Thursday, February 20, 2014

Facebook တည်ထောင်သူ ဇူကာဘတ်ရဲ့ နေအိမ် .............












ပုံမှာ မြင်တွေ့နေရတာကတော့ ၂၀၁၁ ခုနှစ်ကတည်းက Facebook တည်ထောင်သူ Mark Zukerberg ဝယ်ယူထားတဲ့ အိမ် ဖြစ်ပါတယ်။ အဲ့တုန်းက အမေရိကန်ဒေါ်လာ ၇ သန်းသာ ကုန်ကျပါတယ်။
အိပ်ခန်းငါးခန်း ပါရှိပြီး ခြံဝိုင်း ကျယ်ကျယ်ဝန်းဝန်း နဲ့ ဇိမ်ခံ အိမ်တစ်လုံး ဖြစ်နေတာ ကို မြင်တွေ့ရမှာပါ။ Facebook ရဲ့  ဌာနချုပ်
Menlo park နဲ့လည်း အနီးဆုံးမှာ ရှိတဲ့ အိမ်တစ်လုံး ဖြစ်ကြောင်း ဆိုပါတယ်။ ဆီလီ ကွန် တောင်ကြား နဲ့ မနီးမဝေး နေရာမှာပဲ။ ယခု ထွက်ရှိတဲ့ သတင်း သစ် အရ ဇူကာဘတ်ဟာ အိမ်နီးချင်းက အိမ် ၄ လုံးကိုတောင် ဆက်တိုက် ဝယ်ယူခဲ့ပြီး ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ သန်းချီ ရှိခဲ့ကြောင်း ဆိုပါတယ်။ အမှန်တော့ ယင်း အိမ် ၄ လုံးပေါင်း တန်ဖိုးက ၁၀ သန်းတောင် မရှိဘူးလို့ မီဒီယာသမားများက ဆိုကြပါတယ်။ ဒါကို ဇူကာဘတ် က ငွေ ပိုပေး ဝယ်ယူခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ဇူကာဘတ်ဟာ အသက် ၂၉ နှစ်ရှိပြီး ကမ္ဘာ့အချမ်းသာဆုံး အိုင်တီ လုပ်ငန်းရှင် ပုဂ္ဂိုလ်စာရင်း ထိပ်တန်း ၁၀ ဦးထဲမှာပါဝင်လျက် ရှိကြောင်း သိရ ပါတယ်။


Thihahtike



09-73151297




thihahtike.it@gmail.com
 


Welcome From My Blog 



Ref&Credit -smart pro journal
 Aung Kham ( www.smart.com.mm )




0 ကွန်မန့်ရေးရန်:

Post a Comment