Monday, June 19, 2017

အမေရိကန်ရဲ့ အန္တရာယ်အများဆုံး MS-13 ဂိုဏ်းကို ဒေါ်နယ်ထရမ့် ရှင်းပစ်မည်ဟုဆို

ဝါရှင်တန်၊ နယူးယော့ခ်၊ LA နဲ့ အခြား အမေရိကန် မြို့ကြီးတွေမှာ MS-13 လို့ ပြောလိုက်တာနဲ့ ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ အခြေအနေပါ။ MS-13 ဆိုတာ အမေရိကန်နိုင်ငံရဲ့ ရက်စက်တဲ့ရာဇ၀တ်မှုတွေ ကျူးလွန်မှု အများဆုံး လူဆိုးဂိုဏ်းကြီး ဖြစ်ပါတယ်။ ဒီမိုကရေစီဘိုးအေးနိုင်ငံကြီးမှာ ဒီလို လူစိုးဂိုဏ်းတွေ ရှိနေတာဟာ ရှက်စရာ ဖြစ်ပါတယ်။ ဧပြီလမှာ Central Islip မှာ အသက် 16 နှစ်နဲ့ အသက် 20 နှစ် အသီးသီးကို ရောက်နေကြတဲ့ လူငယ်လေးဦး ကို MS-13 အဖွဲ့ ၀င်တွေက ဘတ်တံတွေနဲ့ ၀ိုင်းဝန်းရိုက်နှက်ပြီး၊ မာချက်တီဓားတွေနဲ့ ၀ိုင်းခုတ်သုတ်သင်ခဲ့လို့ သေဆုံးသူ တွေရဲ့ အလောင်းတွေဟာ ရုပ်ပျက်ဆင်းပျက် ဖြစ်တဲ့အထိပါ။ သူတို့အလောင်းတွေကို ပန်းခြံထဲမှာ လာရောက်စွန့်ပစ်ခဲ့ပါတယ်။ ယင်းနောက် Brentwood မှာ အသက် 16-17 သာရှိသေးတဲ့ ကောင်မလေးနှစ်ယောက်ကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး၊ လက်ရဲဇက်ရဲ ရာဇတ်မှုတွေ ဆက်တိုက် ကျူးလွန်လာခဲ့တာကို တွေ့ရပါတယ်။ ဒီရာဇ၀တ်မှုတွေဟာ သမ္မတ ထရမ့်ကို လှောင်ပြောင်ရာရောက်ခဲ့ပြီး၊ ဒေါသထွက်စေခဲ့ပုံရပါတယ်။ READ နန်းသက်အကြာဆုံးဖြစ်တဲ့ ထိုင်းဘုရင်ဘူမိဘော သက်တော်၈၈နှစ်တွင် နတ်ရွာစံ ထရမ့်က တာဝန်ယူခဲ့တဲ့ သမ္မတအဆက်ဆက်နဲ့ အိုဘားမားကို ရာဇ၀တ်ဂိုဏ်းတွေ ရှိနေမှန်းသိရဲ့နဲ့ မနှိမ်နင်းရဲသူတွေလို့ ပစ်ပစ်ခါခါခါ ဝေဖန်ခဲ့ပြီး၊ ဒီရာဇ၀တ်ဂိုဏ်းသားတွေကို အကုန်ဖမ်းဆီးထောင်ချပစ်မယ်လို့ ကြိမ်းမောင်းခဲ့ပါတယ်။ ယင်း နောက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့တွေကို MS-13 အပါအ၀င် ရာဇတ်ဝတ်ဂိုဏ်းတွေ ရှင်းလင်းဖို့ တာဝန်တွေ အပ်နှင်းခဲ့ ပါတယ်။ MS-13 လူဆိုးဂိုဏ်းရဲ့ နာမည်အပြည့်အစုံဟာ Mara Salvatrucha ဖြစ်ပြီး ပြည်နယ်ပေါင်း 46 ခုမှာ အဖွဲ့ဝင်ပေါင်း 6000 မှ 10000 အထိ ရှိတယ်လို့ FBI က ဆိုပါတယ်။ MS ဆိုတဲ့ နာမည်ဟာ ဒီဂိုဏ်းကို စတင်တည်ထောင်ခဲ့တဲ့ အယ်ဆာဗေဒိုးနိုင်ငံသားရဲ့ နာမည်ဖြစ်ပါတယ်။ 1980 ခုနှစ်မှာ အမေရိကန်မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး၊ ထိုစဉ်က အမေရိကန် အိမ်နီးချင်းဖြစ်တဲ့ အယ်လ်ဆာဗေဒိုးနိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်ပေါ်နေချိန် ဖြစ်ပါတယ်။ MS-13 ဂိုဏ်းကို ပြည်တွင်းစစ်ကြောင့် အမေရိကန်ကို လာရောက်ခိုလှုံကြတဲ့ အယ်လ်ဆာဗေးဒိုးနိုင်ငံသားတွေနဲ့ စတင်ခဲ့ကာ၊ မူလရည်ရွယ်ချက်ကတော့ ဆားဗေဒိုးနိုင်ငံသားတွေကို အကူအညီပေးဖို့ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အင်အားကောင်းလာတာနဲ့အမျှ တရားဥပဒေစိုးမိုးရေးကို ဗြောင်ကျကျ ချိုးဖောက်လာသည်အထိ ရဲတင်းလာခဲ့ပါတယ်။ READ IS သုံးယောက်ကို ကျည်တစ်တောင့်တည်းနဲ့ ပစ်ခတ်သုတ်သင်နိုင်ခဲ့တဲ့ဗြိတိန်စနိုက်ပါစစ်သား MS-13 ဟာ လူသတ်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုတွေကို လက်ရဲဇက်ရဲ ကျူးလွန်ခဲ့ကြပြီး၊ အစိုးရရဲ့ ဦးဆောင်မှုမပါဘဲ၊ တော်ရုံရဲတပ်ဖွဲ့က ရာဇ၀တ်ဂိုဏ်းတွေကို သွားမထိရဲပါဘူး။ အခုအခါမှာ တော့ သမ္မတထရမ့်က ရာဇ၀တ်မှုတွေရဲ့ အရင်းအမြစ်ဖြစ်တဲ့ လူဆိုးဂိုဏ်းတွေကို သူ့လက်ထပ်မှာ အကုန်ရှင်းပစ်မယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာလည်း ရာဇ၀တ်ဂိုဏ်းတွေကို ဆက်တိုက်ဖမ်းဆီးနေကြောင်း သိရပါတယ်။ ထရမ့်က ” အိုဘာမားနဲ့ အစိုးရ အဖွဲ့ဝင်တွေရဲ့ အားနည်းချက်က ဒီလောက်ဆိုးဝါးတဲ့ MS-13 လို ဂိုဏ်းမျိုးတွေ ရှိနေတာကို သိပါလျှက်နဲ့ ဘာမှ မလုပ်ခဲ့ ခြင်းပဲ … ကျနော့်လက်ထပ်မှာတော့ တစ်ဖွဲ့မှမထားဘူး “လို့ အတည်ပြုခဲ့ပါတယ်။ နတ်စည်တော် (Shwemom) source : thesun.co.uk

0 ကွန်မန့်ရေးရန်:

Post a Comment