This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, May 8, 2012

မြန်မာစာ စနစ်နဲ သာလွန် windows OS Download

သာလွန် မြန်မာ OS Download Tharlon v1.0

     ဒါကတော့ လစ်နစ် စနစ်သုံး သာလွန် မြန်မာ OS ပါ။ ကျွန်တော်ကတော့ ကြိုက်ပါတယ်။ အလိုရှိသူများ သုံးလိုရအောင်ပြန်ပြီး လမ်းညွှန်ပေးတာပါ။ သူက မြန်မာစာ စနစ်နဲ့ ဖြစ်တဲ့ အတွက် အသုံးပြုရတာ လွယ်ကူပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ windows xp / windows 7 တို့နဲ့လည်း ကွန်ပြုတာမှာ တွဲသုံးလိုရပါတယ်။ windows တင်ရတာလည်း အရမ်းကို လွယ်ကူပါတယ်။ ကိုယ်သွင်းပြီးလို့ ပြီးသွားရင် စက်ပြန်ဖွင့်တဲ့ အခါကျရင်  ပါဝါတက်ပြီးတာနဲ့ သာလွန်နဲ့ သုံးမလာ (ဒါမှမဟုတ်) ကိုယ်တင်ထားတဲ့ windows နဲ့ သုံးမလာ ဆိုတာကို  ရွှေးချယ်ပြီး သုံးလို့ရပါတယ်။ သာလွန် OS ကို သွင်းတဲ့ အခါကျရင် လက်ရှိသုံးနေတဲ့ windows ပိုင်း မဖျက်ပဲ တွဲပြီး သုံးမယ့်ဆိုတာကို ရွေးချယ်ပေးပါ။
သူအကြောင်းကို အသေးစိပ်သိချင်သူများ http://www.tharlon.org ကို သွားရောက်ပြီး  လေ့လာကြည်လိုက်ပါ။
ကျွန်တော်ကတော့ သာလွန်ကို ကြိုက်ပါတယ်။ ဘာကြောင့်လဲ ဆိုတော မြန်မာစွယ်စုံကျမ်းပါတဲ့ အတွက်ပါ။ အဲဒီမှာ ကိုယ်သိချင်တဲ့ အကြောင်းအရာတွေကို ရှာဖွေ ဖတ်ရူလိုရပါတယ်။ သာလွန်ကို ဘယ်လို install သွင်းရမလဲဆိုတာကို ဒီလင့်မှာ http://www.tharlon.org/?p=76 သွားရောက် ဖတ်ရူလိုရပါတယ်။
အလိုရှိသူများ ဒီမှာ downloads ယူလိုက်ပါ။
အဲဒီလင့်က downloads မရရင့် အောက်ကလင့်ကနေလည်း downloads ယူလိုရပါတယ်။ ကျွန်တော်တင်ထားပေးတာမဟုတ်ပါဘူး ;)


32bit
  1. Mirror 1
  2. Mirror2
  3. Mirror3
  4. Mirror 4
Torrent Links
  1. Mirror1
  2. Mirror2
  3. Mirror3
64bit
  1. Mirror1
  2. Mirror2
  3. Mirror3
  4. Mirror4
  5. Mirror5
  http://www.kokosawjet.blogspot.com/2012/01/os-download-tharlon-v10....
