Saturday, June 21, 2014

ကမ္ဘာကျော် ဘောလုံး သမား ၁၀ ဦး ၏ အိမ်များ ..........................


ဘောလုံး ၁လုံး ဟာ လူတစ်ယောက်ရဲ့ အိမ်၊ ဇိမ်ခံအခန်း၊ ရေကူးကန် ကိုပြောင်းလည်း ပေး နိုင်သလို၊ ကြိုက်ရာ Design အမျိုးမျိုးကို လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။ လာမယ့် ရက် ပေါင်း ၄၀ အတွင်း ၂၀၁၄ ကမ္ဘာ့ ဖလား  သတင်းဟာ မီဒီရာ တခွင် လုံးကို လွမ်းမိုး အုံးမှာ ဖြစ်တယ်ဆိုတော့် ရွှေပရိတ်သတ်များ
အတွက် ကမ္ဘာ့ နံမည်ကြီး ဘောလုံး သမား ၁၀ ဦးရဲ့ စံအိမ်နဲ့ တန်ဖိုးကို မြန်မာ House မှတင်ပြလိုက်ပါတယ်။

ဝိန်ရိုးနီ: Wayne Ronney
အင်္ဂလန်အသင်း
 
© Shutterstock
ရိုးနီ နဲ့ သူ့ရဲ့အမျိုးသမီး ကိုယ်လ်လင်း ဟာ ချယ်လ်ချာ မြို့ရှိ အမေရိကန် ဒေါ်လာ သန်းပေါင်း ၂၀ တန်ဖိုးရှိတဲ့ စံအိမ်မှာ နေထိုင်ပါတယ်။ ခြံအကျယ် အ၀န်းက ၂၀ ဧကရှိ ပြီး အိမ် အတွင်း ရုပ်ရှင်ရုံ၊ ဘားခန်း များ ပါဝင်ပြီး ၊ အိမ် ရှေ့ အ၀င်ဝမှာ မှန်လုံကျမ်းပြင်နဲ့  ခင်း ထားပါတယ်။  ပင်လယ်သဘာဝအလှ တရားကို ရှုစားတတ်တဲ့  ရိုးနီ နဲ့ ကိုယ်လ်လင်း ဟာ တောင်အမေရိက ကရေးဘီး မှ ဘားဘာဒေါ့စ်ဆိုတဲ့ ကျွန်းမှာ အပန်းဖြေစခန်း တခု ကို ၀ယ်ထားပြီး အားလပ်ရက်အတွင်း သူ့တို့ ရဲ့သားဦး Kai နဲ့ အပန်းဖြေလေ့ရှိပါတယ်။

နေမာ ဒါ ဆေးဘာ :Neymar da Silva
ဘရာဇီး အသင်း Brazil
အသက်က တော့် ၂၂ သာရှိပေမယ့် ရင်းနှီးမြုပ်နှံမှုမှာ စိတ်ဝင်စားတဲ့ နေမာ ကတော့် အိမ်ခြံမြေခြံ လုပ်ငန်းကိစ္စမှာ အစု ရှယ်ရာတော်တော် ထည့်ထားပါတယ်။ ဘရာဇီး နိုင်ငံ ဆန်ပေါလို မှာ ဒေါ်လာ ၇၆၀၀၀၀ တန် သုံးထပ် တိုက်ခန်းကို ပိုင်ဆိုင်ထားပြီး သန်းပေါင်း ၂ သန်းတန်ဖိုး ရှိတဲ့ အိမ်ကိုလည်း ရင်းနှီးမြုပ်နှံထားပါတယ်။ FC Barcelona အတွက် ကစားပေး တဲ့  နေမာ ဟာ Pedralbes ဆိုတဲ့ အပန်းဖြေစခန်းကို တလ ဒေါ်လာ ၂၄၀၀၀ နဲ့ ဌားရန်းပေးနေ တယ်လို့လည်းကြားရပါတယ်။

မာရီရို ဗာလိုတဲလီ : Mario Balotelli
အီတလီအသင်း


ဒီ မန်ချက်စ်စ္စတာ မင်းသား ကတော့်  Alderley Edge အတွင်းရှိ သူ့ရဲ့ ၄ ခန်းပါ တိုက်ခန်းကို တစ်လ ဒေါ်လာ ၂၃၀၀၀ နဲ့ အဌား ရင်းနှီးမြုပ်နှံနေပါတယ်။ တိုက်ခန်း ဒီဇိုင်းလ်က တော့် အခန်းတွင်း ရေနွေးငွေ့  အပူပေး ရေကူးကန် နဲ့ အလွယ်တကူ ပြောင်းရွှေ့  နိုင်တဲ့ အားကစားခန်း ကို ဖွင့်ထားပါတယ်။ နမော်နမဲ့ ဖြစ်တတ်တဲ့  ဗာလိုတဲလီ ဟာ 2011  ချယ်လ်ချာ မှာ ရှိတဲ့ သူ့ ရဲ့ စံအိမ်ကို ပြာကျ နီးပါး   မီးလောင်မှ ကိစ္စနဲ့ ရင်ဆိုင်ခဲ့ပါတယ်။  

