This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, September 12, 2012

ယနေ့ မုံရွာမြို့မြင်ကွင်း
















 ယနေ့ ညနေပိုင်း ၆နာရီအချိန်အထိ ကျန်ရှိနေသေးသော ၀က်မှေးရွာသူ ၃ဦး အား ပြန်လည်လွှတ်ပေးခြင်း မရှိသေးသဖြင့် ဗကသကျောင်းသားများ ၀က်မှေးရွာခံများနှင့် မုံရွာမြို့ခံများလူဦးရေ၅၀၀၀နီးပါးခန့်မုံရွာမြို့အတွင်းလှည့်လည်တောင်းဆိုလျက်ရှိသည်။ယခုသတင်းပေးပို့
 နေချိန်တွင်ကျောက္ကာလမ်းမသို့သွားနေပြီဖြစ်ကြောင်း မုံရွာမြို့ခံများက ပြောကြားသည်။

 ဓာတ်ပုံ-ကိုသက်(မုံရွာ)The Voice

မုံရွာမြို့ ဆန္ဒပြပွဲ လူ ၂၀၀၀ ခန့် ပါဝင်

အိမ့်သံစဉ်
ဓာတ်ပုံ - Opensoiciety Monywa
စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၅ နာရီခွဲမှ စတင်ကာ မုံရွာဒေသမှ ဗကသ ကျောင်းသားများ၊ မန္တလေးမှ ဗကသများနှင့် ဒေသခံ စုစုပေါင်း လူ ၂ ထောင်ဝန်းကျင်ခန့်သည် ဖမ်းဆီးခံထားရသူ ၃ ဦး ပြန်လွှတ်ပေးရေး၊ တရားဥပဒေကို လေးစားလိုက်နာရေးများ တောင်းဆိုကာ ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်ခဲ့ကြကြောင်း သိရပါတယ်။

မုံရွာမြို့ ဆုတောင်းပြည့်ဘုရားတွင် တက်ရောက်၍ မြေများ မတရား သိမ်းပိုက်ခံရမူကို ဆုတောင်းခဲ့ကြရင်း အဖမ်းခံခဲ့ရတဲ့ ၁၁ ဦးအနက် ကျန်ရှိနေသေးသော ဖလက်ပန်းတောင်တောင် ကြေးနီစီမံကိန်း ဒေသ က ကျေးရွာသူ မသွဲ့သွဲ့ဝင်း၊ မအေးနက်၊ မဖြူဖြူဝင်းတို့ ၃ ဦး အား ပြန်လွှတ်ပေးရေးအတွက် ဆန္ဒပြခဲ့ကြ တာဖြစ်ပြီး ည ၇ နာရီခွဲတွင် အေးချမ်းစွာ လူစု ခွဲခဲ့ကြပါတယ်။

ဖမ်းဆီးထိမ်းသိမ်းခံနေရတဲ့ ရဲစခန်းရှေ့မှ စတင်ကာ နာရီစင်၊ ထိုမှ ပြည်ထောင်စု လမ်း၊ ဗိုလ်ချုပ်လမ်းများတွင် လှည့်လည် ဆန္ဒပြကြတာဖြစ်ပါတယ်။

ဆန္ဒပြနေစဉ် ရဲစခန်းတွင် လက်နက်အပြည့်အစုံနှင့် ရဲအင်အား ၂၀၀ ၀န်းကျင်ခန့် ရှိကြောင်း သိရပါတယ်။

လက်ပန်းတောင်တောင် ကြေးနီစီမံကိန်းကို စစ်တပ်ပိုင် ဦးပိုင် ကုမ္ပဏီ လိမိတက်၊ တရုတ်နိုင်ငံက ၀မ်ပေါင် ကုမ္ပဏီတို့က ပူးပေါင်း လုပ်ဆောင်နေကြပြီး ရွာပေါင်း ၂၆ ရွာကို စီမံကိန်းမြေအဖြစ် သတ်မှတ်ကာ ဒေသခံ ရွာသူ၊ ရွာသားများအားမကျေနပ်ဖြစ်နေခဲ့သည်မှာ ၄ လကျော် ကြာပြီဖြစ်ပါတယ်။

မကျေနပ်မှုများ၊ ဆန္ဒပြမှုများကြောင့် သက်ဆိုင်ရာနှင့် ဒေသခံများအကြား သဘောတူညီ စာချုပ်လက်မှတ်ရေး ထိုးထားသော်လည်း ချိုးဖောက်ခဲ့ကြခြင်းကြောင့် ဒေသခံရွာသားများက ပို၍ မကျေမနပ်ဖြစ်ကာ တင်းမာ လာခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါ ဒေသခံများအရေး ကူညီပေးခဲ့ကြသော ကျောင်းသားခေါင်းဆောင်များကိုလည်း လိုက်လံ ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။






Poste

ယောက်ျားတွေထံက ဂျေလို လိုချင်တဲ့အရာ


~

''ကျွန်မအဖို့ ယောက်ျားတစ်ယောက်ရဲ့ အရေးကြီးဆုံး အရည်အချင်းကတော့ Sweet ဖြစ်ဖို့ လိုတယ်။ ချစ်စရာကောင်းဖို့လိုတယ်။ ကျွန်မက ကောင်ချောလေးတွေကို ကြိုက်တယ်'' လို့ ဂျနီဖာလိုပက်ဇ်က ပြောလိုက်ပါပြီ။

