This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, June 5, 2013

နို့ဖိတ်သဖြင့် ၇ နှစ်သားကို ကျောက်ခဲနှင့်ပစ်သတ်


အသက် ၇ နှစ်အရွယ်ကျောင်းသားလေးကို မိမိတို့ကိုယ်ပေါ်တွင် နို့ဖိတ်ကျရန် ပြုလုပ်သဖြင့် ကျောက်ခဲနှင့် ပစ်သတ်သည့်ဖြစ်ရပ်တစ်ခု တရုတ်ပြည်တွင် ဖြစ်ပွားခဲ့သည်။
၇ နှစ်ကျောင်းသားလေးကို အသက် ၂၁ နှစ်အရွယ် ကျောင်းသားနှင့် အသက် ၁၅ နှစ်အရွယ် ကျောင်းသူတို့က သူတို့အဝတ်အစားများပေါ်သို့ နို့ဖိတ်ကျစေရန် ပြုလုပ်သဖြင့် ထိုသို့ကျောက်တုံးနှင့် ပေါက်သတ်ရခြင်းဖြစ် ကြောင်း
တရုတ်နေ့စဉ်သတင်းစာတစ်စောင်တွင် ရေးသားထားသည်။
ကျောင်းသားလေးသည် နေ့လည် ၁ နာရီခန့်အချိန်တွင် သူ့ဖခင် ဓာတ်ပုံဆိုင်ဖွင့်ထားသည့် ဆိုင်ရှေ့တွင် ကစားနေစဉ် ပြစ်မှုကျူးလွန်သူ ကျောင်းသားနှစ်ယောက်က သူ့နံဘေးမှ ဖြတ်သွားကြသည်။ ကျောင်းသားလေး သောက်နေသည့် နို့ဘူးသည်မှောက်ပြီး ထိုကျောင်းသားနှစ်ယောက်အဝတ်အစားများကို ပေကျံသွားခဲ့သည်။
ကျောင်းသားနှစ်ယောက်က ထိုကလေးကို သူတို့နှင့်အတူ တောအုပ်ထဲလိုက်ခဲ့ရန် လှည့်ဖြားခေါ်ဆောင်သွားပြီး နောက် ကလေး၏မျက်နှာကို အဝတ်ဖြင့်ပတ်ပြီး ကျောက်တုံးဖြင့် ပစ်ခတ်ခဲ့ကြခြင်းဖြစ်သည်။
ကလေးမိဘများက ကလေးပျောက်သဖြင့် ရဲစခန်းသို့တိုင်ကြားခဲ့ကြသည်။ လူစုပြီး ကလေးပျောက်ရှာကြရာ တောအုပ်ထဲတွင် ကလေးအလောင်းကို တွေ့ခဲ့ကြရသည်။ ကလေးသည် ဦးခေါင်းတွင် အပြင်းအထန်ဒဏ်ရာ ရပြီး သေဆုံးသွားကြောင်း ရဲများကဆိုသည်။
ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သည့် ကျောင်းသူကို ည ၇ နာရီအချိန်တွင် ဖမ်းမိခဲ့သည်။ မျက်မြင်သက်သေများက ကလေးကို သူတို့ခေါ်သွားကြောင်း ထွက်ဆိုခဲ့ကြသည်။ မိန်းကလေးသည် ပြစ်မှုကျူးလွန်ခဲ့ကြောင်း ရဲစခန်းတွင် ဝန်ခံခဲ့ပြီး၊ ပူးတွဲပြစ်မှုကျူးလွန်သည့် ကျောင်းသားမှာ မိုင် ၂၀ ခန့်အကွာ မြို့တစ်မြို့ကို ထွက်ပြေးသွားသော် လည်း ပြန်လည်ဖမ်းဆီးမိခဲ့သည်။ အမှုမှန်ပေါ်ပေါက်ရေးအတွက် ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။
မောက္ခသတင်း

ဦးသိန်းစိန်ရဲ့ သမဝါယမစနစ် ဆိုရှယ်လစ်ကို ပြန်အသက်သွင်းတာလား

  ဆိုရှယ်လစ် ဆိုတာ ဘာလဲ ?  ဆိုရှယ်လစ် ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ဆို၇ှယ်လည်းဖြစ်ရော လစ်သွားတာ ကိုဆိုလိုသည် တဲ့ ( ဓါတ်ဆီ/ဓါတ်ဆံ) လူရွှင်တော်များ ပျက်လုံး ဖြစ်သည်
မေစစ်ပိုင်

ဇွန် ၂ရက်က သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းမှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်နိုင်ငံဖြစ်နေတာကြောင့် အခြေခံလူတန်းစားတွေဖြစ်တဲ့ တောင်သူလယ်သမားတွေနဲ့ လက်လုပ်လက်စား အလုပ်သမားတွေအတွက် သမဝါယမအသင်းတွေကတဆင့် အသေးစား ချေးငွေတွေ ထုတ်ပေးဖို့ စီစဉ်ပေးမယ်ဆိုလို့ ဆိုခဲ့ပါတယ်။

နိုင်ငံပိုင်သတင်းစာတွေမှာလည်း သမ္မတကြီးရဲ့ မိန့်ခွန်း အပြည့်အစုံနဲ့ သမဝါယမ အသင်းဝင်တွေရဲ့ ထင်မြင်ယူဆချက်တွေ ၊ အရစ်ကျစနစ်နဲ့ ရောင်းချပေးနေတဲ့ အနှေးယာဉ်ဆိုက်ကားတွေရဲ့ ဓာတ်ပုံတွေကိုလည်း ဝေဝေဆာဆာ ဖော်ပြပေးခဲ့ပါတယ်။