ကျွန်တော်လဲ အခုမှစမ်းမလို ဒေါင်းတုန်း။သူငယ်ချင်တို သိရအောင်တင်လိုက်တာ ။ဘယ်လိုနေလဲးဆိုတာ အကြောင်း
ပြန်ပါနော။အဆင်ပြေရင်တော့အတိုင်းထက်အလွန်ပေါ့ဗျာ။
   လေးစားစွာဖြင့်     ......မောင်မြင့်
http://satekuupuyar.blogspot.com/2012/05/windows-os-download.html

မျက်ကပ်မှန်တပ်သူတိုင်းအတွက်

မျက်ကပ်မှန်တပ်သူတိုင်းအတွက်

မျက်ကပ်မှန်တပ်တဲ့ သူငယ်ချင်းများအတွက် မျက်ကပ်မှန်ကို အဆင်ပြေပြေတပ်နိုင်အောင် မျက်ကပ်မှန်ကြောင့် မျက်စိမထိခိုက်ရအောင် ဆောင်ရန်ရှောင်ရန်လေးတွေကို ပြောပြမယ်နော်။
Always
- မျက်ကပ်မှန်တွေကို ပူလွန်းအေးလွန်းတဲ့နေရာမှာ မထားပါနဲ့။
- မျက်ကပ်မှန်တွေကို မကိုင်ခင် လက်ကို ဆပ်ပြာအပျော့စားလေးနဲ့ သေချာဆေးပေးပါ။
- အမွှေးမပါတဲ့ပုဝါနဲ့ လက်ကို ခြောက်အောင် သုတ်ပေးပါ။
- ညာဖက်မျက်ကပ်မှန်ကို အရင်ချွတ်ရင် အမြဲညာဘက်ကိုပဲ အရင်ချွတ်ပါ။ ဒါမှ ဘယ်နဲ့ညာ မမှားနိုင်မှာပေါ့။
- မျက်ကပ်မှန်ဆေးရည်ကို သုံးပြီးတဲ့အခါတိုင်း အဖုံးကို သေချာလုံအောင် ပိတ်ပါ။
- မျက်ကပ်မှန်ထည့်တဲ့ဘူးလေးကို နေ့တိုင်းသေချာစင်ကြယ်အောင် ဆေးပါ။
- မျက်ကပ်မှန်ဆေးရည်က ရက်လွန်နေရင် မသုံးပါနဲ့တော့။
- ရေမကူးခင်မှာ မျက်ကပ်မှန်ကို ချွတ်ထားပါ။
- မျက်ကပ်မှန်ကို မိတ်ကပ်မလိမ်းခင် တပ်ဆင်ပါ။ မိတ်ကပ်မဖျက်ခင် ချွတ်ပါ။
- မျက်စဉ်း အမြဲဆောင်ထားပါ။ အထူးသဖြင့် ကွန်ပြူတာအကြည့်များတဲ့ သူတွေမှာပေါ့။ မျက်လုံးအိမ်က ခြောက်သွေ့နေရင် သက်တောင့်သက်သာလည်း မရှိဘူး။ မျက်ကပ်မှန်လည်း ပြန်ချွတ်ရခက်တယ်။ မျက်လုံးကိုလည်း ဒဏ်ဖြစ်စေနိုင်တယ်လေ။
- မျက်ကပ်မှန်ကိုမတပ်ခင်မှာ မျက်ကပ်မှန်ကခြောက်သွေ့နေတယ်လို့ထင်ရင် မျက်ကပ်မှန် ဆေးရည်နဲ့ ဆေးလိုက်ပါ။
- မျက်ကပ်မှန်စမတပ်ခင်မှာ မျက်စိအထူးကုဆရာဝန်နဲ့ ပြသပါ။ မျက်လုံးမှာ ပြဿနာတစ်ခုခုရှိနေရင် မျက်ကပ်မှန်တပ်လို့မရဘူးလေ။
- တကယ်လို့ မျက်ကပ်မှန်တပ်ပြီးတော့မှ မျက်လုံးက နာလာမယ်၊ နီရဲလာမယ်၊ ကြည့်ရလည်း လုံးဝအဆင်မပြေဘူးဆိုရင် မျက်ကပ်မှန်ကို ချက်ချင်းပြန်ချွတ်ပါ။
- မျက်ကပ်မှန်ကို သန့်ရှင်းရေးလုပ်မယ်ဆိုရင် မျက်ကပ်မှန်ထည့်တဲ့ဘူးထဲကို မျက်ကပ်မှန်ဆေးရည် ထည့်ပါ။
