မိသားစုပိုင် ယာမြေတစ်ခုကို ညီအစ်ကို နှစ်ယောက် အတူတကွ လုပ်ကိုင် ကြလေသည်။
တစ်ယောက်က အိမ်ထောင်သည်။ သူ့မိသားစုက ကြီးသည်။ နောက်တစ်ယောက်က
လူပျိုလူလွတ်။ တစ်နေ့ကုန် အလုပ်လုပ်ပြီးလျှင် လယ်ယာထွက် သီးနှံများ
ရောင်းချရသည်။ အမြတ်အစွန်းများကို ညီအစ်ကို နှစ်ယောက် ညီတူမျှတူ
ခွဲဝေယူကြသည်။
တစ်နေ့မှာတော့
တစ်ကိုယ်တည်းသမား စဉ်းစားသည်။ " လယ်ယာထွက် သီးနှံတွေ အကျိုးအမြတ်တွေကို
ညီတူညီမျှ ခွဲဝေနေတာ မသင့်ဘူး။ ငါက တစ်ယောက်တည်းသမား၊ ငါ့လိုအပ်ချက်က
နည်းနည်းလေး " သည် လိုတွေးကာ ညစဉ် ညတိုင်း သူ့စပါးကျီးမှ စပါးတစ်အိတ်စီ
ထမ်းကာ ကွင်းပြင်ကို တိတ်တဆိတ် ဖြတ်သန်းပြီး သူ့အစ်ကိုအိမ်က စပါးကျီထဲ
သွားထည့်သည်။
သည်အတွင်း အိမ်ထောင်ရှင် အစ်ကိုကြီးကလည်း
စဉ်းစားသည်။ " သီးနှံတွေ ၀င် ငွေတွေကို ညီတူညီမျှဝေယူ နေကြတာမမှန်ဘူး။ ငါက
အိမ်ထောင်သည်။ ငါ အသက်ကြီးတဲ့ အချိန်ပြုစု စောင့်ရှောက်ဖို့ မိန်းမ ရှိတယ်
သားထောက်သမီးခံ ရှိတယ်။ ငါ့ညီမှာက တစ်ယောက်တည်း။ မမာရေး မကျန်းရေးဆိုရင်
စောင့်ရှောက် သူမရှိဘူး " ဟူ၍တွေးကာ ညတိုင်း စပါးတစ်အိတ်ထမ်းပြီး သူ့ညီ
စပါးကျီထဲ သွားထည့်သည်။
သည်လိုနှင့် နှစ်ချီ၍ကြာလာသည်။
ကိုယ့်ကျီထဲက စပါးတွေ ညစဉ် ထုတ်ယူ နေပါလျက် လျော့နည်းသွားခြင်းမရှိသည်ကို
နှစ်ယောက်လုံးပင် စဉ်းစားမရ ဖြစ်နေကြသည်။ သို့သော် မှောင်မည်းမည်း
ညတစ်ည၌ ညီအစ်ကို နှစ်ယောက် ၀င်တိုက်မိကြသည်။ သည်တော့မှပင် တစ်ယောက်ကို
တစ်ယောက် ကြည့်ကာ ဖြစ်ပျက်နေပုံ အလုံးစုံကို နှစ်ဦးသား သိမြင် သွားကြသည်။
စပါးအိတ်တွေ ပစ်ချကာ ညီအစ်ကိုတွေ တစ်ဦးကို တစ်ဦး
တင်းတင်းဖက်ထားလိုက်မိကြလေသည်။
မိသားစုပိုင် ယာမြေတစ်ခုကို ညီအစ်ကို နှစ်ယောက် အတူတကွ လုပ်ကိုင် ကြလေသည်။ တစ်ယောက်က အိမ်ထောင်သည်။ သူ့မိသားစုက ကြီးသည်။ နောက်တစ်ယောက်က လူပျိုလူလွတ်။ တစ်နေ့ကုန် အလုပ်လုပ်ပြီးလျှင် လယ်ယာထွက် သီးနှံများ ရောင်းချရသည်။ အမြတ်အစွန်းများကို ညီအစ်ကို နှစ်ယောက် ညီတူမျှတူ ခွဲဝေယူကြသည်။
တစ်နေ့မှာတော့ တစ်ကိုယ်တည်းသမား စဉ်းစားသည်။ " လယ်ယာထွက် သီးနှံတွေ အကျိုးအမြတ်တွေကို ညီတူညီမျှ ခွဲဝေနေတာ မသင့်ဘူး။ ငါက တစ်ယောက်တည်းသမား၊ ငါ့လိုအပ်ချက်က နည်းနည်းလေး " သည် လိုတွေးကာ ညစဉ် ညတိုင်း သူ့စပါးကျီးမှ စပါးတစ်အိတ်စီ ထမ်းကာ ကွင်းပြင်ကို တိတ်တဆိတ် ဖြတ်သန်းပြီး သူ့အစ်ကိုအိမ်က စပါးကျီထဲ သွားထည့်သည်။
သည်အတွင်း အိမ်ထောင်ရှင် အစ်ကိုကြီးကလည်း စဉ်းစားသည်။ " သီးနှံတွေ ၀င် ငွေတွေကို ညီတူညီမျှဝေယူ နေကြတာမမှန်ဘူး။ ငါက အိမ်ထောင်သည်။ ငါ အသက်ကြီးတဲ့ အချိန်ပြုစု စောင့်ရှောက်ဖို့ မိန်းမ ရှိတယ် သားထောက်သမီးခံ ရှိတယ်။ ငါ့ညီမှာက တစ်ယောက်တည်း။ မမာရေး မကျန်းရေးဆိုရင် စောင့်ရှောက် သူမရှိဘူး " ဟူ၍တွေးကာ ညတိုင်း စပါးတစ်အိတ်ထမ်းပြီး သူ့ညီ စပါးကျီထဲ သွားထည့်သည်။
သည်လိုနှင့် နှစ်ချီ၍ကြာလာသည်။ ကိုယ့်ကျီထဲက စပါးတွေ ညစဉ် ထုတ်ယူ နေပါလျက် လျော့နည်းသွားခြင်းမရှိသည်ကို နှစ်ယောက်လုံးပင် စဉ်းစားမရ ဖြစ်နေကြသည်။ သို့သော် မှောင်မည်းမည်း ညတစ်ည၌ ညီအစ်ကို နှစ်ယောက် ၀င်တိုက်မိကြသည်။ သည်တော့မှပင် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ဖြစ်ပျက်နေပုံ အလုံးစုံကို နှစ်ဦးသား သိမြင် သွားကြသည်။ စပါးအိတ်တွေ ပစ်ချကာ ညီအစ်ကိုတွေ တစ်ဦးကို တစ်ဦး တင်းတင်းဖက်ထားလိုက်မိကြလေသည်။
Posted in: ရသစာပေ
0 ကွန်မန့်ရေးရန်:
Post a Comment