ဂျေလိုဟာ နောက်ဆုံး တရားဝင် ခင်ပွန်းဖြစ်တဲ့ မက်အန်ထော်နီနဲ့ ၇ နှစ် ပေါင်းပြီး လမ်းခွဲခဲ့တယ်။
ဒါပေမယ့် ဂျေလိုဟာ အိပ်မက်တွေထဲက ယောက်ျားသားကို ထပ်မံရှာဖွေဖို့ လန့်နေမယ် ထင်ပါသလား။
အိမ်ထောင်ကွဲပြီး လအနည်းငယ်အကြာမှာ ဓာတ်ပုံဆရာလေး ကက်စပါစမက် ၂၅ နှစ်နဲ့ တွဲနေတယ်။
သူမထက် ၁၈ နှစ် ငယ်သူနဲ့တွဲနေတဲ့ ဂျေလိုဟာ ဘာကြောင့် ဒီကောင်လေးနဲ့ တစ်နှစ်နီးပါးကြာ ခရီးဆက်နေနိုင်သလဲ။

ဂျေလိုက စက်တင်ဘာလထုတ် In Style မဂ္ဂဇင်းနဲ့ဗျူးမှာ ပြောတယ်။
သူမက အချစ်ကိုစိတ်ကုန်ပုံမရသေးပါဘူး။
''အခက်ခဲဆုံး အပိုင်းကတော့ သင်ချစ်ခြင်းမှာ ယုံကြည်မှု ဘယ်တော့မှ မရပ်တန့်ဖို့ပါ။ သင်ဘယ်တော့မှ မရပ်ပါနဲ့။ ဒါဟာ အကောင်းဆုံး အပိုင်းပဲ'' တဲ့။
တောက်လျှောက် အောင်မြင်ခဲ့တဲ့ ဂျေလိုဟာ အချစ်နဲ့အိမ်ထောင်ရေးမှာတော့ ကံခေရှာတယ်။

သူမ တရားဝင် ပထမဆုံး လပ်ထပ်တာက ကျူးဘားသရုပ်ဆောင် အိုဂျာနီဖြစ်ပြီး တစ်နှစ်ပေါင်းတယ်။
အဲဒီနောက် နောက်ခံအကသမား ခရစ္စဂျပ်ဒ် နဲ့ နှစ်နှစ် ပေါင်းတယ်။ နောက်တော့ ဘင်အက်ဖလက်နဲ့တွဲတယ်။
နောက်ဆုံးမှာ အမြွာ နှစ်ယောက်ရဲ့ဖခင် အန်ထော်နီ နဲ့လမ်းခွဲခဲ့တယ်။

''ကလေးတွေနဲ့ပတ်သက်လို့ပြောရရင် ကျွန်မဟာအားလုံးသော မိဘတိုင်းလို နည်းတူပါပဲ။ ဂရိတ်မိဘ ဖြစ်ချင်တယ်။ ကလေးတွေ အတွက် မားမားမတ်မတ် မှန်မှန်ကန်ကန် ရှိချင်၊ ဖြစ်ချင်တာပဲ။ မိခင်ကောင်း၊ ဖခင်ကောင်း ဖြစ်ဖို့ ဆိုတာဟာ အရေးအကြီးဆုံးအလုပ်လို့ ကျွန်မမြင်တွေ့လာတယ်။ ရှင်ဘယ်သူ ဆိုတာက အရေးမကြီးပါဘူး'' တဲ့။

KN-M
ဈေးကွက်ဂျာနယ်

အလွန်အကျွံ သစ်ထုတ်လုပ်မှု


~




http://www2.irrawaddy.org/articlefiles/4489-logging.gif

အလွန်အကျွံ သစ်ထုတ်လုပ်မှုများကြောင့် သစ်တောများ ပြုန်းတီးနေပါသည်။

ထမံသီ၊ ဟုမ္မလင်း၊ ရွှေပြည်အေး၊ ဖောင်ပြင်၊ ကောလင်း၊ ဝန်းသို၊ ဗန်းမောက်၊ မိုးမိတ်၊ ရွှေလီ၊ ကသာ ကဲ့သို့သော သစ်ထုတ်လုပ်ရေး ဒေသများတွင်

မြတ်နိုးသူ၊ မိုမင်တန်၊ ဖြိုးစည်သူ၊ တင်ဝင်းထွန်း၊ ရွှေမိုးသာ၊ ထွန်းမြတ်အောင်၊ ကောင်းမြတ်၊ ဟွန်ဒါမြန်မာ၊ အေရှားဝေါလ်၊ ဌေးမိသားစု၊ NTT စသော ကုမ္ပဏီ များက ခွင့်ပြုထားသော အရေအတွက်ထက် ပို၍ ထုတ်လုပ်နေသည်။

ထို သစ်ထုတ်လုပ်ရေးမှ ကားများ ဖြတ်သန်းသွားလာသောကြောင့် စိုက်ခင်းများ ပျက်စီးကြရပြီး ကားဖြတ်သန်းသွားချိန်တိုင်း ဖုန်ထ၍ ဒေသခံများ၏ကျန်းမာရေး စိုးရိမ်ရပါသည်။