ဒီကိစ္စကို ဧရာဝတီက စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေး နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေကို သဘောထားတီးခေါက်ကြည့်တော့ သူတို့က သမ္မတကြီးနဲ့ သမဝါယမဝန်ကြီး ဦးကျော်ဆန်းတို့ရဲ့ လူထုလူတန်းစားပေါင်းစုံ စုဝေးပွဲဟာ မြန်မာ့ဆိုရှယ်လစ်ကာလကို ပြန်ပြောင်းမြင်ယောင်စေပြီး ထောက်ခံတင်ပြထားတဲ့ သမဝါယမစနစ် ဟာလည်း တန်းစီတိုးရပြီး နီးစပ်ရာ မျက်နှာသာပေးတဲ့ လွန်လေပြီးသော ဆိုရှယ်လစ်ခေတ်ကို အသက်သွင်းသလိုသာဖြစ်စေမှာမို့ ထိထိရောက်ရောက် ဖြစ်မယ်လို့ မထင်ကြောင်း ဆိုကြပါတယ်။

“ သမဝါယမ အသင်းတွေမှာက လာဘ်စားဖို့ပဲ စဉ်းစားနေကြတာ၊ ဝန်ထမ်းတွေက စနစ်တကျဖြစ်မယ် ဆိုရင် ဘယ်စနစ်နဲ့သွားသွားအောင်မြင်မှာပါ၊ တောင်သူတွေအတွက်ကလည်း မြေယာ ပြဿနာတွေ ကို မရှင်းဘဲ လယ်ယာမြေဥပဒေ တိတိကျကျ မထွက်ဘဲနဲ့တော့ အဆင်မပြေနိုင်ပါဘူး၊ သမ္မတကြီး စီစဉ်တာကောင်းပေမဲ့ လူတွေရဲ့ စနစ်မကျရင်တော့ ဘယ်လိုမှ ပြောင်းလဲလို့ ရမှာမဟုတ်ဘူး” လို့ ရန်ကုန်အဝေးသင်တက္ကသိုလ် ဘောဂဗေဒဌာန အငြိမ်းစား ပါမောက္ခ ဒေါက်တာမောင်မောင်စိုးက ပြောပါတယ်။

သမဝါယမအသင်းများဟာ စုဆောင်းငွေများ ပြန်မအပ်နိုင်ခြင်း၊ အသင်းပိုင်ပစ္စည်းများ ပျောက်ဆုံးနေခြင်း တို့ ကြောင့် လူများက ယုံကြည်မှုလျော့နေကြောင်း၊ အောက်ခြေအဆင့်ဝန်ထမ်းများကြောင့် အမှန်တကယ်လိုအပ်နေသူများထံ ငွေများ၊ ပစ္စည်းများ မရောက်တာမို့ တိုင်ကြားလာမှုများရှိကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဌ သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်ကလည်း ပြောပါတယ်။

“ သမ္မတကြီးက ဆင်းရဲနွမ်းပါးမှုလျော့ချမယ်ဆိုရင်တော့ အရင်သမဝါယမလို မဖြစ်ဖို့တော့ လိုအပ်လိမ့်မယ်။ သမဝါယမ ဝန်ကြီးကလည်း ပြန်ကြားရေးဌာနက လာတာဖြစ်တာကြောင့် သတင်းအချက်အလက်တွေကို အမှန်အတိုင်းသိအောင် လုပ်ပေးသင့်တယ်။ လုပ်ဆောင်ချက်တွေက အောက်ခြေအထိ တကယ်ရောက်ဖို့ လိုတယ်၊ ဒါဆိုရင်တော့ အခု ဆောင်ရွက်မယ့် ငွေချေးလုပ်ငန်းက မျှော်လင့်ချက်ထားလို့ရတာပေါ့။ မဟုတ်ရင် တော့ အရင်တိုင်းပဲပြန်ဖြစ် သွားနိုင်တယ်”လို့ ဦးသိန်းညွှန့်က ပြောပါတယ်။

သမဝါယမအသင်းများက ဝိုင်းကြီးချုပ်စနစ်ဖြင့် ငွေချေးပေးနေတယ်ဆိုပေမယ့် ဆင်းရဲနွမ်းပါးသူ လူထုအတွင်း မရောက်တာမို့ အများစုက ရပ်ကွက်များအတွင်း တရားမဝင် ငွေတိုးချေးဌားနေသူများထံမှာ အတိုးငွေ ကြီးကြီး ပေးနေရကြောင်း၊ ငွေတိုးချေးသူ နွမ်းပါးသူများ ငွေပြန်မဆပ်နိုင်ပါက ငွေချေးသက်သေခံလက်မှတ်ကို အတုပြုလုပ်ခြင်း၊ သက်သေခံ ငွေချေးလက်မှတ်မပါဘဲ တိုင်ကြားသော်လည်း တရားရုံးများက ငွေတိုးချေးသူများကို အနိုင်ပေးနေခြင်းများကြောင့် ဘဝပျက်နေသူ များပြားနေကြောင်း ဦးသိန်းညွန့်က ဆိုပါသေးတယ်။

“ မူဝါဒတွေ ချမှတ်တာများနေပေမယ့် အကောင်ထည်ဖော်တာက အားနည်းနေတယ်။ ပြည်သူတွေက အကျိုးခံစားရတာ မတွေ့သေးဘူး။ ပြောတော့ပြောပေမယ့် ရတဲ့သူရ မရတဲ့သူကမရနဲ့ ဆိုတော့ ထိရောက်မှုက မရှိဘူး။ အမိန့် ထုတ်နေတာတွေကလည်း အကောင်အထည်ဖော်နိုင်ရဲ့လားဆိုတာ ပြန်သုံးသပ်သင့်တယ်” လို့ တောင်သူလယ်သမားအသင်း ဥက္ကဌ ဒေါက်တာစိုးထွန်းကလည်း ပြောပါတယ်။

လယ်ယာမြေဆုံးရှုံးသူများကို ငွေကြေးထုတ်ပေးခြင်းထက် စံပြလယ်ယာမြေများ ပြန်လည်ဖော်ထုတ်ပေးတာက ငွေချေးပေးခြင်းထက် အကျိုးရှိနိုင်ကြောင်း သူက အကြံပြုပါတယ်။

