Wednesday, June 4, 2014

သမိုင်းထဲက ထိုးကွင်းမင်ကြောင်...............

Posted by: Ko Myo on Tuesday, June 03, 2014 Categories:
မြန်မာတွေရဲ့ လောကီ ပညာရပ်တွေ များစွာ ရှိပါတယ်။ အဲဒီလောကီပညာ ရပ်ထဲကအင်း၊ အိုင်ခလဲ့ ၊ လက်ဖွဲ့ ၊ ဂါထာ မန္တန်ပီယဆိုပြီး ရှိပါတယ်။

အဲဒီလောကီပညာရပ်တွေ ကိုကြေးပြား၊ငွေပြား၊ ရွှေပြားတွေအပေါ်မှာ အင်း ကွက်လေးတွေ ရေးပြီးအိမ်မှာ ဖြစ်ဖြစ် လူကိုယ်တိုင်ဖြစ်ဖြစ် ဆောင်ထား တတ်ကြပါတယ်။

အဲဒီအဆောင်တန်ခိုးကြောင့် တုတ်ပြီး၊ဓားပြီးမယ်၊ ဘေး အန္တရာယ်မျိုး စုံကင်းမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လုပ်တဲ့အစီ ရင်ဖြစ်ပါတယ်။ ရှေးဘုရင်တွေ စစ်တိုက်ထွက်တဲ့အခါလောကီ ပညာရှင်၊အင်းရေးဖို့ ပန်းချီ ပညာရှင်နဲ့လိုအပ်လို့ရှိရင် ပရိတ်ဂါထာ မန္တန်ရွတ်ဖတ်ဖို့ ရဟန်းတော်တွေကိုပါတစ်ပါ တည်းခေါ်ဆောင်သွားလေ့ရှိ တယ်လို့သိရ ပါတယ်။စစ်မျက် နှာ၊စစ်တိုက်ရာအရပ်ကို လိုက်ပြီး လောကီအစီရင်တွေ မတူဘူးလို့သိရပါတယ်။

အလောင်းဘုရားလက်ထက် ကသည်း ပြည်ကို စစ်တိုက်ထွက်ရာမှာ သူ အားကိုးတဲ့အမာခံတပ် သားတွေကိုမဟာပိန္နဲ အင်းကို စီရင်တယ်ဆိုပါတယ်။ သက္ကရာဇ် ၉၉၇ခုနယုန်လဆန်း ၄ ရက်နေ့ ( ၉ မေ ၁၆၃၅)ရက်စွဲပါ အမိန့်တော်တစ်ခုမှာ ” အင်းတစ်ချပ်ကိုလူခြောက်ယောက် ဝိုင်းရေးပြီး အင်းရေးစဉ်အခါ မလပ်ဂါထာ မန္တန်ရွတ်ဖတ်ပေးရမည်” လို့ ပါရှိထားတာတွေ့ရ ပါတယ်။

လောကီပညာရပ်တွေများစွာထဲမှာ ဆေးမင်ကြောင် ဒါမှမဟုတ်ထိုးကွင်း မင်ကြောင် ကိုမြန်မာတွေ စထိုးတာ အင်းဝခေတ်မှာစခဲ့တယ်လို့ပြောပါတယ်။ ဒါပေမဲ့ တချို့ ပညာ ရှင် တွေက ပျူခေတ်ကတည်းက စခဲ့တယ် လို့ပြောကြပါတယ်။

ပုဂံခေတ်ဦးပိုင်းကတည်းက အင်းချတဲ့အလေ့ရှိခဲ့ကြောင်း ကျန်စစ်သားနန်းတည် ကျောက် စာမှာဖော်ပြ ထားပါတယ်။ ဒါပေမဲ့ဆေးမင်ကြောင်ဟာ ပျူခေတ်မှာစတင်ထိုးခဲ့ရင်ပုဂံ ဆေးရေး ပန်းချီတွေမှာ တွေ့နိုင်မှာဖြစ်ပေမယ့်ခုတော့ပုဂံ ခေတ် အင်းဝခေတ်နံရံဆေးရေး ပန်း ချီတွေမှာ မတွေ့ရသေးပါ။