ထိုကဲ့ သို့ ကိစ္စများကြောင့် ပြည်သူများ နစ်နာနေသဖြင့် အစိုးရ တာဝန်ရှိသူများနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများက စနစ်တကျ စိစစ် အရေးယူပေးပါရန် အသိပေးအပ်ပါသည်။


~

=== ကော်နရှင် မကောင်းလို့စိတ်ညစ်နေရင် ဒီနည်းလမ်းလေးစမ်းကြည့်ပါလား ===


အင်တာနက်သုံးရတာ အစဉ်မပြေဘူးဗျာ gtalk လဲဖွင့်မရ gmail လဲဖွင့်မရတော်တော်စိတ်လေပါတယ် ဒါကြောင့်ကျွန်
တော်ရှာဖွေမွှေနှောက်ထားတဲ့ ထဲက အကောင်းဆုံးလေးတွေ တင်ပြပေးလိုက်ပါတယ်ဗျာ သူငယ်ချင်းတို့ သုံးကြည့်ပါ
ကော်နရှင် ကျနေချိန်ဆိုရင်အထောက်အကူပေးပါလိမ့်မယ် အရေးပေါ်ပေါ့ဗျာ ...
ပထမဦးဆုံး gtalk ၀င်လို့ရတဲ့ ဆိုဒ်တွေကို အရင်ပြောပြပေးပါမယ်။
၁။ http://www.ebuddy.com/#gtalk ကို Mozilla Firefox မှာ ရိုက်ထည့်လိုက်ပါ။ ပွင့်လာတဲ့အခါမှာ gtalk ပုံလေး တွေ့ပါလိမ့်မယ်။ အဲဒီပုံလေးနှိပ်ပြီး အကောင့်ဝင်လိုက်တာနဲ့ နောက်စာမျက်နှာတစ်ခုပေါ်လာပြီး ခဏနေရင် ပွင့်လာလိမ့်မယ်။
၂။ နောက်တစ်ဆိုဒ်က http://x15.iloveim.com/servlets/logoutPage ပါ။ အဲဒီမှာလည်း gtalk ၀င်လို့ ရပါတယ်။
၃။ နောက်တစ်ခုက http://webuzz.im/ ပါ။ သူကလည်း gtalk ၀င်လို့ရတဲ့ဆိုဒ်ပါပဲ။
အကောင်းဆုံးကတော့ နံပါတ်တစ်ဆိုဒ်ပါ။ တစ်ခုမရမှ နောက်တစ်ခု စမ်းကြည့်ကြပေါ့လေ။
gmail ၀င်မရရင်တော့ ဒီကနေ http://mistakeproxyarea.appspot.com/gmail.com ၀င်လိုက်ပါ။ အကောင့်ဝင်ပြီး မေးလ်ဖတ်လို့ ရပါပြီ။ အဲဒီကမှာမရရင် ဒီကနေ ၀င်လိုက်ပါ။ http://mistakeproxyarea.appspot.com/webuzz.im/ ဒါကိုဖွင့်ပြီးတာနဲ့ အောက်ဆုံးမှာ မောက်လေးနဲ့ရမ်းလိုက်ပါ။ gtalk gmail ၀င်လို့ရမဲ့ ပုံလေးတွေ တွေ့ပါလိမ့်မယ်။ gtalk ပုံကတော့ ရှင်းပါတယ်။ gmail ပုံကတော့ gtalk အောက်ဆုံးမှာပေါ်တဲ့ပုံစံလေးအတိုင်းပါပါတယ်။ အဲဒါလေးကို ထောက်နှိပ်လိုက်ရင် gmail ၀င်လို့ရပါပြီ။
ဒါလေးကတော့ http://mistakeproxyarea.appspot.com/ မိမိကြည့်ချင်သောဆိုဒ်များကို ကျော်ကြည့်လို့ရတဲ့ ဆိုဒ်လေးပါ။ ဒါလေးကို အရင်ဖွင့်ပြီး မိမိကြည့်ချင်တဲ့ဆိုဒ်နာမည်ကိုရိုက်ထည့်ပြီး Go ကိုနှိပ်လိုက်တာနဲ့ ပွင့်လာပါလိမ့်မယ်လေ။ ဒါကလည်း http://www.polysolve.com/ ၀က်ဆိုဒ်များကို ကျော်ကြည့်တဲ့ ဆိုဒ်တစ်ခုပါ။ အဲဒီဆိုဒ်ကို ဖွင့်ပြီးတဲ့ခါ ကြော်ညာတစ်ခုအပေါ်ကနေ ဖုံးနေတာတွေ့ပါလိမ့်မယ်။ အဲဒါကို ကြက်ခြေခတ်လေးနှိပ်ပိတ်လိုက်ပါ။ ပြီးရင် Begin Solving ရှေ့မှာ မိမိဖွင့်ချင်တဲ့ဆိုဒ်နာမည်ကို ရိုက်ထည့်လိုက်ပါ။ ရိုက်ထည့်ပြီးတာနဲ့ Begin Solving ဆိုတာကို နှိပ်လိုက်ပါ။ ပွင့်လာပါလိမ့်မယ်။ အပေါ်ကဟာနဲ့မရရင် ဒါလေးနဲ့ ကျော်ဝင်ကြည့်ပေါ့လေ။
တစ်ခါတလေကျတော့လည်း မြန်မာပြည်ကော်နရှင်က Access has been Denied လို့ ပြတတ်ပါတယ်။ အဲဒီလိုပြတဲ့အခါ မိမိဖွင့်နေတဲ့ဆိုဒ် သို့မဟုတ်မေးလ်ရဲ့အပေါ်ဘားတန်း http:// နောက်မှာ https:// ဆိုပြီး (S) လေးထည့်ပေးမှ ပွင့်တာမျိုးလည်း ရှိပါတယ်။
ကဲသူငယ်ချင်းတို့ရေ စမ်းသုံးကြည့်လိုက်ပါအုံးဗျာ မသိသေးတဲ့သူတွေအတွက်ပါ သိပြီးသားဆိုရင်တော့ အဟဲ့
ကျွန်တော်ဆရာကြီးမဟုတ်ပါ သူများဟာလေ့လာ၍ တင်ပေးလိုက်တာပါ...
                  ****************************************************************************
                       “ သင့်ရဲ့ကွန်မန့်တစ်ချက်ဟာ စာရေးသူတွေရဲ့အားကိုဖြစ်စေပါတယ် ”
                                                    ခင်တက်တဲ့   လူကဲလေး :p

