This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, December 24, 2013

ကင်ဆာ ဖြစ်ပွါးမှု လျော့ကျစေရန် ဒီ post လေး ကို share ပေးခြင်းဖြင့် ပါဝင်ကူညီ ပြီး ကုသိုလ် ယူကြပါရန် .................

မြန်မာနိုင်ငံသည် ကမ္ဘာပေါ် မှာ ဒုတိယမြောက် ကင်ဆာ အဖြစ်အများဆုံး နိုင်ငံဖြစ်နေပါပြီ

ကင်ဆာ ဖြစ်ပွါးမှု လျော့ကျစေရန် ဒီ post လေး ကို share ပေးခြင်းဖြင့် ပါဝင်ကူညီ ပြီး ကုသိုလ် ယူကြပါရန် တိုက်တွန်းအပ်ပါသည်

ကင်ဆာဖြစ်စေသော အစားအစာများ
▬▬▬▬▬▬▬▬▬▬▬▬▬▬

၁။စားအုန်းဆီ စားသုံးချင်း

၂။ဓာတုဗေဒ ဆိုးဆေးပါသော အစာအသောက်များ

၃။chemical ဖြင့်ပြုလုပ်ထားသော coffee mixများ နှင့် တာရှည်ခံရန်အသုံးပြု ထားသောစားသောက်ကုန်များ

၎။အချိုမှုန့် များ နှင့် အဆင့်မမှီသောနို့ မှုန့် များ

၅။ဖော့ဘူး/ကျွပ်ကျွပ်အိပ်များ နှင့် ထုပ်ပိုးသော အစားအသောက်များ အပူဖြင့်သော်လည်းကောင်း ဆီဖြင့်သော်လည်ကောင်း ဓါတ်ပြုကြသည်။

၆။ကွမ်းယာ နှင့် မှိုတတ်ငရုပ်သီးမှုန့် များ 


--------------------------------------------------------------------
ပညာရေး၊ ကျန်းမာရေး၊ ဗဟုသုတ ၊ ဟာသ နဲ့ သတင်းထူးများကို သိလိုလျှင်
https://facebook.com/ShweNews ကို LIKE လုပ်ထားပါ

ကောင်းခြင်းငါးဖြာ ပြည့်စုံလှသည် အမျိုးဂုဏ်ဆောင်ကြ ချစ်နှမတို့... ..................

တာဝတိံသာ နတ်ရွာလော ... နတ်ရွာလော ...

ကောင်းခြင်းငါးဖြာ ပြည့်စုံလှသည် အမျိုးဂုဏ်ဆောင်ကြ ချစ်နှမတို့...

ဒေါ်အောင်ဆန်းစုကြည် ရည်မှန်းခဲ့တဲ့ သမ္မတအဖြစ်သင့်တော်မယ့်သူက မင်းကိုနိုင်.................

Inbox
x

Ruby <ruby.mirror786@gmail.com>
Dec 21 (3 days ago)

to မှော်ဆရာအဖွဲ့
Boxbe This message is eligible for Automatic Cleanup! (ruby.mirror786@gmail.com) Add cleanup rule | More info

ဒေါ်အောင်ဆန်းစုကြည် ရည်မှန်းခဲ့တဲ့ သမ္မတအဖြစ်သင့်တော်မယ့်သူက မင်းကိုနိုင် (သေသေချာချာ ဖတ်ကြပါ ခင်ဗျာ)

့" ဦးရွှေမန်းဆီ ငါဖုံးဆက်လိုက်မယ် " ဆိုတာမျိုးနဲ့  အဖြေတစ်ချို့  ယ ကနေ က ဖြစ်ကုန်ကြပါတယ်။ ဒါဟာ မျက်ရမ်းမှန်းဆစွပ်စွဲချက်မဟုတ်ပဲ ဗကသ က သူတွေ အသိဆုံး ၊ ကြုံဖူးတဲ့သူတွေအသိဆုံးပါ ။

ကိုကိုကြီး၏ကောက်ကြောင်းများ.....