သမ္မတဦးသိန်းစိန်က နိုင်ငံ့လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်ဟာ လယ်ယာလုပ်ငန်းနဲ့ ယင်းအပေါ် အခြေပြု နေရတဲ့ လက်လုပ်လက်စားများဖြစ်ကြောင်း၊ မြို့ပေါ်ရပ်ကွက်များတွင်လည်း ရရာလုပ်ငန်းများပေါ် မှီကာ လုပ်စားနေကြရတဲ့ နေ့စားသမားများဖြစ်နေကြောင်း၊ ငွေအရင်းအနှီး မရှိတဲ့အတွက် လစဉ်မတန်တဆ အတိုးကြီးပေးပြီး ငွေချေးဌားနေကြရတာမို့ အဆင်းရဲဆုံးဖြစ်နေတယ်လို့ လူထု တွေ့ဆုံပွဲမှာ ပြောပါတယ်။

ဒါပေမယ့် သုဝဏ္ဏကွင်း လူထုစုဝေးတွေ့ဆုံပွဲမှာ သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်းဝင်ထားတဲ့ အခြေခံလူတန်းစားများနှင့် စက်ရုံအလုပ်ရုံများမှ အလုပ်သမားများအတွက် အသေးစား ချေးငွေအဖြစ် ငွေကျပ်သန်း ၁၃၀၀ ကျော် ထုတ်ချေးရန်စီစဉ်ထားတယ်လို့ ဆိုတာမို့ သမဝါယမအသင်း မဝင်ထားတဲ့ နိုင်ငံတနံတလျားက ခေါင်းရွက်ဗျက်ထိုး ဆင်းရဲသားနင်းပြားတွေ၊ တောင်သူတွေ၊ လယ်ယာ အလုပ်သမားတွေဟာ ငွေချေးခွင့် ရကြမှာ မဟုတ်ပါ။

ဒါကြောင့် ဆင်းရဲမွဲတေမှုပပျောက်ရေး သမ္မတဦးသိန်းစိန်က ပြောပေမယ့် အောက်ခြေမှာ လက်တွေ့အကောင်အထည်ဖော်မှု အားနည်းနေကြောင်း၊ တောင်သူလယ်သမားများအတွက် ဥပဒေနဲ့ ကာကွယ်ပေးရန်တင်မက တကယ်ထိရောက်မှု ရှိမရှိ လုပ်ဆောင်ဖို့ လိုအပ်ကြောင်း လယ်သမားအရေး လှုပ်ရှားဆောင်ရွက်နေသူ မစုစုနွေးက ပြောဆိုပါတယ်။

“ အောက်ခြေအဖွဲ့အစည်းတွေက လယ်သမားတွေကို နှုတ်ကတိမဟုတ်ဘဲ လက်တွေ့အကောင်ထည်ဖော်နိုင်အောင် ဆုံးဖြတ်ပေးစေချင်တယ်။ အခု လယ်ပြန်ပေးမယ့်ကိစ္စဆိုရင်လည်း လယ်သမားတွေကို ကရုဏာကြေးဆိုပြီး အစားထိုးပေးနေကြတယ်၊ လယ်သမားတွေက ကိုယ့်လယ်ယာ မြေရဲ့ တန်ရာတန်ကြေးနဲ့ လုပ်ကိုင်ခွင့် ပြန်လည်တောင်းဆိုနေတာပါ”လို့ မစုစုနွေးက ဧရာဝတီကို ပြောဆိုခဲ့ပါတယ်။

အအေးနှင့် ချွတ်ဆေး လဲထားသည့်မိန်းကလေးကိုဖမ်း


တက္ကသိုလ်ကျောင်းသူတစ်ဦးသည် မိမိအခန်းဖော်သောက်မည့် လဖက်ရည်အေးအစား ချွတ်ဆေးကို လဲလှယ်ထားသည့်အတွက် ဖမ်းဆီးလိုက်သည့် ဖြစ်ရပ်တစ်ခု မစ်ချီဂန်မြို့တွင်ဖြစ်ပွားခဲ့သည်။
မစ်ချီဂန်တက္ကသိုလ်မှ အသက် ၁၉ နှစ်အရွယ် ကေလာ အက်ရှ်လင်း ဘွန်ကိုးစကီးဆိုသူသည် သူငယ်ချင်း ဖြစ်သူ အသက် ၂၀ နှစ်အရွယ် အယ်မလီ ဂျိုးဆက်သောက်မည့် အအေးခွက်ထဲတွင်
ဓာတုဗေဒခန်းသုံး အရောင်ချွတ်ဆေးများကို လဲလှယ်ထည့်ထားသည့် ပြစ်မှုဖြင့် ကြီးလေးသောပြစ်မှုကို ကျခံရဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
ဘွန်ကိုးစကီးသည် မစ်ချီဂန် ဗဟိုတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေသူဖြစ်ပြီး အယ်မလီသည် နှမြောတွန့်တိုလွန်းသောကြောင့် ဤသို့ပြုလုပ်ရခြင်းဖြစ်ကြောင်း ထွက်ဆိုသည်ဟု ပြည်တွင်းသတင်းစာတွင် ရေးသားထားသည်။
အယ်မလီသည် မိမိအနေဖြင့် ဤသို့လုပ်ခြင်းကြောင့် အပြင်းအထန်ခံစားရမည်ကိုသိကြောင်း ဖြောင့်ချက်ပေးပြီး အဆိပ်ခတ်ခံရသည့် အယ်မလီသည် ဆေးရုံတက်လိုက်ရသော်လည်း စိုးရိမ်စရာမရှိတော့သဖြင့် ပြန်ဆင်းသွား ပြီဖြစ်ကြောင်း ၊ ယခုလုပ်ရပ်ကြောင့် ထောင်ဒဏ် ၁၅ နှစ်ခန့် အပြစ်ဒဏ်ခံရဖွယ်ရှိကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။
မောက္ခသတင်း