ပြီးတော့ မျက်ကပ်မှန်ကိုထည့်၊ အဖုံးကိုလုံအောင်ပိတ်ပြီး ဖြည်းဖြည်းလေးလှုပ်ပေးပါ။ မျက်ကပ်မှန် မတပ်ခင်နဲ့ တပ်ပြီးတိုင်း လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
Never
- မျက်ခမ်းစပ်၊ မျက်စိစွံတွေ ဖြစ်နေရင် ဓာတ်မတဲ့မှုကြောင့် မျက်လုံးနီရဲပြီး ရောင်နေရင်တော့ မျက်ကပ်မှန်ကို မတပ်ပါနဲ့။
- ဆပ်ပြာတွေ အလှကုန်တွေနဲ့ တခြားအရာတွေနဲ့ မျက်ကပ်မှန်ကို မထိစေနဲ့။
- မျက်ကပ်မှန်ဆေးရည်ဘူးရဲ့ ထိပ်အပေါက်ကို ဘာနဲ့မှ မထိပါစေနဲ့။ လက်၊ မျက်ကပ်မှန်တို့နဲ့တောင် မထိပါစေနဲ့။ မျက်ကပ်မှန်ကို ဘာနဲ့မှ မသုတ်ပါနဲ့။
- သုံးပြီးသား မျက်ကပ်မှန်ဆေးရည်ကိုလည်း လုံးဝပြန်မသုံးသင့်ပါဘူး။
- မျက်ကပ်မှန်ကို ဆေးကြောဖို့အတွက် မျက်ကပ်မှန်ဆေးရည်ကလွဲပြီး ဘာမှမသုံးပါနဲ့။
- ရေနွေးငွေ့တို့ တခြားမျက်စိကို ထိခိုက်နိုင်တဲ့အငွေ့တို့ ရှိနေရင်လည်း မျက်ကပ်မှန်မတပ်ပါနဲ့။
- မျက်ကပ်မှန်ကို ၈ နာရီထက်ပိုမတပ်မိပါစေနဲ့။
- မျက်ကပ်မှန်တပ်ပြီးတော့ ဆံပင်ဖျန်းဆေး မသုံးပါနဲ့။
- မျက်ကပ်မှန်ကို နှစ်နဲ့ချီပြီးတော့လည်း မတပ်သင့်ပါဘူး။
- မျက်နှာပြင် ကြမ်းမာနေတဲ့ အနားတွေထက်နေတဲ့ မျက်ကပ်မှန်ကိုလည်း နှမြှောပြီး မတပ်ပါနဲ့။
မျက်ကပ်မှန်တပ်ဆင်နည်း
- မျက်ကပ်မှန်မတပ်ခင် လက်ကို ဆပ်ပြာနဲ့သေချာစင်ကြယ်အောင်ဆေးပါ။
- ပြီးတော့ မှန်ရှေ့မှာ နေပါ။
- ညာဘက်လက်ခလယ်နဲ့ အောက်မျက်ခမ်းကိုဆွဲပါ။
- ဘယ်ဘက်လက်နဲ့ အပေါ်မျက်ခွံကို ဆွဲမပါ။
- တည့်တည့်ကြည့်ပြီး မျက်ကပ်မှန်ကို မျက်လုံးအလယ်တည့်တည့်မှာ တပ်ဆင်ပါ။
- မျက်ကပ်မှန်တပ်ပြီး မျက်တောင်မခတ်ခင်မှာပဲ ဘယ်ညာအရင်ကြည့်ပါ။ အဲလိုကြည့်လိုက်ရင် မျက်ကပ်မှန်က မျက်လုံးအလယ်တည့်တည့်မှာ သေချာနေရာတကျဖြစ်သွားတယ်လေ။
- ပြီးတော့ မျက်ကပ်မှန်က နေရာတကျရှိရဲ့လားဆိုတာ မှန်ထဲမှာသေချာကြည့်ပါ။
-မျက်ကပ်မှန်ဟာ မျက်ဆံပေါ်မှာ နေရာတကျရှိနေပြီး မျက်လုံးကလှုပ်ရှားလည်း ဒီတိုင်းပဲဆိုရင် OK သွားပြီပေါ့။
မျက်ကပ်မှန်ချွတ်နည်း
- မျက်ကပ်မှန်ချွတ်တော့မယ်ဆိုရင် မျက်ခွံတွေကို ပိတ်မသွားအောင် လက်တစ်ဖက်နဲ့ ဆွဲဖွင့်ထားပြီး လက်မရယ် လက်ညိုးရယ်နဲ့ အသာအယာလေးဆွဲယူလိုက်ရုံပါပဲ။
- ပြီးတော့ မျက်ကပ်မှန်ထည့်တဲ့ဘူးကို ဆေးရည်ဖြည့်၊ မျက်ကပ်မှန်ထည့်ပြီး လုံအောင်ပိတ်ထားလိုက်ပါ။