ကမ္ဘာတလွှား မြွေကြီးများ
















International news for myanmar မှပြန်လည်ကူးယူဖေါ်ပြပါသည်........

ထူခြားဆန်းပြားသောနေရာလေးများ


ထူးခြားသောနေရာလေးများ


ထူးခြားပြီးစိတ်ဝင်စားစရာနေရာလေးတွေပါ



....
 ....

 ...

 ....


 ....

 
  • ...
     
    • ..
       
 


 











 .

 

 ကျေးဇူးတင်ပါတယ်  http://www-alwanpayelay.blogspot.com ကိုထွန်း


တရုတ်နိုင်ငံတွင်ထူးဆန်းတဲ့ သတ္တဝါတွေ့ရှိ


တရုတ်၌ ဗီဇဆိုင်ရာ စမ်းသပ်မှုကြောင့် ထွက်ပေါ်လာသည်ဟု ယူဆရသော ထူးဆန်းသည့်သတ္တ၀ါတွေ့ရှိ


ပန်းရောင် အသားအရေ၊ ကျားသစ်ကွက်များဖြင့် ဦးခေါင်းထိပ်၌ အမွေးထောင်ထောင်များရှိသော ထူးခြားသည့် သတ္တ၀ါတစ်ကောင်ကြောင့် တရုတ်နိုင်ငံ ဟေနန်ပြည်နယ် စင်ကျန်းမြို့၌ နေထိုင်သူများ ထိတ်လန့်ခဲ့ရကြောင်း သိရသည်။ စင်ကျန်းမြို့သည် သိပ္ပံသုတေသနဌာန ပေါင်းများစွာနှင့် နီးကပ်စွာတည်ရှိသောကြောင့် ယင်းအကောင်သည် ဗီဇဆိုင်ရာစမ်းသပ်မှုကြောင့်ထွ

က်ပေါ်လာခြင်းဖြစ်မည်ဟု ယူဆကြသည်။

MRTV 4 သရုပ်ဆောင် မေဇွန်(ခ) မျိုးဇာနည်ဇွန် ကို လူသတ်မှုသို့ပြောင်းလဲ အမှုဖွင့်လိုက်ပြီ။


ရန်ကုန်တိုင်း ဒေသကြီး၊ ကမာရွတ်မြို့နယ် အမှတ် (၁) ရပ်ကွက်၊ ဗဟိုလမ်းပေါ်ရှိ 
တိုက်အမှတ် (၁၉၅) တတိယထပ်၊ ညာဘက် တိုက်ခန်းတွင် အသက် ၁၈
နှစ်ခန့်အရွယ် အိမ်ဖော်မိန်းကလေး တစ်ဦး၏ ပုပ်ပွနေသော ရုပ်အလောင်းတစ်ခု တွေ့ရှိရမှု
 ဖြစ်စဉ် စက်တင်ဘာလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ထိုဖြစ်စဉ်ကို စစ်ဆေးမှုများ
 ပြုလုပ်ခဲ့ပြီးနောကရဲစစ်ချက်များအရ သဆုံးခဲ့သူ အိမ်ဖော်အမျိုးသမီးမှာ မနုနုလွင် (အသက် ၁၈ နှစ်) ဖြစ်ပြီး နေအိမ် အိပ်ခန်းအတွင်း နှားခေါင်းသွေး အနည်းငယ်ထွက်ပြီး ယာလက်ဖျံ၊
ယာပုခုံးသွားကိုက် ဒဏ်ရာ၊ ယာနဖူး ဖူးယောင် ဒဏ်ရာ၊ ၀ဲနို့အုံအောက် နံကြား ညိုမဲဒဏ်ရာများဖြင့် သေဆုံးလျက်ရှိသည်ကို စက်တင်ဘာလ ၁၀ ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ပါသည်။