ဝိုင်းစုခိုင်သိန်းက သူ့ကို တကယ်ချစ်တယ်တဲ့လား

Photo: ဝိုင်းစုခိုင်သိန်းက သူ့ကို တကယ်ချစ်တယ်တဲ့လား
Tuesday, June 04, 2013

အဆိုတော် သရုပ်ဆောင် ၀ိုင်းစုခိုင်သိန်းရဲ့ လက်ရှိ အချစ်ရေး အခြေအနေကတော့ တည်ငြိမ်နေတယ်လို့ သိရပါတယ်။ သူတို့  ချစ်သူ သက်တမ်း ၃ နှစ်ရှိပါပြီတဲ့။

“၀ိုင်းစုရဲ့ ချစ်သူနဲ့ အချစ်ရေးက အဆင်ပြေပါတယ်၊ ချစ်သူ သက်တမ်းက သုံးနှစ်လောက်ရှိပါပြီ။ တခါတလေ စိတ်အခန့်မသင့်လို့ ရန်ဖြစ်တဲ့ အချိန်လည်း ရှိတာပဲ။ သူကပဲ အမြဲအလျှော့ပေးပါတယ်။ လက်ထပ်ဖို့လည်း သူ့ဘက်က ၀ိုင်းစုရဲ့ သဘောအတိုင်းပါပဲ” လို့ ဝိုင်းစုခိုင်သိန်းနဲ့ ဧရာဝတီ ရိုက်ကွင်းတခုမှာ ဆုံစဉ် ပြောခဲ့ပါတယ်။

သူက အခု လောလော ဆယ်တော့ အနုပညာ အလုပ်တွေပဲ လုပ်ချင်ပါသေးတယ်လို့ အသက် ၂၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းက ဆိုပါတယ်။

“သူ့ကိုလည်း ၀ိုင်းစု တကယ် ချစ်ပါတယ်။ သူကလည်း ၀ိုင်းစုဖြစ်ချင်တာ အားလုံးကို လိုက်လျောပေးတယ်၊ အိမ်ထောင်ရေး ဆိုတာတော့ တယောက်နဲ့ တယောက် နားလည်မှုနဲ့ လက်တွဲကြဖို့ လိုအပ်တယ်၊ သည်းခံဖို့လည်း လိုပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ဝိုင်းစုခိုင်သိန်းရဲ့ အမြင်ကတော့ မိန်းကလေး တယောက်ဟာ အသက် ၂၈ နှစ် အရွယ်မှာ အိမ်ထောင်ပြုသင့်တယ်လို့ ဆိုပါတယ်။

“ကလေးလည်း ယူမှာဆိုရင် အဲဒီအရွယ်က အကောင်းဆုံးပဲလို့ ၀ိုင်းစုထင်တယ်” လို့ သူက ဆိုပါတယ်။

ဝိုင်းစုခိုင်သိန်းဆိုတာ နာမည်ကျော် မင်းသားတယောက်နဲ့ အချစ်ရေးမှာ ကံခေခဲ့သူ အဖြစ် အများက သိထားကြတာပါ။ လက်ရှိ အချိန်မှာ တည်ငြိမ်နေပြီ ဖြစ်တဲ့ ဒီအဆိုတော် မင်းသမီးရဲ့ တကယ်ချစ်ပါတယ် ဆိုတဲ့သူကို သူ့ပရိသတ် သိရဖို့ သူပြောခဲ့သလို မိန်းကလေးတယောက် အိမ်ထောင်ပြုသင့်တဲ့ အရွယ်ဖြစ်တဲ့ ၂၈ အထိ စောင့်ကြရဦးမယ်ဆိုရင် ဧရာဝတီ ပရိသတ်ကို နောက်ထပ် ၄ နှစ်ပဲ စောင့်လို့ ပြောလိုက်ပါရစေ။

Irrawaddy
အဆိုတော် သရုပ်ဆောင် ၀ိုင်းစုခိုင်သိန်းရဲ့ လက်ရှိ အချစ်ရေး အခြေအနေကတော့ တည်ငြိမ်နေတယ်လို့ သိရပါတယ်။ သူတို့ ချစ်သူ သက်တမ်း ၃ နှစ်ရှိပါပြီတဲ့။

“၀ိုင်းစုရဲ့ ချစ်သူနဲ့ အချစ်ရေးက အဆင်ပြေပါတယ်၊ ချစ်သူ သက်တမ်းက သုံးနှစ်လောက်ရှိပါပြီ။ တခါတလေ စိတ်အခန့်မသင့်လို့ ရန်ဖြစ်တဲ့ အချိန်လည်း ရှိတာပဲ။ သူကပဲ အမြဲအလျှော့ပေးပါတယ်။ လက်ထပ်ဖို့လည်း သူ့ဘက်က ၀ိုင်းစုရဲ့ သဘောအတိုင်းပါပဲ” လို့ ဝိုင်းစုခိုင်သိန်းနဲ့ ဧရာဝတီ ရိုက်ကွင်းတခုမှာ ဆုံစဉ် ပြောခဲ့ပါတယ်။

သူက အခု လောလော ဆယ်တော့ အနုပညာ အလုပ်တွေပဲ လုပ်ချင်ပါသေးတယ်လို့ အသက် ၂၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းက ဆိုပါတယ်။

