သြဂတ်စ်လ ၁၉ ရက်နေ့က ရန်ကုန်မြို့ စမ်းချောင်း ရှင်စောပုလမ်းတွင် ပြုလုပ်ခဲ့သော ရခိုင်အမျိုးသားများ ဆန္ဒဖေါ်ထုတ်ပွဲနှင့် ပတ်သက် ပြီး မှားယွင်းစွာ ရေးသားဖေါ်ပြခဲ့သော မဇ္ဈိမ သတင်းဌာန အနေဖြင့် ယခုအခါ အဆိုပါ သတင်းကို အမှန်ပြင်ရေး လိုက်ပြီ ဖြစ်ကြောင်း သ တင်း ရရှိသည်။
အင်္ဂလိပ်ပိုင်း ၀က်ဆိုက်စ် စာမျက်နာတွင် Anti Rohingya demonstration Held in Rangoon (ရိုဟင်ဂျာများကို ဆန့်ကျင် ဆန္ဒပြ) ဟု ခေါင်း စည်းတွင် အစပိုင်းတွင် ရေးသား ဖေါ်ပြခဲ့သော်လည်း နောက်ပိုင်းတွင် Arakanese demonstrate against UN, INGOs ရခိုင်အမျိုး သားများ က ယူအန်နှင့် အိုင်အန်ဂျီအိုများကို ကန့်ကွက် ဆန္ဒပြ ဟု ရေးသား ဖေါ်ပြခဲ့ သည်။
စာသားတွင်လည်း ရခိုင် ၅၀ ခန့်က ရိုဟင်ဂျာများကို ယူအန်နှင့် အိုင်အန်ဂျီအိုများက အကူအညီ ပေးနေမူများကို ရပ်တန့်ရန် ဆန္ဒပြ တောင်း ဆို ခဲ့သည် အစား ရခိုင်အမျိုးသား ၁၀၀ ခန့်က ခွဲခြား ဆက်ဆံမူများ မပြုလုပ်ရန် ယူအန်နှင့် အိုင်အန်ဂျီအိုများ ဆန္ဒပြတောင်း ဆိုဟု ပြန်လည် ပြင်ဆင် ရေးသားခဲ့သည်။
ယခုကဲ့သို့ ပြင်ဆင်ရေးသားပေးမူနှင့် ပတ်သက်ပြီး ဦးဆောင်လူပ်ရှားသူ ကိုစည်သူ၏ သဘောထားကို သိရှိနိုင်ရန် အကြိမ်ကြိမ် ဖုံးဆက် ခဲ့ သော်လည်း ဖုံးပိတ်ထားသဖြင့် အဆက်အသွယ် မရရှိခဲ့ပါ။
ယနေ့ နိရဉ္စရာမှ လက်ခံ ရရှိသော စာတစ်စောင်တွင် သံဃာတပ်ပေါင်းစုအဖွဲ့ (ရန်ကုန်တိုင်းဒေသ ကြီး)မှ အဆိုပါ အမှားများ ရေးသား ဖေါ်ပြ မူနှင့် ပတ်သက်ပြီး မဇ္ဈိမ တာဝန်ရှိသူများ အနေဖြင့် တောင်းပန်ရန်နှင့် မတောင်းပန်ပါက သံဃာတော်များ၏ သပိတ်မှောက်မူကို ခံရလိမ့် မည် ဖြစ်ကြောင်း ဖေါ်ပြထားသည်။
၎င်းပြင် စာထဲတွင် သတင်းဌာနများ အနေဖြင့် ရိုဟင်ဂျာအသုံး အနုန်းကို မသုံးဖိုအတွက် ပန်ကြား အပ်ကြောင်းနှင့် နိုင်ငံတော်သမ္မတ သုံးခဲ့ သည့် အသုံးအနူန်း ဘင်္ဂလီများဟုသာ သုံး သင့်ကြောင်း ဖေါ်ပြထားသည်။











0 ကွန်မန့်ရေးရန်:
Post a Comment