ထို့နောက် အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင် စစ်ဆေးခဲ့ပြီးနောက် အိမ်ရှင်ဖြစ်သူ အမျိုးသမီးအား ကမာရွတ်ရဲစခန်းမှ (ပ)၃၆၄/၁၂၊ ပုဒ်မ ၃၀၂/၃၂၅ ဖြင့် ပြောင်းလဲ အမှုဖွင့် စစ်ဆေးလိုက်ခြင်း ဖြစ်သည်။

အိမ်ရှင်ဖြစ်သူ အမျိုးသမီးမှာ MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်ရန် လျာထားခံထားရသူ မမေဇွန်(ခ) မျိုးဇာနည်ဇွန် (၂၁)နှစ် ဖြစ်ပြီး စစ်ဆေး မေးမြန်းချက်များအရ စက်တင်ဘာလ ၈ ရက်နေ့တွင် ပုသိမ်သို့ စာတန်းဖတ်ရန် သွားစဉ် သေဆုံးသူ မနုနုလွင်အား သော့ခတ်ပြီး ချန်ထားခဲ့ကြောင်း၊ 
 
စက်တင်ဘာလ ၁၀ ရက် နေအိမ်သို့ ပြန်လည်ရောက်ရှိ၍ တိုက်ခန်း သော့ဖွင့်ပြီး ၀င်ရောက်ကြည့် 
ရှုချိန်တွင် အခန်းတွင်း သေဆုံးနေသည်ကို တွေ့ရခြင်း ဖြစ်ကြောင်း ရဲစစ်ချက်မှတ်တမ်းများအရ 
သိရှိရပါသည်။
 
♥♥From:Popular Office Sport♥♥

“ ရိုဟင်ဂျာ” စကားလုံးသုံးနှုန်း၍ သတင်းရေးသားခြင်းအား ကန့်ကွက်တောင်းဆိုမှုကို တုံ့ပြန်မှုမရှိက ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်သွားမည်ဟု ဦးသောမပြော

Inbox
x
Trash
x







7Day News Journal မှ "ရိုဟင်ဂျာ" ဟူသည့်စကားလုံးသုံးနှုန်း၍ သတင်းရေးသားမှုအား


သံဃာတော်များက လက်မှတ်ရေးထိုးကန့်ကွက်တောင်းဆိုမှုအား တစ်စုံတစ်


ရာတုန့်ပြန်မှုမရှိက ရန်ကုန်မှ သံဃာတော်များနှင့် ပူးပေါင်းကာ ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ်၊ သံဃာ့နာယကအဖွဲ့၊ အတွင်းရေးမှူး ဆရာတော် ဦးသောမက ပြောသည်။




"ဘူးသီးတောင်မြို့နယ်၊ ဂိုဏ်ပေါင်းစုံက သံဃာတွေ လက်မှတ်ရေးထိုးပြီး ကန့်ကွက်စာ ပို့ထားတာနှစ်ရက်ရှိပြီ။ သူတို့ဘက်က ဘာမှတုန့်ပြန်မှု မရှိသေးဘူး။ ဒီကန့်ကွက်စာကို သတင်းဌာနက ဘာမှ တုံ့ပြန်မှု မရှိရင် ရန်ကုန်က သံဃာတွေနှင့် ပူးပေါင်းပြီးတော့ ဆန္ဒထုတ်ဖော်ပွဲပြုလုပ်သွားမယ်။" ဟု ဆရာတော် ဦးသောမက ပြောသည်။




ပြည်တွင်း ပြည်ပရှိ သတင်းဌာနများမှလည်း "ရိုဟင်ဂျာ" ဟူသော စကားလုံးသုံးနှုန်းခြင်းကို အပြင်းအထန် ကန့်ကွက် ရှုံချကြောင်း ဆရာတော် ဦးသောမနက ဆက်ပြောသည်။




၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ(၆) ရက်နေ့ထုတ် 7Day News Journal ၏ အတွဲ (၁၁)၊ အမှတ်၂၆ ရှေ့မျက်နှာဖုံးပါ သတင်းဓါတ်ပုံနှင့် အချပ်ပို စာမျက်နှာ(A) တွင်ဖေါ်ပြသော "မန်းလူထု သမ္မတကိုထောက်ခံ၍ ကင်တားနားအား ကန့်ကွက်" သတင်းဆောင်းပါးတွင် "ရိုဟင်ဂျာ" ဟူသည့်စကားလုံးသုံးနှုန်း ရေးသားထားခြင်းအပေါ် ရခိုင်ပြည် ဘူးသီးတောင်မြို့နယ်ရှိ ဂိုဏ်းပေါင်းစုံ သံဃာတော် (၁၀၄)ပါးက လက်မှတ်ရေးထိုးကာ အယ်တီတာချုပ်ထံသို့ စက်တင်ဘာ(၇)ရက်နေ့က ကန့်ကွက်လွှာ ပေးပို့ခဲ့ကြခြင်း ဖြစ်သည်။ ကန့်ကွက်စာမူရင်းမှာ -




ရခိုင်ပြည်နယ်ဘူးသီးတောင်မြို့နယ်ဂိုဏ်းပေါင်းစုံသံဃာတော်များ က 7Days News Journal ၏ သတင်းရေးသားမှုကို ကန့်ကွက်ခြင်း