မျက်ကပ်မှန်တပ်နေကြလူတွေအတွက်တော့ မိကျောင်းမင်း ရေကင်းပြသလို ဖြစ်နေမှာပဲ။ :D ဒါပေမယ့် ခုမှ မျက်ကပ်မှန်စတပ်မယ်ဆိုတဲ့ သူငယ်ချင်းတွေအတွက်ပါ။ ပြီးတော့ မျက်ကပ်မှန် ခုမှ စတပ်မယ့်သူတွေအတွက်ရော၊ တပ်နေကြသူငယ်ချင်းတွေရော ဆောင်ရန် ရှောင်ရန်လေးတွေကို သိနိုင်အောင်ပါ။ သူငယ်ချင်းအားလုံး မျက်လုံးထိခိုက်မှုကင်းဝေးပြီး အမြဲလှနိုင်ကြပါစေရှင်။
ပို့စ်ကို ကူးယူဖော်ပြမယ်ဆိုရင်
Myanmar Sky Link
(Myanmar Health & Beauty Website)
www.myanmarskylink.com မှ ကူးယူဖော်ပြပါသည်

ကိုယ်သင်းရနံ့ဆန်းစစ်ကြည့်စို့

ကိုယ်သင်းရနံ့ဆန်းစစ်ကြည့်စို့

မိတ်ဆွေအပေါင်းအသင်းတွေက သင့်ကိုယ်အနံ့က နည်းနည်းဆိုးတယ်လို့ ပေါ်တင်ပြောလို့ပဲဖြစ်ဖြစ်၊ သင့်အနားရောက်တာနဲ့ လူတွေကနှာခေါင်းရှုံသွားရင်ပဲဖြစ်ဖြစ် ကိုယ်ရဲ့ကိုယ်နံ့ကို ပြန်ဆန်းစစ်ကြည့်ဖို့လိုနေပြီနော်။ သင့်ရဲ့အကျင့်တွေနဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုတွေကိုလည်း ဆန်းစစ်ဖို့လိုတာပေါ့။
အ၀တ်အစားများချွတ်ပြီးရင် ပြန်နမ်းကြည့်ပါ။
- အသက်ကိုအရင်၀၀ရှုလိုက်ပါ။
- ရေသွားချိုးတာပဲဖြစ်ဖြစ် တီဗီသွားကြည့်တာပဲဖြစ်ဖြစ် လုပ်လိုက်အုံးနော်။
- မဟုတ်ရင် ကိုယ့်အနံ့ကို ကိုယ်ကကျင့်သားရနေတော့ နံရင်လည်း နံတယ်ထင်မှာမဟုတ်ဘူးလေ။ :D
- ပြီးမှ အ၀တ်အစားတွေကို တစ်ခုချင်းနမ်းကြည့်ပါ။
- အထူးသဖြင့် ချိုင်းတွေနဲ့ ချွေးထွက်တဲ့သောနေရာတွေကို နမ်းကြည့်ပါ။
- ကိုယ့်အနံ့ကို ကိုယ်တိုင်နှားခေါင်းရှုံ့မိတယ်ဆိုရင်တော့ သဘောပေါက်လိုက်ပါတော့။ :P
သင့်စားသောက်မှုပုံစံကိုပြန်သုံးသပ်ပါ။
- သင်ဟာ ချွေးနံ့ဆိုးတွေ ထွက်စေတဲ့ အနီရောင်အသားတွေ၊ အရက်၊ ကော်ဖီ၊ ဆီကြော်အစားအစာတွေနဲ့ ဓာတုပစ္စည်းတွေပါဝင်တဲ့ အသင့်စားနိုင်တဲ့ အစားအသောက်တွေကို အများကြီးစားတတ်သူလား။
- အဲဒါတွေက စားလို့ကောင်းပေမယ့် ခန္ဓာကိုယ်ချေဖျက်ပြီး ထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် ခံတွင်းနံ့တွေ ချွေးနံ့တွေကို ဆိုးဝါးစေပြီး လူတွေကို စိတ်ကသိကအောက်ဖြစ်စေတာပေါ့။
- ဒါကြောင့် သင်က အဲဒီအစားအသောက်တွေကို အများကြီးစားနေမိတယ်ဆိုရင် သင့်ရဲ့ ချွေးနံ့တွေ၊ ခံတွင်းနံ့တွေကလည်း ဆိုးဝါးနိုင်တာပေါ့။
ခံတွင်းနံ့ရော နံနေလား ??
