Monday, July 8, 2013

iPad mini ကို Samsung ပစ္စည်းများဖြင့် ပြုလုပ်ထားကြောင်း

iPad mini ကို Samsung ပစ္စည်းများဖြင့် ပြုလုပ်ထားကြောင်း
 
iFixit အမည်ရ နည်းပညာ ဝဘ်ဆိုဒ် တစ်ခုက ထုတ်ဖော်ခဲ့ခြင်း ဖြစ်ပါတယ်။ iPad mini ကို တစ်စစီ ဖြုတ်ကာ လေ့လာခဲ့ခြင်း ဖြစ်ပြီး Samsung က ကုန်ပစ္စည်း နှစ်ခုတွေ့ရှိခဲ့ပါတယ်။
ယင်းကတော့ iPad mini ရဲ့  1024 x 768 pixels resolution ရှိတဲ့ LCD Display နဲ့ stereo speakers ဖြစ်ပါတယ်။ Samsung ထုတ်ကုန် နှစ် မျိုး ဖြစ်ပြီး Apple မှ ကန်ထရိုက်နဲ့ မှာယူနေ တာ ဖြစ်ပါတယ်။ စာချုပ် သက်တမ်း ကလည်း ရှိနေသေးတဲ့အတွက် မှာယူနေရပါသေးတယ်။ ကုန်ကြမ်းလည်း ရှားတဲ့အတွက် ဖြစ်ပါတယ်။ LG နဲ့ Sharp တို့ဆီက လည်း Display မှာယူပေမယ့် Samsung ဆီက ယူရတာလည်း ရှိနေသေးလို့ ဖြစ်ပါ တယ်။
လက်ရှိ တရားရုံးမှာလည်း ပြိုင်ဆိုင်မှုတွေ ဆက်တိုက် ဖြစ်ပေါ်နေပြီး Samsung ကုန်ပစ္စည်း သုံးစွဲနေရမှုအပေါ် Apple ကလည်း မရပ်တည် ချင်တော့သလို Samsung ကလည်း လက်တွဲဖြုတ် ချင်နေပြီ ဆိုတာ လူတိုင်း သိနေပါတယ်။ သို့ပေမယ့် Apple ရဲ့  အကောင်းဆုံး ကုန်ပစ္စည်းများမှာ Samsung ရဲ့  ပစ္စည်းများ အသုံးပြုနေရတာတော့ ငြင်းမရတဲ့ အခြေအနေ အခြေအနေ တစ်ခု ဖြစ်ကြောင်း သိရပါတယ်။
----

Ref: pocketlint.
 
ရိုးရာလေး

0 ကွန်မန့်ရေးရန်:

Post a Comment