၈၈ များထဲမှာ ကေကျူဟု ခေါ်ဆိုကြသည့် ကိုကိုကြီး၏ အကြောင်းကို ဆက်လိုပါတယ် ။ ၈၈တွေ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံကြဖို့ နှင့်ပတ်သက်ပြီး ပြည်သူတွေကြားမှာ အသံတစ်ချို့ ထွက်လာဖူးတာက ဒေါ်စုကိုက လက်မတွဲတာ ၊ ငြင်းဆန် ဖယ်ထုတ်နေတာ ဆိုပြီးပါ ။ စဉ်းစားဖို့ တစ်ခု ပြောချင်တာက ၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ၄၃ နေရာ ရှိတဲ့အထဲက ၈၈တွေကို နေရာ ၂၀ ပေးခဲ့တာပါ ။ NLD က ၂၃ နေရာဝင်မယ် ။ ၈၈တွေ နေရာ ၂၀ ယူပါ ။ အတူလက်တွဲပြီး ဝင်ကြဖို့ ပါ ။ ဒါဟာ ကောလဟာလ မဟုတ်ပါဘူး ။ အဲဒီအချိန်က NLD CEC မှာ တင်ပြီးတော့ ဆွေးနွေး ပြီးသားပါ ။ အဲဒီအဆိုပြုချက်ကို အဓိက ကန့် ကွက်ခဲ့တာက ကိုကိုကြီး ဖြစ်ကြောင်းကိုလည်း ၈၈ အဖွဲ့ ရဲ့  စည်းဝေးမှတ်တမ်းများက သက်သေရှိနေဦးမှာပါ ။ ပွင့်လင်းရုံးခန်းဟာ ကိုကိုကြီးရဲ့  ချုပ်ကိုင်မှုအောက်မှာဆိုတာကို ဆက်စပ်မှုရှိတဲ့သူတိုင်း သိတဲ့အရာပါ ။ အံ့သြစရာကောင်းတာက ၈၈ တွေအတွင်းမှာ အနည်းဆုံး ၃ ဖွဲ့ လောက် အမြင်မတူတာတောင် နောက်ဆုံး ကိုကိုကြီးသြဇာက အတည်ဖြစ်နေနိုင်တာကိုပါ ။ ကိုဂျင်မီ မမီးမီး မနီလာသိန်းတို့ အင်အားစုရဲ့  အမြင်ကတစ်မျိုး ၊ ကိုဌေးကြွယ် ကိုမင်းဇေယျာ တို့ ရဲ့  အမြင်ကတစ်မျိုးနဲ့  ကိုကိုကြီးအမြင်ဆိုတာပါ ။

ကိုပေါ်ရဲ့ အေးဆေးတည်ငြိမ်မှုနဲ့  ခပ်အေးအေးသာနေလိုတော့မှုတွေအပေါ်မှာ ဒါမှမဟုတ်လည်း ကျွန်တော်တို့ မသိနိုင်သေးတဲ့နောက်ထပ် အကြောင်းတရားများရဲ့ အောက်မှာ ကိုမင်းကိုနိုင်ရဲ့ အပေါ်မှာ ကိုကိုကြီး ရဲ့ သြဇာက လက်ရှိအချိန်မှာ အများဆုံးလွှမ်းမိုးထားနိုင်ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အကယ်၍ ဆိုတာမျိုး မှာ ထည့်သွင်းတွက်ချက်ထားပြီးသားသူပါ ။သူဟာ သမ္မတဖြစ်ဖို့ အတွက် နိုင်ငံရေးလုပ်နေတဲ့သူမဟုတ်ပါဘူး ။ နိုင်ငံအတွက်မို့  လုပ်ပေးနေတဲ့သူပါ ။ ပြည်သူအတွက်မို့ ၂၀၀၈ ဖွဲ့ စည်းပုံကို ပြင်ဖို့  ကြိုးစားနေတာပါ ။ ပြည်သူကိုမတရားဖိနှိပ်ထားတဲ့ ဥပဒေတွေကို ပြင်ဖို့  လုပ်နေတာပါ ။ ၅၉ (စ)ကိုပြင်ဖို့  သူ့ အတွက်သူရဖို့  လုပ်နေတဲ့သူ မဟုတ်ပါဘူး ။ အဲဒီအတွက် အကယ်၍ ၅၉(စ) ကိုပြင်မရတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် ရည်မှန်းခဲ့တဲ့ သမ္မတအဖြစ်သင့်တော်မယ့်သူက မင်းကိုနိုင် လို့ အစကမြင်ထားခဲ့တာပါ ။ ဒါဟာ ကိုကိုကြီးရဲ့  အသည်းကို စိုက်ခဲ့တဲ့မြှားလို့ ပဲ ဆိုကြပါစို့  ။ ကိုကိုကြီးဟာ ကျောင်းသားဘဝကတည်းက ရည်မှန်းချက်ကြီးပါတယ်။ အကြံကြီးပါတယ် ။ စနစ်တကျ ကြိုတင်ပြင်ဆင်မှု ကောင်းပါတယ် ။