 ဇလန်တန် အီဘရာဟင်အိုဗစ် : Zlatan Ibrahimovic
ဆွီဒင် အသင်း


Paris Saint-Germain နဲ့  ပြင်သစ် အသင်း ကိုဝင်ပြီးနောက် အီဘရာဟင်အိုဗစ် ဟာ ပြင်သစ်နိုင်ငံ Versailles မြို့ရှိ ဒေါ်လာ ၅၄၀၀၀ တန် တိုက်ခန်း ကိုပြောင်းသွားပါတယ်။ ဆွီဒင် နည်းပြဖြစ်တဲ့ Ibrahimovic ဟာဆွီဒင် နိုင်ငံ က သူ့ရဲ့ ၅ ခန်းတွဲပါတဲ့ အခန်းကို ယမန် နှစ်က ရောင်းလိုက်ပါတယ်။ နေ စရာမလိုတဲ့ အတွက်ကြောင့် ရောင်းလိုက်တာဖြစ်ကြောင်း ဒေသခံ မီဒီရာဖြစ်တဲ့ The Local မှပြောကြားသွားပါတယ်။  နံမည်ကြီးဖြစ်သည့်  Ibrahimovic ဟာ ဆွီဒင်က  ကမ္ဘာ့ဖလားမှာ ခြေဆင့် မမီ တာကြောင့်  မပါဝင်နိုင်ပါဘူး။





 လီယိုနီ မစ်စ်ဆီ : Lionel Messi
အာဂျင်တီးနာ အသင်း


လေးကြိမ်မြောက် Ballon d’Or အောင်ပွဲခံ မစ်စ်ဆီ ကတော့် သူ့ရဲ့ အိမ်ကို တော်တော်လေး ထူးဆန်း စွာနဲ့ ဆောက်ထားပါတယ်။ အိမ်လေးကတော့် ဘောလုံး နှင့် ဘောလုံးကွင်းပုံ သဏ္ဍန် ဖြစ်ပြီး စပိန် ဗိသုကာပညာရှင် Luis de Garrido  ကဆောက်ထားတာဖြစ်ပါတယ်။   Barcelona မျိုးဖြင့် ဆောက်ထားတာဖြစ်ပါတယ်။ စပိန်နိုင်ငံ Barcelona မှာဆောက်ထားတာဖြစ်ပါတယ်။

ခရစ်စရာနို ရိုနာဒို :Cristiano Ronaldo
ပေါ်တူဂီ သင်း

ရိုနာဒို ရဲ့ မာဒရစ် ရှိ ၇ ခန်း တွဲ တိုက်ခန်း နဲ့ ၊ ၈ခန်းတွဲ ရေချိုးခန်း တွဲ ဟာ ၇.၂ သန်း တန်ဖိုးရှိပါတယ်။ ဒါပေမယ့် ဒီတန်ဖိုး ဟာ သူ့ရဲ့ ၁နှစ် စာ ၀င်ငွေ ဖြစ်တဲ့ ၂၈ သန်း  ရဲ့ ၁/၄ ပုံသာရှိပါတယ်။ အိမ်ရဲ့ အခန်းထဲမှာတော့် သူ့ ရဲ့ ဒိုင်း အနိုင်ဆုတွေကို ပြထားပါတယ်။

ဒေးဗစ် ဘက်ဟန် : David Beckham
အင်္ဂလန် အသင်း


Hertfordshire  အားကစားဟောင်း ဒေးဗစ် ဗက်ဟန် ဟာ ကမ္ဘာ့ဘောလုံးသမား မျာမှာဆိုရင်  နံ အကြီး ဆုံးလို့ပြောလို့ ရပါတယ်။ နံမည်ကြီး လောက်အောင်လည်း သူ့ဆီမှာ ကိုယ်ပိုင် Wikipedia ရှိပါတယ်။ ဗက်ဟန် နဲ့ သူ့အမျိုးသမီး Posh Spice ဟာ ၁၉၉၉ မှာ သန်းပေါင်း ၄ သန်းတန် အိမ်ကို ၀ယ်ခဲ့ပါတယ်။ အားကစားလုပ်ငန်းကြောင့် ပြောင်းရွေ့ ရတဲ့ ဒေးဗစ် ဟာ Madrid မျာ ၇.၅ သန်း တန်ဖိုးရှိတဲ့ အိမ်ကို လည်း ၀ယ်ခဲ့ပါတယ်။ ထို့နောက် အမေရိကန် ကယ်လီဖိုးနယားပြည်နယ် Beverly Hill မှာလည်း ၂၂ သန်းတန်ဖိုးရှိတဲ့ ၅ ခန်း တွဲ နဲ့ ၆ ခန်းတွဲပါတဲ့ အိမ် ကိုဝယ်ခဲ့ပါတယ်။ ဒီနှစ် အတွင်း ဒေးဗစ် တို့လျင်မယား ဟာ သူတို့ရဲ့ Beckingham နန်းတော်ကို ရောင်းပြီး ၆၇ သန်းတန်ဖိုးရှိတဲ့ အိမ်ကို လန်ဒန်မှာ ၀ယ်ခဲ့ပါတယ်။

