Wednesday, June 4, 2014

အိန္ဒိယတွင် အမျိုးသမီး တစ်ဦးကို အုပ်စုလိုက် အဓမ္မပြု သတ်ဖြတ်ကာ မျက်နှာကို အက်စစ် လောင်း ဖျက်ဆီး.............


Bookmark and Share [ ]


လပ်က်နောင်း အိန္ဒိယနိုင်ငံ ဥတ္တရာ ပရာဒေ့ရှ် ပြည်နယ်တွင် မကြာမီက ၀မ်းကွဲ ညီအစ်မ နှစ်ဦးကို အုပ်စုလိုက်
အဓမ္မပြုမှု ဖြစ်ခဲ့ပြီး နောက် တစ်ပတ် အကြာတွင် နောက်ထပ် အမျိုးသမီးငယ်တစ်ဦး အုပ်စုလိုက် အဓမ္မပြုကျင့်
ခံရပြီး လည်ပင်းညှစ် သတ်ဖြတ်ကာ မျက်နှာကို မမှတ်မိနိုင် စေရန် အက်စစ်လောင်း ဖျက်ဆီး ခဲ့မှု စနေနေ့က ထပ်မံဖြစ်ပွားခဲ့သည်။

ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၊ ဘာရိုင်လီမြို့အနီးမှ အစ်ထ်ပူရရွာတွင် ပြန်လည်တွေ့ရှိခဲ့သည့် သေဆုံးသူ အမျိုး
သမီးရုပ် အလောင်းမှာ အသက် (၂၂) နှစ်ခန့်ရှိသည်ဟု ယူဆရပြီး သေဆုံးသူ၏ မျက်နှာကိုအက်စစ်၊ ဓာတ်
ဆီများဖြင့် လောင်းပက်ထားမှုကြောင့် မည်သူမည်ဝါ ဖြစ်ကြောင်း မဖော်ထုတ်နိုင်ရန် ဖျက်ဆီး ထားကြောင်း
ထင်ရှားသည်။

တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သော ဆေးဘက်ဆိုင်ရာ စစ်ဆေးချက်များအရ သေဆုံးသူအမျိုးသမီးအား အုပ်စု
လိုက်စော်ကားပြီး အက်စစ်များ အတင်း အကျပ်သောက်ခိုင်းကာ လည်ပင်းညှစ် သတ်ခံ ခဲ့ရခြင်းဖြစ်ကြောင်း
သိရသည်။

ယခုအမှုဖြစ်ပွားသည့် နေရာမှာ ပြီးခဲ့သည့် အပတ်အတွင်း ၀မ်းကွဲညီအစ်မနှစ်ဦး အုပ်စုလိုက်အဓမ္မပြုကျင့်ခံရ
ပြီး သစ်ပင်တွင် ချိတ်ဆွဲသတ်ဖြတ်ခံရသည့်ရွာနှင့် မိုင် ၆၀ ကွာဝေးသည့် တစ်ပြည်နယ်တည်းတွင်ရှိသည်။

ထိုဖြစ်ရပ်ကြောင့် တနင်္လာနေ့တွင် ဥတ္တရာပရာဒေ့ရှ်ပြည်နယ်မြို့တော် လပ်က်နောင်း၌ ပြည်နယ် ၀န်ကြီးချုပ်
ရုံးရှေ့၌ ပြည်သူများက ၀ိုင်းဝန်း ဆန္ဒပြခဲ့ကြပြီး ပြည်နယ်အတွင်း မိန်းကလေးငယ်များနှင့် အမျိုးသမီးများအား တိုက်ခိုက်မှုနှင့် လိင်ပိုင်း စော်ကားမှုများ တိုးပွားလာခြင်းကို ချက်ချင်း အရေးယူ ဆောင်ရွက်ရန် တောင်းဆိုခဲ့
သည်။

ဝန်ကြီးချုပ်ရုံးရှေ့ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က မီးသတ်ပိုက်များဖြင့် ထိုးပက်ကာ လူစုခွဲခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ် အခီလက်ရှ်ယာဒတ်က ထို အဓမ္မမှု ဖြစ်စဉ်များကို ဗဟိုအစိုးရ အဆင့် စုံစမ်းစစ်ဆေး မှု
များ ပြုလုပ်သွားမည်ဟု အာမခံထားသော်လည်း ဆန္ဒပြသူများဘက်က ပြည်နယ်အာဏာပိုင်များနှင့် ရဲများ၏ တာဝန်ပေါ့လျော့မှုများနှင့် အမျိုးသမီးထုအပေါ်လုံခြုံရေးစောင့်ရှောက်မှုအားနည်းခြင်းများကို ရှုတ်ချနေသည်။

Ref : DailyMail

7DAY DAILY

0 ကွန်မန့်ရေးရန်:

Post a Comment