၁။ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ(၆) ရက်နေ့ထုတ် 7Day News Journal ၏ အတွဲ (၁၁)အမှတ်၂၆၏ ရှေ့မျက်နှာဖုံးပါ သတင်းဓါတ်ပုံနှင့် အချပ်ပို စာမျက်နှာ(A)တွင် ဖေါ်ပြသော မန်းလူထုသမ္မတကိုထောက်ခံ၍ ကင်တားနားအား ကန့်ကွက် သတင်းဆောင်းပါးတွင် ရေးသားထားသော "ရိုဟင်ဂျာ" ဟူသည့်စကားလုံးသုံးနှုန်းမှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်သံဃာတော်များက အောက်ပါအတိုင်း ကန့်ကွက်သည်။




၂။ မျက်နှာဖုံးသတင်းဓါတ်ပုံတွင် ပုံရည်ညွန်းစာ ရေးသားရာ၌ ရိုဟင်ဂျာအရေးဟု ဖေါ်ပြသုံးနှုန်းခြင်း၊ အချပ်ပိုစာမျက်နှာ(A)တွင် ရိုဟင်ဂျာအရေးတွင်ဟူ၍ ရေးသား သုံးနှုန်းခြင်းတို့ကို တွေ့ရှိရသည်။




၃။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဆိုသော လူမျိုး လုံးဝမရှိကြောင်း နိုင်ငံတော် အစိုးရက တရားဝင်ထုတ်ပြန် ကြေငြာထားပြီးဖြစ်သည်။ ထို့အပြင် ယနေ့ဖြစ်ပေါ်နေသော အရေးအခင်းကို အကြောင်းပြု၍ ကုလသမဂ္ဂနှင့် မူဆလင်နိုင်ငံများက ရိုဟင်ဂျာအရေးဟု ရှေ့တန်းတင်၍ နိုင်ငံတော်၏အချုပ်အခြာအာဏာကို ထိပါး စော်ကားနေလျှက် ရှိသည်ကို သတင်းဂျာနယ်မှ ပုဂ္ဂိုလ်များလည်း သိရှိပြီးဖြစ်ပါလိမ့်မည်။




၎။ ယခုပြည်တွင်းရှိ ထင်ရှားလူသိများသော သတင်းဂျာနယ်ကြီးတစ်ခုအနေဖြင့် ၎င်းကုလသမဂ္ဂနှင့် မူဆလင်နိုင်ငံများ၏ လေသံကိုလိုက်၍ ရိုဟင်ဂျာဟူသော စကားလုံးကိုမသုံးစွဲသင့်ဟု ယူဆသည်။




၅။ ရခိုင်ပြည်နယ်တွင် ယနေ့အထိ ဖြစ်ပေါ်နေသော ဖြစ်ရပ်များသည် ဘင်္ဂလီ စစ်တကောင်းနယ်သားများ၏ ရခိုင်ပြည်နယ် သိမ်းပိုက်ရေး အကွက်ကျကျ ဖန်တီးလုပ်ကြံမှုများသာဖြစ်ပြီး ရိုဟင်ဂျာအမည်ခံ လူမျိုးတစ်မျိုးအဖြစ် အသိအမှတ်ပြု ခံရရေး၊ နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေး ရရှိရေးအတွက် တောင်းဆိုမှုသက်သက်မဟုတ်ပေ။




၆။ ဘူးသီးတောင်မြို့နယ်ရှိ သံဃာတော်များအနေဖြင့် မန္တလေးသံဃာတော်များနှင့် လူထု၏ ဆန္ဒပြတောင်းဆိုမှုကို ၀မ်းမြောက်ဝမ်းသာ ကြိုဆို၍ အလေးအနက်ထောက်ခံပြီး တစ်သားတည်းရှိကြောင်းကိုလည်း ဖေါ်ပြပါသည်။




၇။ သို့သော် 7Days News Journal ၏ သတင်းရေးသားရာတွင် စကားလုံးအသုံးအနှုန်းကြောင့် ရခိုင်ပြည်နယ်ရှိ သံဃာတော်များနှင့် ပြည်သူလူထုအတွက် များစွာစိတ်မကောင်းဖြစ်ရပြီး၊ ရခိုင်အရေးအခင်းနှင့်ပတ်သတ်၍ သတင်းဖေါ်ပြချက်များတွင် ရိုဟင်ဂျာဟူသော




အသုံးအနှုန်းကို နောက်နောင်သုံးစွဲခြင်း မပြုရန်နှင့် ယခုသတင်းထုတ်ပြန်ချက်ပါ ရိုဟင်ဂျာဟူသော သုံးအနှုန်းအစား စစ်တကောင်းနယ်သား ဘင်္ဂလီကုလားများဟု ပြင်ဆင်ချက် ထုတ်ပြန်ပေးရန ဤကြေငြာချက်ကိုလက်မှတ်ရေးထိုး ထုတ်ပြန်၍ တောင်းဆိုသည်။




Arakan Times

ဘင်္ဂလာရဲ ရဲ့ Jamaatul Arakan စစ်ဆင်ရေး အတွင်း မြန်မာနိုင်ငံသား ၅၄ ဦး ဖမ်းဆီးခံရ *