“သူ့ကိုလည်း ၀ိုင်းစု တကယ် ချစ်ပါတယ်။ သူကလည်း ၀ိုင်းစုဖြစ်ချင်တာ အားလုံးကို လိုက်လျောပေးတယ်၊ အိမ်ထောင်ရေး ဆိုတာတော့ တယောက်နဲ့ တယောက် နားလည်မှုနဲ့ လက်တွဲကြဖို့ လိုအပ်တယ်၊ သည်းခံဖို့လည်း လိုပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ဝိုင်းစုခိုင်သိန်းရဲ့ အမြင်ကတော့ မိန်းကလေး တယောက်ဟာ အသက် ၂၈ နှစ် အရွယ်မှာ အိမ်ထောင်ပြုသင့်တယ်လို့ ဆိုပါတယ်။

“ကလေးလည်း ယူမှာဆိုရင် အဲဒီအရွယ်က အကောင်းဆုံးပဲလို့ ၀ိုင်းစုထင်တယ်” လို့ သူက ဆိုပါတယ်။

ဝိုင်းစုခိုင်သိန်းဆိုတာ နာမည်ကျော် မင်းသားတယောက်နဲ့ အချစ်ရေးမှာ ကံခေခဲ့သူ အဖြစ် အများက သိထားကြတာပါ။ လက်ရှိ အချိန်မှာ တည်ငြိမ်နေပြီ ဖြစ်တဲ့ ဒီအဆိုတော် မင်းသမီးရဲ့ တကယ်ချစ်ပါတယ် ဆိုတဲ့သူကို သူ့ပရိသတ် သိရဖို့ သူပြောခဲ့သလို မိန်းကလေးတယောက် အိမ်ထောင်ပြုသင့်တဲ့ အရွယ်ဖြစ်တဲ့ ၂၈ အထိ စောင့်ကြရဦးမယ်ဆိုရင် ဧရာဝတီ ပရိသတ်ကို နောက်ထပ် ၄ နှစ်ပဲ စောင့်လို့ ပြောလိုက်ပါရစေ။

Irrawaddy

Sony Playstation 1 ဂိမ်းတွေကို android ဖုန်းတွေမှာကစားကြမယ်



Sony Playstation 1 ဂိမ်းတွေကို ဖုန်းမှာ ကစားဖို့ ကို MMUG  group ထဲမှ ko Naung Naung နည်းလမ်းလေးပါ :)
ြ့ပန်လည်မျှဝေပေးရင်း ပြန်လည်ဖြည့်စွပ်ထားပါတယ်ခင်ဗျာာ :D

FPse (PSX games for k android).apkကို အသုံးပြုမှာဖြစ်ပါတယ် လိုင်စင်မလိုတဲ့ ဗားရှင်းဟောင်းလေးပါ version 0.10.54 ပါ
ko Yan Paing Soe ပေးတာပါ .. :)

p1 ဂိမ်းများအားလုံးနီးပါး ဖုန်းမှာ အဆင်ပြေပြေစကားနိုင်ပါတယ်ခင်ဗျာ
ဆော့ထားဒါတွေကို  save မှတ်ထားနိုင်ပါတယ် ခင်ဗျာ

FPse (PSX games for k android).apk   ကိုအောက်တွင်ဒေါင်းရန်
http://adf.ly/Q0gyU

FPse (PSX games for k android) ကိုဖုန်းမှာ install လုပ်ပြီးရင်   menu ထဲက LOAD BIOS ကိုနှိပ်   SD card ထဲမှာ ဂိမ်းကို ရှာလိုက်ပါ
(ext Sd ထဲမှာဆို storage ကနေ ဝင်ရှာလိုက်ပါ) အထဲမှာ ကိုဆော့ဂိမ်းရဲ့ bin ဖိုင်ကို နိုပ်ပြီး ခဏနေ ဂိမ်းပွင့်လာလိမ့်မယ် ..
ဆော့နိုင်ပါပြီခင်ဗျာ :D

သတိပြုရန်
ဖုန်းမျက်နှာပြင် လှဲလိုက် ထောင်လိုက်ဆို ဂျန်ဖြစ်တတ်ပါတယ် ဒါကြောင့်
screen orientation မှာကိုယ်ကြိုက်တဲ့ပုံစံကိုပြင်ထားတာပိုကောင်းပါတယ်
setting > screen orientation >  landscape(အလျှားလိုက်) – portait(ထောင်လိုက်) -

ရုပ်ထွက်ပိုင်းမှာလည်း ကိုယ်ကြိုက်သလိုပြုပြင်နိုင်ပါတယ် setting > video

* control ပိုင်းလည်းပြုပြင်နိုင်ပါတယ် ဖုန်းမှာ အဆင်ပြေပါတယ် *
tablet တွေမှာ control ပြန်လည်ပြုပြင်ရပါမယ် ထိုမှသာအလျားလိုက်ဆော့ရင်အဆင်နိုင်ပါမယ်
setting > input > touchscreen > relatives moves မှာ အမှန်ခြစ်
L1-L2  > middle-left ပြောင်း အမှတ်ခြစ်
R1-R2 > middle right ပြောင်း အမှတ်ခြစ်
start > top middle ပြောင်း အမှတ်ခြစ်
select > bottom-middle ပြောင်း အမှတ်ခြစ်
* ဂိမ်းတစ်ခုကို control တစ်မျိုးဆီမှတ်ထားနိုင်ပါတယ် *

Harvest Moon – Back to Nature ဂိမ်းပုံလေးပါ အလွန်လူကြိုက်များပါသည် ကျနော်လည်းအကြိုက်ဆုံးဂိမ်းလေးပါ :D
ကျနော ကောင်လေး ….. :D
_____________  အိမ်တွင်_________________     _________ပွဲတော်များကျင်းပသောနေရာတွင်_______
Screenshot_2013-05-05-01-50-46 Screenshot_2013-05-05-01-48-29

