Wednesday, June 4, 2014

ကိုရီးယားလူမျိုးပုံစံ မျက်နှာခွဲစိတ်တဲ့ ဘရာဇီးလူငယ်..................

Posted by: Ko Myo on Tuesday, June 03, 2014 Categories:
မြန်မာပြည်မှာတင် ကိုရီးယား ခရေဇီဖြစ်တာမဟုတ်ပါဘူး။ အခု ဘရာဇီးနိုင်ငံမှာလည်း ကိုရီးယား ခရေဇီ ရှိကြပါတယ်။


ဓာတ်ပုံ- ရာဟူး 

ရာဟူးသတင်းတပုဒ်မှာတော့ ဘရာဇီးနိုင်ငံ တောင်ပိုင်း နယူးဟန်ဘာ့ခ်ဒေသက အသက် ၂၅ နှစ်အရွယ် ဘရာဇီး ကျောင်းသား လူငယ်တယောက်က ကိုရီးယားလူမျိုး ပုံစံ ဖြစ်ချင်လို့ မျက်နှာ ခွဲစိပ်ပြုပြင်လိုက်ပါ တယ်။

မျက်နှာ ခွဲစိပ် ပြုပြင်တာကလည်း အဆင့် ၁၀ ဆင့် လုပ်ရမှာဖြစ်ပါတယ်။ အရင်ကတော့ သူ့နာမည်က Max ပါ။ သူဟာ အာရှတိုက်သား ကိုရီးယား ပုံစံ မျက်နှာကို ခွဲစိပ်ပြုပြင်ပြီးချိန်မှာ သူ့ကိုယ် သူ Xiahn Nishi လို့ အမည်ပေးထားပါတယ်။ အဲဒီနာမည်နဲ့လည်း ဖေ့စ်ဘုတ်စာမျက်နှာ ဖွင့်ပြီး သူ့ဓာတ်ပုံတွေကို တင် ထားပါ တယ်။


ပထမအဆင့် ခွဲစိပ်မှု အပြီး 

သူဟာ ကိုရီးယား ပုံစံမျက်နှာနဲ့အသားအရေသာမက ဆံပင်တွေကိုလည်း အာရှသားပုံစံ ဆိုးဆေးနဲ့ ဆိုး ထား ပါသေးတယ်။


သူဟာ မော်ဒယ်အမျိုးသားအဖြစ်လည်း လုပ်ခဲ့ဖူးတော့ အခုချိန်မှာ အလုပ်လက်မဲ့ ဖြစ်နေပေမယ့် ကိုရီးယား လူငယ်လေးလို လုံးဝ ပြောင်းလဲခဲ့ပြီး နောက်ပိုင်း မော်ဒယ်ကုမ္ပဏီတခုမှာ အလုပ်လျှောက် မယ်လို့လည်း ဆိုပါတယ်။


ခွဲစိပ်မှုအပြီး 

နှစ်စဉ်လိုလို အာရှတိုက်က ထောင်နဲ့ချီတဲ့ အမျိုးသမီးတွေဟာ ပလပ်စတစ်ဆာဂျရီနည်းနဲ့ မျက်နှာ ခွဲစိပ် အလှပြုပြင် ကြတယ်လို့ ဆိုပေမယ့် အခုတော့ ဘရာဇီးက လူငယ်ကလည်း အာရှသား ပုံစံ မျက်နှာ ခွဲစိပ်
ပြု ပြင်ဆိုတော့ ထူးခြားတယ်လို့ ဆိုရမလားပါဘဲ။

တကယ်တော့ လူ့သဘာဝအရ ရှိနေတဲ့ ကိုယ့်ဘ၀ပေး ခန္ဓာကိုယ်၊ အသားအရေ၊ အလှတရားတို့ထက် တခြား သူရဲ့ အလှတရားကိုမှ ခုံမင်တတ်ကြတာမျိုးလည်း ရှိကြတာဆိုတော့ အပြစ်မပြောသာပါဘူး။


အိမ့်သံစဉ် ~ 
Irrawaddy
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

0 ကွန်မန့်ရေးရန်:

Post a Comment