စာဖတ်အားလေ့လာအားကောင်းပါတယ် ။ စကားပြော ကောင်းပါတယ်။ စည်းရုံးရေး စွမ်းရည်ကောင်းပါတယ် ။ သူ့ မှာ မရှိတဲ့တစ်ခုတည်းသောအရာက ရိုးသားမှုပါ ။ အဲဒီလိုပဲ မင်းကိုနိုင်နဲ့  ကိုကိုကြီးရဲ့  အဓိကကွာခြားချက်ကလည်း ရိုးသားမှု ဖြစ်နေတာကို အသက်အရွယ်အရကော ၊ ဖြတ်သန်းမှုအရပါ သိနေတဲ့သူက ဒေါ်အောင်ဆန်းစုကြည်ပါ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုကိုကြီးအပေါ်မှာ မယုံကြည်ပါဘူး ။ ဒေါ်အောင်ဆန်းစုကြည်များ မှားနေမလားလို့ ပြန်ဆန်းစစ်ကြည့်ရအောင်ပါ ။ ပထမဆုံးအကြိမ် ထောင်ကပြန်လွတ်အပြီးမှာ ၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးအခင်းမတိုင်ခင်အချိန်တွေအထိကြားမှာ ကိုကိုကြီးရဲ့ လှုပ်ရှားမှုတွေ မြုပ်နေခဲ့ပါတယ် ။ အတည်မပြုနိုင်သော သတင်းများအဆိုအရ ကိုကိုကြီးဟာ အဲဒီကာလတွေမှာ ဗိုလ်ခင်ညွန့် ရဲ့  လှမ်းအဖွဲ့ နဲ့  နီးစပ်မှုများ ရှိတယ်လို့ ဆိုကြပါတယ် ။ အဲဒီကနေတစ်ဆင့် စစ်အစိုးရနဲ့  တွေ့ ဆုံဆွေးနွေးပတ်သက်မှုတွေရှိခဲ့တယ်လို့ သိရပြီး မြန်မာ အီးဂရက် ရဲ့  လှုပ်ရှားမှုအစအနများမှာ တတိယလမ်းကြောင်းဆိုတာကို အကောင်အထည်ဖော်ဖို့  အားသန်ခဲ့သူ တွေထဲ ပါခဲ့တယ်လို့  ယူဆရပါတယ် ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဘုရားသခင် မဟုတ်ပေမယ့် အတွေ့ အကြုံရှိပြီးသား လူကြီးသူမတစ်ယောက်အနေနဲ့  မယုံသင့် မယုံထိုက်တာ အချို့ ကို မြင်ခဲ့သိခဲ့တာဖြစ်ပါလိမ့်မယ် ။ လက်ရှိဗကသ ခေါင်းဆောင်များ ၊ လှုပ်ရှားမှုများအပေါ်မှာအထိပါ ကိုကိုကြီးရဲ့ သြဇာညောင်းပါတယ် ။ ဘာဖြစ်လို့  ညောင်းရသလဲဆိုတော့ အဲဒီအဖွဲ့ တွေရဲ့  နိုင်ငံရေးလှုပ်ရှားမှုများအပေါ်မှာ ဖမ်းဆိးခြိမ်းခြောက်မှု တစ်စုံတစ်ရာရှိလာတဲ့အခါ ကိုကိုကြီးသိတာနဲ့ " ဦးရွှေမန်းဆီ ငါဖုံးဆက်လိုက်မယ် " ဆိုတာမျိုးနဲ့  အဖြေတစ်ချို့  ယ ကနေ က ဖြစ်ကုန်ကြပါတယ်။ ဒါဟာ မျက်ရမ်းမှန်းဆစွပ်စွဲချက်မဟုတ်ပဲ ဗကသ က သူတွေ အသိဆုံး ၊ ကြုံဖူးတဲ့သူတွေအသိဆုံးပါ ။