တယ်ရီ ဟင်နရီ: Thierry Henry
ပြင်သစ်အသင်း

ပြင်သစ် နံမည်ကြီး တယ်ရီ ဟင်နရီ ကတော့် လန်ဒန်မြို့ Hampstead ရှိ ၁၀ သန်း တန်ဖိုးရှိတဲ့ ကိုပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ဒါ့အပြင် ၁၅ သန်း တန်ဖိုးရှိတဲ့ ဇိမ်ခံအိမ်ကို နယူးယောက် မှာဝယ်ထားပါတယ်။  သတင်း ကိုးကားချက်အရ နယူးယောက်မြို့မှာ ရှိတဲ့ သူ့ရဲ့ အိမ်ဟာ ၅၆၀၇ ပေပတ်လည်ရှိပြီး အပေါ် မျက်နံ ကြက်မှာပြူတင်းပေါက်များဖြင့် ကာထားပါတယ်။ အိမ်အတွင်းပိုင်းမှာတော့် မီဒီယာ အခန်း နဲ့ outdoor space လို့ခေါ်တဲ့  အပြင်ပိုင်းဆိုင် ရာ နေရာခင်းကျင်းမှုများရှိပါတယ်။ ဟင်နရီ ဟာ လန်ဒန်မှာရှိတဲ့သူ့ရဲ့ အိမ်ဟောင်းကိုလည်း ဆက်လက်ပြီး ပေ ၄၀ အထိ ချဲ့ထွင်ပြီး ငါးကန် တခုကိုလည်း ဆောက်မယ်လို့ပြောပါတယ်။  ကုန်ကျစရိတ်ကတော့် ဒေါ်လာ ၄၂၀၀၀၀ ကုန်ကျမယ်လို့သတင်းရရှိထားပါတယ်။

ဂါရက်စ် ဘေးလ် : Gareth Bale
ဝေးလ် အသင်း


Welsh အသင်းကတော့် ဒီတနှစ် ကမ္ဘာ့ဖလားမှာ မပါဝင် နိုင်ပေမယ့်လည်း ဂါရက်စ် ကတော့ သူ့ရဲ့ စပိန် အပန်းဖြေစခန်းကနေ ကမ္ဘာ့ဖလားကို ကြည့်နိုင်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ အိမ် ခြံမြေဟာ အဌားတနှ်ဖိုးအားဖြင့် ဒေါ်လာ ၁၇၀၀၀ ရှိပြီး အိမ်အတွင်း ကား ၆စီး ဆန့် ကား ဂိုဒေါင် နှင့် ရေကူးကန်၊ အားကစားခန်းများကို တပ်ဆင်ထားပါတယ်။

ဂယ်ရီ နယ်ဗီ  : Gary Neville
အင်္ဂလန် အသင်း


အနားယူသွားတဲ့ နယ်ဗီ ဟာ လောလောဆယ်မှာတော့် အင်္ဂလန် ဘောလုံးအသင်းကိုနည်းပြ လုပ်နေပါတယ်။ လွန်ခဲ့တဲ့ နှစ်အတွင်း နယ်ဗီဟာ သူ့ရဲ့ ၈ ခန်းတွဲ မြေအောက် အိမ်ကို ဆောက်ဖို့စီစဉ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အရှုတ်အထွေးများတော်တော်ရှိခဲ့ပါတယ်။ အစိုးရ ရဲ့ခွင့်ပြုချက်ကို ရဖို့အတိုက်အခံတော်တော်လုပ်ခဲ့ရပါတယ်။ သဘာဝပတ်ဝန်းကျင်ကို လေးစားတဲ့ နယ်ဗီဟာ သူ့ရဲ့လက်ရှိ အိမ်ကို မွမ်းမံပြင်ဆင် ရင် ကောင်းမလား သို့မဟုတ် မြေအောက်အိမ် ပိုင်းကို အကောင် ထည် ဖြစ်အောင် လုပ်မလားဆိုတာ စဉ်းစားဆင်ခြင်နေပါသေးတယ်။

0 ကွန်မန့်ရေးရန်:

Post a Comment