Inbox
x










Narinjara News




ဘင်္ဂလာဒေခ်ျ့ရဲအဖွဲ့က မြန်မာ နယ်စပ် အနီး တည်ရှိတဲ့ ဘင်္ဂလာဒေခ်ျ နိုင်ငံ အတွင်းက ခရိုင် တချို့မှာ အခုအခါ အစွန်းရောက် အဖွဲ့အစည်း တစ်ခု ဖြစ်တဲ့ Jamaatul Arakan ကို စစ်ဆင်ရေး လုပ်နေပါတယ်။

လွန်ခဲ့တဲ့ အပတ်က သံသယ ရှိနေသူ လူ (၄) ဦးကို ဘင်္ဂလာရဲက ဖမ်းမိခဲ့ပြီး စစ်ဆေးတဲ့ အခါ သူတို့ဟာ jamaatual Arakan အဖွဲ့က ဖြစ်ပြီး ဘင်္ဂလယဒေ့ခ်ျက မတရားအ သင်း ကျေညာထားတဲ့ ဂျီအမ်းဘီနဲ့ အဆက်အသွယ်ရှိတယ်လို့ ထွက်ဆိုတဲ့ အတွက် အခုလို နယ်စပ်က ခရိုင်တချို့ ဖြစ်တဲ့ ကော့စ်ဘဇား၊ ဘင်ဒရိုဘင်နဲ့ ရန္ကာမတီ တို့မှာ စစ်ဆင်ရေး လုပ်နေတာ ဖြစ်တယ်လို့ သတင်းစာတွေမှာ ရေးသား ဖေါ်ပြပါတယ်။





ဖမ်းဆီးခံထားရသူများ (ဓါတ်ပုံ- အင်တာနက်)

အခုလို စစ်ဆင်ရေးအတွင်းမှာ မြန်မာနိုင်ငံက ၀င်ရောက်နေထိုင်တဲ့ မွတ်ဆလင်တွေကိုလည်း လိုက်လံ ဖမ်းဆီးနေတဲ့ အတွက် လွန်ခဲ့တဲ့ စနေနေ့က ကော့စ်ဘဇားခရိုင် အတွင်းမှာ မြန်မာနိုင်ငံက မွတ်ဆလင် ၅၄ ဦးကို ဖမ်းမိခဲ့တယ်လို့ ကော့စ်ဘဇားရဲတပ်ဖွဲ့ အက်စ်အိုင် Shahed က ပြောတယ်လို့ သတင်းတွေမှာ ဖေါ်ပြပါတယ်။

သူတို့ ၅၄ ဦးကို ကော့စ်ဘဇားမြို့နားက နော်နီချာရာနဲ့ ကတူဒီယာအရပ်တွေက ဖမ်းဆီးမိတာ ဖြစ်တယ်လို့ ပြောပါတယ်။ စက်တင်္ဘာလ ၁၀ ရက်နေ့က ထုတ်တဲ့ The Independent သတင်းစာမှာတော့ ဖမ်းဆီးခံရတဲ့ သူတွေရဲ့ အမည်စာရင်းကို သူတို့ ရဲ့ အသက်တွေနဲ့ အတူ ပုံနှိပ် ဖေါ်ပြခဲ့ပါတယ်။

ကော့စ်ဘဇားမြို့က အကြီးအတန်း သတင်းထောက် တစ်ဦးပြောတာကတော့ အဖမ်းဆီးခံရသူတွေ အများစုဟာ Jamaatul Arakan အဖွဲ့နဲ့ ပတ်သက်မူ မရှိသူတွေ ဖြစ်ကြပြီး ငါးဖမ်းသမားတွေ ဖြစ်ကြတယ်လို့ ပြောပါတယ်။

ဒါပေမယ့် ဖမ်းဆီးခံရသူတွေကို ရဲအဖွဲ့က အခုအချိန်ထိ စစ်ဆေးနေတုန်း ဖြစ်တယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၅ ရက်ခန့်ကလည်း ဘင်္ဂလာရဲနဲ့ စစ်တပ် တို့ ပူးပေါင်းပြီး မြန်မာ နယ်စပ် အနီး စစ်တကောင်း တောင်တန်းနယ် အလယ်ခွာတောင် မြို့က ၁၃ ကီလိုမီတာခန့် ဝေးပြီး အကြမ်းဖက်သမားတွေ ခိုအောင်းနေတဲ့တောတွင်းက နေရာကို စီးနှင်းမူ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ စီးနှင်းမူ မစတင်မီ လူတွေက ထွက်ပြေးသွားတဲ့ အတွက် စခန်းကိုဘဲ သိမ်းမိပြီး စာအုပ်စာတန်း တချို့နဲ့ အထောက် အထား ပစ္စည်း တချို့ကို သိမ်းဆည်း ရမိခဲ့တယ်လို့ ပြောပါတယ်။

အဲဒီ စခန်း စီးနှင်းမူ ပြုလုပ်ရာ ဘင်္ဂလာရဲ အဖွဲ့က သတင်းထောက်တွေကိုလည်း ခေါ်ယူသွားခဲ့တယ်လို့ ကော့စ်ဘဇား အကြီးတန်း သတင်းထောက်က ပြောပါတယ်။