- ပါးစပ်ကို လက်နဲ့အုပ်ပြီး လေမှုတ်ထုတ်ကြည့်ပါ။
- ရလဒ်အနံ့ဆိုးကို သင့်လက်ဖ၀ါးကိုနမ်းကြည့်လို့ဖြစ်ဖြစ်၊ မှုတ်ထုတ်လိုက်တဲ့လေမှာဖြစ်ဖြစ်ရရင် သင့်သွားနဲ့ပါးစပ်ကို သန့်ရှင်းဖို့လိုနေပြီပေါ့။
ခန္ဓာကိုယ်ရဲ့ချွေးထွက်များတဲ့နေရာတွေကို ဂရုစိုက်ပါ။
- အရေပြားရဲ့ အတွန့်ရှိတဲ့နေရာတွေ ဥပမာ ခြေချောင်းကြား၊ ချိုင်းနေရာ၊ ရင်သားအောက်နေရာတို့မှာ ဘက်တီးရီးယားပိုးတွေပေါက်နိုင်လို့ အနံ့ဆိုးတွေထွက်စေနိုင်တာပေါ့။
- ဒါကြောင့် အဲ့ဒီနေရာတွေကို သန့်ရှင်းနေအောင် ခြောက်သွေ့နေအောင် ဂရုစိုက်ပေးနော်။
ချွေးထွက်များနေလား ??
- ကိုယ်က ချွေးထွက်များတတ်သူဆိုရင်တော့ ချွေးနံ့နံနေမှာပဲပေါ့။ အဲတော့ ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ရတော့မှာပဲနော်။
သင်ယုံကြည်တဲ့သူရဲ့ အကူအညီကိုယူပါ။
- သင့်ကိုယ်ရနံ့နဲ့ ပတ်သက်ပြီး အရိုးသားဆုံးပြောမယ့် လူတစ်ယောက်ကို ရှာပါ။
- သင့်ရဲ့ကိုယ်ရနံ့ကြောင့် စိုးရိမ်စိတ်ကိုပြောပြပြီး သူတို့ဘာပြောလဲဆိုတာနားထောင်ပါ။
- သူတို့ဆီက အမှန်ကိုကြားချင်တယ်ဆိုတာနဲ့ သူတို့ဘာပြောပြော စိတ်မဆိုးဘူးဆိုတာလဲ ကြိုပြောထားပါ။
- တကယ်လဲ စိတ်ဆိုးရဘူးနော်။ :D
ခုဆိုရင်တော့ ကိုယ့်ရဲ့ကိုယ်သင်းရနံ့လေးရဲ့ အခြေအနေမှန်တွေကို သိသွားလောက်ပြီနော်။ :D
ချွေးနံ့မနံတဲ့သူတွေကတော့ ဟူးးးးး လို့ သက်ပြင်းချပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှု ပိုရှိသွားမှာပဲ။
ခံတွင်းနံ့ ချွေးနံ့နံတဲ့သူတွေကတော့ ရင်နှင်းကို မေတ္တာများပို့နေမလား မသိဘူး။ :S
ဒီတိုင်း ကိုယ့်ဟာကိုယ် အေးဆေးနေနေတာကို ရင်နှင်းပို့စ်ကိုဖတ်ပြီး ဆပ်ဆော့မိတာ ကိုယ့်ခန္ဓာကိုယ်က ချွေးနံ့နံနေမှန်းသိရလို့ စိတ်ညစ်ပြီးတော့လေ။
စိတ်ညစ်နဲ့နော်။ ရောဂါပေးပြီးရင် ဆေးလည်းပေးမှာပါ။ :D
ခံတွင်းနံ့နဲ့ ချွေးနံ့နံလို့ စိတ်ညစ်နေသူတွေအတွက် ဖြေဆေးလေးပေးမယ်နော်။ ဖတ်ကြည့်ပါအုံး။