________ ကမ်းခြေတွင်_________________           ________ ချောင်းတံတားပေါ်တွင်______________
Screenshot_2013-05-05-01-48-01 Screenshot_2013-05-05-01-49-36
________ခြံထံတွင်______________________    ____အိပ်လျင် ဘေးတွင်ဒိုင်ယာရီစာအုပ်တွင်လက်ပြထားသောနေရာတွင် save ရန်
Screenshot_2013-05-05-02-28-46Screenshot_2013-05-05-02-39-46
ပုံမှာပြထားတဲ့ဂိမ်းလေးပါ :)
Harvest Moon – Back to Nature.zip ဒေါင်းရန် အောက်တွင်
https://www.dropbox.com/s/9bmus7dhinosexy/Harvest%20Moon%20-%20Back%20to%20Nature.zip
(zip ဖြည်ပြီးမှ ဖုန်းထဲထည့်ပါ)

နောက်ထပ်ဂိမ်းတွေလိုချင်ရင်တော့ အောက်က လင့်မှာ သွားဒေါင်းနိုင်ပါတယ်ခင်ဗျာ
http://coolrom.com/roms/psx/38533/Harvest_Moon_-_Back_to_Nature.php

ပုံတွင်ပြထားသည်အတိုင်း မိမိဒေါင်းသည့်ဂိမ်းအောက်တွင် download now ကိုနိုပ်ပါ ဘေးတွင် အကွက်သေးလင့်တစ်ခုတစ်လာမည်
၈စက္ကန့် စောင့်ပြီး download ပေါ်လာပါလိမ့်မည် :)


20130505_031253
အားလုံးအဆင်ပြေကြစေဖို အခုလိုစုစည်းတင်ပြပေးခြင်းဖြစ်ပါတယ် ခင်ဗျာာ :D
အားလုံးကိုကျေးဇူးတင်ပါတယ် :)

YEMIN7

https://www.facebook.com/shllow.way
-Myanmarmobileapp ဆိုဒ်မှ ပြန်လည်တင်ပြသည်

ပင့်ကူချစ်သူ...

izismile/internet

Counter Strike Source Ebook Hacking (မြန်မာလို)

YGNBlogger ကိုယ်တိုင်ရေးထားတဲ့ E-book တစ်အုပ်ပါ။  Counter-Strike Source ရဲ့ wall/speed hack လေးတွေပါ။ Counter-Strike ၀ါသနာအိုးတွေအတွက် နောက်လည်း ဝေမျှပေးဦးမှာပါ။ ကဲ။ ဖတ်ပြီးတဲ့သူငယ်ချင်းတွေလည်း လက်ဆင့်ကမ်းပေးပါဦးနော်

Download => Link 1 / Link 2 / Link 3 / Link 4

WIFI ကိုသုံးပြီး WIFI အကြောင်းလေးသိစေဖို့

ယခုခေတ်တွင် Wifi ဟုဆိုလိုက်သည်နှင့် Wireless နည်းပညာကို အသုံးပြု၍ အင်တာနက် အသုံးပြုနိုင်တဲ့ နည်းပညာလို့  အားလုံးသိနေကြပြီဖြစ်ပါတယ်။ Wifi ကိုကျနော်တို့  ယခုဆိုလျှင် ကျယ်ကျယ် ပြန့်  ပြန့်  ကိုအသုံးပြုနေကြပြီ ဖြစ်ပါတယ်။ YKKO ကဲ့သို့  ကြေးအိုးဆိုင်မျိုးဆိုလျှင် သူတို့  ဆိုင်များတွင် Wifi ကို လာရောက်စားသုံးသူများအတွက် Free ပေး၍စွဲဆောင်ထားသည်ကို ကြည့်ခြင်းအားဖြင့် Wifiကိုကျယ်ကျယ်ပြန့် ပြန့်  အသုံးပြုလာကြတာကို တွေ့  မြင်နိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ သိနေသော Wifi တွင် Standard အမျိုးမျိုး ရှိနေသည်ဆိုတာကိုတော့ တော်ယုံတန်ယုံ သတိပြုမိ ကြမည်မထင်။ ယခုအခါကျနော်တို့  အနေနဲ့  Mobile ဖုန်းများ၊Laptop များ၊ Router များဝယ်ယူသည် ဆိုလျှင်  Wifi Specs ကိုကြည့်လိုက်မည်ဆိုလျှင် 802.11 a/b/g/n စသည်ဖြင့် တွေ့ မိကြမည်ထင်ပါတယ်။ အဲဒီ 802.11 a/b/g/n ဆိုတာတွေကဘာတွေတုန်း? ဒါ့ကြောင့် ဒီဆောင်းပါးတွင်တော့ အဲဒီ 802.11 a/b/g/n တွေအကြောင်းကို ကျနော် အကျဉ်းချုံး၍ အနည်းအငယ်မျှ ရှင်းပြလိုပါတယ်။

802.11 - ၁၉၉၇ခုနှစ်တွင် Institute of Electrical and Electronics Engineers (IEEE) မှနေ၍ ပထမဆုံး Wireless Local Area
Network (WLAN) Standard ကိုစတင်တီထွင်ခဲ့ကြပါတယ်။ သူတို့ ကအဲဒီ Standard ကို 802.11 ဆိုပြီး နာမည်ပေးခဲ့ကြပါတယ်။
သို့ သော် 802.11 သည် Network Bandwidth ကို 2 Mbps အထိသာ အများဆုံး Support လုပ်နိုင်ပါတယ်။ ထို့ ကြောင့် တော်ရုံ
တန်ရုံ Application များအတွက်တော့ 2 Mbps သည် အဆင်မပြေချေ။

802.11b – IEEE မှနေ၍ ၁၉၉၉ ခုနှစ် ဇူလိုင်လတွင်တော့ နဂိုရှိပြီး ဖြစ်သော 802.11 Standard ကိုနောက်တစ်မျိုးထပ်တိုး၍
802.11b Standard ဆိုပြီးတီထွင်ခဲ့ကြပါတယ်။ 802.11b တွင်တော့ Bandwidth သည် 11 Mbps အထိ Support ပေးနိုင်ပါတယ်။
ထို့ အပြင် အကွာအဝေးအားဖြင့် ပေ၁၅၀ အထိသွားနိုင်ပါတယ်။ 802.11b တွင် 2.4GHz Radio Frequency ကိုအသုံးပြုထားပါ
တယ်။ 802.11b သည် Microwave Ovens, Cordless Phones များနှင့် အခြား 2.4GHz Frequency ကိုအသုံးပြုထားသော
ပစ္စည်းများနှင့်ဆိုလျှင် Frequency ခြင်း အနှောက်အယှက်များ ဖြစ်နိုင်ပါတယ်။

