Wednesday, June 4, 2014

ခေတ်ရေစီးကြောင်းနှင့် အရေးပြားပေါ်က အနုပညာ " (ဧည့်သည်အယ်ဒီတာစကား) ................


Posted by: Ko Myo on Tuesday, June 03, 2014 Categories:
ဧည့်သည်အယ်ဒီတာအဖြစ် ပေါ်ပြူလာဂျာနယ် ၁၇ နှစ်ပြည့် အကြို ကာလအထူးပြုသတင်းလွှာမှာ ပါဝင်အကြံပြုပေးဖို့ ပြောလာတော့ အံ့သြဝမ်းသာ ရှိရပါတယ်။ ထက် ထက် ပါဝင်အကြံပြုရမှာက အရေပြားပေါ်က အနုပညာအလှတရားများနဲ့ တက်တူးအကြောင်းဆိုတော့ ပါဝင်ပတ်သက်ခွင့် ရတာကိုပျော်မိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ထက်ထက် ကိုယ်တိုင်တက်တူးကို မြတ်နိုးသဘောကျလို့ ထိုးထားဖြစ်တာရယ်၊ တက်တူး ဆိုတာ လွတ်လပ်စွာနဲ့ကိုယ့်စိတ်ထဲရှိတာကို ခန္ဓာကိုယ်ပေါ် မှာ ဖော်ပြခွင့်ရတဲ့ အရာတစ်ခုမို့ပါ။

ဘယ်သူ့ကိုမှ မထိခိုက်ဘဲနဲ့ ကိုယ့်မြတ်နိုးတဲ့ ပုံရိပ်၊ ကိုယ်ကြိုက်တဲ့ပုံကို ကိုယ့်ရဲ့ခန္ဓာကိုယ် အရေပြားမှာ အနာခံပြီး တော့မှ တင်ပြခွင့်ရှိတယ်။

တချို့ကတော့ တက်တူးထိုးလိုက်တာကို မကြိုက်ဘူး။ အရင်က ရိုးရိုးနေပြီးမှဒါကို ထိုးဖြစ်တာဆိုတော့ ပရိသတ်က မကြိုက်ကြ ဘူး။ဘယ်သူ့ကိုမှစော်ကားခြင်း လည်းမ ဟုတ်ဘူး။ ဘယ်သူ့ ကိုမှ မလေးမစား လုပ်တာလည်းမဟုတ်ပါဘူး။ပရိသတ် ကတော့ ချစ်လို့ပြောကြပေမယ့် ထက်ထက် ထိုးမိသွားခဲ့တဲ့ အတွက်ပရိသတ် ကိုတောင်းပန် တယ်။ပရိသတ်ကလည်း ကိုယ့် ကို ချစ် လို့၊ စိုးရိမ်လို့ပြောကြတာလေ။ တက်တူးမထိုးခင်က ထိုး လိုက်ရင် မှားသွားမလားဆိုတဲ့ စိတ်ကတော့ရှိတယ်။

ဟိုအရင်တက်တူး မထိုးခင်က တော့နိုင်ငံခြား သွားရင်း အမြဲတွေ့တယ်။ တက်တူး ကိုအမျိုးမျိုးထိုးကြ တယ်။ တချို့ ကသူတို့ မိသားစုပုံတွေကို ထိုးထားကြတယ်။ တချို့ ကျ တော့ လည်း မိန်းကလေး တွေဆိုရင် အသည်းပုံလေးတွေ ပန်းပုံလေး တွေကိုထိုးထားကြတယ်။ အဲဒါ လေးတွေကို ကြည့်ပြီးတော့ လွန်ခဲ့တဲ့တစ်နှစ်ကျော် ကာလ က စိတ်ဝင်စားခဲ့တယ်။

ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်မယုံကြည် တော့ မထိုးရဲဘူး။အစက ကိုယ်ကိုယ် တိုင်လည်း မကြိုက်ခဲ့ ဘူးလေ။ အဲဒါကြီးကိုထိုးလိုက်ရင် အသား နာမယ်ဆို တဲ့အသိနဲ့ပေါ့။ဒါ ပေ မဲ့တကယ်ထိုး မယ်ဆိုတဲ့အ ချိန်၊ စိတ်က အလိုအလျောက် အချိန် ကျလို့ထိုးချင်တဲ့စိတ်ဖြစ်လာ တော့ တား မရတော့ဘူး။ ထိုးချင်တဲ့ စိတ်ကြောင့် ထိုးနေရတဲ့ အပေါ် မှာစိတ်ရဲ့လွတ်လပ်မှု ကြည်နူးမှု အဲဒါတွေ အကုန်လုံး ပေါင်းစပ်ပြီး တော့ကိုယ့်ကိုယ် ကိုယ်ထိုးနေရ တာနဲ့ တင်ပျော်နေတာ။ကိုယ်ကြိုက်လို့ကိုယ့်လွတ် လပ်မှုအရထိုးတာ ပဲလို့ ပြန်တွေးခဲ့တယ်။