ကိုကိုကြီး မိနေတဲ့ထောင်ချောက်က ဒုတိယသမ္မတပါ ။ သမ္မတကိုတော့ ဦးရွှေမန်းဒါမှမဟုတ် ကာချုပ်လုပ်ပါ့မယ် ။ ဒုသမ္မတ တစ်ယောက်က ကိုကိုကြီး ဆိုပြီး မျှားထားတဲ့ငါးစာတစ်ခုရှိပါတယ် ။ အဲဒါကို ၈၈ များက ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ကိုကိုကြီးကိုတော့ အားကိုးပါတယ် ။ သူဟာ ၈၈ တွေကို တစ်စုံတစ်ရာတော့ အရေးပါတဲ့လမ်းကြောင်းအပေါ်မှာ ဦးဆောင်မှုပေးသွားနိုင်မယ့်သူအဖြစ် လက်ရှိသူ့ ဦးဆောင်မှု နောက်ကို လိုက်နေကြတာပါ ။ ဒါတွေကို သိရက်နဲ့  ကျွန်တော်တို့ ဘာလို့ မရေးလည်းဆိုရင် အတိုက်အခံအင်အားစုအချင်းချင်း အင်အားချိနဲ့ မှု မဖြစ်စေချင်လို့ ပါ ။ ဒါပေမယ့်လည်း ကိုကိုကြီးဟာ သူ့ ခြေလှမ်းတွေ ၊ သူ့ အကြံအစည်တွေကို ဘယ်သူမှမသိလောက်ဘူးဆိုတဲ့ အထင်နဲ့  အရှိန်အဟုတ်မြှင့်လာတဲ့အခါမှာတော့ ကျွန်တော်တို့ ဟာ အ အတွေမဟုတ်ကြောင်းကိုတော့ ဖော်ထုတ်ကြရမှာပါ ။ တစ်ခုတော့ရှိပါတယ် ။

ခုလက်ရှိအတိုင်းဆိုရင် ဒုသမ္မတနှစ်ယောက်လုံးသူတို့ လူဖြစ်နေတာပဲ ။ ကိုကိုကြီးဖြစ်တော့ မကောင်းဘူးလား ဆိုရင် ကောင်းတော့ကောင်းတာပေါ့ဗျာ ။ ဒါပေမယ့် ကိုယ့်အတွက် ရဲဘော်ရဲဘက်ကို ဒါမှမဟုတ် အဖွဲ့ ကို ထိုးကျွေးဖို့ ဝန်မလေးတဲ့သူတစ်ယောက်ဟာ ၊ တိုင်းပြည်ကိုလည်း လိုအပ်ရင် ထိုးကျွေးမှာပဲပေါ့ဗျာ ။ လိုအပ်ရင် ရန်သူနဲ့ ပူးပေါင်းဖို့ လိုပေမယ့် အဲဒါဟာ ယုံကြည်ချက်ကို သစ္စာဖောက်လိုက်တာ အထူးသဖြင့်တော့ ကိုယ့်အပေါ်ယုံကြည်ထားတဲ့ ပြည်သူအများကိုသစ္စာဖောက်လိုက်တာ ပိုပြီးတော့ မဖြစ်ရပါဘူးဗျာ ။ ပြီးတော့ မြန်မာပြည်သူတွေဟာ

