တက္ကသိုလ်သင်တန်း ရ၀ ကျော်တွင် အမျိုးသမီးများတတ်ရောက်သင်ကြားခွင့်ကို
အီရန်နိုင်ငံတွင် တားမြစ်ပိတ်ပင်လိုက်ကြောင်း ဗြိတိန်နိုင်ငံထုတ် ဒေးလီးတယ်လီဂရပ် သတင်းစာ
က သြဂုတ်လ ၂၀ ရက်နေ့တွင် ဖေါ်ပြသည်။
အီရမ်အစ္စလာမ်မစ် သမ္မတနိုင်ငံ မှုဝါဒအသစ်အရ ယင်းနိုင်ငံရှိ တက္ကသိုလ်ကျောင်းပေါင်း
၃၆ ကျောင်းတိုသည် လာမည့်ပညာသင်နှစ်အတွင်း ၀ဇ္ဖာဘွဲ့ သင်တန်းနှင့် သိပ္ပံဘွဲ့  သင်တန်း ၇၇ ခု တို့
တွင် အမျီုးသမီးများတတ်ရောက်သင်ကြားမှုကိုပိတ်ပင်တားမြစ်ခဲ့သည်။ အီရမ်အမျိုးသမီးထုအတွင်း
အသိပညာမြင့်မားလာမှုနှင့်အတူ ပေါ်ပေါက်လာသော ကလေးမွေးဖွားမှုနှုံးနှင့် လက်ထပ်ထိန်းမြားမှု့  တို့
ကျဆင်းလာခြင်းအပါအ၀င် လူမှုရေးအကျိုးသက်ရောက်မှု့ များအပေါ် အီရန်နိုင်ငံဧ။် ဘယသာရေးခေါင်းဆောင်များ
မှ စိုးရိမ်မကင်းဖြစ်လျက်ရှိသည်။
ထိုသို့ တက္ကသိုလ် ဘွဲ့သင်တန်းများတွင် အမျိုးသမီးများ တတ်ရောက်ပညာသင်ကြားခွင့်ကို
ပိတ်ပင်ခြင်းသည် နိုင်ငံတော်က တရားဝင်ခွင့်ပြုထားသော လွိင်ခွဲခြားမှုစနစ်ဖြစ်ကြောင်းဝေဖန်သူများမှ ပြောကြားခဲ့
သည်။ပြီးခြ့သည့်နှစ်များအတွင်း အီရန်ကျောင်းသူများသည် အမျိုးသားများထက် ပညာအရေအသွေးပိုမိုပြသနိုင်ခဲ့ရာ
ဘာသာရေးခေါင်းဆောင်များအတွက် မျက်စိစပါးမွှေးစူဖွယ်ဖြစ်ခဲ့သည်။
အီရန်နိုင်ငံဧ.် မှုဝါဒ သစ်အရ ဘွဲကြိုအဆင့် အီရန်အမျိုးသမီးစာသင်သားများသည် ထပ်တန်း တက္ကသိုလ်ကြီး
များတွင်ပို့ချသော ဘာသာရပ်တော်တော်များများကိုသင်ကြားခွင့်ရတော့မည်မဟုတ်ပေ။...။
0 ကွန်မန့်ရေးရန်:
Post a Comment