ဒီတက်တူးကို တက်တူး ပညာရှင်ကိုတွတ်ပီနဲ့ မန္တလေး မှာထိုးဖြစ်ခဲ့ တာ။ဘယ်ဘက် ခြေသလုံးပေါ်မှာ ထိုးဖို့ရွေးခဲ့ တာကပုံကိုကြီးတာ ထိုးချင်တာ။ ပုံသေးသေးထိုး လည်းနာမယ့် အတူတူတော့ သေးသေး ဆိုရင် စိတ်ခံစားမှု သိပ်လွတ်လပ်မှာ မဟုတ်တော့ ကျယ်ကျယ်ပြန့် ပြန့်ထိုးလို့ရတဲ့ ခြေသလုံးမှာပဲ ထိုးဖြစ်ခဲ့တာ။ ဒီတစ်ေ တာင်လောက်ရှိတဲ့ တက်တူးပုံကို ည၈နာရီ ကနေ စထိုးလိုက်တာ ည၁၁ နာရီ အထိရောက်သွားတယ်။ ထိုးထိုး ချင်းတအားနာတယ်။

ဒါပေမဲ့ ထိုးပေးတဲ့သူကလည်း သေချာ စေ့စပ်တယ်။ဘယ်လောက်ကြာ မယ်ဆိုတာမျိုးလည်း မပြောထားပေမယ့် စိတ်မပျက်သွား ဘူး။ ထက်ထက်ကတစ်ခုခု လုပ် ဖို့ဆုံးဖြတ်ထားပြီးရင် ဘာမဆို လုပ်ရင်ဆုံး ခန်းတိုင်အောင် လုပ်တယ်။ မလုပ်ဘူးဆိုရင် လည်း လုံးဝမလုပ်ဘူး။ အခု ထက်ထက် ထိုးထားတဲ့ တက်တူး ပုံကိုဘာကြောင့် ရွေးထိုးဖြစ်ခဲ့ လဲဆိုရင် တက်တူးပုံ ပန်းပုံ၊ အ သည်းပုံလိုမျိုး နူးနူး ညံ့ညံ့ တွေကိုမကြိုက်ဘူး။ ထက်ထက် က ယောက်ျားလေး ထိုးတဲ့စတိုင် ကိုပဲ ကြိုက်တယ်။ ဒီတက်တူး ပုံက “မာယာ” လူမျိုးတွေရဲ့ ယဉ် ကျေးမှု တစ်ခုပုံစံပေါ့။ အမှန် ဆိုရင် အပြည့်ထပ်ထိုးရဦး မှာ။ဆေးအရောင် ထည့်ရမယ်ဆို တော့ထက်ထက်က အရောင် မကြိုက်တာနဲ့မလုပ်ဖြစ်သေးဘူး။ ပေါင်အထိဆက်ထိုး ဖို့ တော့ အစီအစဉ်ရှိတယ်။

လူငယ်တွေကို တက်တူး မထိုးနဲ့ဆိုတာမျိုးတော့ မပြော ချင်ဘူး။ လူငယ်တွေကိုပြောချင် တာက တက်တူးထိုးချင်ရင် ထိုးပစ်လိုက်။ကိုယ့်ကိုယ် ကိုယ် ပဲပိုင် တာလေ။ဘယ်သူကမှ ပိုင် တာမဟုတ် ဘူးလေ။ ကိုယ့်ရဲ့ စိတ် ဆုံးဖြတ်ချက်နဲ့ လွတ်လပ် စွာထိုးပိုင်ခွင့်ရှိတယ်။ တက်တူး ဆိုတာကို ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ ထိုးပြီး သွားပြီ ဆိုရင်ဖျက်လို့ လည်းမရတော့ဘူး။ လိမ်ပြော လို့လည်းမရတော့ ဘူး။ တက်တူးက ကိုယ့်ရဲ့စိတ်ကိုပြတာပဲ ဖြစ် သွားပြီ။ ကိုယ်ဘယ်လိုတက်တူး ထိုးထား တယ်ဆို တဲ့ အပေါ်မှာ မူတည်ပြီး အဓိပ္ပာယ်တွေရှိတယ်။ ခံစားချက်ရှိတယ်။

ဟိုး အရင်တုန်းကတော့ တက်တူး ဆိုရင်လူတွေက သိပ်စိတ်မဝင် စားကြဘူး။ စကား ထဲတောင် သိပ် ထည့်မပြောကြဘူး။ အခု ခေတ်ရေစီးကြောင်း အရတက် တူးတွေကို အနုပညာ လောက မှာပါ စိတ်ဝင်စားလာကြပြီဆို တော့ “ခေတ်ရေစီး ကြောင်းနှင့် အရေပြားပေါ်က အနုပညာ” အကြောင်း ပေါ်ပြူလာနဲ့ အတူ ထက်ထက်တို့ချစ်တဲ့ ပရိသတ်ကြီးကို တက်တူးရဲ့အကောင်းအဆိုး အကြောင်း အကျိုးကို တင်ဆက်ခွင့်ရလို့ ဝမ်းမြောက် ဝမ်းသာ ဖြစ်မိပါတယ်ရှင်။

ထက်ထက်မိုးဦး
Popular Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

0 ကွန်မန့်ရေးရန်:

Post a Comment