Tuesday, December 24, 2013

အပျိုစင် ဘ၀ကို ဒုတိယ အကြိမ် ထပ်မံ ရောင်းချမည့် အပျိုစင် မလေး ..........................









အလှူလုပ်ချင်လို့ ပထမအကြိမ် အပျိုစင်ဘ၀ ကိုရောင်းချ ရာမှာ ၀ယ်သွားတဲ့ ယောင်္ကျားက ညမအိပ်ခဲ့လို့
အပျိုစင်ဘ၀ကို ဒုတိယ အကြိမ် ထပ်မံရောင်းချမည့် အပျိုစင်မလေး အသက် (၂၁)နှစ်သာ ရှိသေးတဲ့ ဘရာ
ဇီးလ်နိုင်ငံသူ ကာတာရီနာဟာ သူ့ရဲ့အပျိုစင် ဘ၀ကို နောက် တစ်ကြိမ်ရောင်းချဖို့ ကြိုးစား နေတယ်လို့ သိ
ရပါတယ်။ ကာတာရီနာဟာ အစောပိုင်းတုန်းကလည်း သူ့ရဲ့ အပျို စင်ဘ၀ ကို ရောင်းချမယ်လို့ အွန်လိုင်း
ပေါ်မှာ တင်ခဲ့တာမို့ ကမ္ဘာ တစ်လွှားရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ ပါတယ်။

အ ကျိုး ဆက်ကတော့ ကာတာရီနာ ဟာ ဘရာဇီးလ်နိုင်ငံမှာ ပေါ်ပြူလာဖြစ်သွား ပြီး ဒေသတွင်း Play Boy
မဂ္ဂ ဇင်းတွေမှာ တောင် ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ ကာတာရီနာဟာ သူ့ရဲ့အပျိုစင်ဘ၀ကို နောက်
တစ်ကြိမ် ရောင်းချရာမှာ ပေါင် ၄၈၅၀၀၀ အထိ ရရှိဖို့ မျှော်လင့်ထားပါတယ်။

ပထမတစ်ကြိမ် လေလံတင်ရောင်းချခဲ့ စဉ်က ဂျပန်နိုင်ငံသား တစ်ဦးက အနိုင်ရသွား ခဲ့ပေမယ့် သူ့ကို ဘာမှ
လုပ်ခဲ့ခြင်း မရှိလို့ ကာ တာရီနာအနေနဲ့ အပျိုစင်ဘ၀ကို နောက်တစ် ကြိမ် လေလံ ပစ်ဖို့ အခွင့် အရေးရသွား
ခဲ့ခြင်း ဖြစ်ပါတယ်။ တကယ်တမ်းမှာ ကာတာရီနာ ဟာ အပျိုစင်ဘ၀ကို ရောင်းချဖို့ထက် နာမည် ကြီး လာ
အောင် တမင်ဖန်တီးနေခြင်းဖြစ်တယ် လို့ မီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကာ တာရီနာဟာ ပထမ အကြိမ်သူ့ရဲ့အပျိုစင်ဘ၀ကို လေလံတင်ရာ မှာ တစ်ကမ္ဘာ
လုံးရဲ့ စိတ်ဝင်စား မှုကို ရခဲ့ပြီး မှတ် တမ်းတင် ရုပ်ရှင်ဇာတ်ကားရိုက်ဖို့အထိ ဖြစ်ခဲ့ပါတယ်။ ကာတာရီနာ
ဟာ ကျောင်းပညာ ရေး သင်ယူနေ ဆဲဖြစ်ပြီး အပျိုစင်ဘ၀ကို ရောင်းချရာမှာ ရရှိလာမယ့် ငွေကြေး ၉၀ ရာ
ခိုင်နှုန်းကို လူမှုရေးအဖွဲ့ အစည်းတွေ ကို ပြန် လည်လှူဒါန်းသွားမှာ ဖြစ်ပြီး ကျန် ၁၀ ရာခိုင် နှုန်းကို သူ့ရဲ့နေ
အိမ်ပြုပြင်ရာမှာ အသုံးပြုသွား မယ်လို့ ကြော်ငြာထားပါတယ်။ ဒါပေမဲ့ ဒီ တစ်ကြိမ်မှာတော့ ကာတာရီနာရဲ့
အကြောင်း ကို စိတ်ပါဝင်စားမှု လျော့နည်း သွားတယ်လို့ သိရပါတယ်။

From: Myawady

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: အပျိုစင် ဘ၀ကို ဒုတိယ အကြိမ် ထပ်မံ ရောင်းချမည့် အပျိုစင် မလေး http://www.simon-vlog.com/2013/12/blog-post_5640.html#ixzz2oKIgpWJ2
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

Reactions:

0 ကွန်မန့်ရေးရန်:

Post a Comment