Thursday, August 30, 2012

သာကေတ ကန်ကြီးဒေါင့် မှတ်တိုင်တွင် ယာဉ်တိုက်မှု ဖြစ်ပွါး


သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီခန့် က ရန်ကုန်တိုင်း သာကေတမြို့ နယ် ကန်ကြီးဒေါင့် မှတ် တိုင် Horizon ကျောင်းအနီးမှာ ဆွမ်းခံကြွ ဆရာတော်များ တင်ဆောင်လာသည့် light truck ကားနှင့် သစ်လုံးတင် ဆောင်လာသည့် ကွန်တိန်နာကား တိုက်မိခဲ့ ကြောင်းသိရပါတယ်။

သံဃာ ကိုးပါးနှင့် လူလေးဦး လိုက်ပါလာသော Light Truck ယာဉ်သည် သာကေတ မြို့ နယ်မှ ယုဇန ဥယာဉ်မြို့ တော် အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းသို့ အသွားမှာ ယာဉ်တိုက်မှု ဖြစ်ပွါးခဲ့တာပါ။

အဆိုပါ ယာဉ်တိုက်မှုကြောင့် သံဃာလေးပါးနှင့် လူနှစ်ဦး ထိခိုက် ဒါဏ်ရာရခဲ့ကြောင်း မျက်မြင်တွေ့ ရှိသူ တဦးက Myanmar News Now သိရပါတယ်။


 ယနေ့ ဖြစ်ပွါးခဲ့သည့် ယာဉ်တိုက်မှု မြင်ကွင်း

0 ကွန်မန့်ရေးရန်:

Post a Comment