Thursday, May 22, 2014

လင်းမယားစကားများပြီး ဇနီးမှာအိမ်ပေါ်မှဆင်းသွားသဖြင့် ခင်ပွန်းဖြစ်သူ ကြိုးဆွဲချသေဆုံး..............


ရန်ကုန်၊ မေ ၂၁

၂၀.၅.၂၀၁၄ရက်နေ့ ၁၅၀၀အချိန် လှည်းကူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှည်းကူးမြို့နယ်၊ အင်ကြင်းကွင်းကျေးရွာ၌ အမျိုးသား တစ်ဦးကြိုးဆွဲချ သေဆုံးနေကြောင်း သတင်းအရ သွားရောက်
စစ်ဆေးရာ ကိုသန်းလေးဝင်း(၃၇)နှစ် ဖြစ်ပြီး ၎င်းသည် နေအိမ်၏ အမြင့် ၂၂ ပေခန့်ရှိ ထုတ်တန်းတွင် အရှည်၁၃ပေခန့်ရှိနိုင်လွန်ကြိုးဖြင့် ချည်လျက် ကြိုးဆွဲချသေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ဇနီးဖြစ်သူနှင့်စကားများခဲ့ပြီး ဇနီးဖြစ်သူမှာ နေအိမ်မှဆင်းသွားသဖြင့် စိတ်ညစ်၍ ကြိုးဆွဲချ သေဆုံးခြင်းဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ လှည်းကူးမြို့မရဲစခန်းသေမှုသေခင်း အမှတ်စဉ်(၈/၂၀၁၄)ဖြင့်ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

0 ကွန်မန့်ရေးရန်:

Post a Comment