802.11a – IEEE မှနေ၍ ၁၉၉၉ခုနှစ် အောက်တိုဘာလ တွင်တော့ 802.11a Standard ကိုတီထွင်ခဲ့ကြပါတယ်။ 802.11a သည်
802.11b လောက် ကျယ်ကျယ်ပြန့် ပြန့် နှင့် လူသုံးမများချေ။ 802.11a သည် အကုန်အကျ ပိုများသောကြောင့် များသောအားဖြင
့် စီးပွားရေးနှင့် သက်ဆိုင်သော Network များတွင်သာ အသုံးများပြီး 802.11b ကတော့ အိမ်သုံး Network များတွင်ပိုအသုံးများ
ပါတယ်။ 802.11a တွင်တော့ Bandwidth သည် 54 Mbps အထိ Support ပေးနိုင်ပါတယ်။ 802.11a သည် 802.11b ထက်
Bandwidth ကို ပိုမို၍ Support ပေးနိုင်သော်လည်း အကွာအဝေး အားဖြင့်တော့ ပေ၁၀၀ အထိသာ အသုံးပြုနိုင်ပါတယ်။
အဘယ်ကြောင့်ဆိုသော် 802.11a တွင် Radio Frequency သည် 5GHz ၀န်းကျင်ကိုအသုံးပြုထားသောကြောင့် ဖြစ်ပါတယ်။
Frequency ပိုများတာကို အသုံးပြုထားသောကြောင့် အကွာအဝေး လျှော့နည်းသွား ခြင်းဖြစ်ပါတယ်။

802.11g – 802.11g ကတော့ ယခုအချိန်တွင် ကမ္ဘာပေါ်တွင် လူသုံးအများဆုံး Standard တစ်ခုဖြစ်နေပါပြီ။ 802.11g ကိုတော့
၂၀၀၂ခုနှစ် ၀န်းကျင်တွင် စတင်တီထွင်ခဲ့တယ်လို့  သိရပါတယ်။ 802.11g တွင်တော့ 802.11a နဲ့  802.11b တို့ ရဲ့ ကောင်းသော
အချက်များကို စုပေါင်းပြီးတီထွင်လိုက်တာ ဖြစ်ပါတယ်။ 802.11g တွင် Badwidth သည် 54Mbps အထိ Support ပေးနိုင်ပြီး
Radio Frequency ကိုလည်း 2.4GHz သာအသုံးပြုထားသောကြောင့် အကွာအဝေးကို ပေ၁၅၀အထိ အသုံးပြုနိုင်ပါတယ်။

802.11n – နောက်ဆုံးတစ်ခုဖြစ်တဲ့ 802.11n ကတော့ IEEE ရဲ့ နောက်ဆုံး Standard တစ်ခုဖြစ်ပြီးတော့ 802.11n ကိုတော့
၂၀၀၉ ခုနှစ်တွင် စတင်တီထွင်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ 802.11n တွင် MIMO (Multiple Input, Multiple Output)
technology ကိုအသုံးပြုထားပြီး MIMO ဆိုတာကတော့ Wireless Signals နှင့် Antenna အများအပြားကို အသုံးပြုထားတာ
ဖြစ်ပါတယ်။ MIMO ကိုအသုံးပြုထားတဲ့အတွက်ကြောင့် 802.11n တွင် Bandwidth နှင့် အကွာအဝေးသည် ယခင် ရှိပြီးဖြစ်သော
802.11a, 802.11b နှင့် 802.11g တို့ ထက်ပိုမို၍ သာလွန်ကောင်းမွန်ပါတယ်။ သီအိုရီ သဘောအရ 802.11n သည် 300 Mbps
အထိ Bandwidth ကို Support လုပ်ပေးနိုင်ပြီး အကွာအဝေးအားဖြင့် ပေ၂၃၀ အထိသွားနိုင်ကြောင်း သိရပါတယ်။

ကျနော်ယခုဖော်ပြခဲ့သော Standard ၄ခုမှာ Wifi Standard များထဲတွင်တော့ အသုံးအများဆုံးနှင့် အထင်ရှားဆုံး Standard
၎ခုဖြစ်ပါတယ်။ အခြား 802.11 Standard များစွာလည်းရှိပါသေးတယ်။ 802.11a မှ 802.11y (802.11o နှင့် 802.11q မပါ) အထ
ိ ဆို၍ ရှိပါတယ်။ ဒီလောက်ဆိုရင်တော့ 802.11 a/b/g/n တို့ အကြောင်း
မဟုတ်တောင် ယေဘုယျ
သဘောလောက်တော့ သိရှိနားလည်နိုင်ပြီလို့  ထင်ပါတယ်။

ဒီပို့လေးကို စာချွန်တော်လွှာ ဆီကနေ ပြန်လည်ဝေမျှပေးတာဖြစ်ပါတယ်။
http://www.pyayblogger.com/2013/06/wifi-wifi.html

Glaxy S4 တွေကို Remote Control ဖြစ်အောင်လုပ်ပေးမယ့် Smart Remote for Galaxy S4 Apk v1.2.2


  
Smart Remote for Galaxy S4 Apk v1.2.2 ကို Glaxy S4 မှာ Install လုပ်ထားပြီး Remote Control တစ်ခု အဖြစ် အသုံးချလို့ရတယ်လို့ဆိုပါတယ်.. TV Set Top Box တွေမှာ Channel တွေ ပြောင်းနိုင်တယ်၊ Home Theater တွေမှာ Volume အတိုးအချဲ့ပြုလုပ်နိုင်တယ်လို့ဆိုပါတယ်.. စမ်းသပ်မယ့် မိတ်ဆွေများ ဒေါင်းယူနိုင်ပါပြီ..
With Smart Remote for your Samsung Galaxy S4, you can add, create and customize any number of remotes, combining controls from any of your existing remotes. Imagine a single remote on which the CHANNEL UP button controls your Set Top Box from your TV provider, the VOLUME keys control your home theater system and the arrow keys control your TV's menu.

