Saturday, June 7, 2014

၁၆ နှစ်မ အလှမယ် သက်လုံးပုံ....................


Bookmark and Share [ ]


ရန်ကုန်မှာ လုပ်တဲ့ အထက်တန်း ကျောင်းသူ မယ်ရွေးပွဲမှာ သရဖူ ဆောင်းသွားသူ သက်လုံးပုံက သူ ရရှိတဲ့
ဆုငွေ သိန်း ၃၀ ကို အလှူ လုပ်မယ်၊ ပရဟိတ အဖွဲ့တွေကို လှူမယ်လို့ ပြောဆိုကြောင်း ဒီ တပတ်ထုတ် ရန်
ကုန်မြို့အခြေစိုက် 8 Days ဂျာနယ်မှာ ရေးထားပါတယ်။

ထူးခြားတဲ့ သူ့အမည် သက်လုံးပုံ ဆိုတာက အမည်ရင်းဖြစ်တယ်၊ သူ့မိခင်က တသက်လုံး ပုံပြီး ချစ်ချင်လို့
အဲသလို နာမည်ပေးခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

မယ် ပြိုင်ပွဲ တွေကို လွန်ခဲ့တဲ့ ၂နှစ် အသက် ၁၄ နှစ် အရွယ် ကတည်းက ၀င်ပြိုင်တာ ဆု ၇ ခုလောက် ရခဲ့
တယ်လို့ ဆိုပါတယ်။ အဲ ဒီထဲမှာ စိန်ဂေဟာ ကုန်တိုက်က ပြုလုပ်တဲ့ ပြိုင်ပွဲ တခုကနေရခဲ့တဲ့ စတိုင်ကျ လှ
ပတဲ့ ခြေလှမ်း ပိုင်ရှင် ဆုလည်း ပါဝင်ကြောင်း အွန်လိုင်း သတင်း တချို့မှာ တွေ့ရမှာပါ။

လာလတ္တံ့သော မယ်ပြိုင်ပွဲ တွေမှာလည်း သက်လုံးပုံကို ဆက်လက် တွေ့မြင်ရဖွယ် ရှိနေပါတယ်။

The Irrawaddy's Blog by zarny win

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ၁၆ နှစ်မ အလှမယ် သက်လုံးပုံ http://www.simon-vlog.com/2014/06/blog-post_9103.html#ixzz33tRuYLAM
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

0 ကွန်မန့်ရေးရန်:

Post a Comment