မလေးရှားနိုင်ငံ မြန်မာအမျိုးသားများဖေါင်ဒေးရှ


အဲ့ဒီကျောင်းက ကလေးငယ်ပေါင်း တစ်ထောင့်ငါးရာကျော်ဟာ တစ်ပတ်မှာ ၂
ရက် အသားဟင်း စားရပြီး ကျန်တဲ့ရက်တွေကတော့ ငပိရည်နဲ့ ပဲဟင်းစားကြရပါတယ်။
အဲ့ဒီကလေးငယ်လေး တစ်ထောင်ကျော်ထဲမှာ ပန်းခြံမှာ လာစွန့်ထားလို့ ကောက်မွေးစားထားတဲ့ ကလေးငယ်လေးတွေလည်း ပါတယ်ဆိုရင် အံ့သြကြမလားခင်ဗျား..
အဲ့ဒီကလေးငယ်လေး တစ်ထောင်ကျော်ထဲမှာ ပန်းခြံမှာ လာစွန့်ထားလို့ ကောက်မွေးစားထားတဲ့ ကလေးငယ်လေးတွေလည်း ပါတယ်ဆိုရင် အံ့သြကြမလားခင်ဗျား..

နေ့လည်စာ စားရန်တန်းစီနေသော ကလေးငယ်လေးများ..

အလှူရှင်တို၏ အလှူဒါနစေတနာ အပေါ် မေတ္တာပိုပြီးမှ စားသောက်ကြပါသည်။

အုပ်ထိန်းသူမဲ့ တစ်ထောင့်ငါးရာကျော်ကို စောင့်ရှောက်ထားသော အောင်ဇေယျာမင်း ကျောင်းတိုက်အတွင်း




ဒီလိုပါပဲး အပြန်အလန် စောင့်ရှောက်ကြရတာပါ။



ဒီလို ကလေးငယ်လေးတွေကို စောင့်ရှောက်ခြင်းဟာ နိုင်ငံတော်ကို စောင့်ရှောက်ခြင်း မည်ပါတယ်.

နာဂစ်တုန်းက မိဘမဲ့ ဖြစ်ခဲ့တဲ့ ကလေးငယ်ပေါင်း တစ်ထောင့်ငါးရာကို ပညာသင်ပေးနေတဲ့ကျောင်းမှာ ကိုရင်ဝတ်ချင်တဲ့ကလေးငယ်တွေကို ကိုရင်ပေးဝတ်ပါတယ်။ ဆွမ်းခံစားကြတဲ့ ဒီကိုယ်ရင်လေးတွေ ဆွမ်းနည်းနေသလား မစဉ်းစားပါနဲ့ ရသလောက်လေးကိုဘဲ သူတို့က ဘ၀တူ မိဘမဲ့ကလေးတွေကိုပြန်လှူတယ်။..

ကျွန်တော့်အတွက် အရမ်းကို အံ့သြ၀မ်းသာ ဖြစ်ခဲ့ရတဲ့ မြင်ကွင်းလေးဗျာ..
မိဘမဲ့ ကလေးအချို့က သင်္ကန်းဝတ်ပြီး ဆွမ်းခံထွက်ကြတယ်။ နေ့ဆွမ်းစားတဲ့အခါ သူတို့ရလာတဲ့ ဆွမ်း၊ ခဲဖွယ် အစုစုကို ဘ၀တူ မိဘမဲ့ကလေးငယ်တွေကို ကိုယ်တိုင် လိုက်ပြီး ခွဲဝေ ပေးနေတဲ့ မြင်ကွင်းလေးပါ။ ..

ဒီကိုယ်ရင် လေးတွေ ကြီးလာတဲ့အခါမှာ ပရဟိတ စိတ်လေးတွေ အလိုလို ကိန်းအောင်းသွားမယ်ဆိုတာ ပြောစရာမလိုလောက်အောင်ပါဘဲ။..



အုပ်ထိန်းသူမဲ့ ကျောင်းသားကျောင်းသူ တစ်ထောင့်ငါးရာကျော် ရှိသည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အလယ်ကျေး၇ွာ၊ အောင်ဇေယျာမင်းကျောင်းတိုက်မှ ကိုးတန်း ဆယ်တန်းအရွယ် ကျောင်းသူလေးများ ထမင်းစားနေစဉ်
(ထမင်း နှင့် ပဲ..)
ပြည့်ပြည့်စုံစုံ ပျော်ပျော်ရွှင်ရွှင် လူတောတိုးချင်တဲ့ အရွယ်ကလေးတွေပါ။

လို့ ပြောပြီးရီနေကြတဲ့ ဆရာလေး နှစ်ပါး
တစ်နေ့ကို ဆန်ငါးအိတ်ချက်ရပါတယ်။ ပညာရေး၊ကျန်မာရေး စားဝတ်နေရေး စသည်တိုအတွက် အလှူရင်တွေလိုအပ်ပါတယ်။
မိဘမဲ့ ကလေးငယ်ပေါင်း တစ်ထောင့်ငါးရာကျော်ကို စောင့်ရှောက် ပညာသင်ကြားပေးနေသော လှိုင်သာယာမြို့နယ် အလယ်ကျေး၇ွာ၊ အောင်ဇေယျာမင်းကျောင်းတိုက်ပါ။
ကလေးကလေး အထင်မသေးနဲ. ကလေးကောင်းမှလူကြီးကောင်းမယ်..လူကြီးကောင်းမှတိုင်းပြည်ကောင်းမယ်...ကလေးသူငယ်တွေကိုစောင့်ရှောက်ခြင်းဟာ ငါတို.နိုင်ငံနဲ. ငါတို.သာသနာကိုစောင့်ရှောက်ခြင်းပဲ လို.ဆရာတော်တစ်ပါးမိန်.ဖူးပါတာနာကြားဖူးပါတယ်။
သွားရောက်လူဒါန်းလိုသူများအတွက် လိပ်စာ
အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊
အလယ်၇ွာကြီးကျေးရွာ၊ ငွေပင်လယ်စက်မှုဇုံအနီး(ရွှေပြည်
ဖုန်း 613665 ဖြစ်ပါတယ်။
ဓါတ်ပုံပိုင်ရှင် ဇော်လွင်ဝင်း By: Zaw Lwin Win
ကာလဒါန၊လိုတဲ့နေရာကိုလှူခြင်း နှစ်ဖက်အကျိုးမျာစေပါတယ်။
သွားရောက်ကာ လှူဒါန်းနိုင်ကြပါစေ.....
လေးစားစွာဖြင့် မောင်မြင့်
http://satekuupuyar.blogspot.
This posting includes an audio/video/photo media file: Download Now
0 ကွန်မန့်ရေးရန်:
Post a Comment