အဆင်ပြေပါစေ

Download : 

PC မှာ Android OS ကိုတင်သုံးကြမယ်

မင်္ဂလာပါ... ကွန်ပျူတာမှာ Android OS ကို တင်သုံးနည်းလေးကို မျှဝေလိုက်ပါတယ်... ပေါ့ပေါ့ပါးပါးလေး သုံးနိုင်အောင် VirtualBox ပေါ်မှာ တင်သုံးနည်းလေးကို ပုံနဲ့တကွ တစ်ဆင့်ခြင်းဖော်ပြပေးလိုက်ပါတယ်... Android OS ကိုစမ်းသုံးကြည့်လို့ ကြိုက်နှစ်သက်တယ်ဆိုမှ အပြီးတင်သုံးလည်းရပါတယ်... VirtualBox နှင့် Android OS ကို Download ယူဖို့ လင့်တွေပါ ထည့်ပေးထားပါတယ်...

VirtualBox ဆိုတာကတော့ ကျွန်တော်တို့ ယခုသုံးနေကြတဲ့ Microsoft ကထုတ်တဲ့ Windows တွေမှာ Install လုပ်ပြီး အခြား OS တွေကို VirtualBox ပေါ်မှာ သုံးလို့ရပါတယ်... မိမိစက်မှာ Win 7 တင်ထားပြီး 8 ကို VirtualBox ပေါ်မှာ တင်သုံးတာမျိုးဖြစ်ဖြစ် အခြား Linux OS၊ BackTrack၊ Ubuntu စသည် OS တွေကိုလည်း အသုံပြုနိုင်ပါတယ်... Microsoft ရဲ့ Windows တွေကတော့ အားလုံးသုံးနေကြတာမို့ သိပြီးသားဖြစ်ပေမယ့် ယခုခေတ်ထဲမှာ အခြား OS တွေကိုပါ လေ့လာဖို့ သုံဖို့ လိုအပ်လာပါပြီ... အဲ့ဒီအတွက် VirtualBox ကတော့ အထောက်ကူရတဲ့ Software တစ်ခုပါ... 
အရင်ဆုံး VirtualBox Install လုပ်ပုံကို ဖော်ပြပါ့မယ်...

ပုံသေးနေပါက အကြီးမြင်ရရန် ပုံကို နှိပ်ကြည့်နိုင်ပါတယ်...
Download မှရလာသော VirtualBox ကို Install လုပ်ရန် Double Click နှိပ်ပါ...
 ပုံမှာပြထားသည့်အတိုင်း တဆင့်ခြင်း လုပ်ဆောင်ပေးပါ...
ဒီနေရာမှာ VirtualBox Install လုပ်ခြင်း ပြီးပါပြီ...
VirtualBox ပေါ်မှာ Android OS အသုံပြုဖို့အတွက် Setting ချရပါမယ်...
ပုံမှာပြထားသည့်အတိုင်း New ကိုနှိပ်ပါ..
Name နေရာမှာ ကြိုက်နှစ်သက်ရာ နာမည်ပေးနိုင်ပါတယ်..
Type နေရာမှာ ဘေးကမြှားလေးကို နှိပ်ပြီး Linux ကိုရွေးပြီး 
Version နေရာတွင် Other Linux ကိုရွေးပါ... ပြီးလျှင် Next ပါ...
ဒီနေရာကတော့ VirtualBox အသုံးပြုဖို့ Memory သတ်မှတ်ပေးတာပါ...
မိမိ Memory အနည်းအများအလိုက် ပေးနိုင်ပါတယ်... 512 လောက်ဆိုလုံလောက်ပါတယ်...

VirtualBox အတွက် Hard drive ကို ပမာဏသတ်မှတ်ပေးတာပါ... Create ကိုနှိပ်ပါ...
Start ကို နှိပ်ပါ...

ပုံတွင်ပြထားသည့် အတိုင်းတက်လာပါက မြှားပြထားသည့် Folder ကိုနှိပ်ပြီး
Download မှရလာသော Android OS သိမ်းဆည်းထားသည့် နေရာကို သွားပြီး Select လုပ်ထည့်ပါ...
ပြီးလျှင် Start


VirtualBox ဖြင့် သုံးမှာဖြစ်သည့်အတွက် Live CD ကို ရွေးပေးပြီးသားမို့ Enter နှိပ်ပါ...
ကြိုက်လို့ အပြီးတင်ချင်ရင် Install ပေါ့နော်...


Android OS ကို VirtualBox ပေါ်မှာ တင်ခြင်းပြီးဆုံးပါပြီခင်ဗျာ...





VirtualBox 4.2.12-84980

>>>  Download  <<<

Android OS
android-x86-4.2-20130228

>>>  Download  <<<

Download ယူနည်း

========================================================
Download ကို နှိပ်လိုက်လျှင် ပွင့်လာသောဆိုက်၏ ညာဘက်အပေါ်ဒေါင့်တွင် 
Please wait 5 seconds ဆိုတာပေါ်လာပြီး အချိန်ပြည့်ပါက
SKIP AD ကိုရောက်သွားပါမည် SKIP AD ကို ထပ်ပ်လိုက်လျှင်
Download လင့်ကို ရောက်ပါမည်။ 
========================================================
http://www.pyayblogger.com/2013/06/pc-android-os.html