ဘင်္ဂလာရဲအဖွဲ့ဟာ နယ်စပ်မှာ အခုအချိန်ထိ စစ်ဆင်ရေး ပြုလုပ်နေပြီး ဖမ်းဆီးမူတွေလည်း ဆက်လက် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ကော့စ်ဘဇားခရိုင် ရဲစခန်း ရဲမှူးကြီး ကမာရုလ် ဟာဆန် ( Kamrul Hasan) က မြန်မာနိုင်ငံ မွတ်ဆလင် (သူ့အခေါ် ရိုဟင်ဂျာ) ဆိုသူတွေကြောင့် ကော့စ်ဘဇားခရိုင် အတွင်းမှာ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက် ပျက်ပြားလာတာကြောင့် သူအနေနဲ့ ကော့စ်ဘဇားကို ရိုဟင်ဂျာတွေနဲ့ ကင်းရှင်း အောင် လုပ်လိုတယ်လို့ The Independent ကို ပြောဆိုကြောင်း သတင်းစာက ရေးသား ဖေါ်ပြပါတယ်။

ခုလို ရဲမှူးကြီး ပြောကြားချက်နဲ့ စစ်ဆင်ရေးကိုလည်း နယ်စပ်မှာ ဆက်လက် ပြုလုပ်နေတာကြောင့် နယ်စပ် တလျှောက်မှ နေထိုင်တဲ့ မြန်မာနိုင်ငံက တရားမ၀င် ၀င်ရောက်နေထိုင်သူတွေကို အခု ရက်ပိုင်းတွေ အတွင်း ဖမ်းဆီးမူတွေ ပိုများလာနိုင်တယ်လို့ လေ့လာ သုံးသပ်သူတွေက ပြောပါတယ်။


--

ရိုဟင်ဂျာအရေး မကျေနပ်သူ အင်ဒိုနီးရှား အကြမ်းဖက်သမား အဖမ်းခံ *

Inbox
x









မြန်မာနိုင်ငံက ရိုဟင်ဂျာမူစလင်တွေအပေါ် ပြုမူပုံကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့အင်ဒိုနီးရှား နိုင်ငံက ဗုဒ္ဓဘာသာဝင်တွေကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ်လို့


ဆိုသူတဦးဟာ ရဲတပ်ဖွဲ့ထံမှာ ကိုယ့်သဘောနဲ့ကိုယ် သွားပြီး အဖမ်းခံခဲ့ပါတယ်။




မူဟမ်မက်ဒ် တောရစ်ခ် (Muhammad Toriq) ဆိုသူဟာ သေနတ်တလက်၊ ကျည်ဆံတွေနဲ့အတူ ဖောက်ခွဲရေးပစ္စည်းတွေမပါတဲ့ အသေခံဗုံးဖောက်ခွဲတဲ့အင်္ကျီကိုဝတ်ပြီးတနင်္ဂနွေနေ့က အင်ဒိုနီးရှားရဲတပ်ဖွဲ့ထံမှာ အဖမ်းခံခဲ့တာပါ။




ပြီးခဲ့တဲ့သီတင်းပတ်မှာ ဂျကာတာမြို့တော်က သူ့ရဲ့အိမ်မှာ ရဲတပ်ဖွဲ့က ၀င်ဖမ်းတဲ့အချိန် လွတ်ထွက်သွားပြီးကတည်းက သူဟာ ထွက်ပြေးနေခဲ့တာပါ။




သူ့အိမ်ခန်းထဲကနေ မီးခိုးတွေထွက်လာတာတွေ့လို့ အိမ်နီးချင်းတွေက ရဲတပ်ဖွဲ့ဆီ သတင်းပို့ခဲ့


တာဖြစ်ပါ တယ်။




ရဲတပ်ဖွဲ့ကိုသော်လည်းကောင်း၊ အကြမ်းဖက်နှိမ်နင်းရေး အင်ဒိုနီးရှား အထူးတပ်ဖွဲ့ကိုသော်လည်းကောင်း၊ ဗုဒ္ဓဘာသာဝင်တွေကို သော်လည်းကောင်း ပစ်မှတ်ထားပြီး တနင်္လာနေ့မှာ အသေခံဗုံးဖောက်ခွဲဖို့ သူ စီစဉ်ထားခဲ့တယ်လို့ တော်ရစ်ခ်က ရဲတပ်ဖွဲ့ကို ပြော ပါတယ်။




အသေခံဗုံးခွဲတာနဲ့ပတ်သက်တဲ့ မှတ်ချက်စကားကို သူ ရေးထားခဲ့ပြီးပြီဖြစ်ပြီး နောက်ဆုံးအချိန် ကျမှ အစီအစဉ်ကိုဖျက်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ တော်ရစ်ခ်က ရဲတပ်ဖွဲ့ကိုပြောပါတယ်။ သူ့ရဲ့မိခင်၊ ဇနီးနဲ့သားဖြစ်သူတို့ ခံစားရမယ့်နာကျင်မှုကို တွေးမိပြီး အစီအစဉ်ဖျက်လိုက်တာဖြစ်တယ်လို့ အမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးချုပ် ဘွိုင်း ရက်ဖ်လီ အေမာ (Boy Rafli Amar)


က ပြောပါတယ်။




မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီတွေအကြား ဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်ပြီး သဘော ထားတင်းမာတဲ့ အင်ဒိုနီး


ရှားနိုင်ငံသား မူစလင် ရာပေါင်းများစွာက ဇူလိုင်လအတွင်း မြန်မာသံရုံးရှေ့မှာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။




VOA( မြန်မာပိုင်း)