Sunday, September 9, 2012

SM3+ Android Version တွင် SMS အပြင် Gmail လုပ်ဆောင်ချက်များ ပါဝင်လာ



SM3+ Android Version သည် ယခင် Java, Symbian 3rd Edition, Symbian 5th Edition, Symbian^3 များတွင် အသုံးပြုသော SM3 မြန်မာစာ စာတိုပို့စနစ်ကဲ့သို့ App Build in font မြန်မာစာ လက်ကွက် (Myanmar Keyboard)၊ မြန်မာ ဘာသာဖြင့် မာတိကာ အသွင်အပြင် (user interface) အစရှိသော လုပ်ဆောင် ချက်များ ပါဝင်သည့် အပြင် Gmail လုပ်ဆောင်ချက် ကိုလည်း ထပ်တိုး ထည့်သွင်းပေးထားကြောင်း သိရှိရသည်။
SM3+ ထည့်သွင်းထားသော ဆော့ဖ်ဝဲအချင်းချင်းသာမက ဇော်ဂျီဖောင့် ထည့်သွင်းထားသည့် မည်သည့် Smartphone (သို့မဟုတ်) Tablet များသို့ SMS နှင့် email များကို ပေးပို့လက်ခံ ဖတ်ရှုနိုင်မည် ဖြစ်သည်။ University Technology မှ Managing Director ဦးတင်မျိုးဟန်က ပြောကြားရာတွင် "3G Network ဒါမှမဟုတ် WiFi နဲ့ Internet အသုံးပြုသူတွေအတွက် မိမိတို့ရဲ့ Gmail Account ကိုထည့်သွင်းပြီး တစ်ကြိမ် Sync လုပ်ပြီးရင် email များကို inbox တွင် သိမ်းဆည်းပေးကာ offline Mode မှာ အချိန်မရွေး ပြန်ရှာဖတ်လို့ ရပါမယ်။ ဒီ SM3 + Software ဟာ Android version မှာပဲ သုံးလို့ရမှာဖြစ်ပြီး မိမိတို့ရဲ့ဖုန်းကို Root လုပ်ဖို့ မလိုအပ်ပါဘူး။ SMS တွေကို စကားပြောပုံစံ Conversation Mode အနေနဲ့ သိမ်းပေးပြီး တစ်ဦးချင်းစီရဲ့ SMS များကို တစ်နေရာတည်းမှာ စုစည်းကြည့်ရှုနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။
စာရိုက်စနစ်တွင်လည်း SM3 Touch Screen keyboard ကို ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်ရန် ထပ်မံမွမ်းမံထားကာ မြန်မာစကားလုံးများ ရိုက်သွင်းရာတွင် ယခင်က ဗျည်းနှင့်သရ keyboard ၂ ခု အသုံးပြုရမည့်အစား ယခု Combine keyboard တစ်ခုတည်းဖြင့် လျင်မြန်စွာ စာစီနိုင်အောင် ပြုလုပ်ထားသည်။ ဈေးနှုန်းမှာ ၇၅၀၀ ကျပ်ဖြစ်ပြီး Life Time Warranty and Technical Support ပါရရှိမည် ဖြစ်သည်။
စမ်းသပ်အသုံးပြုလိုသူများသည် www.sm3world.com မှ download ဆွဲပြီး စမ်းသပ်သုံးနိုင်ပြီး ဝယ်ယူလိုသူများသည် အမြို့မြို့အနယ်နယ်ရှိ Reseller ဖုန်းဆိုင်များ သို့မဟုတ် SM3 ၏ Exclusive Service Provider ဖြစ်သော Bluetooth Corner များတွင် ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက SM3 Customer Care and Service 09 73146393 သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပြီး www.facebook.com/sm3world ဖေ့စ်ဘုတ်စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။

0 ကွန်မန့်ရေးရန်:

Post a Comment