Tuesday, January 7, 2014

စကြ်ာအောင်ပွင့်ခေါင်၏ ၂၀၁၄ ဟောကိန်းမှန်ကန်ကြောင်း စံဇာဏီဘို နှင့် ဦးဇေယျာကို တို့ အတည်ပြုပြောကြား x.............



စကြ်ာအောင်ပွင့်ခေါင်၏ ၂၀၁၄ ဟောကိန်းမှန်ကန်ကြောင်း စံဇာဏီဘို နှင့် ဦးဇေယျာကို တို့ အတည်ပြုပြောကြားသွားသည်ဟု နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့လာပါသည် ၊ ၂၀၁၄ မှာ ကာချုပ်က အာဏာ သိမ်းဖို့ လုံးဝဖြစ်မလာနိုင်ပါဘူး ဟု စံဇာဏီဘို က ပြောကြားခဲ့သည် ၊
အလားတူပင် ၂၀၁၄ မှာ ကာချုပ်က ပြည်သူတွေ မျှော်လင့်ထားတာတွေကို သူတတ်နိုင်သလောက် ဖြည့်ဆည်းပေးမှာပါ ဟုလည်း ဦးဇေယျာကို က ပြောကြားခဲ့သည် ၊ စကြ်ာအောင်ပွင့်ခေါင်၏ ၂၀၁၄ ဟောကိန်းမှာ အောက်ပါအတိုင်းဖြစ်သည် ၊ ၂၀၁၄ ကိုကြည့်မယ် ၂ + ၀ + ၁ + ၄ = ၇ ရတယ်လေ ၊ ပေါင်းခြင်းက ၇ လေ ၊ ဒီတော့ ၂၀၁၄ ဟာ တိုင်းပြည်နိုင်ငံရဲ့ အစွမ်း အထွတ် အထိပ်ရောက်မယ့်နှစ်ပဲ ၊ ဒါ မြေကြီးလက်ခတ် မလွဲဘူး ၊ ဒီမှာ မြေကြီးလက်ခတ်မလွဲဆိုတာ ရှေးလူကြီးတွေ သုံးခဲ့တဲ့ စကားနော် ၊ လူတွေက မြေကြီးပေါ်မှာပဲနေကြတာလေ ၊ မြေကြီးပေါ် ခြေနှစ်ချောင်း နဲ့ ရပ်နေတဲ့ သူတွေက မြေကြီးကို လက်နဲ့ ခတ် တာ ဘယ်လွဲနိုင်ပါ့မလဲ ၊ ရှေးလူကြီးတွေရဲ့ သေချာလွန်းလှတဲ့စကား ၊ မြေကြီးလက်ခတ်မလွဲတဲ့ ၊ သေချာမှတ်ထားရမှာနော် ၊ ဒီ ၇ ကနေ တိုင်းပြည်နိုင်ငံ အစွမ်း ကို တွက်လိုက်တာ လွယ်တယ် မအောက်မေ့နဲ့အုံးဗျ ၊ နည်းပေါင်းစုံနဲ့ ပတ်ခြာလည်လှည့်ပြီးတိုက်ဆိုင် စစ်ဆေးရတယ် ၊ တွက်နည်းတွေနဲ့ မရသေးဘူး အခြားနည်းတွေနဲ့လည်းစစ်ရတယ်ဗျား ၊ ကိုယ့်ပါးစပ်က ထွက်ပြီးဆိုမှဖြင့် မှန်စေရမယ်လို့ အာမခံရဲရမယ်ဗျား ၊ အဲ မေးခွန်းရှိမှတော့ ဖြေရတာပေါ့ ၊ ဦးသန်းရွှေ အကြောင်း သိချင်တယ်ပေါ့ ၊ အင်းလေ ဟုတ်တာပဲ ၊ ဦးသန်းရွှေ အကြောင်းကတော့ လူတိုင်းသိချင်နေကြတာပဲကိုး ၊ မဖြေခင် တစ်ခုပြောရမယ် ၊ ကျုပ်တို့က တစ်ယောက်နဲ့ တစ်ယောက် ဖြစ်ကြတာဆိုရင် အဲဒီနှစ်ယောက် အထဲက တစ်ယောက်ယောက် ပျက်စီးမယ့် ကိစ္စပါနေရင် ဘယ်တော့မှ ဟောမပေးဘူး