လူထုစိန်ဝင်းစကားနဲ့ ပြောရရင်တော့ ကြောက်ရင်သာကြောက်မယ် မညံ့ဘူး။ ရှင်ကြီးဝမ်းလည်း ဝင်ခဲ့ပြီးပြီ ။ ရှင်ငယ်ဝမ်းလည်း ဝင်ခဲ့ပြီးပြီ ။ အကြိမ်ကြိမ်လည်း အလိမ်ခံခဲ့ပါးဝနေပြီ ။ ထင်သလောက်တော့ ညံ့လိမ့်မယ်လို့  မထင်ထားပါနဲ့  လို့ ပဲပြောချင်ပါတယ် ။ အဲဒါကြောင့် မြန်မာ့နိုင်ငံရေးမှာ ဆက်လက်ပါဝင်ချင်တယ်ဆိုရင်တော့ ရိုးသားမှု ၊ အခြေခံရိုးသားမှုတစ်ခု အရင် တည်ဆောက်ပေးပါလို့ ပဲ ပြောချင်ပါတယ် ။ ဗိုလ်ချုပ်အောင်ဆန်းတို့ သားအဖနှစ်ယောက်လုံးကို ပြည်သူယုံတဲ့အချက်က အရည်အချင်း မဟုတ်ပါဘူး ။ ရိုးသားမှုပါ ဆိုတာကို နိုင်ငံရေးသမားတွေ သတိမလွတ်စေချင်ပါဘူးဗျာ ။ ။


ပြည်ချစ်သူ 20.12.2013
— with Myo Myint and 18 others.


--

May Peace Be Upon You
Regards,
Ruby

ဆက်ဆံရေး မပြေပြစ်သော ရဲတပ်ဖွဲ့ ဝင်များကို အရေးယူမည် ဟုဆို......................





ကလေး၊ ဒီဇင်ဘာ ၂၁

သတင်း မီဒီယာ များနှင့် ဖြစ်စေ၊ ပြည်သူ များနှင့် ဖြစ်စေ ပြောဆို ဆက်ဆံ ရာတွင် ပြေပြစ်မှု မရှိသော
ပြည်သူ့ ရဲတပ်ဖွဲ့ဝင် များကို ထိုက်သင့်သော ပြစ်ဒဏ် များဖြင့် အရေးယူ သွားမည် ဖြစ်ကြောင်း က
လေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး သိန်းဝင်းက ပြောကြားသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့က ကလေးမြို့တွင် ဖြစ်ပွားခဲ့သော မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု သတင်းနှင့်
ပတ်သက်၍ မုံရွာဒေသခံ သတင်းထောက် တစ်ဦးက မြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့စခန်းသို့ တယ်လီဖုန်း
ဖြင့် ဆက်သွယ် မေးမြန်းမှုကို တာဝန်ကျ ရဲအရာရှိက မချေမငံ ဆက်ဆံသည်ဟု ရဲချုပ်ထံ တိုင်ကြား
ချက်အရ ကလေး ဒေသခံ သတင်းမီဒီယာများ ရှေ့တွင် ရဲမှူးက ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

“ဒီတိုင်းဆို ကျွန်တော်တို့ လူတွေ မှားနေပြီ။ ဒါကို ကျွန်တော်က လက်မခံသလို ကျွန်တော့် အကြီးအ
ကဲ များကလည်း လက်ခံမှာ မဟုတ်ပါဘူး။ ရဲတပ်ဖွဲ့ဝင်တွေက ပြည်သူလူထုကို မောက်မောက်မာမာ
မပြောသင့်ဘူး။ နောက်ကို ဒီလိုမဖြစ်အောင်တာဝန်ယူပါမယ်”ဟု ၎င်းကဆက်လက် ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်တို့၏ လုပ်ဆောင်ချက် များကို အများပြည်သူ တို့ သိရှိစေရန် မီဒီယာများတွင် ချပြချင်ပါ
ကြောင်း၊ ရဲတပ်ဖွဲ့စခန်းသို့ ဆက်သွယ်ရန် မလွယ်ကူလျှင် မိမိရုံးသို့ ဆက်သွယ်နိုင်ပြီး မချေမငံ ဆက်
ဆံကြောင်းပေါ်ပေါက်ခဲ့လျှင် ထိုက်သင့်သောပြစ်ဒဏ်ဖြင့် အရေးယူမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“မှုခင်းသတင်းဆိုတာ သက်ဆိုင်ရာ ရဲစခန်းက အတည်ပြုပေးမှ ရေးရတာ။ ပနံပါတ်တို့၊ ပုဒ်မတို့ လွဲ
သွားရင် သတင်းထောက်ပဲ နစ်နာတာပါ။ တာဝန်ကျ ဝန်ထမ်းက ပြည်သူကို မပြောနဲ့၊ သတင်း
ထောက်တွေကို တစ်ခါတလေ ရိုင်းပျစွာ ဆက်ဆံတာတွေ ရှိနေတယ်ဆိုတာ ရဲချုပ်သိအောင် တိုင်
ကြားတာပါ”ဟု ကလေးမြို့ ရဲတပ်ဖွဲ့စခန်းသို့ ဆက်သွယ် မေးမြန်းခဲ့သော မုံရွာမြို့ခံသတင်းထောက်
က The Voice သို့ ပြောကြားသည်။