အီတလီလူမျိုး ခရီးသွား Nicolo de’ Conti’ ရဲ့ ခရစ်နှစ် ၁၄၃၅ ခုနှစ်မြန်မာပြည် ခရီးစဉ်မှတ်တမ်းအရ မြန်မာတွေ ရဲ့ကိုယ်ပေါ်မှာ အမျိုးသားတို့ရဲ့ အဆောင်ယောင် အလှ အပအဖြစ်ဒီလိုခန္ဓာကိုယ်အစိတ်ပိုင်း ပေါ်သံစူးနှင့် ထိုးပြီးဆေး ရောင်တွေ ပွတ်ထည့် သုတ်လိမ်းတယ်လို့ဆိုထားတဲ့အတွက် ဆေးမင် ကြောင် ထိုးလေ့ရှိတယ်လို့ ယူဆချင်စရာဖြစ်ပါတယ်။

ဒါဟာအစောဆုံးတွေ့ရတဲ့ မြန်မာတွေရဲ့ထိုးကွင်းခေါ် မင်သေ့ခေါ်ကော် ရစ်ခေါ် ဆေး မင်ကြောင် အကြောင်းဖြစ်ပေ မယ့်အဲဒီအီတလီ ခရီးသွား မြန် မာပြည် အင်းဝရောက်တဲ့ ခုနှစ်ဟာ ၁၄၃၅ ခုနှစ် ဟုတ်ရဲ့လားဆိုတာ စိစစ်ဖို့လိုပါဦးမယ်။ ၁၄၃၅ ခုနှစ်သေချာခဲ့ ရင်တော့ လောလော ဆယ်ဆေး မင် ကြောင် အကြောင်း အစောဆုံး တွေ့ရတဲ့ မှတ်တမ်းဖြစ်ပါမယ်။

ဟံသာဝတီ ဆင်ဖြူများရှင် ဘုရင့်နောင် (ခရစ်နှစ် ၁၅၅၁ – ၁၅၈၁)လက်ထက်ရောက်တဲ့ အခါမှာတော့အဲဒီဆေးမင် ကြောင်တွေ ဟာအဆောင် အယောင်အလှအပ ထက်လောကီပညာရပ် ဆိုင်ရာအစီ ရင်တွေအဖြစ်ပြောင်းလဲ တိုး တက်လာတယ်လို့ ခန့်မှန်းရ ပါတယ်။တစ်နည်းပြောရရင် ထိုးကွင်းမင်ကြောင်ဟာ ယုံ ကြည်မှုကို အခြေ ခံတဲ့ လောကီ ပညာရပ်ဆိုင်ရာအစီအရင် ဖြစ် ပါတယ်။အင်းချပြီးရေးထား တဲ့ ကြေးပြား၊ ငွေပြားလေး တွေကို လိပ်ပြီးလက်မောင်းမှာချည် ထား ကြ မယ်။ပုံစံ အမျိုး မျိုး နဲ့ဆောင် ထားကြမယ်။အဲဒီအခါ အ ဆောင် တန်ခိုးနဲ့အစွမ်းထက် မယ် ခုန်ပျံကျော် လွှားနိုင် မယ်၊ ဓားလှံလေးမြှားရန်ကကင်း လွတ်မယ်လို့ယုံကြည်ကြမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလိုစီရင်ထား တဲ့ ကြေးပြား၊ ငွေပြားအဆောင်ကို ကိုယ်မှာ ချည်ထားပေမယ့် ကျပျောက် တာမျိုးရှိမယ်။ ဒီ တော့ တချို့က အသားအနာ ခံပြီးအရေပြား ဒါမှမဟုတ် အသားထဲထိ ခွဲပြီးထည့် မယ်။ နောက်တော့ကြေးပြား ငွေပြား ပေါ်အင်းရေးရာကနေလူ့ ခန္ဓာ ကိုယ်ခြေလက်ခေါင်းခါးတွေ မှာ တိုက်ရိုက်ရေးပြီးစီရင်ကြ တယ်လို့ ထင်ပါ တယ်။အ ဆောင် လက်ဖွဲ့လိုမတော်တဆကျ ပျောက်ဖို့ ရာပူပင်စရာမလိုတဲ့ အပြင်ဆေးစွမ်းလည်းပိုပြီး ထက်လာစေလိမ့်မယ်လို့ ယုံ ကြည်နေကြပါမယ်။

