်အရာရှိချုပ် Yoon Young-doo ကပြောပါတယ်။ လေယာဉ်မှုးရဲ့ အားနည်းချက်ကြောင့် လေယာဉ်ပျက်ရတာ လို့လည်း သူက တိုက်ရိုက် မဝန်ခံပါဘူး။ လေယာဉ်မှူးခန်းထဲက Pilot တွေဟာ လေယာဉ်ပျံသန်းမှု အတွေ့အကြုံကို နာရီပေါင်း ထောင်ပေါင်းများစွာ ရှိသူတွေဖြစ်တယ်လို့ ပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

Thit Htoo Lwin - World News

ဗုဒ္ဓဂါယာပေါက်ကွဲမှု အကြမ်းဖက်တိုက်ခိုက်မှုဟု ပြည်နယ် ပြည်ထဲရေးဝန်ကြီးပြော


။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အိန္ဒိယနိုင်ငံ ဘီဟားပြည်နယ်ရှိ ဗုဒ္ဓဂါယာအရပ် မဟာဗောဓိစေတီတော်၌ တနင်္ဂနွေနေ့နံနက်၌ ဗုံး ၉လုံး ဖောက်ခွဲရန် အကြမ်းဖက်သမားများက ကြံစည်ခဲ့ပြီး ဗုံး ၄လုံးမှာ စေတီတော်အတွင်း၌ ပေါက်ကွဲခဲ့သည်ဟု Times of India သတင်းစာက ဆိုသည်။

မပေါက်ကွဲသေးသော ဗုံး ၃လုံးကို ကာမပ ဘုန်းကြီးကျောင်းအတွင်း ထောင်ထားခြင်းဖြစ်ပြီး ဥာဏ်တော်အမြင့်ပေ ၈ဝရှိသော ဗုဒ္ဓရုပ်ပွားတော်မြတ်အနီး နောက်ထပ် ၂လုံးကိုမူ မပေါက်ခွဲခင် ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ပေါက်ကွဲမှုမှာ နံနက် ၅နာရီခွဲနှင့် ၆နာရီအတွင်း ဖြစ်ပွားခဲ့ပြီး ခရီးသွားတိုးရစ် ၂ဦး၊ မြန်မာတစ်ဦးနှင့် တိဘက်တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ထားရသည်ဟု ဆိုသည်။

ပြည်နယ် ပြည်ထဲရေးဝန်ကြီး အာနေးလ် ဂေါ့စ်ဝါမီက ဗုဒ္ဓဂါယာပေါက်ကွဲမှု သည် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း အတည်ပြု ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံအတွင်း ဘာသာရေး၊ လူမျိုးရေးအပေါ် အခြေခံသည့် အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများပေါ်ပေါက်ပြီးနောက်ပိုင်း ဗုဒ္ဓဂါယာမှာ ပစ်မှတ်ထားတိုက်ခိုက်ခံရနိုင်သည်ဆိုသည့် ထောက်လှမ်းရေးသတင်းများ ရရှိခဲ့ခြင်းကြောင့် ပြည်နယ်လုံခြုံရေးများ စောင့်ကြည့်နေဆဲမှာပင် ဗုံးခွဲမှုပေါ်ပေါက်ခြင်းဖြစ်သည်ဟု ရဲချုပ်က ဆိုသည်။

ဗုံးခွဲမှုကြောင့် မဟာဗောဓိစေတီတော်လည်း ထိခိုက်မှုမရှိဘဲ ပရိဘောဂများသာ ပျက်စီးခဲ့ကြောင်းနှင့် ဗုဒ္ဓမြတ်စွာ သဗ္ဗညုတဥာဏ်တော်ရရှိခဲ့ရာ မဟာဗောဓိညောင်ပင်လည်း ထိခိုက်မှုလုံးဝမရှိခဲ့ကြောင်း ပြည်နယ်အရာရှိများကဆိုသည်။

Kamayut Media
Breaking News

ဗုဒ္ဓဂယာတွင် ယနေ့နံနက်ပိုင်း၌ ဗုံးပေါက်ကွဲ
============================

M-Media
ဇူလိုင်လ ၇ ရက်၊ ၂၀၁၃

ဗုဒ္ဓဂယာတွင် ယနေ့နံနက်တွင် ပေါက်ကွဲမှု ၉ ကြိမ် (အများဆုံး ခန့်မှန်း ချက်) ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုပေါက်ကွဲမှုများကြောင့် အနည်းဆုံး လူငါးဦး ဒဏ်ရာရရှိပြီး တစ်ဦးမှာမူ ပြင်းထန်ကြောင်း zee news သတင်း က ဖော်ပြသည်။ အစဉ်လိုက်ပေါက်ကွဲမှုများမှာ မဟာဗောဓိ ဘုရားအ၀န်း အ၀ိုင်းအတွင်း ဖြစ်ခဲ့ခြင်းဖြစ်သည်။

သတင်းအချက်အလက်များရ ဘုရားအဆောက်အဦ ပျက်ဆီးခြင်း မရှိကြောင်း၊ အရေးပေါ် စုံစမ်းရေးနှင့် ဗုံးကျွမ်းကျင် သူများပါဝင်သည့် အဖွဲ့များသည် အခင်းဖြစ်ရာသို့ အလျင်အမြန်သွားရောက် ခဲ့ကြောင်း၊ ထောက်လှမ်းရေးမှ သတင်းပေးပို့ချက်အရ ဒေသခံရဲ ၀န်ထမ်းများလည်း လုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပေါက်ကွဲမှုသုံးကြိမ်မှာ တုရဂ္ဂီဘုရားကျောင်းဝန်းအတွင်းဖြစ်ပြီး ထိုဘုရားကျောင်းမှာ မဟာယနဗုဒ္ဓဘာသာဝင်တို့အထွတ်အမြတ်ထားရာ ဘုရားကျောင်းဖြစ်သည်။ ရဲအရာရှိများ၏ပြောပြချက်အရ ထိုဘုရား ၀န်းအတွင်း မပေါက်ကွဲသေးသည့် ဗုံး ၂ လုံးတွေ့ ရှိကြောင်း၊ ပေါက်ကွဲမှုများမှာ ၂ မိနစ်ခြားတစ်ခါ ဖြစ်ခဲ့ကြောင်း၊ ပထမဆုံးပေါက်ကွဲမှုမှာ နံနက် ၅.၃၀ နာရီတွင်ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ ဘီဟားရ်ပြည်နယ်အကြီးအကဲဖြစ်သူ နိတိရှ်ကုမားရ် သွားရောက်နေပြီဖြစ်ကြောင်းလည်း သိရပြီး ထောက် လှမ်းရေး ကမူ မြန်မာပြည် ဂယက်ကြောင့် ထိုသို့ တိုက်ခိုက်ခံ ရခြင်းဖြစ်နိုင်ကြောင်း သတိပေး ပြောကြားခဲ့သည်။

Ref: zeenews