မေးမြန်းမှုကို ပြန်လည် ဖြေကြားခြင်း မပြုဘဲ စခန်းသို့ လာရောက်ရန်သာ ပြောကြားပြီး တယ်လီဖုန်း
ကို မချဘဲ နေခဲ့သဖြင့် မိမိက ငါးမိနစ်ခန့် စောင့်သော်လည်း ပြန်လည် ဆက်သွယ်ခြင်း မရှိကြောင်း
၎င်းကဆိုသည်။

တယ်လီဖုန်းဖြင့် ဆက်သွယ်သော သတင်းထောက်ကို စခန်းသို့ လာရောက်ရန် ပြောကြားခဲ့ပြီး တယ်
လီဖုန်းဖြင့် ပြောဆိုရာတွင် တစ်စုံတစ်ရာ အမှားအယွင်း ပါသွားပါက ဖြေကြားသူ၏ တာဝန် ဖြစ်သ
ဖြင့် လွဲမှားမည်ကို စိုးရိမ်ကာ စခန်းသို့ လူကိုယ်တိုင် လာယူစေခြင်း ဖြစ်ကြောင်း အဆိုပါနေ့က တာ
ဝန်ကျသော ရဲအရာရှိ တစ်ဦးက ပြန်လည် ရှင်းပြသည်။

ကလေးမြို့သို့ ရဲချုပ် လာရောက်စဉ် ဧည့်ခံရန်ဟုဆိုကာ လိုင်စင်မဲ့ ယာဉ်ပိုင်ရှင်များထံ ငွေတောင်း
သော ရဲတပ်ဖွဲ့ဝင်များ၊ ဘုရားပွဲတွင် အရက်အတူ သောက်ကာ မိမိယူနီဖောင်းကို အရပ်သား တစ်
ဦးအား ဝတ်ဆင်စေသော ရဲတပ်ဖွဲ့ဝင်၊ မူးယစ်ဆေး လုပ်ကိုင်သူများနှင့် ပူးပေါင်းသော ရဲတပ်ဖွဲ့ဝင်
စသည်ဖြင့် စည်းကမ်း ချိုးဖောက်သော ရဲတပ်ဖွဲ့ဝင်များကို အရေးယူခဲ့ခြင်းများ ရှိကြောင်း ကလေး
ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းဝင်းက ပြောသည်။

The Voice Weekly မှကူးယူမျှဝေသည်။

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ဆက်ဆံရေး မပြေပြစ်သော ရဲတပ်ဖွဲ့ ဝင်များကို အရေးယူမည် ဟုဆို http://www.simon-vlog.com/2013/12/blog-post_2263.html#ixzz2oKR6yy1O
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

KIA ဖမ်းသွားတဲ့ ရှမ်းရွာသားများ အားလုံးပြန်လွတ် ...................


