Monday, June 19, 2017

ယောနိနှစ်ခုပါတဲ့ အမျိုးသမီးနဲ့ သူမရဲ့ ချစ်သူက အိမ်ထောင်ရေးအတွေ့အကြုံများမျှဝေခဲ့

အမည်မဖော်ပြထားတဲ့ အမျိုးသားတစ်ယောက်ရဲ့ ချစ်သူမှာ ရှားပါးခန္ဓာကိုယ်ပြောင်းလဲမှုဆိုင်ရာ အခြေအနေ တစ်ခုဖြစ်တဲ့လိင်အင်္ဂါနှစ်ခု ပါဝင်လာပါတယ်။ သူမှာ ယောနိလမ်းကြောင်းနှစ်ခုလည်း သီးခြားဆီပါဝင်သလို၊ သားအိမ်လည်း နှစ်ခု ပါဝင်ပါတယ်။ သူမရဲ့ နာမည်ကို NurseryRN လို့ ဖော်ပြထားပြီး၊ သူမက သူရဲ့ချစ်သူနဲ့ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံကို ပွင့်ပွင်းလင်းလင်း ထုတ်ဖော်ခဲ့ပါတယ်။ သူမမှာ ပါဝင်တဲ့ ယောနိနှစ်ခုမှာ ဘယ်ဘက်က ယောနိက ပိုသေးပေမယ့်၊ လိင်အင်္ဂါတစ်ခုမှာ ပါဝင်ရမယ့် အင်္ဂါရပ်တွေ စုံလင်တယ်လို့ ဆိုပါတယ်။ NurseryRN နဲ့ သူမရဲ့ ချစ်သူဟာ အသက် 20 ၀န်းကျင်သာ ရှိကြသေးပြီး၊ ၎င်းတို့ရဲ့ လိင်မှုဆိုင်ရာ အတွေ့အကြုံတွေကို Reddit လူမှုကွန်ယက် သုံးစွဲသူတွေက သိလိုဇောနဲ့ မေးမြန်းလာတာတွေ ရှိသလို၊ တစ်ချို့ကကျတော့ ရုပ်ပိုင်းဆိုင်ရာ အရကိုက လိင်အင်္ဂါနှစ်ခု ဘယ်ညာ၊ သို့မဟုတ် အပေါ်အောက် သီးသန့်ဆီ ပါတယ်လို့ ယူဆခဲ့ကြပါတယ်။ NurseryRN က ” ကျွန်မက လိင်အင်္ဂါနှစ်ခုနဲ့ မွေးဖွားလာတဲ့ အမျိုးသမီးတစ်ယောက်ပါ .. ကျမအသက် 16 နှစ်မှာ ယောနိ နှစ်ခု၊ ယောနိလမ်းကြောင်းနှစ်ခု၊ သားအိမ်နှစ်ခုပါတယ်ဆိုတာကို သိခဲ့ရတာပါ … ဆရာဝန်တွေကတော့ သားအိမ် နှစ်ခုစလုံးမှာ ကိုယ်ဝန်ဆောင်နိုင်တယ်လို့ ပြောပါတယ် “လို့ Ask Me Anything ကဏ္ဍမှာ ပြောခဲ့ပါတယ်။ READ လူတစ်ယောက်သင့်ကိုညာနေတယ်ဆိုတာသိနိုင်တဲ့နည်းလမ်း မေးထားတဲ့ မေးခွန်းတွေအနက် သိသင့်သိထိုက်တဲ့ မေးခွန်းနဲ့ အဖြေကို ဖော်ပြရရင်- (၁) ယောနိနှစ်ခု ပါတယ် .. အလွန်ကျဉ်းမြောင်းတဲ့ နေရာတစ်ခုမှာ အတူတူနီးပါး တည်ရှိနေတယ် .. ဒါဆို ကလေးမွေးရတာ အခက်အခဲ မရှိနိုင်ဘူးလား ? NurseryRN က- တကယ်တော့ ကျွန်မရဲ့ ယောနိက သာမန်ထက် သေးငယ်ပါတယ် .. ဒီတော့ အခြားအမျိုးသမီးတွေထက် ကိုယ်ဝန် ပျက်နိုင်ချေနဲ့ ကလေးအရွယ်အစား သေးငယ်မှုတွေကတော့ ပိုပြီး ဖြစ်နိုင်ချေရှိပါတယ်”လို့ ဖြေခဲ့ပါတယ်။ (၂) ချစ်သူက သိသွားတော့ ဘာဖြစ်သလဲ? NurseryRN ရဲ့ ချစ်သူမှ ဖြေ – တကယ်တော့ ကျနော်တို့ အတူမနေခင်ကတည်းက သူ့မှာ ဒီလိုအခြေအနေဆိုတာကို ရှင်းပြခဲ့ပြီးသားပါ .. ဒီအကြောင်းကို ဆွေးနေကြတုန်းက နည်းနည်းတော့ အောင့်သီးအောင့်သက်နဲ့ပါဘဲ၊ ဒါပေမယ့် ကျနော်တို့ အဆင်ပြေခဲ့ကြပါတယ်။ READ လူနေမှုပတ်ဝန်းကျင်ကိုအကြီးအကျယ် ပြောင်းလဲစေခဲ့သည့်တီထွင်မှု(၇)မျိုး (၃) ဆက်ဆံရတာကော ဘယ်လိုလဲ .. ကွဲပြားမှုတွေ ရှိတယ် မထင်ဘူးလား ? NurseryRN ရဲ့ ချစ်သူမှ ဖြေ – ဟုတ်ကဲ့ … တူတော့ မတူပါဘူး .. သို့ပေမယ့် ဒါပေမယ့် အမျိုးသမီးတစ်ယောက်နဲ့တစ် ယောက်တောင် မတူညီကြတာပဲလေ .. အစကတော့ ထူးဆန်းသလိုပါဘဲ .. နောက်တော့ ကျင့်သားရသွားပါတယ်။ (၄) ကိုယ်ဝန်ဆောင်မယ်ဆိုရင်ကော ? NurseryRN ရဲ့ ချစ်သူက- ဆေးပညာရှင်တွေရဲ့ ပြောစကားအရတော့ သူ့မရဲ့ သားအိမ်နှစ်ခုစလုံးဟာ ကိုယ်ဝန်ဆောင်နိုင်တယ်လို့ ဆိုတာပါဘဲ ဒီအကြောင်းကို NurseryRN က ကျနော့်ထက် ပိုသိပါတယ် … ဘာတွေ ဘယ်လိုဖြစ်တယ်ဆိုတာကတော့ ကျနော်လည်း မဖြေတတ်ဘူး။ NurseryRN က – ကျမအသက် 16 နှစ်မှာ ယောနိ နှစ်ခု၊ ယောနိလမ်းကြောင်းနှစ်ခု၊ သားအိမ်နှစ်ခုပါတယ်ဆိုတာကို သိခဲ့ရတာပါ … ဆရာဝန်တွေကတော့ သားအိမ် နှစ်ခုစလုံးမှာ ကိုယ်ဝန်ဆောင်နိုင်တယ်လို့ ပြောပါတယ် “လို့ ဖြေခဲ့ပါ တယ်။ မဒီလေး (Shwemom) source : mirror.co.uk

0 ကွန်မန့်ရေးရန်:

Post a Comment