” မှိုင်းညီနောင်
ကြောင်တန်ခိုး
နှိုးလိုက်ရင်
ရှိန်းဆာယာ
ရွှေဖြစ်ရင်
ကျော်တစောပေါ့
အောချထိုက်စွာလေ့။
မွေးမာတာ
သေးသေးရယ်
မထင်ပါနှင့်
ဆယ့်ငါးတာ
တပ်တိုင်းများကို
လွှားထွက်တဲ့ဆေး။ ” လို့ ဗုံတို သီချင်းတစ်ပုဒ်မှာ ကြောင်ဆေးရဲ့အစွမ်းကို တွေ့ရပါတယ်။

ဒါ့အပြင် ရွှေဘိုဆိပ် ခွန်ရွာကောက်စိုက်သီချင်းများမှာလည်း …

” ဟိုက်ဆိုလို့
ပေါင်ကို ပုတ်တယ်
တိုးထုတ် ပြေးခုန်လေ့။
ကြောင်ကိုယုံလို့ ခုန်လိုက်စမ်းကွယ်
ကိုးတောင်ပြေ့(ပြည့်) ခန်း။” ဆိုပြီး ကြောင်ဆေးအစွမ်းကို ဖော်ပြထားပါတယ်။

အဲဒီဆေးအစီအရင် တွေက လက်နက်အပါးသုံးဆယ် ပြီးတယ်၊ ဓားထိုးဓားကျိုး၊ လှံထိုး လှံခွေ သွားစေတယ်လို့ ဆိုပါတယ်။ တချို့ကဘီလူးရုပ် ထိုးကြပါတယ်။ အဲဒီဘီ လူးရုပ်ကြောင့် စွမ်းအား ပိုကြီးတယ်လို့ ပြောကြပါတယ်။ မြန်မာတို့ ဂုဏ်ယူမြတ်နိုးတန်ဖိုးထား ရတဲ့ ဆေးမင် ကြောင် ဒါမှမဟုတ် ထိုးကွင်း မင်ကြောင် ဟာမှေး မှိန်သွားခဲ့ရ ပြီဖြစ်ပေမယ့် ဒီနေ့ထိတော့ ခေတ်ကာ လနဲ့အညီ ကျန်ရှိနေဆဲ၊ ကမ္ဘာမှာလည်း တက်တူး ဆိုပြီး ဒီနေ့မှာ ပိုမိုခေတ်စားလာခဲ့ပြီဖြစ်ပါတယ်။

SKT
ရည်ညွှန်း။ ။

မြန်မာ့သမိုင်းတွင် လောကီပညာ အရေးပါပုံ ၊ ဒေါက်တာသန်းထွန်း ၊
ကျန်စစ်သားနန်းတည်ကျောက်စာ မွန်ဘာသာ၊ ဒေါက်တာသန်းထွန်း
မြန်မာ့ထိုးကွင်းမင်ကြောင်ဓလေ့ ၊ ဆင်ဖြူကျွန်းအောင်သိန်း


Popular Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Reactions:

0 ကွန်မန့်ရေးရန်:

Post a Comment