Monday, December 23, 2013

ဗန်းမော်ခရိုင် မန်စီမြို့နယ်မှာ အခုလဆန်းပိုင်းက ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေတပ်တချို့ ဖမ်းဆီးသွားခဲ့တဲ့ ဒေသခံ ရှမ်းတိုင်းရင်းသားအားလုံးကို ပြန်လွှတ်ပေးလိုက်ပြီလို့ မြစ်ကြီးနားမြို့ အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင် PCG အဖွဲ့က ဒီနေ့ပြောပါတယ်။

အဖမ်းခံထားရတဲ့ ရှမ်းတိုင်းရင်းသားတွေကို လွှတ်ပေးဖို့ ပြီးခဲ့တဲ့ သောကြာနေ့က မြစ်ကြီးနားမြို့မှာ ရှမ်းမျိုးနွယ်စုတွေ လူထုအစည်းအဝေးကျင်းပပြီး တောင်းဆိုခဲ့ကြပါတယ်။ ရှမ်းမျိုးနွယ်စု ခေါင်းဆောင်တွေက မြစ်ကြီးနားမှာရှိတဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ရုံးမှာ အကူအညီတောင်းခဲ့တဲ့အတွက် ကေအိုင်အိုနဲ့ ဆက်သွယ်ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

အခုအခါမှာ ဖမ်းထားတဲ့ရှမ်းတိုင်းရင်းသားတွေ အားလုံးကို လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း PCG အဖွဲ့ဝင် ဦးအင်ရှန်ဆန်းအောင်က ပြောပါတယ်။

"တပ်စုဆောင်းခဲ့တာတော့ တောက်လျှောက်ရှိမယ်၊ ရှမ်းချည်းပဲ မဟုတ်ဘူး၊ တခြားဟာတွေလည်း တောက်လျှောက်စုဆောင်းခဲ့တယ်လို့ သိရတယ်၊ ကျနော်က အားလုံးလွှတ်ပြီးပြီလို့ပဲ သိရပါတယ်၊ ၂ဝ ကျော် ပြန်လွှတ်ပေးတာပေါ့နော်၊ အဲဒီမှာ ၄ ယောက်ကတော့ ကျနော်တို့စစ်သားပဲလုပ်ချင်ပါတယ် မပြန်ချင်ပါဘူးဆိုတယ်၊ အဲဒါမျိုးလေးတွေက ကျန်ခဲ့တာပါ၊ သူတို့ကိုယ်တိုင်ရဲ့ဆန္ဒပြီးရင် အဲဒီ ၅ဝ၊ ၆ဝ ဆိုတဲ့ဟာက ရှမ်းချည်းပဲ မဟုတ်ပါဘူး၊ ကချင်တွေရောပါနေတယ်၊ ကချင်တွေက လွတ်တဲ့အထဲမှာ မပါပါဘူး"

ဒီဇင်ဘာလ ၄ ရက်နေ့လောက်ကတည်းက မန်စီမြို့နယ် မန်ဖွကျေးရွာနဲ့ ကောင်လွင်ကျေးရွာက ဒေသခံပြည်သူ ၅၀ ကျော်ကို ကေအိုင်အေက ဖမ်းဆီးသွားတယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့နဲ့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စအတွက် ကချင်ပြည်နယ်လွှတ်တော်မှာ လွန်ခဲ့တဲ့ဒီဇင်ဘာလ ၁၉ ရက်နေ့က အရေးပေါ်အဆိုတင်ပြီး ဆွေးနွေးခဲ့ပါတယ်။ အဲဒီ လွှတ်တော်အစည်းအဝေးမှာ ကချင်ပြည်နယ်အစိုးရ နယ်စပ်လုံခြုံရေးဝန်ကြီးက အဖမ်းခံရတဲ့ ၅၀ ထဲက ၂၅ ယောက် လွတ်မြောက်လာကြောင်း ဖြေကြားတယ်လို့ သိရပါတယ်။

အဲဒီနောက် ဒီဇင်ဘာလ ၂၀ ရက်နေ့က RFA ကမေးမြန်းတဲ့အခါမှာ ကချင်တိုင်းရင်းသားတွေ အပါအဝင် ၃၂ ယောက် ပြန်လည်လွတ်မြောက်လာတယ်လို့ PCG အဖွဲ့က ပြောပါတယ်။

RFA Burmese

Thit Htoo Lwin - News