Sunday, April 22, 2012

သူငယ်ချင်းတို့ရဲ့ နာမည်တွေ၊ ဖုန်းနံပတ်တွေ၊ mail account နာမည်တွေ၊ လိပ်စာတွေကို သူများဝင်ကြည့်လို့မရဘဲ သိမ်းထားလို့ရအောင် လုပ်ထားတဲ့ file လေးပါ။

သူငယ်ချင်းတို့ရဲ့ နာမည်တွေ၊ ဖုန်းနံပတ်တွေ၊ mail account နာမည်တွေ၊ လိပ်စာတွေကို သူများဝင်ကြည့်လို့မရဘဲ သိမ်းထားလို့ရအောင် လုပ်ထားတဲ့ file လေးပါ။

D:\ ကော်လံအတွက်ပါ C: ကော်လံအတွက်ပါ


ကျွန်တော်ရေးထားတဲ့ program တွေထဲမှာတော့ သေးပေမယ့် အချိန်အကြာဆုံး၊update အလုပ်ရဆုံး programလေးဖြစ်ပါတယ်။နိုင်ငံခြားဖြစ်မဟုတ်ပါဘူး၊ပြည်တွင်းဖြစ် ရိုးရိုးလေးပါ။ Winrar နဲ့ ချုံ့ထားပါတယ် ၊ (Download ဆွဲပြီး D:\အောက်မှာဖြစ်ဖြစ် C:\အောက်မှာဘဲဖြစ်ဖြစ်Copyလုပ်ပြီး Right_Click နဲ့ Extract Here ဆိုပြီး လုပ်လိုက်ပြီး NoteBook.exe ကိုဖွင့်လိုက်လို့ ဘာ error မှမတက်ဘူးဆိုရင်တော့ ဘာမှပြောင်းစရာမလိုတော့ပါဘူး) တခြားနေရာတွေမှာ Copy လုပ်ပြီး ဖွင့်တော့မယ်၊ error တက်နေတယ်ဆိုရင်တော့ အထဲမှာပါတဲ့ Notic(MustBeRead).txt ကို ဖတ်ကြည့်ပေးပါ၊ မြန်မာလိုရေးထားပါတယ်၊ မပေါ်ရင် Font ပြောင်းပြီး ဖတ်ကြည့်ပေးပါ။ ဘယ်လိုစပြီး လုပ်ရမယ်၊ ဘယ်လိုပြောင်းရမယ်ဆိုတာတွေရေးထားပါတယ်။ တစ်ခြားစက်တွေမှာဆို error တက်နေလို့ အဆင်ပြေအောင် လုပ်ကြည့်ပေးထားပါတယ်၊ သူငယ်ချင်းတို့ စက်မှာ ဖွင့်လို့မရရင် သုံးလို့မရခဲ့ရင် နားလည်ပေးစေချင်ပါတယ် ။
အခု ဖိုင်လေးက Database နဲ့ ချိတ်ဆက်ထားတာဖြစ်လို့ တစ်ချို့စက်တွေမှာ error အနည်းအများတက်နိုင်ပါတယ်။NoteBook.exe လေးကို ဖွင့်တော့မယ်ဆိုရင် အဓိကမှာချင်တာကတော့ အခု ဖိုင်(MyFriends.mdb) (DBGRID32.OCX) ၂ဖိုင်ကို D:\ ကော်လံအောက်မှာဘဲဖြစ်ဖြစ် C:\ ကော်လံမှာဘဲဖြစ်ဖြစ်ထားပေးပါ ၊ တစ်ခြား folder ထဲတို့ ၊ တစ်ခြား ကော်လံမှာ မထားပါနဲ့၊ ဘာဖြစ်လို့လဲ ဆိုတော့ database ချိတ်ဆက်ရမှာနဲ့ ဖိုင်ကိုရွှေ့ရမှာဖြစ်လို့ တစ်ခြားနေရာ ပြောင်းလိုက်ရင် အချိတ်အဆက်မမိတော့မှာ မလို့ပါ ။NoteBook.exe ကို ဖွင့်လိုက်ရင်(MyFriends.mdb) ကိုHiddenလုပ်ပြီး (DBGRID32.OCX) ကိုmoveလုပ်လိုက်တဲ့အတွက်ကြောင့်အခုဖိုင်၂ဖိုင်ကိုတွေ့ရတော့မှမဟုတ်ပါဘူး။ တကယ်လို့ ဖိုင်ဖွင့်လိုက်လို့ DBGRID32.OCX ဆိုတဲ့ နာမည်နဲ့ error ထပ်တက်လာရင်တော့ကျွန်တော်ပို့ထားတဲ့ ထဲက ဖိုင် DBGRID32.OCX ကို C:\Windows\System32\ ဖိုဒါအောက် ထဲကို copy လုပ်ပြီး ထည့်ပေးပါ။ ဒါဆိုရင် အဆင်ပြေစွာဖွင့်လို့ရပါလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ တချို့ကွန်ပြူတာတွေမှာ C:\ကော်လံဘဲပါပြီး D:\ကော်လံမပါတဲ့အတွက် Drive နှစ်ခုစလုံးမှာ ဖွင့်လို့ရအောင် C:\ကော်လံအတွက်ကော D:\ကော်လံအတွက်ကော နှစ်ခုထည့်ပေးထားပါတယ်။ C:\ကော်လံအောက်ထဲမှာထည့်ထားရင်တော့ windows တင်တဲ့အခါ (MyFriends.mdb) ဟာFormat ချတဲ့ထဲပါနိုင်တဲ့အတွက် partition ပိုင်းထားတဲ့ D:\ drive ရှိရင် အဲဒီထဲမှာဘဲဖွင့်ဖို့ အကြံပြုပါတယ်။
passwordပါဝင်ထားတာကြောင့် ပထမဦးဆုံးအကြိမ် NoteBook.exe ကို နှစ်ကြိမ်ဖွင့်ပေးရပါလိမ့်မယ်။ တခြား error ထပ်တက်နေခဲ့ရင်တော့ ခွင့်လွတ်ပေးကြပါ၊ အဖြေရှာမရသေးလို့ပါ။ ကျွန်တော် ကြိုးစားရေးထားတာကို လက်တွေ့ အသုံးဝင်နိုင်မယ့် သူတွေအတွက် ရေးထားတာလေးကို မျှဝေခြင်းဖြစ်ပါတယ်။ယခု ပြန်ပြီး update ကိုကြိုးစားပြီး လုပ်ထားပါတယ်။
သုံးလို့ အဆင်ပြေတယ်ဆိုရင်တော့ တကယ် ပင်ပန်းရကြိုး နပ်ပါတယ်။ ကျွန်တော် လုပ်ထားတဲ့ ဖိုင်လေးတွေကိုလဲ ဝေဖန် အကြံပြုပေးကြပါအုန်းနော်။ တကယ်လို့ ဖွင့်လို့ မရခဲ့ရင် kyawthuaung007@gmail.com မှာ Add ပြီး မေးမြန်းနိုင်ပါတယ်၊ ဘယ်လို error message ပြလဲဆိုတာ ပြောပြပေးပါနော်။

0 ကွန်မန့်ရေးရန်:

Post a Comment