Saturday, June 7, 2014

မှတ်ပုံတင် ရှိသူတိုင်း (၁၅၀၀) ကျပ်ဖြင့် ၀ယ်ယူနိုင်မည့် Telenor Sim Card ရောင်းချ မည့် ကာလ ထုတ်ပြန်.................


Bookmark and Share [ ]


မိုဘိုင်းလ် ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်း လိုင်စင် လက်ဝယ် ရရှိထားပြီးဖြစ်သော နော်ဝေး နိုင်ငံ
အခြေစိုက် Telenor အနေဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် ဆက်သွယ်ရေး စခန်းပေါင်း ၈၀၀၀ ထားရှိသွား
မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိကာလတွင် တယ်လီနောကွန်ရက်ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၁၄ ခုနှစ်
စက်တင်ဘာမှ အစပြု၍ မိုဘိုင်းလ် Sim Card များကို ငွေကျပ် (၁၅၀၀) ကျပ်ဖြင့် ရောင်းချ ပေး သွားမည်
ဖြစ်သည်။ အဆိုပါ Sim Card များကို ၀ယ်ယူရန်ကြိုတင် စာရင်းပေးသွားရန် မလိုကြောင်းသိရှိ ရသည်။

“Sim Card တွေကို ၁၅၀၀ ကျပ်အတိနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် စိတ် ၀င်စား ဖွယ် အ
ရောင်းမြှင့်တင်မှု အစီအစဉ် များလည်း ပါဝင်ပါတယ်။ Sim Card ရောင်းချ ရာမှာ အသက် အရွယ် ကန့်
သတ်ချက် မရှိဘဲ မှတ်ပုံတင် ရှိတဲ့ သူတိုင်း လိုသလောက် ၀ယ်ယူနိုင်မှာပါ။

ဒါ့ အပြင် Sim Card ကို ၀ယ်ယူ လိုက် တာနဲ့ အဲ့ ဒီ Sim Card ကို သင် ပိုင်ဆိုင် မှာပါ”” ဟု Telenor
Myanmar မှ တာဝန်ရှိသူတစ်ဦး ကပြောကြား ခဲ့သည်။

လက်ရှိ ကာလတွင် ဆက်သွယ်ရေးနှင့် သတင်း အချက် အလက် နည်းပညာ ၀န်ကြီး ဌာန မြန်မာ့ ဆက် သွယ်ရေးမှ ရောင်းချ ထားရှိသော Sim Card များ၏ စာချုပ် အရ မိုဘိုင်းလ် အသုံးပြုသူများကို Sim Card ငှားရမ်းခြင်းသာ ဖြစ်ကြောင်းရေးသား ထားရှိသည်။

Telenor Myanmar အနေဖြင့် ဆက်သွယ်ရေး စခန်း (၁၀၀၀) ကို တည် ဆောက် ပြီး နောက် ပိုင်း ကာ
လများတွင် တစ်လလျှင် ဆက်သွယ်ရေး စခန်းပေါင်း (၃၀၀) မှ (၄၀၀)အထိ တည်ဆောက်သွားမည်ဖြစ်
သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကွန်ရက်ဖြန့်ကျက်မှုကို Telenor Myanmar မှ ဆောင်ရွက်သွား မည်ဖြစ်
ပြီး ပထမ ဆုံး ဆက်သွယ် ရေး စခန်း ၁၀၀၀ ကို တည် ဆောက် ခြင်းမှာ အ ကြီး မား ဆုံး စိန်ခေါ် မှုဖြစ်
ကြောင်း Telenor Myanmar မှ သတင်းထုတ်ပြန် ထားရှိသည်။

အောင်ရဲကျော်

Myanmar Digital Life Journal

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: မှတ်ပုံတင် ရှိသူတိုင်း (၁၅၀၀) ကျပ်ဖြင့် ၀ယ်ယူနိုင်မည့် Telenor Sim Card ရောင်းချ မည့် ကာလ ထုတ်ပြန် http://www.simon-vlog.com/2014/06/telenor-sim-card.html#ixzz33tRGfZ5Q
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

0 ကွန်မန့်ရေးရန်:

Post a Comment