ချွေးနံ့တွေ ခံတွင်းနံ့ဆိုးတွေအတွက် ဖြေဆေး

Myanmar Sky Link ကို လာလည်လို့ တစ်ခုခုအကျိုးရှိသွားတယ်ဆိုရင်လည်း Facebook က Myanmar Sky Link Page ကို Like ပေးသွားပါအုံးရှင့်။ ပို့စ်တွေ ဘယ်ဘက်က Facebook Like Box မှာလည်း Like ပေးသွားလို့ ရပါတယ်ရှင်။ Facebook မှာ Like ပေးထားရင် ပို့စ်အသစ်တင်တိုင်း သိနိုင်ပါတယ် သူငယ်ချင်းတို့ရေ.. Thx A Lot !!!
အကြံပေးချင်တာရှိရင် တင်စေချင်တဲ့ပို့စ်ရှိရင် ဒီလင့်အောက်မှာ Comment ပေးခဲ့နော် သူငယ်ချင်းတို့ !!!!
ပို့စ်ကို ကူးယူဖော်ပြမယ်ဆိုရင်
Myanmar Sky Link
(Myanmar Health & Beauty Website)
www.myanmarskylink.com မှ ကူးယူဖော်ပြပါသည်

အိပ်မပျော်ဘူးလား ?? သိထားသင့်တဲ့ အိပ်မရခြင်းအကြောင်းအရင်းများ

အိပ်မပျော်ဘူးလား ?? သိထားသင့်တဲ့ အိပ်မရခြင်းအကြောင်းအရင်းများ

_ “ Insomnia” ဆိုသည်မှာ လက်တင်ဘာသာစကားဖြင့် “အိပ်မပျော်နိုင်ခြင်း၊ အိပ်မရခြင်း”ဟု အဓိပ္ပာယ်ရသည်။
_ အိပ်မပျော်ခြင်းသည် လူတိုင်းနီးပါး မကြာခဏကြုံရတတ်သည့် ပြသနာတစ်ခုပင်ဖြစ်သည်။
_ အိပ်မပျော်ခြင်းဖြစ်စေသည့် အဓိကအကြောင်းအရင်းမှာ စိတ်ဖိစီးမူနှင့် စိတ်ပူပန်စရာများကြောင့်ပင်ဖြစ်သည်။
_ မိမိချစ်ခင်ရသူတစ်ဦးဦးကို ဆုံးရူံးရခြင်း၊ လုပ်ငန်းခွင်မှပြသနာများ နှင့် အိမ်တွင်းရေးပြသနာများကြောင့် ဖြစ်နိုင်သည်။
_ တစ်ခါတစ်ရံ လက်ထပ်ပွဲ၊ ပိတ်ရက်ရှည်အတွက်အစီအစဉ်များကို ကြိုတင်တွေးတောခြင်းများကြောင့်လည်း ဖြစ်နိုင်သည်။
_ အိပ်မပျော်ခြင်းမှာ အသက်ကြီးသူများနှင့် အမျိုးသမီးများတွင် အဖြစ်များသည်။
_ အမျိုးသမီးများတွင် ရာသီပေါ်ချိန်၊ ကိုယ်ဝန်ဆောင်ချိန်နှင့် သွေးဆုံးချိန်များနှင့် ဆက်စပ်ပြီး ဖြစ်ပွားနိုင်ပါသည်။
_ ထို့ပြင် အိပ်မပျော်ခြင်းသည် ရောဂါတစ်မျိုးမျိုး သို့မဟုတ် ဆေးတစ်မျိုးမျိုးကြောင့်လည်း ဖြစ်နိုင်ပါသည်။
_ အောက်ဖော်ပြပါ ရောဂါအခြေအနေများအတွက် ဆေးဝါးများသောက်သုံးနေရခြင်းကြောင့်လည်း အိပ်မပျော်ခြင်းများ ဖြစ်နိုင်ပါသည် ။
_ အအေးမိခြင်း နှင့် ဓာတ်မတည့်မူများ ( ဥပမာ - တိရစ္ဆာန်အမွှေး၊ ပန်းရနံ့ )
_ သွေးပေါင်ချိန်တက်ခြင်း
_ နှလုံးရောဂါ
_ သိုင်းရွိုက်ဂလင်းရောဂါ
_ သန္ဓေတားခြင်း
_ ပန်းနာရင်ကျပ်ရောဂါ
_ အနာသက်သာရန် ဆေးဝါးသုံးစွဲရခြင်း
_ စိတ်ဓာတ်ကျခြင်း ( ဥပမာ - SSRI အုပ်စု စိတ်ကျရောဂါ ဆန့်ကျင်ဆေးများ )
အိပ်မပျော်သည့်ရောဂါလက္ခဏာများ
_ အိပ်မောကျရန် ခက်ခဲခြင်း
_ ညအခါ မကြာခဏ နိုးနိုးနေခြင်း
_ နိုးပြီး ပြန်အိပ်ပျော်ရန် ခက်ခဲခြင်း
_ မနက် အစောကြီး နိုးနေတတ်ခြင်း
_ နိုးလာသော်လည်း လန်းလန်းဆန်းဆန်းမရှိခြင်း
_ နေ့ဘက်တွင် အိပ်ငိုက်နေခြင်း
_ အာရုံစူးစိုက်ရန် ခက်ခဲခြင်း
_ စိတ်ဂယောက် ဂယက်ဖြစ်ခြင်း တို့ဖြစ်ပါသည်။
ကုသမူများ
_ အိပ်စက်ခြင်းသည် လူသားအားလုံးအတွက် ရေနှင့် အစာအာဟာရများကဲ့သို့ပင် အရေးကြီးပါသည်။
_ အိပ်ရေးမ၀ခြင်းကြောင့် အားနည်းနုံးခွေခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အာရုံစူးစိုက်မရခြင်း၊ စိတ်မကြည်မလင်ဖြစ်ခြင်းတို့နှင့် စိတ်တိုစိတ်ဆတ် လွယ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။
_ ကာလကြာရှည်စွာ အိပ်မပျော်ခြင်းကို မကုသပါလျှင် ယင်းနှင့်ဆက်နွယ်ပြီး ဖျားနာမှု ၊ရောဂါဖြစ်ပွားမှုများနှင့် မတော်တဆမှုများ တိုး ပွားလာနိုင်ပါသည်။
_ သုတေတန ပြုလုပ်ချက်များအရ အိပ်မပျော်သူများမှာ ကျန်းမာရေးအခြေအနေ ပိုပြီးအားနည်းခြင်း၊ အလုပ်လုပ်နိုင်သော စွမ်းရည် ပိုပြီးကျဆင်းခြင်းနှင့် စိတ်ကျရောဂါ ဖြစ်ပွားနိုင်ခြေများပါသည်။
_ ကာလကြာရှည်စွာအိပ်မပျော်ခြင်းဖြစ်လာလျှင် ဆရာဝန်နှင့်ပြသပြီး လိုအပ်သည့်ကုသမှုခံယူပါ။
_ မိမိခံစားနေရသော ရောဂါလက္ခဏာများကို ဆရာဝန်အားပြောပြပါ။
_ သင်၏အလေ့အထ၊ နေထိုင်မူကို အခြေခံ၍ ကုသမူအချို့မှာ......
