12:28 AM
Latha Mobile 0945 000 1727

လင်းဇော်ထက် linnzawhtike@gmail.com
|
|
|
|
|
|
ပြဿနာ
မကြီးထွားစေရန်နှင့် သွားလာနေသော ခရီးသွားများ အနှောက်အယှက် မဖြစ်အောင်
ဆောင်ရွက်ခြင်းသာ ဖြစ်တယ်။ Miss Management မှားယွင်းတဲ့
စီမံအုပ်ချုပ်မှုစနစ် မဖြစ်အောင် လုပ်တတ်ဖို့ အရေးကြီးပါတယ်။ ခုဖြစ်တဲ့
ပြဿနာက လူမျိုးရေးနှင့် မဆိုင်ဘူး။ နိုင်ငံသားတိုင်းရဲ့တန်းတူ
အခွင့်အရေးပဲ။ လူတိုင်းရရမယ်။ လူ ၁၀ ဦးကိုသတ်တယ်ဆိုတာ အကြမ်းဖက်မှုပဲ။
တကမ္ဘာလုံးက လက်မခံဘူး။ ဒီအမှုဖော်ထုတ်နိုင်ဖို့ ဒုဝန်ကြီးနဲ့ ရဲချုပ်တို့
ရခိုင်ကို ရောက်နေပါပြီ။ ကျွန်တော်တို့အနေနဲ့ အကိုင်အတွယ်
မတတ်ရင်အရေးယူခံရမယ်။ ဘက်လိုက်လို့မရဘူး။ ကျုးလွန်သူကို ဖော်ထုတ်ဖို့က
ကျွန်တော်တို့ ရဲတွေရဲ့ အလုပ်ပါ။ ခုလို မလိုအပ်ဘဲ သွေးတိုးစမ်းနေရင်
စပေးနေရင် ပိုဆိုးသွားနိုင်တယ်။ ပုဂ္ဂိုလ်ရေးမပါဘဲ နဲ့ လွတ်လပ်စွာ စုရုံး
ဆန္ဒပြခွင့် ဥပဒေမှာ ပြထားပြီးသားပါ။ ဥပဒေတွေရှိသော်လည်း နည်းဥပဒေမရှိသေးတဲ့
အတွက် လုပ်ရကိုင်ရတာ နည်းနည်းတော့ ခက်ပါတယ်။ ခုချိန်က ကူးပြောင်းဆဲကာလပါ။
ဒီမိုကရေစီ နိုင်ငံ ဖြစ်တာ ၁ နှစ် ၂ လပဲ ရှိသေးတယ်။ အချိန်လေး နည်းနည်း
စောင့်ပေးဖို့လိုပါတယ်။ ( ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးကြီး
သက်လွင် ) ဆူးလေ စေတီနှင့် ဘန်ဂါလီ စွန္တွီဗလီ အနီးလူအသွားအလာ ခေတ္တ
တားဆီးရခြင်းနှင့် ပတ်သက်၍ မီဒီယာများသို့ ဖြေကြားချက် (The Voice Weekly)

0 ကွန်မန့်ရေးရန်:
Post a Comment