Wednesday, July 31, 2013
မန္တလေးမှာ ဆေးရုံမှာ သတိလစ်နေတဲ့ နာမည်ကျော်တေးသံရှင် ဆိုတေး တကြိမ်တခါမှ သတိပြန်လည်လာခြင်း မရှိသေးကြောင်း သူ့အဒေါ်ဖြစ်သူကို ကိုးကားပြီး ဒီတပတ်ထုတ် စောင့်ကြည့်/News Watch ဂျာနယ်မှာ ရေးထားပါတယ်။

ဒီလ - ဇူလိုင်လ ၁၄ ရက်နေ့က ရန်ကုန် – မန္တလေး အဝေးပြေး ကားလမ်းမှာ ဆိုတေးတို့ရဲ့ကား တိမ်းမှောက်ခဲ့ပါတယ်။ ၁ ဦး သေဆုံးပြီး ဆိုတေးအပါအ၀င် ၃ ဦး ဒဏ်ရာရပါတယ်။ဒါကြောင့် ဆိုတေး သတိလစ်နေတာ နှစ်ပတ်ကျော်သွားပါပြီလို့ ဆိုရပါမယ်။
ဒဏ်ရာရသွားတဲ့ တခြား ၂ ယောက်ရဲ့ အခြေအနေကို မသိရသေးပါ။
ယာဉ်မတော်တဆမှုအပြီး သေဆုံးသွားတဲ့ မချောချော ခေါ် မ၀င့်ကုဋေသူဟာ ဆိုတေးရဲ့ ဇနီးသည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာ ကြော်ငြာတခုမှာ တွေ့ရပါတယ်။ အဲဒီကြော်ငြာကို ဆိုတေးရဲ့ ဖခင် ဦးတင်မြင့်က ထည့်သွင်းခဲ့တာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက သထုံမှာ လက်ထပ်ခဲ့တာဖြစ်တယ်လို့ ကြော်ငြာမှာ ရေးထားပါတယ်။
0 ကွန်မန့်ရေးရန်:
Post a Comment