Posted by: Ko Myo
on Tuesday, June 03, 2014
Categories:
ဖျော်ဖြေရေး၊ Celebrity
ရီဟာနာသည် အမေရိကန် ဖက်ရှင်ဒီဇိုင်း ပညာရှင်များကောင်စီ၏ နှစ်ပတ်လည် ညီလာခံတွင် ဖက်ရှင် Icon ဆုတစ်ခုကို လက်ခံရရှိခဲ့ကြောင်း သိရှိရသည်။ ဘာဘေးဒိုးစ်ဖွား R&B ဂီတစတား အဆိုတော် မလေးသည် တနင်္လာနေ့ညက ညီလာခံသို့ တက်ရောက်လာပြီး ဆုလက်ခံယူခဲ့ခြင်း ဖြစ်သည်။ ဖက်ရှင်နှင့် ပတ်သက်ပြီး အမြင်ဆန်းသစ်သူ တစ်ဦးအဖြစ် အသိအမှတ်ပြု ခံရသော ရီဟာနာသည် အဆိုပါ ပွဲစဉ်တွင်လည်း လူအများ၏ အာရုံကို ဖမ်းစားနိုင်သည့် ဖက်ရှင်မျိုး ရွေးချယ်လာခဲ့သည်။
သူမသည် အတွင်းသားကို ထိုးဖောက်မြင်နေရလောက်အောင် ပါးလွှာပြီး ခရစ္စတယ်လ်
အမှုန်လေး များဖြင့် တလက်လက် တောက်ပနေသည့် ဝတ်စုံရှည်ဖြင့်
ပွဲတက်ရောက်လာခြင်း ဖြစ်သည်။ အဆိုပါ ဝတ်စုံကို ဒီဇိုင်းပညာရှင်
အဒမ်ဆဲလ်မန်းက ဖန်တီးပြီး Swarovski ခရစ္စတယ်လ်စေ့လေးပေါင်း (၂၁၆၀၀၀)မျှကို
ထည့်သွင်းချုပ်လုပ်ထားသည်။ ရီဟာနာက ယင်းဝတ်စုံနှင့် အရောင်လိုက်လျော
အဆင်ပြေသည့် ပဝါအား ဦးခေါင်းတွင် ရစ်ပတ်ပြီး သားမွေးခြုံလွှာတစ်ထည်ကို
လွှမ်းခြုံထားသည့် ဖက်ရှင်အား ရွေးချယ်ခဲ့သည်။
ရီဟာနာကို ဆုမပေးအပ်မီတွင် ဒီဇိုင်းပညာရှင် တစ်ဦးဖြစ်သော ဇက်ပိုဆန်းက “ရီဟာနာက ဖက်ရှင်နဲ့ ပတ်သက်ရင် စွန့်စားချင်တဲ့ အမြင်ရှိတယ်။ ပြီးတော့ သူက ဘာကို တကယ်တမ်း ကြိုက်နှစ်သက်တတ် သလဲ ဆိုတာကိုလည်း တိတိကျကျ သိထားတတ်တယ်။ ရီဟာနာက ဖက်ရှင်ကမ္ဘာမှာ ဝါရင့်တစ်ဦးလို ရပ်တည်နေတယ်။ ဒါပေမဲ့ မိန်းကလေးငယ် တစ်ယောက်ရဲ့ ရွှင်ပြလန်းဆန်းမှုလည်း ရှိပါတယ်”ဟု မှတ်ချက်ပြုခဲ့သည်။
ရီဟာနာကို ဆုမပေးအပ်မီတွင် ဒီဇိုင်းပညာရှင် တစ်ဦးဖြစ်သော ဇက်ပိုဆန်းက “ရီဟာနာက ဖက်ရှင်နဲ့ ပတ်သက်ရင် စွန့်စားချင်တဲ့ အမြင်ရှိတယ်။ ပြီးတော့ သူက ဘာကို တကယ်တမ်း ကြိုက်နှစ်သက်တတ် သလဲ ဆိုတာကိုလည်း တိတိကျကျ သိထားတတ်တယ်။ ရီဟာနာက ဖက်ရှင်ကမ္ဘာမှာ ဝါရင့်တစ်ဦးလို ရပ်တည်နေတယ်။ ဒါပေမဲ့ မိန်းကလေးငယ် တစ်ယောက်ရဲ့ ရွှင်ပြလန်းဆန်းမှုလည်း ရှိပါတယ်”ဟု မှတ်ချက်ပြုခဲ့သည်။
ဇက်က ရီဟန်နာ၏ ပွဲတက်ဝတ်စုံကိုလည်း ချီးကျူးခဲ့သေးသည်။ “လူတွေသူ့ကို
ဘာကြောင့် သဘောကျသလဲဆိုတဲ့ အဖြေက ဒါပါပဲ”ဟု ၎င်းက ဆိုသည်။ ယခုပွဲတွင်
ဆုလက်ခံယူပြီးနောက် ရီဟာနာက “ကျွန်မက ကျွန်းသေးသေးလေး တစ်ကျွန်းပေါ်မှာ
ကြီးပြင်းလာခဲ့သူ ဖြစ်ပါတယ်။ ဖက်ရှင်နဲ့ ပတ်သက်ပြီး အများကြီး ထိတွေ့ခဲ့တာ
မရှိပါဘူး။ ဒါပေမဲ့ ကျွန်မ အမြဲတမ်းလိုလို အမှတ်တရ ရှိနေတာက
ကျွန်မစိတ်ထဲမှာ ဖက်ရှင်ဟာ အမျိုးသမီးချင်း ယှဉ်ပြိုင်မှုမှာ အကာအကွယ်
ပေးနေတဲ့ ဖြစ်စဉ် တစ်ခုပါပဲ။ ဥပမာ ဒီအမျိုးသမီး ငါ့ထက်သာချင်သာမယ်၊
ငါ့အဝတ်အစားထက်တော့ မသာစေရဘူးဆိုတဲ့ အတွေးမျိုးပေါ့”ဟု ပြောကြားသွားသည်။
Planet Myanmar Network
Planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
0 ကွန်မန့်ရေးရန်:
Post a Comment