_ အိပ်စက်ခြင်းကိုအားပေးသော အိပ်ရာနေရာကိုဖန်တီးစေခြင်း
_ အိပ်စက်ခြင်းနှင့် ပတ်သက်၍ အကောင်းမြင်တွေးခေါ်မှုနှင့် ယုံကြည်မူများတိုးပွားလာအောင်ပြုလုပ်ပေးခြင်း
_ အိပ်စက်ရန်နှင့် တစ်ညတာလုံးအိပ်မောကျစေရန် အိပ်ရာထဲရှိသင့်သည့်အချိန်ကို ကန့်သတ်ပြီး ထိုအချိန်အတိုင်း အိပ်စက်စေခြင်း
_ စိတ်ပြေလျော့စေရန် နည်းလမ်းများ ဥပမာ - မနက်စောစောလေ့ကျင့်ခန်း လုပ်ခြင်း ၊ယောဂကျင့်ခြင်း ၊ တရားထိုင်ခြင်း၊ မိမိ၏မျှော်လင့် ချက် ဖြစ်ချင်သည်များကို စိတ်ကူးစေခြင်းများက အိပ်ပျော်စေရန် ကူညီနိုင်ပါသည်။
သင်၏နေထိုင်မူပုံစံကို ပြောင်းလဲပြင်ဆင်မူသာမက ဆေးဝါးကုသမူလည်း ပူးတွဲပြုလုပ်သင့်သည့် အခြေနေများမှာ......
_ သင်၏အိပ်မပျော်သည့် အကြောင်းရင်း ကိုဝေဖန်သုံးသပ်ပြီး လိုအပ်သောအခါ
_ အိပ်မပျော်ခြင်းကြောင့် သင်၏နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိခိုက်လာသောအခါ
_ သင့်လျော်သော အိပ်စက်ခြင်းကို အားပေးမည့်အလေ့အထများကို လုပ်ဆောင်ပြီးသော်လည်း အိပ်မပျော်သောအခါ သုံးစွဲသင့်ပါသည်။
သို့သော် အိပ်ဆေး၏ဘေးထွက် ဆိုးကျိုးများဖြစ်သော မနက်ခင်းတွင် အိပ်ငိုက်ခြင်း ၊ခေါင်းကိုက်ခြင်း ၊မေ့လျော့တတ်ခြင်း၊ ညဘက်အိပ်နေ ရင်း ယောင်ပြီးလမ်းထလျှောက်တတ်ခြင်း၊ ဆေးဖြတ်ပြီးနောက် ကောင်းစွာအိပ်မပျော်ခြင်း စသည်တို့ ဖြစ်စေနိုင်သောကြောင့် အိပ်ဆေးကို တတ်နိုင်သလောက်အားမကိုးသင့်ပါ။
ကိုယ်ဝန်ရှိသူများနှင့် နို့တိုက်မိခင်များ အိပ်ဆေးမသုံးသင့်ပါ။ ထိုကာလများတွင် အိပ်မပျော်ခြင်း ပြဿနာကိုမည်သို့ ရင်ဆိုင်သင့်ကြောင်း ဆရာဝန်ကို မေးမြန်းဆွေးနွေးပါ။
ကောင်းစွာအိပ်စက်နိုင်ခြင်းအတွက် ကျန်းမာရေးအလေ့အထများကို လက်တွေ့လိုက်နာကျင့်ကြံခြင်းဖြင့် သင်၏ဘ၀အရည်အသွေးကို မြှင့်တင်နိုင်ပါစေ။
ကျန်းမာရေးနဲ့ အလှအပဗဟုသုတ အတိုအထွာလေးတွေကို Facebook က Myanmar Sky Link Page မှာ ဖော်ပြပေးသွားမှာပါ သူငယ်ချင်းတို့ရေ..။ ဒါကြောင့် Facebook Page ကို Like ပေးထားရင် ပိုအဆင်ပြေမှာပါ။ ပို့စ်တွေ ဘယ်ဘက်က Facebook Like Box မှာလည်း Like လုပ်လို့ ရပါတယ်ရှင်။ Facebook မှာ Like ပေးထားရင် ပို့စ်အသစ်တင်တိုင်း သိနိုင်ပါတယ် သူငယ်ချင်းတို့ရေ.. Thx A Lot !!!
ပို့စ်ကို ကူးယူဖော်ပြမယ်ဆိုရင်
Myanmar Sky Link
(Myanmar Health & Beauty Website)
www.myanmarskylink.com မှ ကူးယူဖော်ပြပါသည်