Tuesday, July 31, 2012

ရခိုင်ပြည်​နယ်​မှ မြန်မာ​-​မွတ်စလင် ခေါင်း​ဆောင်​ဆိုသူ Muhammad Yunus တူရကီနှင့် အီရန် ​တာဝန်ရှိသူများအား သွားရောက်တွေ့ဆုံ






 0 112 0 0 0
 
3024 Muhammad Yunus Turkish FM
(ပုံ ) တူရကီ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးနေသည့် မြန်မာ-မွတ်စလင် ခေါင်းဆောင်ဆိုသူ Muhammad Yunus (ယာ)
ရခိုင်ပြည်နယ်ရှိ မြန်မာ-မွတ်စလင်များ၏ ခေါင်းဆောင်ဖြစ်သည်ဟုဆိုသည့် Muhammad Yunus (အထက်ပါပုံ ယာဘက်မှ ပုဂ္ဂိုလ်) သည် တူရကီနိုင်ငံ၏ ဘာသာရေးဆိုင်ရာ ဦးစီးဌာန၏ ဖိတ်ကြားချက်အရ တူရကီနိုင်ငံသို့ ရောက်ရှိနေကြောင်း တူရကီသတင်းစာ Today’s Zaman တွင် ဖော်ပြပါရှိသည်။
Yunas အား အဆိုပါ အဖွဲ့အစည်းမှ အစ္စလာမ်ဘာသာ၏ အထွ
ဋ်အမြတ်အချိန်၌ အခြားသော နိုင်ငံများမှ အစ္စလာမ် ခေါင်းဆောင်း များလည်း တက်ရောက်နေသည့် “Muslim world gathers in İstanbul during Ramadan” သို့ ဖိတ်ကြားခဲ့ခြင်းဖြစ်သည်ဟု သိရှိ ရသည်။
3024 Muhammad Yunus Turkish FM1အဆိုပါ အခမ်းအနား၌ Yunus က တက်ရောက်လာသူများအား “ထောင်ပေါင်းများစွာသော မွတ်စလင်များဟာ လွန်ခဲ့သည့် ဂျွန်လကစပြီး ရခိုင်ပြည်နယ်မှာ သတ်ဖြတ်ခံခဲ့ရသလို ကျန် ရှိနေသေးတဲ့ ထောင်ပေါင်းများသော သူများဟာလည်း လက်ရှိအချိန်မှာ ဖိနှိပ်မှုတွေနဲ့ ရင် ဆိုင်နေရပါတယ်။” ဟု ပြောကြားခဲ့ပြီး တူရကီနိုင်ငံနှင့် အခြား အစ္စလာမ်နိုင်ငံများအား ရခိုင် ပြည်နယ်တွင် အကြမ်းဖက်မှုများအား ရပ်ဆိုင်စေရန် ကြိုးပမ်းသွားဖို့ တိုက်တွန်းခဲ့သည်ဟု သိရှိရသည်။
ယင်းသည် တူရကီ နိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu နှင့်လည်း သီးခြားတွေ့ ဆုံ ဆွေးနွေးခဲ့သေးသည်။
အထက်ပါ ကိစ္စရပ်များထက် ပိုမိုစိုးရိမ်ဖွယ် ကောင်းသည့် သတင်းမှာ အီရန်နိုင်ငံ၏ အစိုးရ အားပေး သတင်းဌာနဖြစ်သည့် Fars News Agency က Muhammad Yunus သည် အီရန်နိုင်ငံ၏ မဟာခေါင်းဆောင်ကြီး Ali Khamenei ၏ အထူး ကိုယ်စားလှယ်ဖြစ်သူ Qazi Asgar နှင့် တူရကီနိုင်ငံသို့ ရောက်ရှိနေခိုက် တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ တွင်း ဖြစ်ပွားနေသည် ရိုဟင်ဂျာ မူစလင်များအပေါ် “ရက်စက်ကြမ်းကြုတ်မှုများ” အကြောင်း အကျယ်တဝင့် ဆွေးနွေးခဲ့သည် ဟု ဖော်ပြထားသည်။
ထို့အပြင် ယင်းတို့ ၂ ဦးသည် နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံဦးမည်ဖြစ်ပြီး ယင်းတွေ့ဆုံမှု၌ မြန်မာ-မွတ်စလင် ခေါင်းဆောင်ဟု ဆိုသည့် အဆိုပါပုဂ္ဂိုလ်က အီရန်ကိုယ်စားလှယ်အား ရခိုင်ပြည်နယ်တွင် မူစလင်များအား အလုံးအရင်းနှင့် သတ်ဖြတ်နေသည့် သတင်းအချက် အလက်များအား ပေးအပ်သွားမည်ဟု Fars News Agency က အီရန်အစိုးရ နိုင်ငံခြားရေးရာရုံး၏ ဒုတိယ အကြီး အကဲဖြစ်သူ Mohammad Reza Baqeri ၏ ကြေညာချက်အား ကိုးကားပြီး ဖော်ပြထားသည်။
Fars News Agency က မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အားလည်း ဝေဖန်ပြောဆိုထားပြီး သူမအနေဖြင့် ရိုဟင်ဂျာ မွတ်စလင်များအား အကြမ်းဖက်နေမှုများအပေါ် အသံတိတ်နေသည်ဟု စွပ်စွဲခဲ့သည်။
ရွှေလုံးမှ စုံစမ်းတွေ့ရှိမှုအရ Muhammad Yunas အား မြန်မာ မီဒီယာလောကအတွင်း သိရှိသူ ရှားပါသလို၊ ယင်းနှင့် ပတ်သက် သည့် အခြားသတင်းနှင့် ကိုယ်ရေးအချက်အလက် များအားလည်း အင်တာနက်တွင် ရှာဖွေတွေ့ရှိခြင်း မရှိပါ။
ယင်းအနေဖြင့် မြန်မာ-မွတ်စလင်အဖွဲ့ကြီးနှင့် ဆက်နွယ်မှု ရှိပုံမရသလို၊ ယင်းအဖွဲ့ကြီးမှ စေလွှတ်လိုက်သူလည်း ဖြစ်ဟန်မတူပေ။ သို့သော်လည်း ယခုကိစ္စနှင့် စပ်လျဉ်း၍ ရွှေလုံးမှ မြန်မာ-မွတ်စလင် အဖွဲ့ကြီးထံ ဆက်သွယ်မေးမြန်း ထားပါသည်။

အီရန်နိုင်ငံမှ အစိုးရအားပေး သတင်းဌာန Fars News Agency ၏ မူရင်းသတင်း -
တူရကီနိုင်ငံမှ Today’s Zaman သတင်းစာ၏ မူရင်းသတင်း -
ယမန်နေ့က ထုတ်ပြန်ခဲ့သည့် မြန်မာ-မူစလင်အဖွဲ့ကြီး၏ ကြေညာချက် -

0 ကွန်မန့်ရေးရန်:

Post a Comment