ဖြေမပေးဘူး ၊ ဒါပညာသည်တွေ စောင့်စည်းရမယ့် စည်းကမ်းဖြစ်ပေသကိုး ၊ ဒီကိစ္စမှာက မြန်မာပြည်ကတစ်ဖက် ဦးသန်းရွှေကတစ်ဖက် ဆိုသလိုဖြစ်နေလေတော့ ပြည်သူပြည်သားတွေ မျက်နှာကြည့်ပြီးတော့ ပြောရဟောရမှာပေါ့လေ ၊ ဒီလိုရှိသဗျား ၊ လောလောဆယ်မှာ ဦးသန်းရွှေက ကံဇာတာ အနိမ့်ထဲရောက်နေတယ် ၊ ဇာတာအရ သူကံဇာတာနိမ့်တာကနေလွတ်မယ့်ရက်က အဲ ၂၀၁၄ ဇန်နဝါရီလ ၃ ရက် ည သန်းခေါင် ၊ မြန်မာစံတော်ချိန် နော် ၊ တိတိကျကျပြောမယ်ဆိုရင် သူမွေးခဲ့တဲ့နေရာရဲ့ ည သန်းခေါင်ပေါ့ ၊ သူ အခု ယတြာခြေနေပုံအရ သူ့ရဲ့ နောက်ဆုံးယတြာက အဲဒီ ၂၀၁၄ ဇန်နဝါရီလ ၃ ရက် သန်းခေါင် နဲ့ ၄ ရက်မနက် အာရုဏ်ကြက်ဖမတွန်ခင် အချိန်မှာ ခြေရမှာ ၊ ယတြာကြီးခြေရမှာပေါ့ ၊ သူမွေးတဲ့ နေရာ ကို ပြန်ပြီးခြေရမှာဗျား ၊ တစ်ခုရှိတာပေါ့ ကျန်းမာရေးကြောင့်ဖြစ်စေ ဘယ်လိုမှ မွေးတဲ့နေရာကို မသွားနိုင်ဘူးဆိုရင် အဲဒီမွေးတဲ့နေရာ က မြေကြီးကို ပြန်ယူပြီးယတြာမှာသုံးရမှာဗျား ၊ သူ့ယတြာအကြောင်းက ဒီလောက်နဲ့ ထားလိုက်ကြစို့ ၊ အဲ လာမယ့် ၂၀၁၄ မှာကျတော့ တိုင်းပြည်နိုင်ငံက အရမ်းအစွမ်းထက်နေတယ်လေ ၊ ဆိုလိုတာက ပြည်သူတွေရဲ့ ကံဇာတာ အမြင့်ဆုံးရောက်နေတယ်ပေါ့ ၊ အဲဒီလိုကာလမှာ မင်းလုပ်အုပ်ချုပ်တဲ့သူက ပြည်သူတွေကို ရန်သတ္တုမလုပ်ရဘူး ရှောင်ရတယ် ၊ အဲဒီလိုနှစ်တွေမှာ ပြည်သူကို ရန်သတ္တုလုပ်ဖိနှိပ်ရင် မအောင်မြင်ဘူးဗျ ၊ ပြည်သူက ပြန် လိုက်ရင် ကိုယ့်မင်းစည်းစိမ်တောင် ပျောက်သွားနိုင်တဲ့ ကိန်းမျိုးဗျ ၊ အဲဒါကြောင့်ရာဇဝင်ကိုပြန်ကြည့် အဲလိုနှစ်တွေ လာတော့မယ်ဆိုရင် မင်းလုပ်တဲ့သူတွေက ဆရာတော် သမားတော်တွေကို ပင့် ဖိတ်ပြီး ပြည်သူတွေကို တစ်ယောက်ကိုတစ်ယောက် မေတ္တာ ဂရုဏာတွေ ထားကြအောင် ၊ ဥပုသ်သီလဆောက်တည်အောင် တိုက်တွန်းကြတယ် ၊ ပွဲလမ်းသဘင်တွေ ဘာသာရေးအခမ်းအနားတွေကို မင်းဘဏ္ဍာနဲ့ ဆောင်ရွက်စေကြတယ် ၊ ဒီလိုလုပ်တာဟာ အဲဒီလိုနှစ်တွေမှာ ပြည်သူတွေ နဲ့ မင်းလုပ်တဲ့သူကြားမှာ သင်္ဂဟ အားကောင်းအောင် လုပ်ကြတာဗျား ၊ ကဲ မြင်ကြပြီလား ၊ လာမယ့် ၂၀၁၄ မှာ ဦးသန်းရွှေ အနေနဲ့ ကျန်းမာရေးကို ပဲ ဂရုစိုက်သင့်တယ် ၊ မြန်မာပြည်သူတွေ နဲ့ ထိပ်တိုက်တွေ့တာမျိုးတွေ ၊ ပြည်သူကို အာဏာ ငွေ လက်နှက် စတာမျိုးတွေ နဲ့ ဖိနှိပ်တာမျိုးတွေ စိတ်နဲ့တောင် မကူးသင့်ဘူး ၊ အခု မြန်မာပြည်မှာ အုပ်ချုပ်တဲ့ မင်း အစစ်က ဘယ်သူလဲ ၊ တခြားသူတွေကပြောမှာပေါ့ ဦးသိန်းစိန် လို့ ဒါ မဟုတ်ဘူး ၊ ဦးသန်းရွှေ ပဲ ၊ သူက နောက်က ကိုင်တွယ်နေတာလေ ၊ မင်းဇာတာကိုတွက်မယ်ဆိုရင် ဦးသိန်းစိန်ရဲ့ ဇာတာကို တွက်လို့ကတော့ မှားသွားမပေါ့ဗျား ၊ ဦးသန်းရွှေဟာ မင်း အစစ် ကဲ ဟုတ်ပလား ၊ တကယ်လို့ ဦးသန်းရွှေက ပြည်သူတွေ နဲ့ တည့်အောင်မနေပဲ ပြည်သူတွေကို သွေးခွဲမယ် ၊ ပြည်သူတွေ နဲ့ ထိပ်တိုက်တွေ့မယ်ဆိုရင် သူ့အကြံအစည်တွေ မအောင်နိုင်ဘူးဗျ ၊ ၂၀၁၄ မှာ ပြည်သူတွေကို ဘယ်နည်းနဲ့မှ သွေးခွဲလို့ မရဘူး ၊ တိုင်းပြည်ရဲ့ ကံဇာတာက အမြင့်တကာ့ ထိပ်ခေါင်ကိုရောက်နေတာ ၊ ဘယ်သူ့ပညာနဲ့ ဖြစ်ဖြစ် သူ့အစိုးရအဖွဲ့ကို ဘယ်လို ကံဇာတာကောင်းပါတယ်ဆိုတဲ့ သူတွေ နဲ့ နေရာချိန်းချိန်း မရဘူး ၊ ကုန်အောင်ပြောမယ်ဗျား ၂၀၁၄ မှာ ပြည်သူကို ဘယ်သူကမှ ထိပ်တိုက်ရင်ဆိုင်လို့မရတဲ့နှစ် ၊ ဒေါ်အောင်ဆန်းစုကြည်တောင် ပြည်သူ့စကားကို နားထောင်ရမယ့်နှစ်ဗျ ၊ ၂၀၁၄ မှာ ဦးသန်းရွှေက ပြည်သူကို ထိပ်တိုက်သွားတွေ့ရင်တော့ ဦးသန်းရွှေ အတွက် နောက်ဆုံးနှစ်ဖြစ်သွားနိုင်တယ်နော ၊ ကျုပ် ပညာကုန်ဟောလိုက်တယ်ဗျား ၊ စစ်တပ်နဲ့ ပြည်သူကို ရန်တိုက်ပေးမယ်လို့ ဦးသန်းရွှေကကြံအုံးတော့ မအောင်မြင်နိုင်ဘူး၊ စစ်တပ် ၂ ခြမ်းကွဲသွားပြီး ပြည်သူဘက်ကရပ်တည်တဲ့ စစ်တပ်က ဦးသန်းရွှေဘက်ကရပ်တည်တဲ့ စစ်တပ်ကို နိုင်သွားမှာဗျ ၊ ကျုပ်ပညာကုန်ဟောလိုက်တာ ၊ ဘယ်သူမှ မပြောရဲတာအထိပြောလိုက်တာ ၊ ကဲ ဒီလောက်ဆိုတော်ပြီး ကျုပ်လဲ ဟောချိန်စေ့ပြီ ၊ မြန်မာပြည်နဲ့ပတ်သတ်လို့ ၂၀၁၄ အတွက် ကျုပ်ဟောတာဒါပဲ ၊
 (နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့လာသော သတင်းဖြစ်သည်)

--
Posted By Blogger to လူဗိုလ်ဟူသည် ..

0 ကွန်မန့်ရေးရန်:

Post a Comment